22 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️တရုတ်နိုင်ငံသို့ မက္ကဒေးမီးယားအဆန်ပါ အခွံမာအသီးတင်ပို့မည့် ကုမ္ပဏီများ အဆိုပြုလွှာ လျှောက်ထားရန် ဖိတ်ခေါ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မက္ကဒေးမီးယားအဆန်ပါ အခွံမာအသီး တင်ပို့မည့် ကုမ္ပဏီများအား မြန်မာ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြားနှစ်နိုင်ငံ ချုပ်ဆိုထားသောပင်ပိုးမွှားရောဂါ ကင်းရှင်းရေး ဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရSanitary and Phytosaniraty(SPS)Protocol သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest-EOI) များအား အောက်တိုဘာ ၃၀ ရက်နောက်ဆုံးထား၍ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးရုံးတွင် လျှောက်လွှာများရယူပြီး တင်ပြလျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်လွှာရယူလိုသူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ဘုရင့်နောင် လမ်းမကြီး အနောက်ကြို့ကုန်း အင်းစိန်မြို့နယ် ရန်ကုန်မြို့သို့ ဆက်သွယ်ရယူနိုင်မည်ဖြစ်ပြီး လျှောက်လွှာများအား www.doa.gov.mm နှင့် www.ppd.doa.gov.mm တွင် ဒေါင်းလုတ်ရယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများတွင် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

