16 ပတ် - ဘာသာပြန်ပါ။

🔥ကော်ချောင်းအရည်ဖျော်ဂန်း📎Mini Hot Melt Glue Gun 🛠️
စျေးနုန်း ၁၀၀၀၀ကျပ်။
🔧Mini Glue Gun အသေးစားလက်ရာအတွက်အထူးသင့်လို့🔥 | Compact & Handy for Crafts & Repairs✨

🧰 လက်လုပ်ငန်းသေးသေးလေးတွေအတွက် အထူးသင့်လို့ရှိတဲ့ 20W Mini Glue Gun လေးပါ။
🔥 3-5 မိနစ်အတွင်းအပူတက်ပြီး အသုံးပြုနိုင်ပါတယ်။
🖐️ Flexible trigger နဲ့ glue stick များကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်ပြီး အလွယ်တကူအသုံးပြုနိုင်ပါတယ်။
🛡️ Anti-hot cover လည်းပါဝင်ပြီး လုံခြုံမှုမြင့်မားပါတယ်။
📏 အရွယ်အစားသေးသေးလေးဖြစ်လို့ ကိုင်တွယ်ရလွယ်ကူပါတယ်။
📎 Glue sticks မပါဝင်ပါ — သာမန် mini glue sticks များနှင့်သုံးနိုင်ပါတယ်။
📦 ပါဝင်သောပစ္စည်း — Glue Gun ၁လုံး
📐 အရွယ်အစား — Glue Gun: 12.5x11cm | Glue Stick: 10x0.7cm

✔️ လျင်မြန်စွာအပူတက်ပြီး အချိန်မကုန်ဘဲ အသုံးပြုနိုင်ပါတယ်
✔️ လက်ရာလုပ်ငန်း၊ အိမ်သုံးပြုပြင်ခြင်းများအတွက် အထူးသင့်လို့ရှိပါတယ်
✔️ လုံခြုံမှုရှိပြီး ကိုင်တွယ်ရလွယ်ကူပါတယ်
✔️ သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ဒီဇိုင်း
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔍
#gluegun #minigluegun #diytools #craftsupplies #hotmeltglue #အိမ်သုံးပစ္စည်း #လက်ရာလုပ်ငန်း #အလွယ်တကူပြုပြင်ခြင်း #အရောင်း

image
16 ပတ် - ဘာသာပြန်ပါ။

🔥ကော်ချောင်းအရည်ဖျော်ဂန်း📎Mini Hot Melt Glue Gun 🛠️
စျေးနုန်း ၁၀၀၀၀ကျပ်။
🔧Mini Glue Gun အသေးစားလက်ရာအတွက်အထူးသင့်လို့🔥 | Compact & Handy for Crafts & Repairs✨

🧰 လက်လုပ်ငန်းသေးသေးလေးတွေအတွက် အထူးသင့်လို့ရှိတဲ့ 20W Mini Glue Gun လေးပါ။
🔥 3-5 မိနစ်အတွင်းအပူတက်ပြီး အသုံးပြုနိုင်ပါတယ်။
🖐️ Flexible trigger နဲ့ glue stick များကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်ပြီး အလွယ်တကူအသုံးပြုနိုင်ပါတယ်။
🛡️ Anti-hot cover လည်းပါဝင်ပြီး လုံခြုံမှုမြင့်မားပါတယ်။
📏 အရွယ်အစားသေးသေးလေးဖြစ်လို့ ကိုင်တွယ်ရလွယ်ကူပါတယ်။
📎 Glue sticks မပါဝင်ပါ — သာမန် mini glue sticks များနှင့်သုံးနိုင်ပါတယ်။
📦 ပါဝင်သောပစ္စည်း — Glue Gun ၁လုံး
📐 အရွယ်အစား — Glue Gun: 12.5x11cm | Glue Stick: 10x0.7cm

