Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချင်ပန်ဇီတွေအကြောင်း ကျွမ်းကျင်တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင် ဂျိန် ဂိုဒေါလ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ အောက်တိုဘာ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။
သူ တည်ထောင်ထားတဲ့ The Jane Goodall Institute က "အောက်တိုဘာ ၁ ရက်နေ့ မနက်ခင်းမှာ Jane Goodall Institue ရဲ့တည်ထောင်သူ၊ UN Messenger of Peace ဒေါက်တာ ဂျိန်း ဂိုဒေါလ်က သဘာဝအကြောင်းတရားကြောင့် ကွယ်လွန်သွားခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ ဂျိန်းက ဟောပြောရေးခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေခဲ့တာပါ" လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဂျိန်းက ချင်ပန်ဇီတွေဟာ ပရိုင်းမိတ်လေ့လာတဲ့နယ်ပယ်ကို လုံးဝပြောင်းလဲသွားစေမယ့် ကိရိယာတွေကို ပြုလုပ်နိုင်၊ အသုံးပြုနိုင်တယ်ဆိုတာကို ၁၉၆၀ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တာပါ။ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ သူက ၁၉၅၇ ခုနှစ်မှာ ကင်ညာကို သွားခဲ့ပြီး မနုဿဗေဒပညာရှင် Louis S.B Leakey နဲ့ စပြီး အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ တောရိုင်းချင်ပန်ဇီတွေရဲ့ကမ္ဘာကို စူးစမ်းလေ့လာဖို့ ပထမဆုံးအကြိမ် တန်ဇန်းနီးယားကို သွားလည်တော့ သူ့အသက်က ၂၆ နှစ်ပါ။ ၁၉၆၀ ခုနှစ်မှာ တန်ဇန်းနီးယားမှာ တိရစ္ဆာန်တွေအကြောင်းလေ့လာခဲ့ပါတယ်။ ဒါက သူ့ကို သိပ္ပံဂျာနယ်တွေထုတ်ဝေဖို့ ဖြစ်စေခဲ့ပါတယ်။
သူက ၁၉၇၇ ခုနှစ်မှာ မျောက်ဝံကြီးတွေကို သုတေသနပြုရာမှာ အထောက်အပံ့ပေးဖို့ Jane Goodall Institute ကို တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာ အခြားပရောဂျက်များစွာထဲကမှ လူငယ်အစီအစဉ်တစ်ခုဖြစ်တဲ့ Roots and Shoots ကို လုပ်ဖြစ်ခဲ့ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ တိရစ္ဆာန်အမူအကျင့်တွေအကြောင်း ကမ္ဘာ့တစ်ဝှမ်းမှာ ဟောပြောဖြစ်ခဲ့ပါတယ်။ သူ မသေဆုံးခင် အောက်တိုဘာ ၃ ရက်နေ့ကျ လော့စ်အိန်ဂျလိစ်မှာ ဟောပြောဖို့ စီစဉ်ထားခဲ့တာပါ။
ဂျိန်းရဲ့ပရောဂျက်လက်ရာတွေက မှတ်တမ်းရုပ်ရှင် ၄၀ ကျော်ကိုရိုက်ကူးစေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ မှတ်တမ်းရုပ်ရှင် Jane မှာ သူ့ရဲ့အကြောင်းကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းရုပ်ရှင်က Primetime Emmys ဆု ၁ ဆုနဲ့ အခြားဆုများစွာရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ရဲ့ “Jane Goodall: Reasons for Hope”မှတ်တမ်းရုပ်ရှင်မှာလည်း ဂျိန်းရဲ့သက်ရှိတွေနေထိုင်ရာပြန်လည်ထူထောင်ရေးပရောဂျက်တွေကို ပြသထားပါတယ်။