image
22 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထားတင်ပြရန် ကျန်ရှိနေသည့် အေဂျင်စီ၆၀ ကျော်အား တင်ပြရန် အသိပေး
စက်တင်ဘာလ အတွက်မိသားစုလွှဲပို့ငွေရရှိမှု အထောက်အထားတင်ပြရန် မရှိသေးသည့်အေဂျင်စီ ၆၀ ကျော်ရှိနေကြောင်းအလုပ်သမားဝန်ကြီးဌာန Safe migration ၏ထုတ်ပြန်ထားချက်အရ သိရသည်။
နိုင်ငံအလိုက်စေလွှတ်လျက် ရှိသော်လည်း ၂၀၂၅ ခုနှစ် စက်တင်ဘာအတွက် မိသားစုလွှဲပို့ငွေ ရရှိမှု အထောက်အထား တင်ပြရန် မရှိသေးသည့် အေဂျင်စီများစာရင်းဟုဆိုကာ အေဂျင်စီများ၏ နာမည်နှင့် တကွ စာရင်းကို ထုတ်ပြန်ထားသည်။
အဆိုပါ အေဂျင်စီများအနေဖြင့် အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားတင်ပြရမည်ဖြစ်ပြီး အချိန်မီ ပေးပို့ခြင်း မရှိပါက Demand Letterအသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်း ခံရမည့်အပြင် ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အေဂျင်စီများ အနေဖြင့်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြရာတွင်အနည်းဆုံး ၄၁ ရာခိုင်နှုန်းသာ တင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလကအသိပေး ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု သတိပေးချက် အမြင့်ဆုံးထုတ်ပြန်
အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတစ်ကျွန်းပေါ်တွင် မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားလိုက်ပြီးကောင်းကင်တွင် ပြာမှုန့်များမှုတ်ထုတ်နေရာ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားကြောင်း ပြောသည်။
ဖလောရက်စ်ကျွန်းရှိ လီဝိုတိုဘီ လာကီ-လာကီ မီးတောင်သည်အောက်တိုဘာ ၁၄ ရက် နှောင်းပိုင်းနှင့် အောက်တိုဘာ ၁၅ ရက်အစောပိုင်းတွင်ထပ်မံပေါက်ကွဲခဲ့ပြီး မီးတောင်အထက် ၁၀ ကီလိုမီတာထိ မီးတောင်ပြာများ မှုတ်ထုတ်ခဲ့သည်။
၁၅၈၄ မီတာအမြင့်ရှိ အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် အသေအပျောက် သို့မဟုတ် ပျက်စီးမှု တစ်စုံတစ်ရာကို ထုတ်ပြန်ခြင်း မရှိသော်လည်း အာဏာပိုင်များကဖလောရက်စ်ကျွန်းပေါ်ရှိ ဒေသခံ များနှင့် ခရီးသွားများကိုတတ်နိုင်သမျှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအတွက်ပြင်ဆင်နေကြရန် သတိပေးထားသည်။
ငလျင်လှုပ်ခတ်မှုအကြိမ်ရေ မြင့်တက်လာခြင်းကြောင့်မီးတောင်သတိပေးချက်ကို အမြင့်ဆုံး ထုတ်ပြန် ထားကြောင်းအင်ဒိုနီးရှား ဘူမိအေဂျင်စီ အာကီးအကဲ မိုဟာမက် ဝါဖစ်ကပြောသည်။မီးတောင်ပြာများ များပြားလာပါကလေယာဉ်ခရီးစဉ်များ အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။
လီဝိုတိုဘီ၏ အနောက်ဘက်ကီလိုမီတာ ၆၀ အကွာ မာမီရီမြို့ရှိ လေဆိပ်တွင် လေဆိပ်လုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း လေဆိပ်အာဏာပိုင်များကထုတ်ပြန်ထားသည်။ ဇူလိုင်လကလည်း အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့်ဘာလီအပန်းဖြေကျွန်းရှိ နိုင်ငံတကာလေဆိပ်တွင် လေယာဉ်ခရီးစဉ် ၂၄ ခုကိုဖျက်သိမ်းခဲ့ရသည်။
ကိုးကား-စီအင်န်အေ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ဟားမားစ်အုပ်စု မဖြစ်မနေလက်နက်စွန့်ရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့် သတိပေး
ဂါဇာကမ်းမြောင် အခြေစိုက်ဟားမားစ်အုပ်စုအနေဖြင့် မဖြစ်မနေလက်နက်များ ဖြုတ်သိမ်းရမည်ဖြစ်ပြီး ဖြုတ်သိမ်းခြင်းမရှိပါက အင်အားသုံး၍ ဖြုတ်သိမ်းပေးရလိမ့်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၄ ရက်တွင်သတိပေးလိုက်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ရယူနိုင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်အရ အောက်တိုဘာ ၁၃ ရက်တွင် ဟားမားစ်အုပ်စုကနောက်ဆုံးလက်ကျန် အစ္စရေးဓားစာခံ များကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးနိုင်ငံက ပါလက်စတိုင်းအကျဉ်းသား၂၀၀၀ နီးပါးကို ပြန်လွှတ် ပေးခဲ့သည်။
သို့ရာတွင် လက်နက်များစွန့်လွှတ်ပေးမည်ဟူသော ကတိကဝတ်ကို ဟားမားစ်အုပ်စုအနေဖြင့် တရားဝင် ကြေညာခြင်းမရှိသေးပေ။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အချက်၂၀ပါ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်တွင် အစ္စရေးတပ်များ အဆင့်ဆင့် ပြန်လည်ရုပ်သိမ်းပေးရေးနှင့် ဟားမားစ်အုပ်စု လက်နက်ဖြုတ်သိမ်းရေးတို့လည်း ပါဝင်သည်။
ဟားမားစ်အုပ်စု အနေဖြင့်လက်နက်များ မဖြစ်မနေ ဖြုတ်သိမ်းပေးရမည်ကို မိမိအသိပေးထားကြောင်း အကယ်၍ ဖြုတ်သိမ်းခြင်းမရှိခဲ့ပါကမိမိတို့ လာရောက်ဖြုတ်သိမ်းပေးရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အာဂျင်တီးနား သမ္မတနှင့် တွေ့ဆုံဆွေးနွေးစဉ် ထုတ်ဖော်ပြောကြားထားသည်။
အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရယူပြီးနောက်ဂါဇာကမ်းမြောင်ဒေသ၌ ဟားမားစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့ဝင်များပြန်လည်နေရာယူနေကြောင်း သိရသည်။
ကိုးကား-ရိုက်တာ

image

ပဲလင်းမြွေ မျိုးစေ့
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်

image
22 w - Translate

ပျော်မှ ပြုံးရတယ်လည်း မဟုတ်ပါဘူး
စိတ်ထဲမှာ နာနေပြီး
အဲ့အတွက်
ဘာမှမလုပ်နိုင်တဲ့ အခါမှာလည်း ပြုံးရပါတယ် ..
🌿🍂🍃

image
22 w - Translate

တကောင်တည်း။ ဒါပေမယ့် ခြင်သေ။

image
22 w - Translate

အမြန်လမ်းမှာ တလအတွင်း ယာဉ်တိုက်မှုကြောင့် ၁၀ ယောက်ထက်မနည်းသေပြီး ၄၀ ကျော်ဒဏ်ရာရ
အောက်တိုဘာ ၁၆-၂၀၂၅

