33 w - Translate

BREAKING: Alaska Airlines flights are grounded nationwide after the airline said it is experiencing an "IT outage affecting operations."
Read more: https://abcnews.visitlink.me/91Uubz

image
33 w - Translate

Mosquitoes have been detected in Iceland for the first time as the region warms due to climate change.
https://abcnews.go.com/Interna....tional/mosquitoes-fo

image

ကျေးဇူးပြုဖူးသူကို ဘယ်သောအခါမှ မစော်ကားပါနဲ့
---------------------------------------------------
တခါတုန်းက တောနက်ကြီးတစ်ခု အတွင်းမှာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါသတဲ့။ အဲဒီသစ်ပင်ကြီးပေါ်မှာ ကျီးကန်းလေးတစ်ကောင် နေထိုင်ပါတယ်။ အဲဒီကျီးကန်းလေးက အခြားကျီးကန်းတွေနဲ့ မတူပဲ စိတ်ကောင်းရှိပါတယ်။
တစ်နေ့တော့ ကျီးကန်းလေးဟာ အစာရှာထွက်လာရင်း တောတွင်းတစ်နေရာမှာ မကျန်းမမာလို့ ပိန်လှီသေးကွေးနေတဲ့ မြေခွေးတစ်ကောင်ကို တွေ့ပါတော့တယ်။ မြေခွေးဟာ အစာ မစားထားတဲ့အတွက် လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်ဘူး။
ကျီးကန်းလေးက မြေခွေးကိုကြည့်ပြီး သနားသွားတာမို့ မြေခွေးရဲ့ အနားမှာ နားလိုက်တယ်... “အဆွေ မြေခွေး သင့်ကို မြင်ရတာ စိတ်မကောင်းဘူး။ သင် မကျန်းမမာဖြစ်နေတာလား....”
“ဟုတ်ပါတယ် ကျွန်ုပ် ဘာမှ မစားမသောက်ရလို့ အားအင်ချည့်နဲ့ နေတာပါ”လို့ မြေခွေးက ပြောတယ်။
“ဒီအတွက် ဘာမှစိတ်မပူပါနဲ့။ ကျွန်ုပ် အစာရှာပြီး သင့်ကို ကျွေးပါ့မယ်”...ဆိုပြီး ကျီးကန်းလေးက အစာသွားရှာတယ်။ ကျီးကန်းက သဲသောင်ပြင်ပေါ်မှာ ငါးလေးတစ်ကောင် ​ေ,သနေတာကို တွေ့တော့ ကိုက်ချီလာပြီး မြေခွေးကို ချကျွေးတယ်။
“အဆွေ မြေခွေး စားကောင်းရဲ့လား....”
“ရက်ပေါင်းများစွာ အစာမစားရတော့ သင် ရှာကျွေးတဲ့ ငါးက အဆာတောင် မပြေပါဘူး” လို့ မြေခွေးက ပြောတော့....
ကျီးကန်းလေးက အစာကို နောက်တစ်ခါ ထပ်သွားရှာတာပေါ့။ ဒီလိုနဲ့ အစာလိုက်ရှာရင်း ​ေ,သနေတဲ့ ကြွက်ကြီးတစ်ကောင်ကို မနိုင်မနင်းချီလာပြီး မြေခွေးကို ချကျွေးပါတယ်။ မြေခွေးက ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အ​ေ,သကောင်တွေကို စားပြီး အားအင် အနည်းငယ်ပြည့်ဝလာတယ်။
ကျီးကန်းလေးက နေ့တိုင်း ဆိုသလို မြေခွေးကို အစာတွေရှာဖွေကျွေးတယ်။ အဲဒီလိုနဲ့ ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အစာတွေကို စားပြီး အားအင် ပြည့်ဝလာတဲ့ မြေခွေးဟာ သူရဲ့ မူလယုတ်မာတဲ့ စိတ်က ပေါ်လာပါတယ်။
“နေ့တိုင်း အ​ေ,သကောင်တွေချည်းပဲ စားနေရတာ။ အခုနေများ ကျီးကန်းသား လတ်လတ်ဆတ်ဆတ်ကို စားလိုက်ရရင် အားအင်တွေ ပိုပြည့်ဝလာမှာ အမှန်ပဲ”လို့ မရိုးသားတဲ့ စိတ်တွေ ပေါ်လာပြီး......
