◾️အမေရိကန်အစိုးရဝန်ထမ်းထောင်ပေါင်းများစွာကိုအိမ်ဖြူတော် အနားပေး
အစိုးရလုပ်ငန်းများ ရပ်ဆိုင်ထားရစဉ်ကာလအတွင်း ဖက်ဒရယ်အစိုးရ ဝန်ထမ်းအင်အား ကို လျှော့ ချသွား မည်ဟူ သော ခြိမ်းခြောက်မှုအတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆက်လုပ်ဆောင်နေစဉ် အစိုးရဌာနများမှထောင်နှင့်ချီသော ဝန်ထမ်းများအား အနားပေးရန် ၎င်း၏ ဆုံး ဖြတ်ချက်အတွက် ထရန့်က ဒီမိုကရက်များအား အပြစ် တင်ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဌာန၊ စီးပွားကူးသန်းဌာန၊ ပြည်တွင်းအခွန်ဌာန ၊ ပြည်ထဲ ရေးဝန်ကြီးဌာနအောက်မှ ဆိုက်ဘာလုံခြုံရေးဌာနတို့တွင် အလုပ်နေရာလျှော့ချမှု များလုပ် ဆောင် နေပြီ ဖြစ် ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ပြောကြားကြသော်လည်း မည်မျှအနားပေးမည်ဆိုသော အရေအတွက်မှာ မရှင်းလင်းသေး‌ပေ။
ယခုနှစ်အစောပိုင်းတွင် ဒေါ်နယ်ထရန့်က စတင်ခဲ့သော အ စိုးရအရွယ်အစား လျှော့ချရေး အစီအစဉ်အရ ဖက်ဒရယ်အစိုးရဝန်ထမ်း သုံးသိန်းခန့်မှာ ယခုနှစ်အတွင်းမှာပင် အ လုပ်မှ အနားပေးခံရမည်ဖြစ်သည်။
“သူတို့က ဒါကို စတင်ခဲ့ကြပါတယ်။” ဟု ဘဲဥပုံရုံးခန်း အ ခမ်းအနားတစ်ခုတွင် ဒေါ်နယ်ထရန့်က သတင်းထောက်များအားပြောကြားပြီး အလုပ်နေရာလျှော့ချမှုများမှာ ဒီမိုကရက်များကြောင့် ဖြစ် ပေါ် လာခဲ့ရသည်ဟု အပြစ်တင်သည်။
ဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန်များသည် အထက် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးတွင် လူများစုနေရာရရှိထားသော်လည်း အစိုးရဘတ်ဂျက်ကို အထက်လွှတ်တော်က အတည်ပြုရေးအတွက်မူ ဒီမိုကရက်အမတ်အချို့၏ ထောက်ခံမဲကို လိုအပ်ကြောင်း သိရသည်။
ကျန်းမာရေးအာမခံအတွက် အစိုးရထောက်ပံ့ကြေးများကို ထရန့်အစိုးရက သက်တမ်းတိုးပေးရေးကို ဒီမိုက ရက်များက အလိုရှိနေကြပြီး ယင်းကို သက်တမ်းတိုးမပေးခဲ့ပါက သင့်လျော်သောဈေးနှုန်းဖြင့် ကျန်းမာ ရေးစောင့်ရောက်မှု ရရှိရေးဥပ‌ဒေအရ ယင်းထောက်ပံ့ကြေးများ ရရှိနေသော နိုင်ငံသား ၂၄ သန်းအတွက် ကျန်းမာရေးစရိတ်အလွန်မြင့်တက်သွားမည်ဖြစ်ကြောင်း အမတ်များက ပြောကြားကြသည်။