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၅)
----------------------------------------------------------
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
===========================
(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင် ဘက် ရေမိုင် ၄၃၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်နှင့် ပါရာဒစ်ပ်မြို့ (Paradip)၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၁၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=========================================
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၇.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅.၈ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
=======================
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အင်ဒရာပရာဒေ့ရှ်ကမ်းခြေတို့ကို ဂိုလ်ပါပူမြို့နှင့် ပါရာဒစ်ပ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
===============
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက် ၂၄ နာရီ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
=======
သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများနှင့် ဆည်မြောင်း တာတမံများအနေဖြင့်လည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။

ကြက်မောက်မျိုးသန့် အဖူးကိုင်းပြင်ဆင်ပုံ
၁။ မိမိကြိုက်နှစ်သက်သည့် ကြက်မောက်မျိုးသန့် (သုံးလက်မချိုး၊ ခွံစိမ်းမျိုး၊ နတ်စိမ်းမျိုး၊ ကော့သောင်းမျိုး) ပင်၏ တစ်နှစ်သားသက်တမ်းရှိ အဖူးကိုင်းကို ဖြတ်ယူပါ။
၂။ အဖူးကိုင်းရှိ အဖူးကိုခွဲ၍ ကန့်လန့်ဖြတ်ဓါးချက် ပေးပြီးဆွဲပေးပါ။
၃။ အဖူးစနားတွင် လက်မကို ထောက်၍ ဘေးသို့ဖျစ်၍ တွန်းလိုက်လျှင် အခေါက်ကွာသွားမည်။ ဘေးသို့ ဖျစ်၍ တွန်းခွာခြင်းဖြင့် အဖူးစအောက်ရှိ အသားစထွက်သွားစေပါသည်။
၄။ မျိုးသန့် ကြက်မောက်အဖူးများကို ခွာယူရာတွင် အောက်ခံပင်အား အဖူးထည့်ရန် နေရာပြင်ပြီးမှသာ ဆောင်ရွက်ပါ။
၅။ အောက်ခံပင် အခေါက်ခွာချိန် နှင့် အဖူးခွာယူချိန် ကြာမြင့်ပါက အောင်မြင်မှု ရာခိုင်နှုန်း နည်းပါးသွားမည်။