“မိတ်ဆွေကျီး... မနေ့က သင် ရှာကျွေးတဲ့ ငါးကို စားပြီး လည်ချောင်းထဲမှာ ငါးရိုးစူးနေလို့ သင်ရဲ့ နှုတ်သီးနဲ့ ဖယ်ရှားပေးပါလား”လို့ မာယာဆင်ပြီးပြောလေတယ်ါ
ကျီးကန်းလေးက တကယ်ထင်မှတ်ပြီးမြေခွေးအနားကိုတိုးကပ်ကာ ပါးစပ်ကို ဟခိုင်းတယ်။ လည်ချောင်းထဲမှာ ဘာမှ ရှာမတွေ့တော့ ကျီးကန်းလေးက မြေခွေးရဲ့ မရိုးသားတဲ့ အကြံအစည်ကို ရိပ်စားမိသွားတယ်။
အဲ့ဒီအချိန်မှာ အကြံသမား မြေခွေးက ကျီးကန်းလေးရဲ့ လည်ပင်းကို လှမ်းကို,က်လိုက်တယ်။ မြေခွေးရဲ့ လှုပ်ရှားမှုကို သိသွားတဲ့ ကျီးကန်းလေးက ဖျတ်ခနဲ ရှောင်ပြီး ထပျံ လိုက်တယ်။
“ဟဲ့ မြေခွေး.... သင်ဟာ ဒီတစ်သက် ဘယ်တော့မှ အစာဝတော့မှာ မဟုတ်ဘူး။ ကျေးဇူးမသိတတ်ပဲ ကျေးဇူးရှင်ကို ပြစ်မှားတဲ့သူပဲ။ သင် ဒုက္ခရောက်နေလည်း သနားစရာ မလိုတော့ဘူး”လို့ ကျီးကန်းလေးက ပြောပြီး ပျံသွားပါတော့တယ်။
ဒီလိုနဲ့ ကျီးကန်းလေးဟာ ပျံသန်းလာရင်း တောတွင်းတစ်နေရာရောက်တော့ လဲနေတဲ့ လူတစ်ယောက်ကို တွေ့သွားတယ်။ တောထဲမှာမျက်စိလည် လမ်းမှားရင်း အစာမစားရလို့ လဲနေမှန်း သိလိုက်တယ်။
ကျီးကန်းလေးက လူသားကို ကြည့်ပြီး သနားမိသွား တယ်။ သူ့ကို အန္တရာယ်မပြုနိုင်ဘူးလို့လည်း ယုံကြည်မိလို့ လူသားရဲ့ ပခုံးပေါ်မှာ နားလိုက်ပါတယ်။ လူသားက လူးလွန့်ကာ ထထိုင်လိုက်တယ်။ အဲဒီနောက်ကျီးကန်းက သစ်သီးတွေ ရှာဖွေပြီး လူသားကို ကျွေးတဲ့အခါ ပြန်ပြီး အားအင်ပြည့်ဝလာတယ်။
တစ်နေ့တော့ ကျီးကန်းလေးက အစာရှာရင်း တောထဲမှာ ဓာ:းတွေ၊ လှံတွေနဲ့ လူအုပ်စုကို တွေ့တော့ တစာစာအော်ရင်း လူသားရှိရာကို မျှားခေါ်လာတယ်။ လူသားနဲ့ လူအုပ်စုတို့ တွေ့ဆုံသွားတော့တယ်။
“ဒီကျီးကန်းလေးက မင်းသားကို အစာရှာကျွေးနေတာပဲ။ ယဉ်ပါးတယ်။ မင်းသားလေးရဲ့ ကျေးဇူးရှင်ပဲ”လို့ လူအုပ်စုက ပြောလေတယ်။
ကျီးကန်းလေးက မင်းသားလေးရဲ့ ပခုံးပေါ်မှာ နားလိုက်တဲ့အခါ မင်းသားလေးက ကျီးကန်းလေးကို သူ့ရင်ဘတ်ထဲမှာ ပွေ့ချီ ထားလိုက်ပါတယ်။ ကျီးကန်းလေးဟာ မင်းသားလေးတို့နဲ့အတူရွှေနန်းတော်ကြီးဆီကို လိုက်ပါသွားလေတယ်။
မင်းသားလေးက ကျီးကန်းလေးကို သူ့ရဲ့ ကျေးဇူးရှင်အဖြစ် အသိအမှတ်ပြုကာ ဥယျာဉ်တော်ထဲမှာထားပြီး အစားအစာတွေ ကျွေးမွေးစောင့်ရှောက်ထားပါတော့တယ်။
ကျေးဇူးကန်းတဲ့ မြေခွေးကတော့ အစာမစားရလို့ အားအင်ကုန်ခန်းကာ ​ေ,သသွားရှာပါတော့တယ်။
ဒီပုံပြင်လေးက ကျေးဇူးမသိတတ်သူနဲ့ ကျေးဇူးတရားကို နားလည်ပြီး ပြန်ပြီး ကျေးဇူးဆပ်တတ်ပုံကို ဖော်ညွှန်းထားသည့် ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။
ရွှေသွေးဂျာနယ်
with respect - credit - KaungHtet

