Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စားရဖို့ မလွယ်တဲ့ဟင်း။ ညီမ တစ်ဦးလာပေးတဲ့ 💓သူ့ခြံကအော်ဂဲနစ်လေးတွေပါ။
ဖရုံကင်း၊အပွင့်အဖူးလေးတွေ ကြက်သွန်ဖြူ၊ဆားလေးနဲ့ပဲကြော်ထားတယ်။ လတ်ဆတ်လို့ တော်တော် ချိုတာပဲ။
အသီး၊အရွက်ဆို ကျမက ကြက်သားမှုန့်၊ဟင်းရွက်မှုန့်
မထည့်ဖြစ်တာများတယ်။အချိုမှုန့်က အရင်ကတည်းက မစားဘူး။ အသား၊ငါးတွေကျ သူ့အချိုဓာတ်လေး ပိုကြွအောင် ကြက်သားမှုန့်/ဟင်းရွက်မှုန့် အနည်းငယ် ထည့်သုံးပေမဲ့ အသီး၊အရွက်ကြော်ဆို မထည့်ဘူးကွယ်☺️🥗။
(အသီးအရွက်တွေက သူ့သဘာဝ အချိုတိုင်း စားနိုင်ရင်အကောင်းဆုံးအရသာပါပဲ၊ကြက်သားမှုန့်တို့ဘာညာထည့်ရင် သဘာဝ အချိုဓာတ်မရဝော့ာဘူးရယ်
Credit to owner
ကမ္ဘာ့ထိပ်တန်းချင်ပန်ဇီပညာရှင် ဂျိန်း ဂိုဒေါလ် ကွယ်လွန်
ချင်ပန်ဇီတွေအကြောင်း ကျွမ်းကျင်တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင် ဂျိန် ဂိုဒေါလ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ အောက်တိုဘာ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။
သူ တည်ထောင်ထားတဲ့ The Jane Goodall Institute က "အောက်တိုဘာ ၁ ရက်နေ့ မနက်ခင်းမှာ Jane Goodall Institue ရဲ့တည်ထောင်သူ၊ UN Messenger of Peace ဒေါက်တာ ဂျိန်း ဂိုဒေါလ်က သဘာဝအကြောင်းတရားကြောင့် ကွယ်လွန်သွားခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ ဂျိန်းက ဟောပြောရေးခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေခဲ့တာပါ" လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဂျိန်းက ချင်ပန်ဇီတွေဟာ ပရိုင်းမိတ်လေ့လာတဲ့နယ်ပယ်ကို လုံးဝပြောင်းလဲသွားစေမယ့် ကိရိယာတွေကို ပြုလုပ်နိုင်၊ အသုံးပြုနိုင်တယ်ဆိုတာကို ၁၉၆၀ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တာပါ။ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ သူက ၁၉၅၇ ခုနှစ်မှာ ကင်ညာကို သွားခဲ့ပြီး မနုဿဗေဒပညာရှင် Louis S.B Leakey နဲ့ စပြီး အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ တောရိုင်းချင်ပန်ဇီတွေရဲ့ကမ္ဘာကို စူးစမ်းလေ့လာဖို့ ပထမဆုံးအကြိမ် တန်ဇန်းနီးယားကို သွားလည်တော့ သူ့အသက်က ၂၆ နှစ်ပါ။ ၁၉၆၀ ခုနှစ်မှာ တန်ဇန်းနီးယားမှာ တိရစ္ဆာန်တွေအကြောင်းလေ့လာခဲ့ပါတယ်။ ဒါက သူ့ကို သိပ္ပံဂျာနယ်တွေထုတ်ဝေဖို့ ဖြစ်စေခဲ့ပါတယ်။
သူက ၁၉၇၇ ခုနှစ်မှာ မျောက်ဝံကြီးတွေကို သုတေသနပြုရာမှာ အထောက်အပံ့ပေးဖို့ Jane Goodall Institute ကို တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာ အခြားပရောဂျက်များစွာထဲကမှ လူငယ်အစီအစဉ်တစ်ခုဖြစ်တဲ့ Roots and Shoots ကို လုပ်ဖြစ်ခဲ့ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ တိရစ္ဆာန်အမူအကျင့်တွေအကြောင်း ကမ္ဘာ့တစ်ဝှမ်းမှာ ဟောပြောဖြစ်ခဲ့ပါတယ်။ သူ မသေဆုံးခင် အောက်တိုဘာ ၃ ရက်နေ့ကျ လော့စ်အိန်ဂျလိစ်မှာ ဟောပြောဖို့ စီစဉ်ထားခဲ့တာပါ။