၆။ အချိန်တိုတောင်းစွာဖြင့် လျှင်မြန်စွာ အခေါက်ခွာ အဖူးသွင်းနိုင်လျှင် အောင်မြင်မှု ရာခိုင်နှုန်း ၈၀% အထက် ရရှိနိုင်ပါသည်။
၇။ မျိုးသန့် အဖူးသွင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သား တစ်ဦးတည်းထက် ၂ ဦးပေါင်း၍ တစ်ဦးက အောက်ခံပင်အခေါက်ကိုခွာကာ ကျန်တစ်ဦးက အဖူးကိုခွာ တစ်ပြိုင်တည်းပြီးက အဖူးကပ်ပေးနိုင်ခြင်းဖြင့် အောင်မြင်မှု% အမြင့်ဆုံး ရရှိစေပါသည်။
၈။ အောက်ခံပင်တွင် မျိုးသန့်အဖူးသွင်းပေးပြီးပါက ပလတ်စတစ်အကြည်စဖြင့် ရစ်ပတ်ဖုံးအုပ်ပေးပါ။
၉။ အဖူးသွင်းပြီး အောက်ခံပင်များကို ရေဝအောင် လောင်းပေးပါ။
(အပင်ခြေ ပျိုးအိတ်ကိုသာ ရေလောင်းပါ)
၁၀။ အဖူးသွင်းပြီး၍ သုံးပတ် ၂၁ ရက်အကြာတွင် အဖူးအောင် မအောင် စစ်ဆေးပါ။
၁၁။ အဖူးအောင် မအောင်စစ်ဆေးပုံမှာ မိမိသွင်းထားသည့်မျိုးသန့် အဖူးနေရာတွင် ပတ်ထားသည် ပလတ်စတစ်စများ ခွာထုတ်ပြီး အဖူးသွင်း ဓါးထိပ်ဖြင့် အဖူးစနားနေရာတွင် ခြစ်ထည့်၍ စိမ်းနေပါက အဖူးအောင်ပြီး ဖြစ်သည်။
၁၂။ မျိုးသန့် အဖူးအောင်မြင်နေကြောင်းတွေ့ရှိရပါက အဖူးအပေါ်မှ ၂ လက်မခန့်ချန်၍ အပင်ပေါ်ပိုင်းကို ဖြတ်ပြစ်ပါ။
၁၃။ မျိုးသန့် အဖူးအောင်မြင်ပြီး၍ အပင်ဖြတ်ထားသည့် ပျိုးအိတ်များကို ရေဝအောင်လောင်းပေးပြီးအေးမြသည့် အရိပ်အောက်နေရာတွင် ထားပါ။
၁၄။ မျိုးသန့်ကြက်မောက် အဖူးသွင်းအောင်ပင်မှ ၂ ပတ်ခန့်အကြာတွင် အဖူးစတင် ထွက်လာပါသည်။
၁၅။ မျိုးသန့်ကြက်မောက် အောင်မြင်သည့် အဖူးသည် ၁ လခန့်အကြာတွင် သိသာထင်ရှားစွာ ရှည်ထွက်လာပါသည်။
၁၆။ မျိုးသန့် ကြက်မောက် အောင်မြင်သည့် အဖူးသည် ၂ လသားအရွယ်တွင် အရွက်များဝေဆာစွာထွက်လာပါသည်။
၁၇။ မျိုးသန့် ကြက်မောက်အောင်မြင်သည့် အဖူး ၃ လသား အရွယ်တွင် အရွက်နုများအပြင် ကိုင်းနုများလည်း ဝေဆာစွာထွက်ရှိလာပါသည်။
၁၈။ ၎င်း ၃ လသားအရွယ်ရှိ အဖူးသွင်းပျိုးပင်များ ပိုးမွှားကိုက်ဖြတ်မှု မရှိစေရန် မြန်မာဆိုက်ပါပိုးသတ်ဆေးကို ရေတစ်ဂါလံ တစ်ဇွန်းနှုန်း ဖျော်စပ်၍ ဖျန်းပေးပါ။
၁၉။ မျိုးသန့် ကြက်မောက် အဖူးသွင်းအောင်ပင် ၃ လသားအရွယ်မှ စတင်၍ ပလတ်စတစ်အိတ်မဲ အိတ်ကြီး သို့ ပြောင်းရွှေ့စိုက်ပျိုးပါ။
၂၀။ ၁၈ လက်မအရွယ် ပလတ်စတစ်အိတ်မဲကြီးထဲတွင် ကြက်ချေး ၂ ဆ၊ စက်ဖွဲပြာ ၁ ဆ၊ မြေဆွေး၊ သို့ မြေကျက် ၁ ဆ ရောစပ်မြေစာထည့်ပြီး ပြောင်းရွှေ့စိုက်ပျိုးပါ။
၂၁။ မျိုးသန့်ကြက်မောက်အဖူးသွင်းပျိုးပင်သက်တမ်း ၁ နှစ်သားသည် စိုက်ခင်းရွှေ့ပြောင်းစိုက်ပျိုးရန် အရွယ်ရောက်ပြီး ဖြစ်ပါသည်။
🍊 ရှောက်ခွံတွေကို လွှတ်မပစ်လိုက်ပါနဲ့!