သောကြာနေ့က ဆယ်ရက်မြောက်လာပြီဖြစ်သော အစိုးရလုပ်ငန်းများ ရပ်ဆိုင်းနေစဉ်ကာလအတွင်း ဖက်ဒရယ်အစိုးရဝန်ထမ်းများကို အလုပ်မှ အနားပေးသွားမည်ဖြစ် ကြောင်း ဒေါ်နယ်ထရန့်က အကြိမ် ကြိမ် ခြိမ်းခြောက်ခဲ့ပြီး အထူးသဖြင့် ဒီမိုကရက်များ၏အနှစ်သက်ဆုံးဌာနများကို ပစ်မှတ်ထားသွားမည်ဟု ပြော ကြား သည်။
ဒီမိုကရက်မဲဆန္ဒရှင်များ အဓိက နေထိုင်ရာ ပြည်နယ်များဖြစ်သော နယူးယောက်၊ ကယ်လီဖိုးနီးယား နှင့် အီလီ နွိုက်စ်ပြည်နယ်များအတွက် အခြေခံအ‌ဆောက်အအုံ ဖွံ့ဖြို့းတိုးတက်ရေးရန်ပုံငွေ အနည်းဆုံး ကန်ဒေါ်လာ ၂၈ ဘီလီယံကိုလည်း ထရန့်က ဆိုင်းငံ့ထားသည်။
ဘဏ္ဍာရေးဌာနမှ ဝန်ထမ်း ၁၄၀၀ ၊ ကျန်းမာရေးဌာန မှ ဝန်ထမ်း ၁၁၀၀ အပါအဝင် အစိုးရဌာနခုနစ်ခုမှ ဖက်ဒရယ်ဝန်ထမ်း ၄၂၀၀ သည် အလုပ်မှအနားပေးလိုက်ကြောင်း အသိပေးစာများ ရရှိခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဒေါ်နယ်ထရန့်၏ ဖိအားပေးသောနည်းလမ်းများကို အလျှော့ပေးသွားမည်မဟုတ်ကြောင်း ဒီမိုကရက်များက ပြောကြားကြသည်။
ရီပတ်ဘလီကန်များ အလေးထားလာသည့်အချိန်အထိ ၎င်းတို့၏ဆုံးဖြတ်ချက်များကြောင့် ဆုံးရှုံး သွား သောအ လုပ်တိုင်း၊ ထိခိုက်ခဲ့သော မိသားစုတိုင်း၊ ပြတ်တောက်ခဲ့သော ဝန်ဆောင်မှုတိုင်းသည် ရီပတ်ဘလီကန်များနှင့်သာ သက်ဆိုင်ကြောင်း အထက်လွှတ်တော် ဒီမိုကရက်ခေါင် းဆောင် ချပ်ရှူးမားက ပြောကြားသည်။
ဝန်ထမ်းများအား အလုပ်မှ အနားပေးခြင်းကို အချို့သော ရီပတ်ဘလီကန်အမတ်များကလည်း ကန့်ကွက်ကြသည်။
လစာမရဘဲ အလုပ်လုပ်နေကြသည်ဖြစ်စေ၊ အလုပ်မှအ နားပေးခံရသည်ဖြစ်စေ ဖက်ဒရယ်အစိုးရဝန်ထမ်းများ၏ ဝန်ဆောင်မှုများမှာ များစွာအရေးပါကြောင်း အထက်လွှတ်‌ တော် ဘဏ္ဍာငွေခွဲဝေချထားရေးကော်မတီမှ အထက် လွှတ်တော်အမတ် ဆူဆန်ကောလင်း က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image

