လျှောက်ထားလိုသူများအတွက်
သွားကျန်းမာရေးသူနာပြုဒီပလိုမာနဲ့
သွားတုလုပ်ငန်းကျွမ်းကျင်မှုဒီပလိုမာ
၂ နှစ်သင်တန်း ဝင်ခွင့်ခေါ်စာ

#givjob

image

ကလပ်နှင့် နိုင်ငံအတွက် ၁၀ ပွဲဆက် ဂိုးသွင်းလာတဲ့ ဘက်ပေးက ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးလား?

အောက်တိုဘာ ၁၁

ကိုင်လီယန်ဘက်ပေးဟာ အဇာဘိုင်ဂျန်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူပြီးတဲ့နောက် ကလပ်နှင့် နိုင်ငံအတွက် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းထားလာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်သမားဟာ အဇာဘိုင်ဂျန်နှင့်ပွဲ ပထမပိုင်းရဲ့ နာကျင်အချိန်ပိုမှာ နောက်ခံလူတွေအကြား ထိုးဖောက်ပြီးနောက် ပြင်သစ်အတွက် ၅၃ ဂိုးမြောက်ဂိုးအား ညာထောင့်သို့ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဂိုးက ဘက်ပေးအတွက် ယခုရာသီ ၁၇ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။ သူဟာ ပွဲတိုင်းလည်း ဂိုးသွင်းထားနိုင်ပါတယ်။

အဇာဘိုင်ဂျန်နှင့်ပွဲမှာ သူဟာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ရုံသာမက ဒုတိယပိုင်း ၆၉ မိနစ်မှာ အက်ဒရီယန်ရာဘီယော့ခေါင်းတိုက်ဂိုးသွင်းနိုင်အောင်လည်း ဖြတ်တင်ဘော ပြုလုပ် ဖန်တီးပေးခဲ့ပါသေးတယ်။

ခြေကျင်းဝတ်ဒဏ်ရာရှိနေတဲ့ ဘက်ပေးဟာ အစောပိုင်းတုန်းက ဒီပွဲမှာ ပါဝင်ကစားဖို့ မရေရာခဲ့သူပါ။ သူဟာ ပွဲပြီးဖို့ ၈ မိနစ်အလိုမှာ လူစားလဲလယှ်ခဲ့ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်နေရာမှာ ၂၀၁၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် နိင်ငံတကာပွဲကစားခဲ့တဲ့ နယူးကာဆယ်အလယ်တန်းကစားသမားဟောင်းဖလိုရီယန်သူဗန် ဝင်ရောက်လာပြီး မိနစ်အနည်းငယ်အကြာမှာပဲ ပြင်သစ်အတွက် တတိယဂိုးကို ဘယ်ခြေနဲ့ သွင်းယူခဲ့ပါတယ်။

ညကတော့ ကုန်ဆုံးသွားပြီ။ ဘက်ပေးနှင့် ပတ်သက်နေတဲ့ ညတစ်ည ဖြတ်သန်းခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဘက်ပေးဟာ ယခုရာသီ ကစားသမားဘဝ အကောင်းဆုံးပုံစံ ရရှိနေပါတယ်။

ဒါပေမယ့် သူဟာ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်အတွက် အာလင်းဟာလန်း၊ ဟယ်ရီကိန်းတို့နဲ့ ယှဉ်ပြိုင်နေရတုန်းပါ။

မန်စီးတီးနှင့် နော်ဝေတိုက်စစ်မှူးဟာလန်းကလည်း ယခုရာသီ ၁၁ ပွဲ ကစားထားရာမှာ ၁၈ ဂိုးအထိ သွင်းထားနိုင်သလို ဟယ်ရီကိန်းကလည်း ဘိုင်ယန်နှင့် အင်္ဂလန်အတွက် ၁၀ ပွဲကစားထားရာမှာ ၁၈ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

ဒါ့အပြင် ယင်းကစားသမား ၂ ဦးလုံးတို့ဟာ ဘက်ပေးလိုပဲ ယခုရာသီ ကစားတဲ့ ပွဲတိုင်း သွင်းထားနိုင်ပါတယ်။

ဟာလန်းဟာ စက်တင်ဘာလတုန်းက မော်ဒိုဗာကို ၁၁-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၅ ဂိုးအထိ သွင်းနိုင်ခဲ့မှုနှင့်အတူ ၉ ဂိုးဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်မှာ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေစေပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကလည်း ဘွန်ဒက်စ်လီဂါ ၆ ပွဲမှာ ၁၁ ဂိုးအထိ သွင်းထားကာ ဂိုးသွင်းဘုရင်နေရာမှာ ပြတ်သားစွာ ဦးဆောင်ထားနိုင်ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဘက်ပေးက ၂ ပွဲကစားထားရာမှာ ၅ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။

