Yellow-bellied prinia
ငှက်လက်မဗိုက်ဝါ လို့ခေါ်တဲ့ငှက်လေးပါ။ အကောင်သေးပြီး အငြိမ်မနေလို့ ရိုက်ရခက်တဲ့ကောင်လေး😍

image
38 w - Translate

Choose high-quality Inflatable Boat Fabric from Shanghai MSD for excellent air retention and enhanced durability in all water conditions. #inflatableboatfabric #boatmaterial #shanghaimsd

PVC Wall Covering | PVC Super Clear Film Factory, Supplier

ShanghaiMSD specializes in PVC wall coverings and super clear films, providing cost-effective, durable materials for both decorative and protective purposes.

ရှမ်းဘာသာပြန်ပိဋကတ်(၃)ပုံကို ဗိုလ်ချုပ်ယွတ်စစ် လက်ခံရယူ

ထိုင်းဘုရင်မင်းမြတ်ကပေးအပ်သည့် ရှမ်းဘာသာပြန်ပိဋကတ်(၃)ပုံကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်ကြီးယွတ်စစ်မှ နိုဝင်ဘာ ၅ ရက်က ထိုင်းနိုင်ငံရှိ ဝပ်နတ်ကလျာဏထမ်းဘုန်းတော်ကြီးကျောင်းတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။

ရှမ်းဘာသာပြန် ပိဋကတ်ဓမ္မစာပေဆက်လက်ပြန့်ပွားစေရန်အတွက် ထိုင်းဘုရင်မင်းမြတ်မှပေးအပ်သည့် ပိ ဋကတ်စာပေများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရှိ ပိဋကတ်ကျောင်းတွင်ပင့်ဆောင်ထားရှိမည်ဖြစ် ကြောင်း သိရသည်။

ရှမ်းမျိုးနွယ်စုများဖြစ်သည့် ထိုင်း၊ တိုင်း၊ တိုင်းလုံ၊ တိုင်းခန္တီး၊ တိုင်းဖာကေး၊ ယွန်းသျှမ်း၊ လောဝ်း၊ တိုင်းဆစ်ဆောင်ပန်နားတို့အပါအဝင် အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အသံထွက်တူစေရန်ရည်ရွယ်၍ ပိဋကတ်စာပေများကို ထိုင်းဘာသာမှ ရှမ်းဘာသာစကား(၉)မျိုးအထိ ဘာသာပြန်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

image

ထိုင်းဘုရင်မင်းမြတ် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း ဖရာ ဝဇီရာလောင်ချောင်ယူဟွာသည် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၁၃ ရက် နေ့မှ ၁၇ ရက်နေ့အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

image

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်မဲခွဲပွဲတွင် ဖီဖာငြိမ်းချမ်းရေးဆုချီးမြှင့်မည်--ဖီဖာ

ဖီဖာ ငြိမ်းချမ်းရေးဆုဟု အမည်ပေးထားသော နှစ်စဉ်ချီးမြှင့်မည့် ဆုအသစ်တစ်ခုကို ဖီဖာက တီထွင်ဖန်တီးထားကာ ဝါရှင်တန်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်မဲခွဲပွဲတွင် ပထမဆုံးအကြိမ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ဘောလုံးသည် ငြိမ်းချမ်းရေးအတွက်ရပ်တည်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးကိုယ်စား ဖီဖာ ငြိမ်းချမ်းရေးဆု "Football Unites the World" သည် အနာဂတ်မျိုးဆက်များအတွက် မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးသော လူပုဂ္ဂိုလ်များ၏ ကြီးကျယ်သော ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုမည်ဖြစ်သည်”ဟု ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက ကြေငြာချက်တွင် ပြောကြားထားသည်။