◾️တရုတ်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့ သင်္ဘောက ၎င်းတို့သင်္ဘောကို ဝင်တိုက်ခဲ့ကြောင်း ဖိလစ်ပိုင်စွပ်စွဲ
ဖိလစ်ပိုင်က သိမ်းပိုက်ထားသော သစ်တူကျွန်းအနီးတွင် တရုတ်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့သင်္ဘောတစ်စီး က ၎င်းတို့၏သင်္ဘောတစ်စီးကို မီးသတ်ပိုက်ဖြင့်ထိုးကာ အမြီးပိုင်းကို ဝင်တိုက်သွားခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲပြောကြား သည်။
ယင်းလုပ်ရပ်မှာ အငြင်းပွားနေသောတောင်တရုတ်ပင် လယ်တွင် တင်းမာမှုများ မြင့်တက်လာစေသည့် ခြိမ်း ခြောက်မှုဖြစ်သည်ဟု ဖိလစ်ပိုင်ကပြောသည်။
ဒေသခံငါးဖမ်းသမားများအား အကာအကွယ်‌‌ပေးရေး အစိုးရ၏ အစီအစဉ်အရ ဖိလစ်ပိုင်တွင် ပါဂါဆာကျွန်းဟု သိရှိကြသော သစ်တူကျွန်းအနီးတွင် BRP Datu Pagbuaya ရေယာဉ်အပါအဝင် ဖိလစ်ပိုင်ရေယာဉ်သုံံးစီး ကျောက်ချရပ်နားထားချိန်၌ တရုတ်ရေယာဉ်များချဉ်းကပ်လာပြီး ၎င်းတို့ကြောက်ရွံ့သွားစေရန် အင်အားပြင်းမီး သတ်ပိုက်များအသုံးပြုကြောင်း ဖိလစ်ပိုင်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့ က ပြောကြားသည်။
နောက်တစ်နာရီခန့်အကြာတွင် တရုတ်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့မှ ရေယာဉ်တစ်စီးက ဖိလစ်ပိုင်သင်္ဘော BRP Datu Pagbuaya အား မီးသတ်ပိုက်ဖြင့်ထိုးကာ အမြီးပိုင်းကို ဝင်တိုက်သွားခဲ့ရာ ပျက်စီးမှု အနည်း ငယ်ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့က ပြောသည်။
ယင်းဧရိယာတွင် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း မနီလာကမ်းရိုးတန်းအစောင့်တပ်ဖွဲ့နှင့် ငါးလုပ် ငန်းနှင့်ရေ လုပ်ငန်းအရင်းအမြစ်ဌာနက ပြောဆိုပြီး ဖိလစ်ပိုင်ရေ လုပ် သားများ၏ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုနေရာတွင် ၎င်းတို့ ရှိနေရန် လိုအပ်ကြောင်းပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုကို မနီလာရှိတရုတ်သံရုံးက ချက်ခြင်း မတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြသည်။
တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့်ဖိလစ်ပိုင်ကြားတွင် တစ်နှစ်ပတ်လုံး တင်းမာမှုများ မြင့်တက် နေခဲ့ပြီး အထူးသဖြင့် အဓိကငါးဖမ်းနယ်မြေ စကားဘိုးရိုးရေတိမ်ကျွန်းစု နားတွင် တင်းမာနေခဲ့သည်။
နှစ်စဉ် သင်္ဘောဖြင့်သွားလာသော ကုန်စည် ကန်ဒေါ်လာ သုံးထရီလီယံ ဖြတ်သန်းသွားနေသော အရေးပါသည့် ရေ လမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်က ပြောကြားနေပြီး ယင်းနယ်မြေထဲတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့က ၎င်းတို့ ပိုင်ဆိုင်သည်ဟု ပြောကြားကြသော ဧရိယာများလည်း ပါဝင်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image
21 w - Translate