တစ်ခါတရံ ညဘက်မှာ အိပ်မပျော်တာ၊ ကိုယ်လက်မအီမသာနဲ့ ကိုယ်ပူပူနွေးနွေး ဖြစ်နေတာမျိုးတွေ ကြုံရတတ်ပါတယ်။ အဲဒီလို ခန္ဓာကိုယ် ပင်ပန်းနေတဲ့အချိန်မျိုးမှာ ရှောက်သီးခွံ (သို့မဟုတ် ရှောက်နုသီးခွံ) လက်ဖက်ရည်နွေးနွေး တစ်ခွက်လောက်ကို စိမ်ပြီး ဖြည်းဖြည်းချင်း သောက်ကြည့်ပါ။
ရှောက်ခွံရဲ့ သဘာဝ မွှေးရနံ့ က စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို လျော့ကျစေပါတယ်။ ဗိုက်ပြည့်အောင့်တာ၊ လေပွတာတွေလည်း တဖြည်းဖြည်း သက်သာလာပါလိမ့်မယ်။ ရှောက်ခွံလက်ဖက်ရည် တစ်ခွက်တည်းနဲ့ စိတ်ရော၊ ခန္ဓာကိုယ်ပါ အနားယူ အပန်းဖြေရသလို ခံစားရမှာပါ။
🍵 သောက်သုံးခြင်းရဲ့ အဓိက အကျိုးကျေးဇူးများ
ရှောက်ခွံလက်ဖက်ရည် သောက်သုံးခြင်းဖြင့် အောက်ပါ ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။
* အသက်ရှူ လွယ်ကူစေခြင်း
လန်းဆန်းတဲ့ရနံ့က နှာခေါင်းအပါအဝင် အသက်ရှူလမ်း
ကြောင်းကို လေဝင်လေထွက်ကောင်းစေပါတယ်။
*အစာကြေလွယ်စေခြင်း / လေပွသက်သာစေခြင်း
ဗိုက်အောင့်တာ၊ ဗိုက်ပြည့်တင်းနေတာမျိုး မဖြစ်ဘဲ
အစာစားပြီးချိန်မှာ သက်သောင့်သက်သာရှိစေပါတယ်။
*ကိုယ်အပူကျစေခြင်း
ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းလာပြီး အဖျားငွေ့ငွေ့ရှိတာမျိုး
ကို သက်သာစေပါတယ်။
*နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း
စိတ်ကို ပိုမိုငြိမ်သက်အေးချမ်းစေတဲ့အတွက် အိပ်ပျော်ဖို့
လွယ်ကူလာပါလိမ့်မယ်။
📝 လွယ်ကူရိုးရှင်းတဲ့ ဖျော်စပ်နည်း
ရှောက်ခွံလက်ဖက်ရည် ပြုလုပ်နည်းက အောက်ပါအတိုင်း ရိုးရှင်းပါတယ်။
ရှောက်သီးခွံ အစို ဒါမှမဟုတ် အခြောက် ၄-၆ ချပ် ကို ပြင်ဆင်ပါ။
ရေနွေးပူပူ တစ်ခွက် ထဲမှာ ၁၀ မိနစ် ခန့် စိမ်ထားပါ။
ရနံ့ကောင်းကောင်းနဲ့ နွေးနွေးလေး သောက်သုံးပါ။
ချိုချိုလေး ကြိုက်နှစ်သက်ပါက ပျားရည် အနည်းငယ် ထည့်ပြီး သောက်နိုင်ပါတယ်။
ရှောက်ခွံမှာ ဒီလိုကောင်းကျိုးတွေရှိတယ်ဆိုတာ လူတော်တော်များများ သတိမထားမိကြပါဘူး။ ဒါကြောင့် နောက်တစ်ကြိမ် ဟင်းချက်ဖို့ ရှောက်သီးအခွံခွာတဲ့အခါ လွှတ်မပစ်ဘဲ သေချာ အခြောက်လှန်း သိမ်းဆည်းထားပြီး ကျန်းမာရေးအတွက် လက်ဖက်ရည်အဖြစ် စိမ်သောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
မနက်ဆိုရင် လေတိုးဝှေ့သံလေးတွေရှိမယ်
မနက်ခင်းမှာ ကော်ဖီပူပူလေးတစ်ခွက်ရယ် စာအုပ်လေးရယ်ရှိရမယ်
မိုးမရွာတဲ့နေ့ဆို စိုက်ထားတဲ့အပင်လေးတွေရေလောင်းမယ် ခြံထဲလမ်းလျှောက်မယ်
စားချင်တာလေးတွေချက်စားမယ်
ညနေဆို ရှုခင်းလေးတွေခံစားရင်းနဲ့ ဓါတ်ပုံရိုက်မယ် ဒါမှမဟုတ် စာလေးတွေရေးဖြစ်မယ်
1990 ကသီချင်းလေးတွေကို ကြားရရုံလေးဖွင့်ထားမယ်
ဒီလိုဘဝလေးကို တကယ်ရအောင်ဖန်တီးမှာ 🍀☘️💚