✔️ လျင်မြန်စွာအပူတက်ပြီး အချိန်မကုန်ဘဲ အသုံးပြုနိုင်ပါတယ်
✔️ လက်ရာလုပ်ငန်း၊ အိမ်သုံးပြုပြင်ခြင်းများအတွက် အထူးသင့်လို့ရှိပါတယ်
✔️ လုံခြုံမှုရှိပြီး ကိုင်တွယ်ရလွယ်ကူပါတယ်
✔️ သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ဒီဇိုင်း
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔍
#gluegun #minigluegun #diytools #craftsupplies #hotmeltglue #အိမ်သုံးပစ္စည်း #လက်ရာလုပ်ငန်း #အလွယ်တကူပြုပြင်ခြင်း #အရောင်း

image
image
image
image
16 ပတ် - ဘာသာပြန်ပါ။

Volcano Humidifier
🌋Flame Mini Unique Volcano Humidifier 🏔️Essential Oil with Colorful Light & Auto Shut-Off Function🌈
စျေးနုန်း ၄၀၀၀၀ကျပ်။
Volcano Mist Humidifier with Colorful Light & Auto Shut-Off Function

✔️ Volcano style design နဲ့အတူ colorful light များက အိပ်ရာဝင်ချိန်မှာ စိတ်အေးချမ်းစေပါတယ်။
✔️ မျက်နှာပြင်သေးသေးလေးဖြစ်လို့ အိမ်၊ ရုံး၊ ခရီးသွားရာမှာလွယ်လွယ်ကူကူသယ်ဆောင်နိုင်ပါတယ်။
✔️ Auto shut-off system ပါဝင်လို့ ရေမရှိတော့တဲ့အချိန်မှာ အလိုအလျောက်ပိတ်သွားပါတယ်။
✔️ 25dB ultra quiet mode နဲ့အတူ အိပ်ရာဝင်ချိန်မှာ စိတ်အေးချမ်းစေပါတယ်။
✔️ Continuous & Intermittent mist mode နှစ်မျိုးရွေးချယ်နိုင်ပါတယ်။
✔️ USB powered, one-button control နဲ့အတူ အသုံးပြုရလွယ်ကူပါတယ်။

📏 Size: 3.4 x 5.7 inch
🔌 USB powered
🌈 7 Color Cycling Light
🌫️ Cool Mist Function
⏱️ Auto Shut-Off

📦 Order Now!
အိမ်မှာလည်း၊ ရုံးမှာလည်း၊ ခရီးသွားချိန်မှာလည်း အသုံးဝင်တဲ့ Mini Volcano hudimifire လေးကို ယနေ့မှာပဲ မှာယူလိုက်ပါ။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho
🔖 #volcanodiffuser #minihumidifier #coolmist #nightlight #usbhumidifier #homedecor #officeessential #travelgadget #autoshutoff #colorfullight #peacefulsleep #skincare #myanmarshop #onlineshoppingmyanmar

16 ပတ် - ဘာသာပြန်ပါ။

ပုဗ္ဗသီရိ ကန်ဦးကျောင်း ကထိန်အလှူ

imageimage
16 ပတ် - ဘာသာပြန်ပါ။

အာလင်း ဟာလန်း ရဲ့ ပရီးမီးယားလိဂ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော ကစားကွင်းများ

Credit Photo

#ဘောလုံးသတင်းစုံ

image
16 ပတ် - ဘာသာပြန်ပါ။

စပါးစ်ကို စံချိန်တင်ကြေး ပေါင် ၄.၅ ဘီလီယံဖြင့် ဝယ်ယူရေး နောက်ဆုတ်လိုက်ပြီ ဖြစ်တဲ့ အာရစ်ခ်

အောက်တိုဘာ ၇

အမေရိကန်နည်းပညာလုပ်ငန်းရှင် ဘရွတ်ကလင်းအာရစ်ခ်က စပါးစ်ကို ဝယ်ယူရေး ကမ်းလှမ်းရန် စီစဉ်ထားမှုအား နောက်ဆုတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