မောနိ 😋

image
21 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အေအိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်း ချိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA Yangon)၊နေပြည်တော် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်း (NPTCEA)တို့ ပူးပေါင်းစီစဉ်သည့် Artificial Intelligence(AI)နှင့် ဆောက်လုပ်ရေး လုပ်ငန်းချိတ်ဆက်ခြင်း ‘One day Training’ကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိနေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ယင်းနောက် ဆရာ၊ ဆရာမများနှင့် သင်တန်းသို့ တက်ရောက်လာသူများက တစ်ဦးချင်း မိတ်ဆက် ကြသည်။
ယင်းသင်တန်းတွင် AIဆိုတာ ဘာလဲ၊ ဆောက်လုပ်ရေးမှာ ဘာကြောင့် AIကိုလိုအပ်တာလဲ၊ အမေးအဖြေ ကဏ္ဍ၊AIနှင့်အတူ စီးပွားရေးလုပ်ငန်းအစီအစဉ်နှင့် ပရောဂျက်စီမံခန့်ခွဲမှု၊ AI ဖြင့် Business Plan ရေးဆွဲခြင်း၊ Project Management Aid AIAI ဖြင့် ဆောက်လုပ်ရေးအကြိုနှင့် ဒီဇိုင်းအခြေအနေ၊ Generative ဒီဇိုင်း၊ BIM(အဆောက်အအုံအချက်အလက်ပုံစံပြခြင်း) AI၊ AIလက်တွေ့ အကောင် အထည် ဖော်မှုနှင့် အနာဂတ်-သက်သေပြခြင်း၊ ဘဏ္ဍာရေး၊စာရင်းကိုင်နှင့် ကုန်ကျစရိတ်စီမံခန့်ခွဲမှုတွင် AIကို အသုံးချခြင်း၊ စီမံကိန်းအရှုံးအမြတ်တွက်ချက်ခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းချက်နှင့် ထိန်းချုပ်မှု၊ ငွေကြေး စီးဆင်းထိန်းချုပ်စနစ် AIကို လုပ်ငန်းခွင်တွင် စတင်အသုံးချရန်နှင့် နည်းဗျူဟာနှင့် အနာဂတ် အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို MCIA Yangon မှ ဆရာ၊ ဆရာမများ ဖြစ်ကြသည့်ဦးအောင်ပြည့်ဖြိုး၊ ဒေါက်တာ မြမြလွင်၊ ဒေါက်တာကျော်ဖြိုးလင်းတို့က ဟောပြောပို့ချပေးခဲ့ပြီး ပို့ချမှုများအပြီးတွင် ဆရာ၊ ဆရာမ များနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်းသိရသည်။
ဓာတ်ပုံ-MCEF

image

စပါးစ်စတားကူဒပ်စ်ရဲ့ သွင်းဂိုးဖြင့် ကိုမိုရို့စ်ကို အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ ဂါနာ

အောက်တိုဘာ ၁၃

ဂါနာဟာ မိုဟာမက်ကူဒပ်စ်ရဲ့ ဒုတိယပိုင်း တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ကိုမိုရို့စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။

ဂါနာဟာ ကိုမိုရို့စ်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲတွင် အနိုင်ရရှိပြီးနောက် အုပ်စု(I) ၁၀ ပွဲတွင် ၂၅ မှတ် ရရှိကာ အုပ်စုဗိုလ်အဖြစ်ဖြင့် ဒုတိယနေရာမှ မာဒါဂါစကာကို ၆ မှတ်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်လာတာလည်း ဖြစ်ပါတယ်။

ဂါနာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံး မြောက်အာဖရိကပြင်ပမှ နိုင်ငံ ဖြစ်လာပါတယ်။ ဂါနာမတိုင်မီ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့အသင်းများအဖြစ် အယ်ဂျီးရီးယား၊ အီဂျစ်၊ ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးရောက် မိုရိုကိုနှင့် တူနီးရှားတို့ ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။

ဂါနာဟာ မနေ့ညက ပွဲတွင် ခြေစွမ်းပိုင်း အသာဖြင့် ကစားခဲ့ရပေမယ့်လည်း ယခင် ၉ ပွဲမှာ ၂၂ ဂိုးအထိ ပေးထားရတဲ့ ကိုမိုရို့စ် ခံစစ်နှင့် ဂိုးသမားကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကူဒပ်စ်က သောမတ်စ်ပါတေးရဲ့ ဖြတ်တင်ဘောကနေ ပိတ်သွင်းကာ ဂါနာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