image
33 w - Translate

Target is eliminating 1,800 roles in a restructuring aimed to reduce “layers and overlapping work,” according to a memo seen by ABC News.
The cuts -— which break down as layoffs for 1,000 people and closing out 800 open roles — will impact managers at about 3 times the rate of other employees. Those affected will receive pay and benefits until Jan. 3, 2026, as well as severance packages and other services and support.
Read more: https://abcnews.visitlink.me/Y2L0oz

image
33 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြန်မာ့နိုင်ငံရေးအခြေအနေကို အာဆီယံထရွိုင်ကာဆွေးနွေးပွဲအုပ်စုဝင်နိုင်ငံများ ယနေ့ ဆွေးနွေးမည်
(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကာလ အတွင်း အာဆီယံ၏ ထရွိုင်ကာဆွေးနွေးပွဲ အုပ်စုဝင် နိုင်ငံများက မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ဆွေးနွေးမည်ဖြစ်ကြောင်းမလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက် ဟာဆန်က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အာဆီယံ၏ မြန်မာ့နိုင်ငံရေးဆိုင်ရာ ထရွိုင်ကာဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
အာဆီယံအဖွဲ့သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွကအာဆီယံ ထရွိုင်ကာ ဆွေးနွေးပွဲယန္တရားကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး ထရွိုင်ကာဆွေးနွေး ပွဲများ၌ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၊ အလှည့်ကျဥက္ကဋ္ဌဟောင်း နိုင်ငံနှင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် နိုင်ငံများ ပါဝင်ခဲ့သည်။
လာမည့် အာဆီယံထိပ်သီးညီလာခံ ကာလ၌ ကျင်းပမည့် ထရွိုင်ကာ မြန်မာ့အရေး ဆွေးနွေးပွဲတွင် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှား နိုင်ငံနှင့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရယူရမည့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်ကြမည်ဖြစ်သည်။
အထက်ပါ ထရွိုင်ကာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ မကြာသေးမီကမှ ပေါ်ပေါက်ခဲ့သော ဖြစ်ပေါ် ပြောင်းလဲမှုများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
(၄၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံကို အောက်တိုဘာ ၂၆ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည် ဖြစ်သည်။
ရေး-ဗျည်းနွဲ့
ကိုးကား-Bernama

image
33 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းရှိ ရေသန့်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက်ညပ်မိပြီး လက်ဖြတ်လိုက် ရသော်လည်း လျော်ကြေးမရ

ထိုင်းနိုင်ငံ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေ သော မြန်မာအလုပ်သမား မဝင်းဝင်းအေး သည်လုပ်ငန်းခွင်တွင် စက်ညပ်မိပြီး ညာဘက်လက် တံတောင် ဆစ်အပေါ်မှ ဖြတ် လိုက်ရသော်လည်း လျော်ကြေးမရသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ သိရသည်။

သူမသည် ထိုစက်ရုံတွင် အလုပ်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ညာ ဘက်လက် ဆုံးရှုံးသွားသည့် အတွက် နစ်နာကြေးရရှိရန် အောက်တိုဘာ ၂၁ ရက် က WAG အဖွဲ့ထံ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။