ဟယ်ရီကိန်းက ၄ ဂိုးဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပြီး ဟာလန်းက ၃ ဂိုးဖြင့် တတိယနေရာကနေ ကပ်လိုက်နေပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

❝မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) ဝန်းအတွင်းရှိ လမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားရန် ယာယီသမ္မတ လမ်းညွှန်မှာကြား❞

အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) ဝန်းအတွင်းရှိ လမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားရန်လိုကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါ အိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ကို ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သလို အိမ်ရာအတွင်းရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပိတ်ဆို့မှုများမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

အလားတူ အိမ်ရာအတွက် လိုအပ်သည့် စာသင်ကျောင်းနှင့် ရေ၊ မီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး အိမ်ရာအတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏စားရေးကို အထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုသလို အရိပ်ရလေကာပင်များကိုလည်း စနစ်တကျဆက်လက်စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။ 

 ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယောရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇)လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ် တို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာရှိ ဈေးဆိုင်များစနစ်တကျဖြင့် ရောင်းချနိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ရန်ကုန်မြို့အတွင်း ရေစီးရေလာများကောင်းမွန်စေရေးနှင့် ရေထုတ်စနစ်များ ကောင်းမွန် ဆောင်ရွက်သွားရန်၊ Green Zone များအား စနစ်တကျ ဖော်ဆောင်သွားရန်နှင့် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားရန်၊ အဆောက်အဦ များအားသန့်ရှင်းသပ်ရပ် တောက်ပြောင်မှုရှိနေစေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

imageimage
+4

ကိုယ်စားလှယ်လောင်းစာရင်းများကို အောက်တိုဘာလ တတိယအပတ်တွင် ကပ်ထားကြေညာသွားမည်

အောက်တိုဘာ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၌ အောက်တိုဘာလ တတိယအပတ်တွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

အဆိုပါရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည် စာရင်း တင်သွင်းမှုများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ စိစစ်ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကိုယ်စားလှယ် လောင်းများ၏ အချက်အလက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၊ ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း ရှိ/မရှိကို စိစစ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများသို့ ပေးပို့၍ စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
21 w - Translate

အမေရိကန်မှာ ဖောက်ခွဲရေးပစ္စည်းစက်ရုံ ပေါက်ကွဲလို့ ၁၉ ယောက်ပျောက်ဆုံး
ဝါရှင်တန်၊ အောက်တိုဘာ-၁၁-၂၀၂၅
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံမှာ သောကြာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားပြီးနောက် လူ ၁၉ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စက်ရုံပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူငါးဦးကို အနီးအနားရှိ ဆေးရုံကို ပို့ပေးထားတယ်လို့ ဟာမ်ဖရေးစ်ခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ စက်ရုံကတော့ အလုံးစုံပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဘက်ခ်စနော့ ရှိစက်ရုံသည် ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ် ကိုင်တွယ် သိုလှောင်တဲ့ နေရာတခုဖြစ်ပြီး ပေါက်ကွဲရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။
ဖြစ်စဉ်ကြောင့် လူဘယ်လောက်သေဆုံးလဲဆိုတာ မပြောနိုင်သေးဘူးလို့ သတင်းစာရှင်လင်းပွဲမှာ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်ဟာ လည်ပတ်နေပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုက ပိုပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
လူ ၁၉ ယောက် ပျောက်ဆုံးစာရင်းဝင်နေပြီး ပေါက်ကွဲမှုကြောင့် စတုရန်းမိုင်ဝက်အတွင်း အပျက်အစီးတွေ လွင့်စင်သွားခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုဟာ မတော်တဆဖြစ်ခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဟုတ်မဟုတ် သတင်းစာရှင်းလင်းပွဲမှာ ဒေးဗစ်က မပြောပါဘူး။
ဒါပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပေါက်ပွဲမှုကို တုံ့ပြန်ရာမှာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလီက ပြောပါတယ်။
မြေဧက ၁၃၀၀ ပေါ်မှာတည်ဆောက်ထားတဲ့ အဲဒီစက်ရုံဟာ စီဖိုး၊ တီအင်န်တီနဲ့ အခြားအဆင့်မြင့် စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းတွေကို ထုတ်လုပ်နေတာဖြစ်ပြီး ကုမ္ပဏီမှာ လူ ၇၅ ယောက်ကို အလုပ်ခန့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