Grade 12 သင်ရိုးညွှန်းတမ်းမှာ ဥပဒေဘာသာရပ် ထည့်သွင်းပို့ချနိုင်ဖို့ ပထမ ဦးစားပေးလုပ်ငန်းအစီအစဉ်များ စတင်ဆောင်ရွက်နေပြီဟုဆို

အောက်တိုဘာ ၁၃

တတိယမြောက် မဟာဗျူဟာစီမံကိန်းအရ အသစ်ဆောင်ရွက်ရမည့်လုပ်ငန်းများအဖြစ် ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့ သင်တန်းဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ် ဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချ နိုင်ရန် TOT သင်တန်းများဆောင်ရွက်ခြင်း၊ e - library တည်ထောင်ခြင်း စသည့်ပထမ ဦးစားပေးလုပ်ငန်းအစီအစဉ်များကို စတင်ဆောင်ရွက်နေပြီဟု ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများနှင့် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် တတိယမြောက် မဟာဗျူဟာစီမံကိန်းကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဟူသည့် ဆောင်ပုဒ်ချမှတ်ခဲ့ပြီး ပန်းတိုင် ၅ ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အလားတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၌ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်တွင် သက်ဆိုင်ရာ တာဝန်ခံဥပဒေအရာရှိများက အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသည့်အတွက် တာဝန်ခံဥပဒေအရာရှိများအနေဖြင့် ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ခေါင်းစဉ်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူက သိရှိစေရန်နှင့် ယုံကြည်ကိုးစားနိုင်ရန်၊ မဟာဗျူဟာစီမံကိန်းပါ ပန်းတိုင်များ အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်ရုံးများကလည်း လုပ်ငန်းအစီအစဉ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

သတင်းအချက်အလက် နည်းပညာ(IT) နှင့်ပတ်သက်၍ “သတင်းအချက် အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာ မူဝါဒ” ကို ရေးဆွဲပြီးဖြစ်သဖြင့် ယင်းမူဝါဒနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံ ဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုက်နာဆောင်ရွက်ရန်ဖြစ်သည့်အပြင် လုပ်ငန်းခွင်တွင် ခေတ်မီနည်းပညာများကို ပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အထောက်အပံ့ပစ္စည်းများ၊ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် ဘဏ္ဍာငွေများတောင်းခံ၍ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍လည်း ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေ အရာရှိများအနေဖြင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လွှတ်တော်သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများကို ကျေညက်စွာ လေ့လာထား ရန်လိုအပ်ကြောင်းနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ဖြင့် ဥပဒေအကြံပြုချက် တောင်းခံသည့်အမှုများကို ဥပဒေအကြံပြု ပြန်ကြားရာတွင် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ပြည့်စုံစွာကိုးကား၍ အကြံပြုပြန်ကြားရန် လိုအပ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

ဖူးခတ်သို့ အလုပ်သွားလုပ်မည့် အထောက်အထားမဲ့ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ ဖူးခတ်သို့ အလုပ်လုပ်ရန် တရားမဝင် ၀င်ရောက်လာကြသည့် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ အလုံပိတ်ကားတစ်စီးကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ခေါင်မင်ဘုန်းကြီးကျောင်းရှေ့ ၌တွေ့ခဲ့စဉ် ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

Watch
Homeဖူးခတ်သို့ အလုပ်သွားလုပ်မည့် အထောက်အထားမဲ့ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ
မှုခင်း
ဖူးခတ်သို့ အလုပ်သွားလုပ်မည့် အထောက်အထားမဲ့ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ
admin
October 12, 2025
IMG_20251012_211429_217
၁၂.၁၀.၂၀၂၅
Written By Min Thet

ထိုင်းနိုင်ငံ ဖူးခတ်သို့ အလုပ်လုပ်ရန် တရားမဝင် ၀င်ရောက်လာကြသည့် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ အလုံပိတ်ကားတစ်စီးကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ခေါင်မင်ဘုန်းကြီးကျောင်းရှေ့ ၌တွေ့ခဲ့စဉ် ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။