အာရစ်ခ်ဦးဆောင်တဲ့ အမေရိကန်ရင်းနှီးမြှပ်နှံသူများဟာ ပြီးခဲ့တဲ့လတုန်းက စပါးစ်ကို ကမ္ဘာ့စံချိန်တင်အသင်းဝယ်ယူတဲ့ ကြေး ပေါင် ၄.၅ ဘီလီယံအထိ ပေးကာ ကမ်းလှမ်းရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စပါးစ်အသင်းပိုင်ရှင် Enic Sports & Developments Holdings Ltd က စပါးစ်ကို လုံးဝ ရောင်းချရန် အစီအစဉ်မရှိကြောင်း ချက်ချင်းဆိုသလို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ယင်းကဲ့သို့ ပိုင်ရှင်ဘက်က မည်သည့်ကြေးနှင့်မျှ ရောင်းချရန် အစီအစဉ်မရှိမှုနှင့်အတူ အာရစ်ခ်ဘက်က စပါးစ်ကို ဝယ်ယူရေး ကြိုးပမ်းမှုအား နောက်ဆုတ်လိုက်ရပြီလည်း ဖြစ်ပါတယ်။

ဥက္ကဌဟောင်းဒါနီရယ်လီဗိုင်းနှင့်မိသားစုဝင်များက ရှယ်ယာ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ Enic Sports & Developments Holdings Ltd က စပါးစ်ရဲ့ ရှယ်ယာ ၈၇ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီဂျေသမားဟောင်းတစ်ဦးဖြစ်တဲ့ အာရစ်ခ်ဟာ Nasa ရဲ့ အာကသသုသေသနလုပ်ငန်းတွင်လည်း အလုပ်လုပ်ခဲ့ဖူးသလို နည်းပညာ၊ မီဒီယာ၊ အားကစားနှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image
16 ပတ် - ဘာသာပြန်ပါ။

အင်ဒိုနီးရှားနိုင်ငံမှာ စာသင်ကျောင်းပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်(၆၃)ဦးအထိရှိလာ

အောက်တိုဘာ ၇

အင်ဒိုနီးရှားနိုင်ငံမှာ စာသင်ကျောင်းပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ (၆၃)ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစာသင်ကျောင်းအဆောက်အဦးဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြိုကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အပျက်အစီးအောက်တွေမှာရှိနေတဲ့ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်နေတုန်းပဲဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသားပေါင်း(၁၅၀)ကျော်ဟာ ဘုရားရှိခိုးဖို့အတွက် စုစည်းနေတဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ် မှာရှိတဲ့အထပ်ပေါင်းများစွာပါတဲ့ စာသင်ကျောင်းအဆောက်အဦးဟာ ပြိုကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိ လူငယ်တစ်ဒါဇင်ခန့်က ပျောက်ဆုံးနေလျက်ရှိပြီး ရှာဖွေတွေ့ရှိတာမျိုး မရှိသေးဘူးလို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမျိုးသားရှာဖွေရေးနဲ့ကယ်ဆယ်ရေးအေဂျင်စီ ဒါရိုက်တာ Yudhi Bramantyo က “ရုပ်အလောင်းတွေအားလုံးကိုပြန်လည်ရယူပြီး မိသားစုဝင်တွေဆီကို ပြန်လည်ပေးအပ်နှံဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီစာသင်ကျောင်းအဆောက်အဦးပြိုကျမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်အတွင်း လူအသေအပျောက်အများဆုံး မတော်တဆမှုတစ်ခုဖြစ်တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့လက်ထောက်အကြီးအကဲ Budi Irawan က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စာသင်ကျောင်းအဆောက်အဦးပြိုကျရတဲ့ အကြောင်းအရင်းတွေ ကို စုံစမ်းစစ်ဆေးရေးမှူးတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Credit - NP News Agency

#centralnewsnaypyitaw

image

ယာဥ်မောင်း အိပ်ငိုက်ပြီး ရှေ့ကကုန်ကားကို ဝင်တိုက်မိရာက နောက်မှလိုက်ပါလာသည့် မြန်မာလုပ်သားသေဆုံးမှု ဘန်ကောက်မှာ ဒီမနက်ဖြစ်ပွား

အောက်တိုဘာ ၇

​အသက် ၄၀ အရွယ် မြန်မာအမျိုးသားတစ်ဦးသည် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘိုရွမ်မရတ်ချာချိုနန်နီ (Borommaratchachonnani) လမ်းပေါ်၌ ဆယ်ဘီးကားတစ်စီးကို ဝင်တိုက်မိသည့် ပစ်ကပ်ထရပ်ကားနောက်ဘက်မှ လွင့်စင်ကျကာ သေဆုံးသွားခဲ့သည်။