image

နာတာရှည် ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ အရိုးကျီးပေါင်းတက်၍ အာရုံကြောညှပ်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ အရိုးကိုက်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ဂေါက်ရောဂါကြောင့် နာကျင်ခြင်း စသည့် ဝေဒနာများအတွက် ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။
​သောက်သုံးရန် နည်းလမ်း....
​အခြောက်လှန်းထားသော ဒန့်ဒလွန်သီး အစေ့ လက်တစ်ဆုပ်စာကို ရေတစ်လီတာဖြင့် ၁၀ မိနစ်ခန့် ပြုတ်ပါ။
​သောက်သုံးပုံ
* ​တစ်နေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။
* ​အစာစားပြီးပြီးချင်း တစ်ကြိမ်
* ​အိပ်ရာမဝင်ခင် တစ်ကြိမ်
* ​တစ်ကြိမ်လျှင် ဖန်ခွက်တစ်ခွက်စာ သောက်ပေးပါ။
​အကျိုးကျေးဇူးများ
​ဤဆေးရည်ကို သောက်သုံးခြင်းဖြင့် ကိုယ်လက်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ အဆစ်အမြစ်နာခြင်းနှင့် အရိုးကိုက်ခြင်းတို့ကို သက်သာစေပါသည်။ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း နာကျင်မှုများ သက်သာပျောက်ကင်းစေကြောင်း သိရပါသည်။

image
21 w - Translate

အဖြေမှန်ကိုရွေးပေးပါ။

image

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်
======================================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
---------------------------------------
၁။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်ရှိနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
---------------------------------
၂။ မိုးရွာသွန်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၃ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
-------------------------
၄။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့ တို့တွင် ၁ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
၅။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃ ပေ မှ ၄ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
၆။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေခန့်စီနှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁ ပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

ဝက်အူကင်နဲ့ဆော့လုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ ဝက်အူ- ၁ ကီလိုဂရမ်
၂။ နံနံစေ့ - ၂ ဇွန်း
၃။ ပဲငံပြာရည်အကြည် - ၁ ဇွန်းခွဲ
၄။ သကြား - ဇွန်းတစ်ဝက်
၅။ ခရုဆီ - ၂ ဇွန်း
### အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ**
၁။ ငရုတ်သီးမှုန့် - ၁ ဇွန်း
၂။ ဆန်‌ေလှာ်မှုန့် - ဇွန်းတစ်ဝက်
၃။ ငါးငံပြာရည် - ၃ ဇွန်း
၄။ သကြား - ၁ ဇွန်း
၅။ သံပုရာသီး - ၁ လုံးခွဲ
၆။ အချဉ်ရည် (သို့) မက်မန်းသီးချဉ်ရည် - ၃ ဇွန်း
၇။ ကြက်သွန်နီ - ၁ လုံး
၈။ နံနံပင် - ၁ပင်
---
### **ပြင်ဆင်နည်း**
၁။ ဝက်အူကို **ဆားနဲ့ ၂-၃ ကြိမ်** သေချာဆေးကြောပါ။
၂။ ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး အေးအောင်ထားကာ **ခရင်းနဲ့ အပေါက်များဖောက်ပါ**။
၃။ ကင်ဖို့ အူကို လှီးပြီး ပန်းကန်လုံးထဲထည့်ကာ နံနံစေ့၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်တို့နဲ့ နယ်ပြီး **မိနစ် ၃၀ မှ ၁ နာရီအထိ စိမ်ထားပါ**။ (စိမ်ချိန်ကြာလေ အရသာပိုဝင်လေ!)
၄။ **မီးအပူချိန်နည်းနည်းနဲ့ အူကို ရွှေညိုရောင်ရအောင် ကင်ပါ** (သို့) **လေပူဖောင်အိုး** သုံးနိုင်ပါတယ်။
၅။ အချဉ်ရည်အတွက် **ပါဝင်ပစ္စည်းအားလုံးကို ရောမွှေ**၊ သံပုရာရည်ညှစ်ထည့်ပါ။
---
### **အကြံပြုချက်**
ဝက်အူကိုအချဉ်ရည်နဲ့နှယ်ပြီးထမင်းနဲ့တွဲစားလည်း ကောင်းပါတယ်။
- ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထည့်ရင် အရသာပိုပြည့်ဝမယ်!
**ကျေးဇူးတင်ပါတယ်

image

ထုက္ကန်သိမ်
.
.
.
၀၉၁၀၂၀၂၅
.
ဖိုတို - ရှစ်သောင်းဘုရားကြီးပေါ်မှ မြင်ကွင်း ၊ မြောက်ဦးမြို့ ။

image