Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၆ ရက်၊ နံနက် ၁၀ နာရီ)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၉၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၇၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၂ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၀၂၀ ကျပ်
ဝယ်ဈေး - ၃၉၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၆ ကျပ်
ဝယ်ဈေး - ၉၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၃ ကျပ်
ဝယ်ဈေး - ၂၅.၂၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၇၄ ကျပ်
ဝယ်ဈေး - ၄၃.၆၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၃ ကျပ်
ဝယ်ဈေး - ၂.၆၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၀ ကျပ်
ဝယ်ဈေး - ၂၅၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၂ ကျပ်
ဝယ်ဈေး - ၂၈၁၁ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၇ ကျပ်
ဝယ်ဈေး - ၅၀၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၅ ကျပ်
ဝယ်ဈေး - ၁၀၆၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
Anti-Foam Additive for Engine Oil Market Set to Expand as Automotive and Industrial Applications Surge
Anti-foam additives are crucial in engine oils to prevent the formation of foam, which can compromise the lubrication process, reduce efficiency, and potentially damage engine components. Market Intelo’s latest research indicates that the market was valued at USD 1.5 billion in 2024 and is expected to grow at a CAGR of 5.9%, reaching USD 2.6 billion by 2032.
Read Full Research Study: https://marketintelo.com/repor....t/anti-foam-additive
Global Far-UVC Disinfection Market Set to Witness Rapid Growth Through 2032
The global Far-UVC Disinfection market is gaining substantial traction as organizations and healthcare facilities prioritize advanced sterilization and pathogen control technologies. Rising concerns over infectious diseases, increased awareness of hygiene standards, and the need for continuous disinfection in high-traffic areas are driving adoption. Far-UVC disinfection offers an innovative
Read Full Research Study: https://marketintelo.com/repor....t/far-uvc-disinfecti
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်ဖွင့်လှစ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်က ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်ကို ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ယာယီသမ္မတက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများကလည်ူ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ငွေရေးကြေးရေးကဏ္ဍကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပိုမိုထိရောက်စွာ ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်နိုင်ရေး၊ ဒေသအသီးသီး၏ ဖွံ့ဖြိုးမှုတွင် ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်းဖော်ဆောင်နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial Inclusion ကို ပိုမိုဖော်ဆောင်ရန်နှင့် ကြီးကြပ်ထိန်းကျောင်းမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)ရုံး အဆောက်အဦသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံး အဆောက်အဦသစ်သည် နိုင်ငံတကာ ဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုများထဲတွင် ကျွဲ၊ နွားများစည်းကမ်းမဲ့လွှတ်ခြင်းလည်းပါဝင်ဟုဆို
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ဖြစ်ပွားခဲ့သည့်ယာဉ်မတော်တဆမှုများထဲတွင် လမ်းချော်မှုအပြင် ကျွဲ၊ နွားများစည်းကမ်းမဲ့လွှတ်ထားခြင်းကြောင့် ဖြစ်ပွားခြင်းများလည်းပါဝင်ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်ပေါင်း ၃၅၈ မိုင်တစ်ဖာလုံခန့်ရှိပြီး လမ်းတစ်လျှောက်တွင်မီးသတ် စခန်းပေါင်း ၁၅ ခုခန့်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ရန်ကုန်ဘက်ခြမ်းမှာဖြစ်တာများတယ်။ ၂၃ မိုင်နဲ့ ၄၅ မိုင်ကြား၊ ပြီးတော့မိုင် ၆၀ နဲ့ ၇၅ မိုင်ကြားအဖြစ် များတယ်။ ဖြစ်တာကတော့ မိုးတွင်းကျ လမ်းတွေဘာတွေချော်လို့။ နောက်ပြီး ကျွဲ၊ နွားတွေစည်းကမ်းမဲ့ လွှတ်ထားပြီး လမ်းဖြတ်ကူးတာတွေကြောင့် ယာဉ်တိုက်မှုဖြစ်တာများတာ” ဟု စံတော်ချိန်ဒစ်ဂျစ်တယ် သို့ပြောသည်။
အမြန်လမ်း၌ ယခုနှစ်ဇန်နဝါရီမှနိုဝင်ဘာလအထိ ယာဉ်မတော်တဆမှုပေါင်း ၆၇ မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ အနက် ကားမီးလောင်မှုတစ်မှုပါဝင်ကြောင်းသိရသည်။
အဆိုပါ ၁၁ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၃၃ ဦးသေဆုံးကာ သေဆုံးသူအများစုမှာ အမျိုးသားများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉၂ ဦးရှိကြောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှစတင်၍ ၈၆ရက် ကြာ ကျင်းပမည်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို ၂၀၂၆ ခုနှစ်ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်းမန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲ တော်ကြီးကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီးဖြစ်ကာ လာမည့် ဇန်နဝါရီ ၂၂ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောသည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများအားတည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် စက်ယန္တယားကြီးများဖြင့် မန်းချောင်း ရေလမ်းကြောင်းပြုပြင်ခြင်း၊ ပွဲတော်မြေနေရာ ပြုပြင်ရှင်းလင်းခြင်းနှင့် အောက်စက်တော်ရာနဂါးအိုင်ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး မန်းချောင်း သောင်ပြင်ပြုပြင်ပြီးပါကတည်းခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်နိုင်ရန် မြေနေရာ သတ်မှတ်ခြင်းနှင့် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုက ရှင်းပြသည်။
ပွဲတော် ကျင်းပရန် တင်ဒါ၊ လေလံ၊ ခေါ်ယူရောင်းချရေးလုပ်ငန်းများ၊ ဘုရားပရိဝုဏ်အတွင်းထုံး၊ ဆေးသုတ်ခြင်း လုပ်ငန်းများအပြင် တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အားလုံးကို ဘုရားပွဲတော်ရက်မတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ထို့ပြင် မန်းရွှေစက်တော် ဘုရားကြီးရှိ အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်ရန်အတွက် ဘေလီသံပေါင် အထူးတံတားကို တပ်ဆင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။