​ယာဉ်တိုက်မှုသည် အဆိုပါလမ်းမကြီး၏ လမ်းခွဲ ၁၂၁ အနီး၊ သာ၀ီ ၀ဿနခရိုင်တွင် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပစ်ကပ်ကားမောင်းသူ အိပ်ငိုက်၍ ရှေ့မှထရပ်ကားကို ဝင်တိုက်မိခြင်းဖြစ်သည်။

​သေဆုံးသူ မြန်မာနိုင်ငံသားသည် လမ်းပေါ်သို့ လွင့်ကျသွားခဲ့ပြီး နောက်မှလိုက်လာသည့် ယာဉ်တစ်စီးဖြင့် ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်။ ပစ်ကပ်ကား၏ ယာဉ်မောင်းနှင့် ရှေ့ခန်းမှ ခရီးသည်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရသည်။

သေဆုံးသူမြန်မာလုပ်သား၏ ရုပ်အလောင်းကို Siriraj ဆေးရုံ၏ မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်းလည်း ကနဦး သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
16 ပတ် - ဘာသာပြန်ပါ။

ဗီလာရီးရဲလ်နှင့် ဘာစီလိုနာ၊ အေစီမီလန်နှင့် ကိုမိုပွဲတို့အား ပထမဆုံးနှင့် နောက်ဆုံးအဖြစ် နိုင်ငံခြားတွင် လိဂ်ပွဲ ကစားခွင့်ပေးလိုက်ပြီ ဖြစ်တဲ့ ယူအီးအက်ဖ်အေ

အောက်တိုဘာ ၇

ယူအီးအက်ဖ်အေဥက္ကဌအလက်ဇန္ဒားစီဖီရန်က ဥရောပလိဂ်ပွဲ ၂ ပွဲအား နောင်တများစွာဖြင့် ပထမဆုံးအကြိမ်အဖြစ် ပြည်ပတွင် ကစားခွင့်ပြုခဲ့ကြောင်း၊ ခြွင်းချက်အနေဖြင့် ခွင့်ပြုချက်ပေးခဲ့ခြင်းသာ ဖြစ်ကာ၊ နောင်တွင် ခွင့်ပြုသွားမှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။

ယူအီးအက်ဖ်အေရဲ့ ခွင့်ပြုချက် ရရှိလာမှုနှင့်အတူ ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်ကို လာမယ့် ဒီဇင်ဘာလတွင် မိုင်ယာမီမှာ ကစားလာတော့မှာ ဖြစ်ပြီး ယင်းပွဲမှာ ပြည်ပတွင် ပထမဆုံးကစားတဲ့ ဥရောပလိဂ်ပွဲ ဖြစ်လာပါမယ်။

ယင်းနောက်‌ ဖေဖော်ဝါရီလတွင် အေစီမီလန်နှင့်ကိုမိုတို့ရဲ့ စီးရီးအေပွဲစဉ်မှာလည်း ဩစတြေးလျနိုင်ငံ၊ ပတ်တွင် ကစားလာပါမယ်။

ယူအီးအက်ဖ်အေဟာ ပြည်တွင်းလိဂ်ပွဲများအား ပြည်ပတွင် ကစားမှုအား မထောက်ခံပေမယ့်လည်း ဥပဒေလမ်းကြောင်းပိုင်းအရ တားဆီးပိုင်ခွင့် မရှိမှုနှင့်အတူ မချင့်မရဲဖြင့် ခွင့်ပြုချက်ပေးလာရတာလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ယခုကဲ့သို့ ဥရောပထိပ်သီး လိဂ်ကြီး ၂ ပွဲကို ပြည်ပတွင် ကစားရေး စီစဉ်လာမှုအား ဥပဒေကြောင်းအရ တားဆီးလာနိုင်ခြင်းမရှိပေမယ့်လည်း Football Supporters Europe (FSE) က နောင်တွင် ယင်းသို့ မဖြစ်လာစေရန်အတွက် စည်းမျဉ်းဥပဒေ အတိအကျ ထည့်သွင်းရေးဆွဲသင့်ကြောင်း ဆိုထားပါတယ်။

