ဟားမားစ်အကြီးတန်းအရာရှိတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ဟု အစ္စရေးစစ်ဘက်ထုတ်ပြန်

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟားမားစ် အကြီးတန်းအရာရှိတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အစ္စရေးစစ်ဘက်က ဒီဇင်ဘာ၁၄ ရက် တွင် ထုတ်ပြန်သည်။
အမေရိကန်ထောက်ခံသော အပစ်အခတ်ရပ်စဲရေး အောက်တိုဘာလတွင် အသက်ဝင်ပြီးနောက် ဟားမားစ်အကြီးတန်းတပ်မှူး ရာ့ဒ်ဆာဒ်သည် ဂါဇာတွင် လက်နက်များ ဆက်လက်ထုတ်လုပ်မှုကို ကြီးကြပ်ခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးအစ္စရေးလ်ကတ်ဇ်တို့က ဂါဇာရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များ ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုကို တုံ့ပြန်သည့်အနေဖြင့် ဟားမားစ်အရာရှိကို သုတ်သင်ရန် ညွှန်ကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဟားမားစ်အရာရှိတစ်ဦးကလည်း အကြီးတန်းတပ်မှူးရာ့ဒ်ဆာဒ် သေဆုံးမှုကို အတည်ပြုခဲ့သည်။ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်ချိုးဖောက်နေပြီး ဟားမားစ် အဖွဲ့ဝင်များကို ပစ်မှတ်ထားသည့်နောက်ဆုံးလုပ်ကြံမှုများသည် သဘောတူညီချက် တည်တံ့ခိုင်မြဲမှု ကို ခြိမ်းခြောက်နေကြောင်း ၎င်းကပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကိုလေးစားလိုက်နာရေးအတွက် ဖိအားပေးရန် အမေရိကန် ပြည် ထောင်စု အပါအဝင် ကြားဝင်ညှိနှိုင်းသူများကို ဟားမားစ်က တောင်းဆိုထားသည်။ အမေရိ ကန်အစိုးရသည် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်ဖော်ရန် တွန်းအားပေးလျက်ရှိ သည်။
အပစ်အခတ်ရပ်စဲရေး စတင်ချိန်မှ စ၍အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦး ရေ၃၉၀ ကျော်သွားပြီဟု ဂါဇာတာဝန်ရှိသူများက ပြောသည်။

image