ဩဇီ ရောက်မြန်မာများ ကြိုတင်ဆန္ဒမဲများ ပေး

ဩစတြေးလျ နိုင်ငံ ကင်ဘာရာမြို့ မှာ လာမည် ‌၂၀၂၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ(၅)ရက် နှင့် (၇)ရက်နေ့တို့မှာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကင်ဘာရာမြို့ရှိ မြန်မာသံရုံး ၌ မဲရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မနက်(၁၀)နာရီကနေ ညနေ (၅)နာရီထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲရုံဖွင့်လှစ်ခဲ့ရာ ဩစတြေးလျနိုင်ငံတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ကြိုတင် ဆန္ဒမဲများ ပေးခဲ့ကြောင်း သိရသည်။
လာမည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ အပိုင်း(၁) စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကအသိပေးထားပြီးဖြစ်သည်။
ယခုအချိန်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားပြီးဖြစ်ပြီး ကြိုတင်ဆန္ဒမဲ‌ပေးခြင်းများကိုလည်း သက်ဆိုင်ရာနိုင်ငံ သံရုံးများတွင် လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။

image