Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပဲလေ့စ်ကနေ ထွက်ခွာနိုင်တယ်လို့ မာတီတာ အရိပ်အမြွက်ပြော
အောက်တိုဘာ ၉
ပြင်သစ်တိုက်စစ်မှူး မာတီတာက သူဟာ ချန်ပီယံလိဂ်နဲ့ အကြီးမားဆုံး ဆုဖလားတွေကို ယှဉ်ပြိုင်လိုတဲ့အတွက် မဝေးတော့တဲ့ အနာဂတ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
မာတီတာက “ရည်မှန်းချက်ကြီးမားတဲ့ ကစားသမားတိုင်းက ဒီလိုမှတ်တိုင်မျိုးကို ရောက်ချင်တာက သဘာဝပါပဲ။ အထူးသဖြင့် နိုင်ငံအသင်းကို ရောက်ရှိလာတဲ့အချိန်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲကစားပြီး အကြီးမားဆုံး ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ ကစားသမားတွေပဲ ရှိပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေ ဝိုင်းရံထားတဲ့အချိန်မှာ ဒီလိုမှတ်တိုင်မျိုးကို ရောက်ချင်တာက သဘာဝပါပဲ”လို့ RMC Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်က မိန့်ဇ်အသင်းကနေ အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ မာတီတာဟာ ၂၀၂၃-၂၄ ရာသီမှာ ပရီးမီးယား လိဂ် သွင်းဂိုး ၁၆ ဂိုးသွင်းပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
မာတီတာဟာ ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို FA ဖလား ရရှိအောင်နဲ့ ဒီရာသီအစမှာ ကွန်မြူနတီ ဒိုင်း ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
မာတီတာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် အသက် ၂၈ နှစ်အရွယ်မှာ ပထမဆုံးအကြိမ် ပြင်သစ်အသင်း လူစာရင်းထဲ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ချိတ်ဆက်မှုတွေခံခဲ့ရတဲ့ မာတီဟာ အက်စတွန်ဗီလာ၊ လိဒ်စ်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ စောင့်ကြည့်ခြင်းကိုလည်း ခံနေရပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တိုက်စစ်မှူး မာတီတာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် သတ်မှတ်ထားတာပါ။
မာတီတာဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေပေမယ့် သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အကြီးမားဆုံး ဆုဖလားတွေကို တိုက်ပွဲဝင်နိုင်တဲ့ အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ပြင်သစ်အသင်းဟာ အောက်တိုဘာ ၁၀ ရက်မှာ အဇာဘိုင်ဂျန်၊ ၁၃ ရက်မှာ အိုက်စလန်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ မာတီတာဟာ ပြင်သစ်လက်ရွေးစင်အသင်း ကစားသမား ဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
ပုံ - မာတီတာကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
တာချီလိတ်တွင် ၁ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖမ်းဆီးရမိပြီး ကွင်းဆက်များအားဆက်လက်ဖော်ထုတ်နေ
အောက်တိုဘာ ၉