မဝင်းဝင်းအေးသည် ဇွန် ၂ ရက်တွင် လုပ်ငန်းခွင်အတွင်း ရေသန့် ကိုင်သည့် စက်လည်ပြီး ညာဘက် လက်နှင့်ဆံပင်များညပ်ပါသွားခဲ့ရာမှ ခိုလမြို့ရှိ မဟာလဆေးရုံတွင် ဆေးကုသမှုခံနေပြီး ညဘက် လက်တံတောင်ဆစ်အပေါ် မှဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မဝင်းဝင်းအေးနည်းတူ ထိုင်း နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားလေးဦးသည် လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ပြီး ၎င်းတို့အား နစ်နာကြေးရရန် အကူအညီပေး နေကြောင်း WAG အဖွဲ့မှ သိရသည်။

image
33 w - Translate

ပိုက်ဆံ သုံးချင်တဲ့စိတ်ကို ထိန်းချုပ်ပါ
-----------------------------------
ခွန်အားကို အသုံးချပြီး
ပိုက်ဆံ ရှာမယ်ဆိုရင် ရိုးသားပါ......။
ဦးနှောက်ကို အသုံးချပြီး
ပိုက်ဆံရှာမယ်ဆိုရင် ပါးနပ်ပါ.......။
ပိုက်ဆံကို
ပိုက်ဆံနဲ့ ရှာမယ်ဆိုရင် ပြတ်သားပါ တိကျပါ....။
ဘယ်လောက်ပဲ ချမ်းသာနေပါစေ
စာဖတ်ခြင်းကို လုပ်ဆောင်ပါ.......။
ပိုက်ဆံ စုဆောင်းခြင်းက
ပိုက်ဆံရှာခြင်းထက် ပိုပြီးတော့ ခက်ခဲပါတယ်။
တစ်သိန်း စုမိဖို့ဆိုတာ ခက်ခဲပေမယ့်
တစ်သိန်း သုံးလိုက်ဖို့က အရမ်းကို လွယ်ကူပါတယ်။
ဒါကြောင့် သုံးလို့ရနေသေးတဲ့ ဖုန်းကို
မကြာမကြာ အသစ် မလဲချင်ပါနဲ့......။
အိမ်မှာ စားလို့ရတဲ့ အစားအသောက်ကို
အပြင်ထွက် မစားပါနဲ့......။
ပိုက်ဆံရှာဖို့ ခက်ခဲလာတဲ့ ခေတ်ကြီးမှာ
ချွေတာသင့်တာကို ချွေတာပါ
မသုံးသင့်တာကို မသုံးပါနဲ့......။
စုထားတဲ့ ငွေရဲ့ ကိန်းဂဏန်းတွေ
တိုးလာလေလေ သင့်ရဲ့မနက်တိုင်းဟာ
ကြည်လင်စွာ နိုးထ နိုင်လေလေပါ.....။
ဒါကြောင့် သင့်ရဲ့ ငွေသုံးချင်တဲ့ လက်ကို
အကောင်းဆုံး ထိန်းချုပ်နိုင်ခြင်းဟာ
သင့်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုပါပဲ.....။
ကြိုးစားရှာပါ။
ချွေတာ သုံးပါ။ စုဖြစ်အောင် စုပါ......။
with respect - credit