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ တလ အတွင်းယာဉ်မတော်တဆမှုကြောင့်လူ ၁၀ ယောက်ထက် မနည်းသေဆုံးခဲ့ပြီးအယာက် ၄၀ ကျော်ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့အမြန်လမ်းပေါ်မှာကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေဆီက သိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပြီးခဲ့တဲ့တလအတွင်း ယာဉ်မတော်တဆမှုတွေဖြစ်ပွားခဲ့ပြီး အမျိုးသား ၇ ယောက် အမျိုးသမီး ၄ ယောက်သေဆုံးခဲ့ပြီး အမျိုးသား ၂၉ ယောက်၊အမျိုးသမီး ၁၃ ယောက်စုစုပေါင်းအယောက် ၄၀ ကျော်အထိ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
''လတ်တလောအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးပေါ်က ၁၁၅ မိုင်မှာ အဝေးပြေးခရီးသည်တင် Exp ress ယာဉ်နဲ့ သုံးဘီဆိုင်ကယ်နဲ့တိုက်မှု အောက်တိုဘာ
မနေ့ ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်။ယာဉ် တိုက်မှုကြောင့် အမျိုးသမီးတယောက် ဦးခေါင်းကြေမွ ဒဏ်ရာတွေနဲ့နေရာဘဲသေဆုံးသွားတယ်။''လို့ ကူညီကယ် ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်ကပြောပါတယ်။
အဲ့ဒီ အမြန်လမ်းမကြီးမှာ ယာဉ်တွေအတွက် အရှိန်နှုန်း သတ် မှတ်ချက်အရ ကိုယ်ပိုင်အိမ်စီးကားလေး ဖြစ်ပါက (၁)နာ ရီကိုကီလိုမီတာ(၁၀၀)အတွင်းမှာသာ မောင်းနှင်း ရမှာဖြစ် ပြီး ခရီးသည်တင် Express ယာဉ်တွေဖြစ်ပါ က(၁)နာရီ ၉၀ ကီလိုမီတာအတွင်းမှာပဲမောင်းဖို့နဲ့ လုပ်ငန်း သုံးလိုက်ထရပ် ၊ ဟိုက်ဂျက်၊ ကုန်တင်ယာဉ်စတဲ့ ယာဉ်တွေ ကတော့ (၁)နာရီကို ကီလိုမီတာ(၆၀)အတွင်းမှာပဲမောင်း ကြဖို့ကိုသက်ဆိုင်ရာကသတ်မှတ်ထားတယ်လို့
သိရပါတယ်။
'' အမြန်လမ်းပေါ်က ယာဉ်တိုက်မှုတွေက ယာဉ်မောင်း အိပ်ငိုက်ပြီး တိမ်းမှောက်တဲ့ ဖြစ်စဉ်တွေကများတယ်။ ဒါ့ကြောင့် အမြန်လမ်းတစ်လျှောက်မှာ မော်တော်ယာဉ်
တွေသတ်မှတ်အရှိန်ထက်ကျော်လွန်မောင်းနှင်းမှု မရှိစေဖို့ နဲ့ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ယာဉ်အရှိန်တိုင်းတာတဲ့စက်တွေ တပ်ဆင် ထားပြီး စစ်ဆေးဆောင်ရွက်နေတယ်။''လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
အမြန်လမ်းတွေမှာ အရှိန်သတ်မှတ်ချက်တွေကိုကျွမ်း ကျင်ပညာရှင်တွေကတွက်ချက်ပြီး ညွှန်ကြားသတ်မှတ် ထားခြင်းဖြစ်တာကြောင့်လိုက်နာလုပ်ဆောင်ပါက
အန္တရာယ်ကင်းရှင်းမှာဖြစ်သလို အသက်ကယ်နိုင်ဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိမှုနည်း ပါးစေမှာဖြစ်တဲ့အတွက် ယာဉ်မောင်းနေစဉ်မှာလည်း ခါးပတ်ပတ်ထားကြဖို့ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းတိုက်တွန်း ထားတယ်လို့ သိရပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း
ယာဉ်တိုက်မှုပေါင်း ၉၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈ ယောက်နဲ့ဒဏ်ရာရသူ ၂၁၉ ယောက်အထိရှိခဲ့တယ်လို့ သက်ဆိုင်ရာက စာရင်းတွေ အရသိရပါတယ်။
ဒါအပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၁၆၃ ကြိမ်ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ၈၆ ယောက်နဲ့ ထိခိုက်ဒဏ် ရာရရှိသူ ၃၂၆ ယောက် အထိရှိခဲ့ တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၇ ယောက်အထိ ရှိခဲ့တယ်လို့ သက်ဆိုင်ရာက မှတ်တမ်းတွေအရသိရပါတယ်။

imageimage