Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပွဲပယ်ခံထားရစဉ်အတွင်း နယူးကာဆယ်နှင့် လျှို့ဝှက်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့တဲ့ ဆန်ဒရိုတိုနာလီ
=====================
နယူးကာဆယ်စတားဆန်ဒရိုတိုနာလီဟာ ပွဲပယ်ခံထားရစဉ်အတွင်း လျို့ဝှက်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပါတယ်။
အီတလီကွင်းလယ်ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ အေစီမီလန်က နယူးကာဆယ်သို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့သူပါ။
သူဟာ နယူးကာဆယ်သို့ ပြောင်းလာပြီးနောက် လောင်းကစားလုပ်မှုကြောင့် ၁၀ လပွဲပယ်ခံခဲ့ရပေမယ့်လည်း အဓိကကစားသမားဖြစ်လာခဲ့သူပါ။
တိုနာလီဟာ ပွဲပယ်ခံထားရစဉ်အတွင်း လုပ်ခလျှော့ယူခဲ့ရပါတယ်။
ဒါပေမယ့်လည်း နယူးကာဆယ်ဟာ တိုနာလီ ပွဲပယ်ခံထားရစဉ်အတွင်းမှာ ၁၂ လစာချုပ်သက်တမ်းချုပ်ဆိုခဲ့တဲ့အပြင် နောက်ထပ် ၁၂ လသက်တမ်းတိုးချုပ်ဆိုနိုင်မယ့်အချက်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
တိုနာလီဟာ နယူးကာဆယ်တွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြလာမှုနှင့်အတူ နွေရာသီတုန်းက ဂျူဗင်တပ်ရဲ့ ဒေါက်ကလပ်လူးဝစ်ဇ်၊ ဒူဆန်ဗလာဟိုဗစ်တို့နှင့် အလိုက်ပေးကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။
သူဟာ အေစီမီလန်မှ ပေါင်သန်း ၆၀ ဖြင့် ပြောင်းလာပြီးနောက် နယူးကာဆယ်အတွက် ၆၇ ပွဲကစားထားကာ ခါရာဘောင်ဖလား ဆွတ်ခူးထားပါတယ်။