အင်ဖန်တီနိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ လက်ရှိကမ္ဘာဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီတို့နှင့်အတူ မိုင်ယာမီတွင်ပြုလုပ်သည့် အမေရိကစီးပွားရေးဖိုရမ်သို့ ဟောပြောသူများအဖြစ် မတက်ရောက်မီတွင် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုဆုကို ပထမဆုံးရရှိမည့်သူကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ကနေဒီစင်တာတွင် ဒီဇင်ဘာလ ၅ ရက်နေ့၌ပြုလုပ်မည့် ဘောလုံးပွဲစဉ်မဲခွဲပွဲအခမ်းအနားကို တက်ရောက်ဖွယ်ရှိသည့် အင်ဖန်တီနို၏ မဟာမိတ်တစ်ဦးဖြစ်သော သမ္မတ ထရမ့်ပ်သာ လက်ခံရရှိသွားလိမ့်မည်ဟူသော ထင်ကြေးများ ကိုချက်ချင်း‌ပေးခဲ့ ကြသည်။

ဇန်နဝါရီလတွင် ဒုတိယအကြိမ် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ပြီးကတည်းက ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများစွာကို ဖြေရှင်းရာတွင် ပါဝင်ခဲ့သော ၎င်း၏ အခန်းကဏ္ဍအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို သူရထိုက်သည်ဟု ထရမ့်ပ်က အခိုင်အမာပြောကြားခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်လတွင် နော်ဝေနိုဘယ်ကော်မတီသည် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုကို နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခဲ့သောကြောင့် အမေရိကန်သမ္မတသည် ဆုနှင့် လွဲချော်ခဲ့ရသည်။

image

အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဂျပန်အမျိုးသမီးဘောလုံးအသင်း မြန်မာနိုင်ငံသို့ ရောက်ရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဂျပန်အမျိုးသမီးဘောလုံးအသင်း(Tokyo Verdy Beleza) မြန်မာနိုင်ငံသို့ ယနေ့ နိုဝင်ဘာ (၆)ရက်တွင် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားကလပ် Suwon FC နဲ့ မြောက်ကိုရီးယားကလပ် Naegohyang FC တို့လည်း ယနေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိလာမည်ဟု သိရသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တရား ဝင် အသိပေးထားခြင်းမရှိသေးပေ။

အဆိုပါပြိုင်ပွဲတွင် အုပ်စု(C)၌ တောင်ကိုရီးယား၊ ဂျပန်၊ မြောက်ကိုရီးယားနှင့်မြန်မာ(ISPE)အမျိုးသမီးအသင်းတို့ တစ်အုပ်စုတည်းကျရောက်နေသည်။

ပွဲစဥ်များကို နိုဝင်ဘာ (၉)ရက်မှ (၁၅) ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

image

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။

နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

image

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယနေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ်ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

image

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။

image

(၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်းအစည်းအဝေး မြန်မာနိုင်ငံတွင်ကျင်းပ
နိုင်ငံအလိုက်အတွေ့အကြုံများမျှဝေခြင်းဖြင့် အပြန်အလှန်အကျိုးရှိနိုင်

( ၄၉ )ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်းအစည်းအဝေးကိုနိုဝင်ဘာ (၆)ရက်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောသည်။

အဆိုပါ အစည်းအဝေးကို အာဆီယံဆိပ်ကမ်းလုပ်ငန်းအသိုက်အဝန်းအတွင်း ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အတူတကွလျှောက်လှမ်းနိုင်ရေး ရည်မှန်းချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။

ဆိပ်ကမ်းများသည် အာဆီယံ ဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများဖြစ်ပြီး ယခုအစည်းဝေးတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကွန်ရက်ပိုမိုအားကောင်းလာစေရေး၊ဆိပ်ကမ်းများစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ရေရှည်တည်တံသည် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လက်တွေ့ကျသည် မဟာဗျုဟာ လုပ်ငန်းစဉ်များ နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်လမ်းများကို ဆွေးနွေးနိုင်ကြမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
အာဆီယံဆိပ်ကမ်းများအသင်းကို ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံက ၂၀၀၅ ခုနှစ်တွင် အသင်းဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး လက်ရှိ ဘရူနိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊မလေးရှား၊မြန်မာ၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း နှင့် ဗီယက်နမ် အဖွဲ့ဝင် ကိုးနိုင်ငံပါဝင်ပြီး ဒေသတွင်း ဆိပ်ကမ်းလုပ်ငန်းအသိုက်အဝန်းတစ်ခု အဖြစ် ခိုင်မာစွာရပ်တည်နေကြောင်း သိရသည်။

image