တာချီလိတ်တွင် ၁ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖမ်းဆီးရမိပြီး ကွင်းဆက်များအားဆက်လက်ဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်၊ နံနက် (၉) နာရီခန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်အားသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ စိုင်းရှဲန်တွီ၊ ဖိလစ်(ခ)အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့ ၇ ဦးကို အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ်တစ်စီး၊ HONDA CIVIC ယာဉ် တစ်စီး၊ TOYOTA CROWN ယာဉ်တစ်စီး၊ ISUZU D-MAX ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ၏ ပိုင်ရှင်ဖြစ်သူ စိုင်းမွန်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်အား နံနက် (၁၀) ခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ အား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းပေးမည်ဖြစ်ပြီး ဓာတ်ဆီဈေးနှုန်းများလည်း ယခင်အပတ်ထက် ကျပ် ၁၀၀ ဝန်းကျင် ကျဆင်းလာ
အောက်တိုဘာ ၉
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း ဒေါ်လာသန်း ၇၄၀ ခန့် ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်းနှင့် စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း ထုတ်ရောင်းပေးထားသည်။
အောက်တိုဘာလ ၂ ရက်တွင် ဒေါ်လာ ၂၅ သန်းနှင့် ယခုထပ်မံထုတ်ရောင်းပေးမည့် ဒေါ်လာသန်း ၃၀ အပါအဝင် ယခုဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း စက်သုံးဆီလုပ်ငန်းရှင်းများအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၇၃၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၈၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၁၁၅ ကျပ်ဖြစ်ပေါ်လျက်ရှိပြီး ယခင်အပတ်ထက် ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ၃၅ ကျပ်မှ ၆၅ ကျပ်ကြား ကျဆင်းခဲ့သည်။
Credit - Myanmar Transprency News Agency
#သတင်းဟင်းလေးအိုးကြီး
❤️ပိန်းပန်း စိုက်ပျိုးနည်း🌹🌷
===================
ပိန်းပန်းအလှ၄၀၀၀၀ယိုးဒယားပိန်း
💖ဝင်းစိုက်ပျိုးရေးပျိုးဥယျာဉ်တွင်ရနိုင်ပါတယ်ရှင့် 🌻🌹🌷🥀💐🌺🌸🌼
🍀- ပိန်းပင်ဟာ တိုက်ရိုက်အလင်းရောင်ကို လုံးဝမကြိုက်ပါဘူး ... အပင်ကြီးများအောက် ၊ အိမ်တံဆက်မိတ်အောက်တို့တွင်သာ ထားသင့်ပါတယ်...
- 🍀ဒါမှမဟုတ်စိုက်ပျိုးရေးသုံး အစိမ်းစဇကာ ( ပိုက်စိမ်းစ ) အုပ်မိုးပြီးစိုက်ပျိုးရင်လဲ အဆင်ပြေပါတယ်ခင်ဗျာ ...
- 🍀တိုက်ရိုက် အလင်းရောင်ထိတဲ့အပင်များဟာ အရွက်များဝါကျပြီး သေဆုံးတတ်ပါတယ် ... အရွက်ကြွေရာမှာ နှင်းကြောင့်လဲ ကြွေပါတယ် ...
အထူးသဖြင့် မလေးရှားမျိုး နဂါးမောက်ပိန်း ( သို )့ ဇွန်ခွက်ပိန်းများဟာ နှင်းများတာနဲ့အမျှ အရွက်များကြွေကျကုန်ပါတယ် ...
ဒါပေမယ့်အပင်ကတော့ သေဆုံးခြင်းမရှိပါ ... အရွက်များပြန်ထွက်ရန် အချိန်ယူရပါတယ်ခင်ဗျာ ...
- 🍀ပိန်းပင်များဟာပန်းပွင့်ရန်အတွက် ရက်ပေါင်း ( ၄၀ / ၄၅ ) ရက်လောက်အချိန်ယူရပါတယ် ... အေးတဲ့ရာသီဥတုမှာ အပွင့်သေးပြီး ရိုးတံတိုပါတယ် ....
- 🍀ရေကိုကြိုက်နှစ်သက်မှုမှာတော့ ဒေသမျိုးနဲ့ တရုတ် ၊ ယိုဒယား ပိန်းပင်များဟာ ကွဲပြားခြားနားပါတယ် ...
ဒေသမျိုးဟာ ရေကိုနေ့စဉ်ဖြန်းပေးလို့ရပါတယ် ... တရုတ် ၊ ယိုးဒယာမျိုးများကတော့ အောက်ခံမြေကြီး ၊ ပွားစာ ၊ ခြောက်ခါနီးမှ တစ်ခါလောင်းရင်ရပါပြီ ...
- 🍀အဓိက ကတော့ ရေဆင်းကောင်းဖို့ဖြစ်ပါတယ် ... အပူချိန်အနေနဲ့ ( 60F နှင့်90F ) ကြားဟာ အကောင်းဆုံးဖြစ်ပါတယ် ...
- 🍀ပိန်းပန်းကို မီးသွေးစ ၊ အုန်းဆံခွံ ၊ အုတ်ခဲကျိုး ၊ မြေကြီးအနဲငယ်နဲ့. အိုးများအတွင်းစိုက်ပျိုးနိုင်ပါတယ် ... မြေကြီးပေါ်မှာလဲ စိုက်ပျိုးနိုင်ပါတယ် ...
