Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Upgrade your To-Do List 📝📌
တနေ့တာမှာ ဘာလုပ်မယ်ဆိုတဲ့ To-Do List ရေးလေ့ရှိတဲ့သူဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးနဲ့ ကိုယ့်ရဲ့ To-Do List ရေးတဲ့ ပုံစံကို Update လုပ်လို့ရပါတယ်။
ဒါကတော့ Ivy Lee Method လို့ခေါ်ပါတယ်။
အခုမှ အသစ်ပေါ်လာတာမဟုတ်ဘဲ 1918 လောက်ထဲက ရှိနေတဲ့ နည်းလမ်းတစ်ခုဖြစ်သလို အခုထိလည်း Productivity အတွက် သုံးလေ့ရှိတဲ့ နည်းလမ်းအဖြစ်ရှိနေပါသေးတယ်။
Ivy Lee Method ကို သုံးမယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေအတိုင်း အသုံးပြုလို့ရပါတယ်။
1️⃣ ညမအိပ်ခင်မှာ နောက်ရက်ကျရင် လုပ်မယ့် အလုပ် ၆ ခုကို သတ်မှတ်ပါ။
ဘာလို့ ညမအိပ်ခင် နောက်ရက်လုပ်မယ့်အလုပ်တွေကို စီစဉ်ထားရတာလဲ ဆိုတာလေး ပြောပြချင်ပါတယ်။
ကျွန်တော်တို့ရဲ့ Energy ကို ကုန်စေတဲ့ Decision Fatigue ဆိုတာရှိပါတယ်။ ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလို ဒွိဟဖြစ်နေတဲ့စိတ်ပေါ့။
ကိုယ့်ရဲ့ တနေ့တာမှာ Energy အရှိဆုံး မနက်တာမှာ To-Do List ရေးပြီး Energy ကုန်သွားတာမျိုးမဖြစ်အောင် ညဖက် နားတဲ့အချိန်မှ ရေးတာက ပိုပြီး အဆင်ပြေပါတယ်။
2️⃣ ပြီးရင် ကိုယ်လုပ်မယ့်အလုပ် ၆ ခုရဲ့ အရေးကြီးမှုအပေါ်မူတည်ပြီး အစဉ်လိုက် ပြန်သတ်မှတ်ပါ။
အလုပ်တွေလုပ်တဲ့အခါ ကိုယ့်အတွက် High-Value Task တစ်ခုကို ပြီးမြောက်သွားတာက ကိုယ့်အတွက် သိပ်အရေးမကြီးတဲ့ အလုပ်တွေအများကြီးကို ပြီးသွားတာထက် ပိုသာပါတယ်။
3️⃣ တစ်နေ့တာ စတင်ပြီဆိုတာနဲ့ ကိုယ်လုပ်ရမယ့် ပထမဆုံးအလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်လုပ်ပါ။ ပြီးတဲ့ထိလုပ်ပါ။ ပြီးမှ ဒုတိယ အလုပ်ကို ဆက်လုပ်ပါ။
တစ်ခုဆို တစ်ခု ပြီးအောင်လုပ်တာက နောက်ထပ်အလုပ်တွေထက်လုပ်ဖို့အတွက် Motivation ရစေပါတယ်။
4️⃣ အကယ်၍ ဒီနေ့မှာ လုပ်ရမယ့် အလုပ် ၆ ခုလုံးမပြီးရင် ကျန်နေတဲ့ အလုပ်ကို နောက်တစ်ရက်ရဲ့ List ထဲမှာ ထည့်ရပါမယ်။
အလုပ်တွေပြီးတဲ့နေ့ရက်တွေ ရှိသလို တစ်ခါတလေ အကြောင်းကိစ္စတစ်ခုခု ပေါ်လာတာကြောင့် အကုန်လုံးမပြီးတဲ့နေ့ရက်တွေဆိုတာလည်း ရှိမှာပါပဲ။ အဲ့အခါမှာ အလုပ်မပြီးလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစား နောက်ရက်လုပ်မယ့် List ထဲမှာ ထည့်ပြီး လုပ်နိုင်ပါတယ်။
ဒီလိုပုံစံမျိုးနဲ့ တစ်ရက်တာမှာ လုပ်ဖို့ သတ်မှတ်ထားတဲ့ အလုပ်တွေကို စီမံလို့ရပါတယ်။
ဒါကြောင့်မလို့ To-Do List ရေးလေ့ရှိတဲ့သူတွေအတွက် ဒီနည်းလမ်းလေးကို သုံးကြည့်ဖို့အတွက် ပြန်လည် မျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒီနေ့ ဖတ်လိုက်တယ်ဆို နောက်ရက်ကို Ivy Lee Method နဲ့ To-Do List ရေးကြည့်ပါ။ ပြီးရင် အတွေ့အကြုံကိုလည်း Comment မှာ ပြန်လည် မျှဝေပေးပါဦး။
နောက်ထပ် Content တွေမှာ ထပ်တွေ့ကြပါမယ်။
သာယာကောင်းမွန်တဲ့ နေ့ရက်လေး ဖြစ်ပါစေ။
🌐 Facebook Community Group
https://www.facebook.com/group....s/6970714666378515/?
