ရီးရဲလ်မက်ဒရစ်အနေဖြင့် စီးရီးအေရဲ့ အကောင်းဆုံးလူငယ်အလယ်တန်းကစားသမားကို မည်သည့်အချိန်တွင်မဆို ခေါ်ယူနိုင်ခွင့်ရှိကြောင်း ကိုမို ဥက္ကဌဖွင့်ဟလာ

အောက်တိုဘာ ၁၄

ကိုမိုဥက္ကဌက ရီးရဲလ်မက်ဒရစ်အနေဖြင့် ၎င်းတို့ရဲ့ စီးရီးအေရဲ့ အကောင်းဆုံးလူငယ်အလယ်တန်းကစားသမားနီကိုပက်ဇ်ကို မည်သည့်အချိန်တွင်မဆို ပြန်လည် ခေါ်ယူနိုင်ခွင့် ရှိနေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄ ခုနှစ်တွင် အာဂျင်တီးနားပါရမီရှင်နီကိုပက်ဇ်ကို ကိုမိုသို့ ယူရို ၆ သန်းဖြင့် ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ နီကိုပက်ဇ်အား ၂၀၂၆ ခုနှစ် နွေရာသီတွင် ယူရို ၉ သန်းဖြင့်လည်းကောင်း၊ ၂၀၂၇ ခုနှစ် နွေရာသီတွင် ယူရို ၁၀ သန်းဖြင့်လည်းကောင်း ပြန်လည် ဝယ်ယူနိုင်မယ့်အချက်ကို အရောင်းစာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားပါတယ်။

တဖက်တွင် နီကိုပက်ဇ်ဟာ ကိုမိုတွင် ဖာဘရီဂက်စ်လက်အောက်မှာ ထိပ်တန်းခြေစွမ်းဖြင့် ကစားနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ သို့အထိ မြင့်မားနေပါတယ်။

သူဟာ ကိုမိုသို့‌ ပြောင်းပြီးနောက် ပထမဆုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၃၆ ပွဲကစားခဲ့ရာတွင် ၆ ဂိုးသွင်းပြီး ၉ ကြိမ်ဖန်တီးကာ စီးရီးအေရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ပထမဆုံးစီးရီးအေရာသီတွင် ခြေစွမ်းပြနိုင်ပြီးနောက် စပါးစ်ရဲ့ ပေါင် ၆၁ သန်း (ယူရိုသန်း ၇၀) ဖြင့် ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း ကိုမိုတွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။

အလယ်တန်းတိုက်စစ်သမားဟာ ယခုရာသီတွင်လည်း ကိုမိုတွင် ဆက်လက်ခြေစွမ်းပြကစားကာ ၃ ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နှစ် နွေရာသီတွင် အလယ်တန်းနှင့် ခံစစ်ကြောင်းကို ပြောင်းလဲ တည်ဆောက်ရန် စီစဉ်နေပြီး နီကိုပက်ဇ်ကို ပြန်လည် ခေါ်ယူရေး စီစဉ်ထားကြောင်းလည်း သိရပါတယ်။

နီကိုပက်ဇ်ဟာ နည်းစနစ်ပိုင်းကောင်းမွန်သူ ဖြစ်ပြီး အလယ်တန်းကစားသမားအဖြစ်လည်းကောင်း၊ တောင်ပံကစားသမားအဖြစ်လည်းကောင်း ကစားနိုင်တဲ့အပြင် လိုအပ်ပါက နောက်တန်းအစွန်လူအဖြစ်ပါက ကစားနိုင်သူ ဖြစ်ရာ အလွန်ဆိုအတွက် အားကိုးရသူတစ်ဦး ဖြစ်လာဖို့ ရှိနေပါတယ်။