စီးရီးအေနှင့် လာလီဂါတို့ဟာ ဈေးကွက်ချဲ့ထွင့်တဲ့အနေဖြင့် ယင်း လိဂ်ပွဲ နှစ်ပွဲအား ပြည်ပတွင် ကစားရန် စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းသို့ နိုင်ငံခြားတွင် လိဂ်ပွဲများ ကစားရန် စီစဉ်မှုနှင့်အတူ ပရိသတ်များမှာ ခရီးစရိတ်များစွာ ကုန်ကျလာတော့မှာလည်း ဖြစ်ပါတယ်။

လာလီဂါဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဘာစီလိုနာနှင့် အက်သလက်တီကိုပွအား မိုင်ယာမီတွင် ကစားရေး ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ယင်းမတိုင်မီ ၂၀၁၉ ခုနှစ်တုန်းကလည်း ဘာစီလိုနာဟာ ဂီရိုနာနှင့် လိဂ်ပွဲစဉ်အား မိုင်ယာမီတွင် ကစားရန် ကြိုးပမ်းခဲ့ပါသေးတယ်။

တဖက်တွင် အီတာလီယာစူပါဖလားနှင့် စပိန်စူပါဖလားပွဲတို့အား နိုင်ငံခြားတွင် ကစားလာခဲ့တာ ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာလည်း ၂၀၀၈ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ပွဲများအား ပြည်ပတွင် ကစားရေး ကြိုးပမ်းခဲ့ပေမယ့် ပရိသတ်များရဲ့ ကန့်ကွက်မှုကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image
16 ပတ် - ဘာသာပြန်ပါ။

သက်ကြီးပိုင်း အငှားယာဉ်မောင်းကို သတ်ဖြတ် လုယက်သွားပြီး ရဲတပ်ဖွဲ့က ကနဦးအနေနဲ့ ကျူးလွန်သူ သုံးဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

အောက်တိုဘာ ၇

အငှားယာဉ်‌မောင်းကို သတ်ပြီး လုယက်တဲ့ ဖြစ်စဉ် အောက်တိုဘာ ၅ ရက်နေ့ညက ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင် ခြောက်လမ်းသွားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပြီး ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

အသတ်ခံရသူက အသက် ၆၅ နှစ်အရွယ် ဦးစံသိန်းလို့ သိရှိရပြီး ရန်ကုန်မြို့၊ သာကေတ {၃) ရပ်ကွက် ၊ ရန်ပြေ (၁၈) လမ်းအနောက်မှာ နေထိုင်သူလို့ သိရပါတယ်။ အခင်းဖြစ်တဲ့‌ အောက်တိုဘာ ၅ ရက်နေ့က ည ၉ နာရီ နောက်ပိုင်းကတည်းက ဆက်သွယ်လို့ မရဘဲ ကားရော လူပါ ပျောက်ဆုံးနေတာကြောင့် အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ လူမှုကွန်ရက်ကနေတစ်ဆင့် လူပုံရော ကားကိုပါ ပို့စ်တင်ကာ အသိပေးကြေညာခဲ့သလို သက်ဆိုင်ရာကို လူပျောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်မှာ‌တော့ သန်လျင် ခြောက်လမ်းသွားလမ်းမပေါ်မှာ Taxi သမားတစ်ဦး အသတ်ခံရပြီးသေဆုံးနေတာကို တွေရှိကြောင်း ကနဦး သိရှိရပြီး၊ ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးအတည်ပြုချက်အရ သေဆုံးသူမှာ ဦးစံသိန်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး လက်ဦးမှုရရှိနိုင်အောင် သတိကြီးစွာနဲ့ ဆောင်ရွက်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။

ကျူးလွန်သူလို့ ယူဆရသူ သုံးဦးကို အချိန်တိုတွင်း ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ပြီး၊ လက်ရှိမှာဖမ်းဆီးရမိထားတဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို ရဲလုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်လျက် အမှုတည်ဆောက်နိုင်ရေး စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
image
image