ယင်းတို့အနေဖြင့် မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့နယ်အတွင်း ဝင်ရောက်လာခဲ့ပြီး ယင်းက တစ်ဆင့် အလုံပိတ်ကားဖြင့် လိုက်ပါလာရာမှ ကန်ချနဘူရီမြို့သို့ ရောက်ရှိလာချိန်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

အဖမ်းခံရသူများ ထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် ဖူးခတ်မြို့တွင် အလုပ်သွားလုပ်မည့်သူများ ဖြစ်ကြောင်း ဝန်ခံကြသည့်အတွက် လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။

စစ်ဆေးပြီးပါက ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်၍ မြန်မာနိုင်ငံသို့ အစိုးရချင်း ချိတ်ဆက်၍ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကန်ချနဘူရီခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

Credit - Myanmar Transprency News Agency

#centralnewsnaypyitaw

image
image
image
image
image
21 w - Translate

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရ

အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စင်္ကာပူနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။

“သူက လေယာဉ်ပေါ်ရောက်မှ ဖမ်းခံရတာ မဟုတ်ပါဘူး။ ဘိုရင်းခေါ်နေတဲ့ အချိန်မှာပဲ မိတာပါ။ လေယာဉ်ပေါ်ကို မရောက်သေးပါဘူး။ ပြီးတော့ သူက ရုပ်လည်း မဖျက်ထားပါဘူး။ ကွာတားဘောင်းဘီနဲ့ ဦးထုပ်ပဲ ဆောင်းထားတာ။ လက်ရှိကတော့ မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။ အမှု အခြေအနေကိုတော့ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။

သမီးဆိုး (ခ) သက်ကိုကိုဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးတွေကို လူမှုကွန်ရက်မှာ ဝေဖန် ပြောဆိုခဲ့ရာက လူသိများလာသူ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ဆိုသူ အမျိုးသမီးကို တိုင်ကြားခဲ့သူမှာ ဒေါ်အေသင်ကို ဆိုသူ အမျိုးသမီး ဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၆ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒေါ်အေသင်ကိုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း “၅-၁၀-၂၀၂၅ နေ့တွင် မြန်မာနိုင်ငံ တည်ဆဲ ဥပဒေနှင့်အညီ တရားဝင် အမှုတစ်ခု ဖွင့်ခဲ့ပြီး လုပ်ငန်းစဉ် အားလုံးကို ဥပဒေနှင့်အညီ တရားဝင်သာ အဆင့်ဆင့် လုပ်ဆောင်ထားသည့် အတွက် သက်ဆိုင်သည့် ဌာနများမှ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဌာန အားလုံးအား ကျေးဇူးတင်ပါတယ်ရှင်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဒေါ်အေသင်ကိုက ရှေ့နေနဲ့တကွ အများသိစေရန် ကြေညာထားတဲ့ ကြေညာချက် တစောင်မှာပါရှိတဲ့ ဖုန်းနံပါတ်တွေကို VOM က ဆက်သွယ်ကြည့်ရာမှာတော့ ဒေါ်အေသင်ကို ခရီးသွားနေပါတယ်လို့ သူမရဲ့ ဝန်ထမ်းအမျိုးသမီး တယောက်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

သမီးဆိုး (ခ) သက်ကိုကိုဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေရာမှ ဒေါ်အေသင်ကိုက လူမှုကွန်ရက်ပေါ်မှာ သမီးဆိုး (ခ) သက်ကိုကိုက သူမ မိသားစုအပေါ် ပြောဆိုခဲ့တာ တွေအတွက် တွေ့ဆုံ ဖြေရှင်းဖို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။

အဲဒီလို အမှုဖွင့်လိုက်ပြီး နောက်ပိုင်း ပြည်ပကို ပြန်လည် ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်လာချိန်မှာ ထိန်းသိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ တစုံတရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

image

အောက်တိုဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

အောက်တိုဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image