ရန်ကုန်မြို့က ကားလမ်းမ တချို့ ရေကျော်နေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေ

အောက်တိုဘာ ၁၀

ရန်ကုန်မြို့မှာ မနေ့ အောက်တိုဘာ ၈ ရက်နေ့ကနေစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့နယ်တချို့က ကားလမ်းမတွေမှာ ရေကျော်နေပြီး ယာဉ်လမ်းကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း အစရှိတဲ့ နေရာတွေမှာ ကားလမ်း ရေကျော်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“အင်းလျားလိတ် ဟိုတယ်နားမှာလည်း ရေကျော်နေတယ်။ ကမ္ဘာအေးဘုရားလမ်းဆို လုံးဝ ပိတ်နေတာ။ မြို့ထဲကနေ ရွှေဂုံတိုင် မီးပွိုင့်ကနေစပြီး တောက်လျှောက် တိုးလာတာ၊ အင်းလျားလိတ်ဟိုတယ် မီးပွိုင့်နား ရောက်တဲ့အထိ တိုးနေရတုန်း။ ကမ္ဘာအေးဘုရားလမ်းက အောက်ကြော တကြောလုံးက ရေမြုပ်နေတယ်၊ သွားလို့မှမရတာ။ အပေါ်ကြောပဲ သွားလို့ရတယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

ဒါအပြင် ဗဟန်းမြို့နယ်မှာလည်း မြန်မာပလာဇာအနီးရှိ လူကူးတံတား အတက်၊ အဆင်းနားအထိ ရေမြုပ်နေပြီး တက္ကသိုလ်ရိပ်သာဘက်ကို သွားတဲ့လမ်းရဲ့ အောက်ဘက်ကနေ ရေလျှံကာ အဲဒီ တံတားဘက်ကို ရေတွေ ရောက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ချော်တွင်းကုန်းမီးပွိုင့်၊ အင်းလျားလိတ်မီးပွိုင့် စတဲ့ နေရာတကြောလုံး ရေမြုပ်နေသလို သံသုမာလမ်း တောက်လျှောက်နဲ့ ဝေဇယန္တာလမ်း တောက်လျှောက်အပြင် နန္ဒဝန်ဈေးဘက် လမ်းကြောတွေမှာလည်း ရေကြီးနေပြီး လမ်းကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“တောင်ဥက္ကလာမှာတော့ ဒီနေ့ညနေ ၄ နာရီလောက်က စပြီး လမ်းပေါ်ရေလျှံနေတာ။ ရေတွေအပြည့်ပဲ။ နိမ့်တဲ့အိမ်တွေဆို တော်တော်လေးကို မြုပ်သွားပြီ။ ကားတွေဆိုလည်း ကားဘီး၊ ကားနောက်ဖုံးတွေအထိ ရေရောက်နေတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။

ရေကြီးမှုကြောင့် ကားသေးတချို့ ဆက်သွားလို့မရဘဲ လမ်းပေါ်တင် ရပ်ထားရတာကို တွေ့ရပြီး မိုးကလည်း ဆက်လက် ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း အပါအဝင် တခြားသော ပြည်နယ်နဲ့ တိုင်းတချို့မှာ မိုးရွားသွန်းမှုတွေ များပြားလျက်ရှိပြီး မနက်ဖြန် အောက်တိုဘာ ၁၀ ရက်၊ မနက်ပိုင်းအထိ နေရာအနှံအပြား မိုးထစ်ချုန်း ရွာသွန်းမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပေးပို့ /CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးပြော

အောက်တိုဘာ ၁၀

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံစဥ် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးH.E. Dato' Seri Utama Haji Mohamad Bin Haji Hasan က ပြောကြားသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan အား ယနေ့ (အောက်တိုဘာလ ၉ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ ၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင် ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် H.E. Tan Sri Othman Hashim နှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအား တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များ ကိုလည်းစေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ဦးစွာဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့မိမိတို့နိုင်ငံသို့လာရောက်တွေ့ဆုံမှုအတွက် ဝမ်းမြောက်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထားကွဲလွဲသူများ၊ နိုင်ငံရေးပါတီများ ကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော်ရှိပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင် ၍ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ၂၇ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက် လုပ် ရပ်များလုပ်ဆောင်နေသူများကိုလည်း နိုင်ငံရေးလမ်းကြောင်းပေါ်တွင်ပါဝင် လာနိုင်ရေးအတွက် ၃ ကြိမ်ဖိတ်ခေါ်ခဲ့ကြောင်း၊ ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ် လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုး ထား သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ် မရေး ထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံ တကာမှအသိသက်သေများ တက်ရောက်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် မြန်မာနိုငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်းများဆောင်ရွက် သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်း ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘော ဆောင်သော ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိမှုအခြေ အနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး ရေးလုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

၂ ပွဲဆက် အရှုံးနှင့် ကြုံရပြီးနောက် နည်းဗျူဟာအပြောင်းအလဲ ပြုလုပ်ကာ ရက်ဖို့ဒ်အား နေရာသစ်တွင် အသုံးပြုလာမယ့် ဘာစီလိုနာနည်းပြဖလစ်

