Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
😮 အာဂျင်တီးနားမှာ ကောင်းကင်ကနေ ပြုတ်ကျလာတာ အရာဝတ္တုကြီးကို လူအများ စိတ်ဝင်စားနေ
အာဂျင်တီးနားနိုင်ငံ ကျေးလက်ဒေသ တစ်နေရာကို ကောင်းကင်ပေါ်မှ ကြီးမားတဲ့ ဆလင်ဒါပုံစံ ထူးဆန်းတဲ့ အရာဝတ္တုတစ်ခု ပြုတ်ကျလာခဲ့ရာ ဒေသခံများကြား ဘာကြီးလဲဆိုတာ သိချင်နေကြပါတယ်။ သတ္တုနဲ့ ဖိုက်ဘာပစ္စည်းများ ပေါင်းစပ်ထားတဲ့ ထိုအရာဝတ္တုမှာ အရှည် (၅) ပေခွဲခန့်နှင့် အကျယ် (၄) ပေခန့်ရှိပါတယ်။
ဖိုက်ဘာအမျှင်များဖြင့် ဖုံးနေတဲ့ ထိုအရာဝတ္တုကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅) ရက်နေ့ ညနေပိုင်းအချိန်က Puerto Tirol မြို့ရှိ လယ်သမားတစ်ဦးရဲ့ ကွင်းပြင်ထဲကို ကျရောက်လာခဲ့တာ ဖြစ်ပါတယ်။ လယ်သမားက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး ပေါက်ကွဲစေတ်သော ပစ္စည်းဟုတ် မဟုတ်နဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများ ပါဝင်ခြင်းရှိ မရှိ ကျွမ်းကျင်သူတွေက စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးမှုတွေအရ ထိုအရာဝတ္တုဟာ အာကာသယာဥ်တစ်ခုနဲ့ ဆက်စပ်တဲ့ အပျက်အစီး အပိုင်းအစ ဖြစ်နိုင်ကြောင်း ကောက်ချက်ချကြပါတယ်။ ရဲတပ်ဖွဲ့က အာဂျင်တီးနား ပြည်တွင်းမီဒီယာကို အတည်ပြုမှုအရ ဒုံးပျံရဲ့ လောင်စာသိုလှောင်ကန် ဖြစ်ကြောင်း သိရပါတယ်။
ထိုအရာဝတ္တုမှာ composite overwrapped pressure vessel (COPV) လို့ခေါ်တဲ့ နည်းပညာမြင့် လောင်စာ သိုလှောင်ကန်တစ်မျိုး ဖြစ်နိုင်ခြေများတယ်လို့ ကျွမ်းကျင်သူက ဆိုပါတယ်။ မည်သည့် ဒုံးပျံကနေ ပြုတ်ကျလာတဲ့ လောင်စာ သိုလှောင်ကန်ဖြစ်ကြောင်း အတိအကျ မသိရသေးပေမဲ့ သတင်းတွေကတော့ တရုတ်ဒုံးပျံတစ်ခုမှ ဖြစ်နိုင်ကြောင်း ဖော်ပြနေကြပါတယ်။