- 🍀မြေသြဇာအနေနဲ့ ( နိုက်ထရိုဂျင် ) ပါဝင်တဲ့ လက်ဖက်ခြောက်ဖတ်များ ၊ ကြက်ဥခွံများဟာ သဘာဝမြေသြဇာတွေပဲ ဖြစ်ပါတယ်ခင်ဗျာ .....
တို့ပေါ့
🍀ပိန်းပန်းလေးတွေအတွက်သင့်တော်တဲ့မြေသြဇာကတော့ Slow Released Fertilizer (13:13:13) လို့ခေါ်တဲ့ မြေသြဇာလေးပဲ ဖြစ်ပါတယ် အဲ့ဒါကလည်းစိုက်ပျိုးရေးဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရရှိနိုင်ပါတယ်
🍀အပွင့်လောင်ရောဂါမွှားတွေကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါပူလွန်းအေးလွန်းတာကြောင့်ရယ့ အပင်အားနဲတာရယ်ဒီရောဂါက ပိန်းပင်တိုင်းမှာဖြစ်လေ့ဖြစ်ထရှိတာမို့ တလတခါ ဖန်ကူလာ ဖြန်းပေးအားခြင်းဖြစ်လည်း ကာကွယ်နိူင်တယ်
🍀ဆောင်းရာသီ အအေးဓာတ်များလွန်းတေ့ာ အစိုဓာတ်ထိန်းပေးပါ
ဖြစ်နေတဲ့အပွင့် တွေ ညှပ်ပြီး မီးရိူ့
မိူဘက်တီးရီးယားတွေလည်းတတိထားပါ
အုံးခွံမှာ ဖြူဖြူလေးတက်လာရင်ဖြစ်တဲ့အိုးရဲ့မြေစာ ပြောင်းပေးပါ
မဟုတ်ရင် ပင်စီပုတ်ရောဂါ အရွက်လောင်ရောဂါ ဖြစ့်တေ့ာမည်
အပင်ကို နင်းမထိအောင်မိုးထားပေးပါ
ညနေရေလောင်းချင်းရှောင်ပါ
ရေက ပင်စီနား မှာခံနေရင် အကောင်က ရေလာသောက်တာ ရယ် လာမှီခိုနေထိုင်တာရယ်ကြောင့် ပင်စီကို ဖြတ်စီးပြီး ရောဂါကျနိူင်သည်
တီကောင်နီ ရောဂါက အရွက်အမဲကွက်ရာဂါဖြစိစေသည်
🍀ဖြန်းရမဲ့ဆေး
အောက်မှာပြထားတယ်နော်
သုံးရက်တခါ
ထမင်းစားစွန်း သုံးစွန်စွန်းရောဂါတအားပျင်းရင်
တမျိူးတစွန်းခွဲ ရေလေးဂါလံ
ဆေးစိုက်ပျိူးရေးဆိုင်မေးပြီးဝယ်ပါ
ရောဂါဖြစ်ရတဲ့အကြောင်းရင်း
ပြုစုမူ့အားနဲ တာရယ်
အပင်ကို ဖြစ်သလိုပြစ်ထား
နင်းခါး နဲ့ထိတွေ့
အမိုးမလုံ မြေစာ မိူဘက်တီရီးယားတွေပါရှိ တခါတလေ မိုပန်းပွင့်တွေထွက်တာတွေ့ပြီး
မိူမျှင်လေး သနိးနေတာတွေ့ရင်ချက်ချင်းဆေးဖျန်းပါ
ယူနိုက်တက်အား တည်ဆောက်ရန် အမိုရမ်တွင် အချိန် သုံးနှစ်လိုအပ်ကြောင်း ဆာဂျမ်ရက်ကလစ်ဖ် ပြောကြားလာ
အောက်တိုဘာ ၉
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်က ယူနိုက်တက်နည်းပြရူဘင်အမိုရမ်မှာ ကြီးကျယ်တဲ့ နည်းပြတစ်ဦး ဖြစ်ကြောင်း သက်သေပြရန် အချိန် သုံးနှစ်လိုအပ်နေကြောင်း ပြောကြားလာပါတယ်။
အမိုရမ်ဟာ လာမယ့် နိုဝင်ဘာလတွင် ယူနိုက်တက်အား ကိုင်တွယ်တာ တစ်နှစ်ပြည့်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ အမိုရမ်လက်ထက်တွင် မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၉၇၃-၇၄ ရာသီတုန်းက တန်းဆင်းခံရပြီးနောက်ပိုင်း အဆိုးရွားဆုံးအဆင့်အဖြစ် အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ နွေရာသီတုန်းက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၀၀ အထိ အသုံးပြုခဲ့ပေမယ့်လည်း ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲ ရှုံးနိမ့်ထားပြီး ဖြစ်သလို ခါရာဘောင်ဖလားမှလည်း ထွက်ခွာထားရပြီး ဖြစ်ပါတယ်။