အောက်တိုဘာ ၁၀

မားကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာနည်းပြဟန်ဆီဖလစ်မှာ ပီအက်စ်ဂျီ၊ ဆီဗီလာတို့အား ဆက်တိုက် ရှုံးနိမ့်ပြီးနောက် အကြီးအကျယ်ဒေါသထွက်ကာ နည်းဗျူဟာပိုင်း အပြောင်းအလဲ ပြုလုပ်လာမှုနှင့်အတူ ဘာစီလိုနာတွင် နေရာသစ်မှာ ကစားလာရတော့မှာ ဖြစ်ပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ရူဘင်အမိုရမ်လက်ထက်တွင် ယူနိုက်တက်မှာ အပယ်ခံပြီးနောက် ဇန်နဝါရီလတုန်းက ဗီလာသို့ အငှားဖြင့် သွားရောက် ကစားခဲ့ရပါတယ်။ ယင်းနောက် သူဟာ နွေရာသီမှာတော့ ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းလာခဲ့ပါတယ်။

သူဟာ လအနည်းငယ်အတွင်းတွင် နည်းပြသစ်၊ ကစားသမားဖော်သစ်၊ နေရာသစ်တွေအပါအဝင် အားလုံးအသစ်တွေနှင့်ချည်း ကြုံလာခဲ့ရတာလည်း ဖြစ်ပါတယ်။

ယနေ့တွင် Mundo Deportivo ရဲ့ ဖော်ပြလာမှုအရ ဘာစီလိုနာနည်ပြဟန်ဆီဖလစ်ဟာ နိုင်ငံတကာပွဲကြောင့် လိဂ်နားထားစဉ်အတွင်း ပီအက်စ်ဂျီ၊ ဆီဗီလာပွဲစဉ်တို့အား ပြန်လည် သုံးသပ်ကာ အသင်းရဲ့ အင်တိုက်အားတိုက် မကစားမှု၊ Pressing အားနည်းမှုတို့ကို တွေ့ရှိခဲ့မှုနှင့်အတူ အပြောင်းအလဲ အချို့ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။

ဟန်ဆီဖလစ်ဟာ မားကပ်စ်ရက်ဖို့ဒ်ကို တိုက်စစ်မျှားဦးတွင် ကစားစေပြီး ကြီးမားတဲ့ နည်းဗျူဟာအပြောင်းအလဲ ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ရက်ဖို့ဒ်ကို တိုက်စစ်အထောင်တွင် ကစားစေကာ ရာဖင်ညာကို ဘယ်ခြမ်း၊ လာမိန်းယာမဲလ်အား ညာခြမ်းနှင့် ဖာမင်လိုပက်ဇ်အား ၎င်းတို့ရဲ့နောက်တွင် ကစားလာစေမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ရက်ဖို့ဒ်နှင့် တွဲကစားရမယ့် ကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ကြုံနေရပြီး ဟန်ဆီဖလစ်ဟာ ယင်းကစားသမားတို့ ကြံ့ခိုင်မှုပြည့်ဝလာချိန်တွင် စနစ်သစ်အား အသုံးပြုလာပါမယ်။

တကယ်တော့ ဟန်ဆီဖလစ်ဟာ မားကပ်စ်ရက်ဖို့ဒ်အား ကျောနံပါတ် ၉ ကစားသမားအဖြစ် အသုံးပြုရန် အစောပိုင်းကတည်းက စီစဉ်ထားခဲ့တာပါ။

ဖလစ်ဟာ တောင်ကိုရီးယားတွင် ကစားတဲ့ ရာသီခြေစမ်းပွဲတွင် ဒေဂူးအက်ဖ်စီအား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲအပြီးတွင် ရက်ဖို့ဒ်ကို ကျောနံပါတ် ၉ နေရာတွင် အသုံးပြုရန် စီစဉ်ထားကြောင်း ဖွင့်ဟပြောကြားဖူးပါတယ်။

ရက်ဖို့ဒ်ရဲ့အကောင်းဆုံးနေရာမှာ ဘယ်ခြမ်း ဖြစ်ပြီး ကစားသမားဘဝ ဂိုးအများစုကို ဘယ်ခြမ်းမှ ကစားကာ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ညာခြေဖြင့် သွင်းယူလာခဲ့တာပါ။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image

အောက်တိုဘာ ၁၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

အောက်တိုဘာ ၁၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

Comprehensive Report on Orange Market Size & Share 2032 - The Report Cube
Orange Market Overview:
Market Size (2024): USD 3.85 Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 3.89%
Top Companies in Orange Market: Berje, Inc., Citrosuco, Citrus World Inc., Hyatt Fruit Co., Indian River Fruit Co., Lemon Concentrate, Nielson Citrus Products Co. Inc., Paradise Juice, Perricone Farms, Schacht Groves, Sequoia Orange Co. Inc., and Others (Sunrise Fruits Company, The Fruit Co., Zain Natural Agro India Pvt. Ltd.).
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/oran