🌐 Content Creators Group
https://www.facebook.com/group....s/contentcreatorsinm
🌐 Telegram Channel
https://t.me/itsmeyeswanaung04
🌐 Personal Facebook Account
https://www.facebook.com/yeswan.aung.79/
It’s me, Ye Swan Aung
“Your Productivity Partner”
#itsmeyeswanaung
#productivity
#ivyleemethod
Credit
သာခွေယိုင် လုပ်စားကြရအောင်
ပါဝင်ပစ္စည်းများ
ကောက်ညှင်းငချိတ် ဆန်ချိန်ခွက် (၃)
ကောက်ညှင်းဖြူ ဆန်ချိန်ခွက် (၁)
အုန်းနို့ (၅၀၀) မီလီလီတာ
သကြား (သို့) ထန်းလျက်
ပဲဖြူ 20ကျပ်သာ
ဆား အနည်းငယ်
နို့စိမ်း (၁) ဗူး
သူငယ်ချင်းနဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ် ပိုပြီး စားမယ်ဆိုရင် ပမာဏကိုတိုးပြီး ပြုလုပ်လို့ရပါတယ်နော်
ပြုလုပ်ပုံအဆင့်ဆင့်
ကောက်ညှင်းဆန်တွေကို သပ်သပ်စီ ရေစင်စင်ဆေးပါ ပြီးလျှင် (၄) နာရီခန့်စိမ်ထားပါ ။ သပ်သပ်စီချက်ပြီး အေအးခံထားပါ ဒါမှမဟုတ် ပေါင်းလိုက်လျှင်လည်းရပါတယ်
ပြီးနောက် အိုးထဲကို အုန်းနို့ရည် သကြား ဆား ထည့်ပြီး မီးအေးအေးဖြင့် သကြားတွေ ပျော်သွားတဲ့အထိ တည်ပါ ။ တစ်ဝက်ကို ပန်းကန်သန့်သန့်ဖြင့် ခပ်ထည့်ထားပါ
ကျန်နေသော အုန်းနို့ရည်ထဲသို့ ကောက်ညှင်းငချိတ် ထည့်မွှေပါ ။ ဆန်စေ့မကွဲတကွဲတိုရပါပြီ
ပြီးနောက် စားမည့်ပန်းကန်ထဲသို့ လိုသလောက်ခပ်ထည့်ပြီး အုန်းနို့ရည် နို့စိမ်းအနည်းငယ် ဆမ်းပါ ။ အချိုကြိုက်လျှင် သကြားအနည်းငယ် ထပ်ဖြူးပါ
ဒါဆိုရင်တော့ အရသာရျှိတဲ့ သာခွေယိုင်ရပါပြီနော်
မိတ်ဆွေတို့အနေနဲ့ အိမ်မှာနေရင်း သာခွေယိုင် လုပ်စားလို့ရအောင် ပို့စ်ကိုရှဲထားကြပါနော်
လူကြိုက်များတဲ့ သာခွေယိုင် လုပ်နည်း
သာခွေယိုင်..
၁- ထမင်းပေါင်းအိုးနဲ့ ကောက်ညှင်းငချိပ်(၁)ပြည်
ရေစင်အောင်ဆေးပီးကောက်ညှင်းအပေါ်က
ရေလက်၂ဆစ်ရောက်တဲ့အထိရေထည့်ပါ
သကြား(၂၅)ကျပ်သားရောမွှေပီးညထဲကစိမ်ထားပါ
၂-မနက်မိုးလင်းတာနဲ့ခလုတ်နှိပ်ပီးချက်ပါ ကျက်သွားရင်
၃-နို့ဆီ(၃)ဘူး နို့စိမ်း(၃)ဘူးထည့်မွှေလိုက်ရင်
အရမ်းအရသာရှိပီးစိမ့်နေတဲ့သာခွေယိုင်ရပါပီး
အချိုလိုသလိုထည့်ပါ အနံမွှေချင်ရင်အုန်းနို့(၁)ထည့်ပါ
ပြီးရင် စားလို့ရပါပြီ
လုပ်ရတာ အရမ်းလွယ်ပီးစားကောင်းပါတယ်နော်
C. R. D