ယူနိုက်တက်တာဝန်ရှိသူများက အမိုရမ်အား အပြည့်အဝ ထောက်ခံနေကြဆဲ ဖြစ်ပေမယ့်လည်း ဆန်းဒါးလန်းအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲသာ မပိုင်ဆိုင်လျှင် ထုတ်ပယ်ခဲ့ပြီး ဖြစ်လာလိမ့်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဒါပေမယ့် The Times ရဲ့ The Business အင်တာဗျူးမှာတော့ ဆာဂျမ်ရက်ကလစ်ဖ်က "အကောင်းဆုံးရာသီ မပိုင်ဆိုင်ခဲ့ဘူး။ ရူဘင်မှာ ကြီးကျယ်တဲ့ နည်းပြဖြစ်ကြောင်း သက်သေပြဖို့ အချိန်သုံးနှစ်လိုတယ်။ ကျွန်တော့်ဘက်ကလည်း အချိန်ပေးသွားမယ်"လို့ ဆိုသွားပါတယ်။
အသက် ၄၀ နှစ်ရှိ အမိုရမ်ဟာ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ၃-၄-၂-၁ ကစားကွက်ကို ခေါင်းမာစွာ အသုံးပြုလာမှုအတွက် ဝေဖန်မှုများ ကြုံနေရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဆာဂျမ်ရက်ကလစ်ဖ်ကတော့ "သတင်းစာတွေအပေါ် တခါတလေ နားမလည်နိုင်ဘူး။ သူတို့က နေ့ချင်းညချင်း အောင်မြင်ချင်ကြတယ်။ သူတို့က မီးခလုပ်တစ်ခုလို့ ထင်ကြတယ်။ တချက်ခုန်ကူးလိုက်တာနဲ့ မနက်ဖြန် နှင်းဆီပွင့်မယ်လို့ ထင်ကြတယ်။ ယူနိုက်တက်လို ကလပ်တစ်ခုကို အပတ်လာနေတဲ့ ဂျာနယ်လစ်တွေအပေါ် စိတ်ပျက်တဲ့ တုံ့ပြန်မှု ပြုလုပ်လို့ မရပါဘူး"လို့ ပြောကြားသွားပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူ ဖြစ်ပြီး ကလပ်ရဲ့ ဘောလုံးရေးရာနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်ခွင့် ရယူထားပါတယ်။
ဒါ့အပြင် ရက်ကလစ်ဖ်က အမိုရမ်အား ထုတ်ပယ်မှု ဖြစ်လာမှာ မဟုတ်ကြောင်းလည်း အာမခံ ပြောကြားသွားပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ပူးတွဲပိုင်ရှင် ဖြစ်လာပြီးနောက် ဝန်ထမ်း ၄၀၀ ကျော်တို့အား လျှော့ချကာ အသုံးစရိတ်လျှော့ချမှု ပြုလုပ်လာသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယင်းသို့ အသုံးစရိတ်လျှော့ချလာမှုနှင့်အတူ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်တာဘဏ္ဍာရေးရှင်းတမ်းတွင် ပေါင် ၃၃ သန်းတည်းသာ ရှုံးနိမ့်လာပါတယ်။ ၎င်းတို့ဟာ ယင်းမတိုင်မီ တစ်နှစ်တုန်းက ပေါင် ၁၁၃.၂ သန်းအထိ အရှုံးပေါ်ထားတာပါ။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