image

ဒီလိုမှ အေးတယ် ဘာမှ မဝယ်ထားတာတော့ ဘာမှ မရှင်းရ😆

image
33 w - Translate

ကမ္ဘာပေါ်တွင် ခြင်ကင်းစင်သည့် နေရာနှစ်ခုအနက်မှ တစ်ခုအဖြစ် ရပ်တည်ခဲ့သော အိုက်စလန်နိုင်ငံတွင် ယခုနှစ် နွေဦးရာသီ၌ စံချိန်တင် အပူချိန်မြင့်တက်မှုများ ကြုံတွေ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ခြင်သုံးကောင်ကို တွေ့ရှိခဲ့ရသည်။
ဤတွေ့ရှိမှုသည် အံ့အားသင့်ဖွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲတစ်ခုဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
သိပ္ပံအမည် Culiseta annulata မျိုးစိတ်ဝင် ခြင်ထီးတစ်ကောင်နှင့် ခြင်မနှစ်ကောင်ကို မြို့တော်ရေချ်ဂျာဗစ်၏ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အိုက်စလန်၏ သဘာဝပတ်ဝန်းကျင်၌ ခြင်များရှိနေကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ယခင်က လေယာဉ်များတွင် စပါကပ်များအဖြစ် တစ်ကောင်တလေ တွေ့ဖူးသော်လည်း ယခုတွေ့ရှိမှုသည် အရေးပါသည့် မှတ်တမ်းတစ်ခုဖြစ်သည်။
သိပ္ပံပညာရှင်များက ယခုတွေ့ရှိရသည့် ခြင်များသည် သင်္ဘောများ သို့မဟုတ် ကွန်တိန်နာများမှတစ်ဆင့် မကြာသေးမီကမှ ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
သို့သော် ၎င်းတို့သည် အိုက်စလန်နိုင်ငံအတွင်း အမြဲတမ်း ရှင်သန်နေထိုင်နိုင်မည်လားဆိုသည်ကိုမူ နောက်ထပ် လေ့လာစောင့်ကြည့်ရန် လိုအပ်ဆဲဖြစ်သည်။
သုတေသီများက ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့မြောက်ပိုင်းဒေသများတွင် ခြင်များ အခြေချနေထိုင်ရန် ပိုမိုသင့်လျော်လာကြောင်း
Culiseta annulata ခြင်မျိုးစိတ်သည် အေးသောရာသီဥတုကို ကောင်းစွာခံနိုင်ရည်ရှိပြီး အိုက်စလန်၏ ပြင်းထန်သော ဆောင်းရာသီကိုပင် ဖြတ်ကျော်နိုင်သည်ဟု သုံးသပ်ကြသည်။
World Population Review ၏ ဖော်ပြချက်အရ ယခုတွေ့ရှိမှုမတိုင်မီက အိုက်စလန်သည် အေးခဲသော ရာသီဥတုနှင့် ခြင်များမျိုးပွားနိုင်သည့် ရေဝပ်နေရာများ မရှိခြင်းကြောင့် ကမ္ဘာပေါ်တွင် ခြင်မရှိသည့် ဒေသ နှစ်ခုအနက် တစ်ခုဖြစ်ခဲ့သည်။
ကုလသမဂ္ဂက ပြီးခဲ့သည့်နှစ်သည် ကမ္ဘာပေါ်တွင် စံချိန်တင် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းသည် လူသားတို့၏ လုပ်ဆောင်မှုများကြောင့်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း အခိုင်အမာ ထုတ်ဖော်ပြောကြားထားသည်

image
33 w - Translate

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ကြိုးကြာငှက် ၁၀၀၀ ကျော် ‌ေ-သဆုံး
ဂျာမနီနိုင်ငံ အရှေ့မြောက်ဘက်ရှိ လီနွန်မြို့အနီးရှိ မြက်ခင်းပြင်များနှင့် ရေစပ်များတွင် အရေအတွက်မြောက်မြားစွာသော ကြိုးကြာငှက်များသေဆုံးလျက်ရှိကြောင်း၊ ABS သတင်းဌာနမှဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ၎င်းအဖြစ်အပျက်က ယခင်တခါမှမဖြစ်ပျက်ခဲ့ဖူးသလို၊ ကြိုးကြာငှက်များအား အကာအကွယ်ပစ္စည်းများဖြင့် စုပုံသယ်ဆောင်ခဲ့ကာ စွန့်ပစ်ခဲ့ရကြောင်း သိရှိရပါတယ်။ တခဏအတွင်းအကောင်ရေပေါင်း ၁၀၀၀ ကျော်ခန့်
သေဆုံးခဲ့တာဖြစ်ကြောင်း ဇီဝဗေဒပညာရှင် Norbert Schneeweiss က Reuters သတင်းဌာနအား ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့သုံးသပ်ချက်အရ ဒီလိုအစုံအပြုံလိုက်သေဆုံးမှုက သူတို့ရဲ့ပင်မနားခိုရာနေရာတွေကို ထိခိုက်စေပါတယ်" လို့ ပြောခဲ့ပြီး အချို့နေရာတွေမှာ ကြိုးကြာများအပြင် ငှက်များ၊ ငန်းများနဲ့ ကျီးကန်းတို့ပါ သေဆုံးလျက်ရှိပါတယ်။
တိရစ္ဆာန်ကျန်းမာရေးအား အထူးသုတေသနပြုသည့် ဂျာမန်အဖွဲ့အစည်း FLI က ဓာတ်ခွဲနမူနာအချို့အားစစ်ဆေးတဲ့အခါ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်အမျိုးအစားခွဲအားတွေ့ရှိခဲ့ပြီး၊ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ကြက်ဘဲမွေးမြူသူတို့ကိုလည်း တောရိုင်းငှက်များနှင့် မထိတွေ့စေရန်၊ ကြက်ဘဲများအား အထူးဂရုပြုကိုင်တွယ်မွေးမြူရန်အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါတယ်။

image