ကိုမိုဥက္ကဌမာဝန်ဆူဝါဆိုက "ကျွန်တော်ကတော့ ဂရုမစိုက်ဘူး။ အစကတည်းက သဘောတူညီထားပြီးသားလေ။ ရီးရဲလ်မက်ဒရစ်မှာ ဆန္ဒရှိတဲ့အချိန်မှာ ပြန်ခေါ်ခွင့် ရှိနေတယ်။ နီကိုကပဲ ကျွန်တော်တို့နဲ့ ဆက်တွဲချင်လားဆိုတာ ဆုံးဖြတ်ရမယ်။ သူ ရှိနေလို့ ကျေနပ်တယ်။ ကိုမိုက သူ့အတွက် အိမ်တစ်ခု ဖြစ်အောင် တည်ဆောက်လိုတယ်။ သူလည်း ဒီရာသီမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တယ်။ ကျွန်တော်တို့ တစ်နေ့ချင်းစီပဲ သွားတယ်။ လာမယ့်နှစ်မှာ သူ မက်ဒရစ်ကို ပြန်မလားဆိုတော့ မက်ဒရစ်မှာ လုပ်ပိုင်ခွင့် အပြည့် ရှိနေတယ်။ သူ့ ဒီမှာ ဆက်ရှိမလားဆိုတာ သူ့အပေါ်မှာပဲ မူတည်တယ်"လို့ ပြောကြားသွားပါတယ်။

နီကိုပက်ဇ်ဟာ ကိုမိုနှင့်သာမက အာဂျင်တီးနားတွင်လည်း အရေးပါတဲ့သူအဖြစ် ကစားနေရပြီး မက်ဆီရဲ့ ခြေရာကို နင်းမယ့်သူအဖြစ် သတ်မှတ်ခံထားရသူပါ။

#ဘောလုံးသတင်းစုံ

image
22 w - Translate

A former student at a school in California allegedly stabbed three staff members and planted two pipe bombs before being arrested, police said.
https://abcnews.go.com/US/form....er-student-stabs-3-s

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အာဏာသိမ်းရန်ကြိုးပမ်းမှု ပေါ်ပေါက်နေကြောင်း မဒါဂတ်စကားသမ္မတစွပ်စွဲ
အင်အားဖြင့် နိုင်ငံရေးအာဏာရယူရန် ကြိုးပမ်းမှုတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း မဒါဂတ်စကား သမ္မတရုံးက အောက်တိုဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လူငယ်များ ဦးဆောင်သောအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌မဒါဂတ်စကား လက်နက်ကိုင် တပ်ဖွဲ့ဝင် များ ပိုမိုပူးပေါင်း ပါဝင်လာပြီးနောက် သမ္မတရုံး၏ အထက်ပါသတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကတ်ဆက်အမည်ရှိ မဒါဂတ်စကား အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၁ ရက်တွင် ဆန္ဒပြလူငယ်များနှင့် ပူးပေါင်းပါဝင်ခဲ့ပြီး အစိုးရ၏ အမိန့်ကို ငြင်းဆန်ရန်ဘ၀တူတပ်ဖွဲ့ဝင်များအား တိုက်တွန်းခဲ့ကြသည်။
ယင်းအပြင် လက်ရှိအချိန်တွင်မိမိတို့အနေဖြင့် မဒါဂတ်စကားနိုင်ငံ၏လုံခြုံရေးလုပ်ငန်းအားလုံးကို ကွပ်ကဲမှုရယူထားပြီး အန်တာနာနာရီဗို မြို့ပြင်ရှိ စစ်စခန်းများမှ အခြားတပ်ရင်းတပ်ဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကတ်ဆက်အထူးတပ်ဖွဲ့အရာရှိများက အောက်တိုဘာ ၁၂ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ကတ်ဆက်အထူးတပ်ဖွဲ့သည်၂၀၀၉ ခုနှစ် အာဏာသိမ်းပွဲတွင်လက်ရှိမဒါဂတ်စကားသမ္မတ ရာဂျိုလီနာ အာဏာရရှိရေးအတွက် ကူညီပေးခဲ့သော အထူးတပ်ဖွဲ့ဖြစ်သည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ကတ်ဆက်အထူးတပ်ဖွဲ့ဝင်များပိုမိုပါဝင်လာပြီးနောက် အင်အားဖြင့် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ရပ်ပေါ်ပေါက်နေပြီဖြစ်ကြောင်း သမ္မတရာဂျိုလီနာက စွပ်စွဲထားခြင်း ဖြစ်သည်။
မဒါဂတ်စကားအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် စက်တင်ဘာ၂၅ ရက်တွင် စတင်ခဲ့သည်။
ကိုးကား-အေပီ

image
22 w - Translate

အမေရိကန်ဒေါ်လာ ၁.၈၁၇ သန်း ဗဟိုဘဏ် ရောင်းပေး
ရန်ကုန်၊ အောက်တိုဘာ ၁၄
CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၈၁၇ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၁၃ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။
FX Trading မှာ ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၃၆ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း

image
image
image
image
image