Request Sample -Global Orange Market Analysis 2024-2032: Trends & Forecast

Request Sample -Explore our in-depth analysis of the global orange market. Discover key trends, growth drivers, market size, and competitor profiles for 2024-2032. Get a free sample report!
16 w - Translate

Green Hydrogen Market Outlook 2032: Trends, Opportunities & Challenges - The Report Cube
Green Hydrogen Market Overview:
Market Size (2023): USD xx Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 15.7%
Top Companies in Green Hydrogen Market: Linde plc, Air Liquide, Air Products and Chemicals, Engie, Uniper Energy Storage, Wind to Gas Energy, Shell, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/gree

Request Sample -Green Hydrogen Market Insights, Share, Size, Report 2024-2032

Request Sample -Explore the Global Green Hydrogen Market, projected to grow at a CAGR of 15.7% from 2024 to 2032. Learn how rising environmental concerns and government policies are driving green hydrogen demand as a sustainable energy source.
16 w - Translate

Paraguay Off-the-Road (OTR) Vehicle Tire Market Outlook 2032: Trends, Opportunities & Challenges - The Report Cube
Paraguay Off-the-Road (OTR) Vehicle Tire Market Overview:
Market Size (2023): USD xx Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 3.2%
Top Companies in Paraguay Off-the-Road (OTR) Vehicle Tire Market: Michelin, Bridgestone, Goodyear, Pirelli, Continental, Yokohama, Shandong Linglong Tires, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/para

Request Sample -Paraguay OTR Tire Market Report: Insights & Forecast 2032

Request Sample -Explore the Paraguay OTR Vehicle Tire Market trends, key drivers, and competitor analysis. Get in-depth market size, growth forecasts to 2032, and insights into top players.
16 w - Translate

Comprehensive Report on Mexico Industrial Coating Market Size & Share 2032 - The Report Cube
Mexico Industrial Coating Market Overview:
Market Size (2023): USD xx Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 18.0%
Top Companies in Mexico Industrial Coating Market: Axalta Coating Systems Mexico S de RL de CV, PPG Industries, Inc., Sherwin Williams, HEMPEL DE MEXICO, SA DE CV, Henkel AG & Co. KGaA, Jotun Mexico SA de CV, Akzo Nobel N.V., Sika Mexicana SA de CV, BASF Coatings de Mexico, S.A. de C, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/mexi

Request Sample -Mexico Industrial Coating Market Share, Size & Analysis 2032

Request Sample -Explore the Mexico Industrial Coating Market, projected to grow at a CAGR of 18.0% from 2024 to 2032. Key drivers include the booming automotive, aerospace, and electronics sectors, with eco-friendly coating solutions and customizatio

ညောင်ဦးမှာ အမျိုးသားနဲ့အမျိုးသမီးတယောက် ပစ်သတ်ခံရ

အောက်တိုဘာ ၉ ၊ ၂၀၂၅
GG (VOM)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပန်တဲရွာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ထဲထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်က အောက်တိုဘာ ၈ ရက်နေ့ မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံရသူတွေက လက်ပန်တဲရွာမှ အသက် ၃၃ နှစ်အရွယ် ဟိန်းကိုကိုဦးဆိုသူနဲ့ အသက် ၂၉ နှစ်အရွယ် မသိန်းဆွေဆိုသူတို့ဖြစ်ကြောင်းသိရပါတယ်။

" အိမ်ထဲအထိ ဝင်ပစ်သွားတာလို့သိရတယ်။နေရာမှာပဲ ဆုံးသွားကြတယ်။အမျိုးသားက လည်ပင်းနဲ့ နံကြားမှန်တယ်။အမျိုးသမီးက နားအောက်ဖောက်ဝင်ဒဏ်ရာနဲ့ဆုံးတယ်။ဘယ်အဖွဲ့ကလုပ်တယ်၊ ဘာကြောင့်သတ်တယ် ဆိုတာတော့ သေချာမသိတဲ့အတွက်မပြောနိုင်ပါဘူး။ " လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။

သေဆုံးသူနှစ်ယောက်က နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးယောက်ရောက်လာပြီး သေနတ်နဲ့ပစ်သတ်သွားတာဖြစ်ကြောင်း ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားတယ်လို့သိရပါတယ်။

သြဂုတ် ၂၂ ရက်ကလည်း ညောင်ဦးမြို့နယ်၊စဥ့်ကူမြို့က ကျူရှင်ဆရာမဆိုသူ ဒေါ်အိအိခိုင်နဲ့ မှတ်ပုံတင်ပွဲစားဆိုသူ ဦးမောင်ဝင်းဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှာ မူလတန်းပြ ဆရာမတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ဇူလိုင် ၁၃ ရက်ကလည်း ညောင်ဦး ၊လက်ထုပ်ကျေးရွာမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

ဇွန် ၁၅ ရက် ကလည်း ညောင်ဦး ၊ညောင်ပင်ကန်ရွာက အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးနဲ့ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံခဲ့ရပြီး ဇွန် ၉ ရက်ကလည်း ညောင်ဦး၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင်နှစ်ယောက်တို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

Photo: CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image