ဂျိန်းရဲ့ပရောဂျက်လက်ရာတွေက မှတ်တမ်းရုပ်ရှင် ၄၀ ကျော်ကိုရိုက်ကူးစေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ မှတ်တမ်းရုပ်ရှင် Jane မှာ သူ့ရဲ့အကြောင်းကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းရုပ်ရှင်က Primetime Emmys ဆု ၁ ဆုနဲ့ အခြားဆုများစွာရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ရဲ့ “Jane Goodall: Reasons for Hope”မှတ်တမ်းရုပ်ရှင်မှာလည်း ဂျိန်းရဲ့သက်ရှိတွေနေထိုင်ရာပြန်လည်ထူထောင်ရေးပရောဂျက်တွေကို ပြသထားပါတယ်။
ကျန်တာအားလုံး ခွင့်လွှတ်လို့ရတယ်။
စိတ်ကိုတော့ အနာတရဖြစ်အောင် နာကျင်အောင် အားငယ်အောင်
နေရာမရှိဘူးလို့ ခံစားရအောင် မလုပ်နဲ့။
မရဘူး။
ကျွန်တော်က မောင်းထုတ်တာကို လုံးဝမကြိုက်ဘူး။
ခများတို့တစ်ဘဝလုံးကိုစောင့်တွန်းပြီး ထွက်သွားနိုင်တဲ့သတ္တိမျိုး ကျွန်တော့်မှာ အမြဲတမ်းရှိခဲ့တယ်။
ဒါ မာန မဟုတ်ဘူး
ကြောက်တာ။
-အလ်နီလွန်း
House – Home = အိမ်
Job – Occupation = အလုပ်
Friend – Companion =သူငယ်ချင်း
Student – Learner = ကျောင်းသူ/ကျောင်းသား
Teacher – Instructor = ဆရာ/ဆရာမ
Child – Kid = ကလေး
Country – Nation = နိုင်ငံ
Place – Location =နေရာ
Car – Automobile = ကား
Story – Tale = ပုံပြင်
Idea – Thought = အတွေး
Goal – Aim = ရည်မှန်းချက်
Problem – Issue = ပြဿနာ
Answer – Response = အဖြေ
Question – Inquiry =မေးခွန်း
Happiness – Joy =ပျော်ရွှင်မှု
Anger – Rage =စိတ်ဆိုးမှု
Love – Affection = အချစ်
Power – Strength =စွမ်းအား
Leader – Chief =ခေါင်းဆောင်
Parent – Guardian = မိဘ
Money – Cash = ငွေ
Food – Meal = အစားအစာ
Drink – Beverage =သောက်စရာ
Music – Song =တေးဂီတ
Language – Tongue = ဘာသာစကား
War – Conflict = စစ်
Peace – Harmony = ငြိမ်းချမ်းရေး
Health – Wellness = ကျန်းမာရေး
School – Academy = ကျောင်း
Knowledge – Wisdom = ဉာဏ်ပညာ
Skill – Ability = ကျွမ်းကျင်မှု
Time – Period = အချိန်
Road – Street = လမ်း
Victory – Triumph = အောင်မြင်မှု
Failure – Defeat = အရှုံး
Hope – Expectation = မျှော်လင့်ချက်
Fear – Fright = ကြောက်ရွံ့ခြင်း
Truth – Reality = အမှန်တရား
Lie – Falsehood = မုသား
Freedom – Liberty = လွတ်လပ်မှု
Rule – Regulation = စည်းမျဉ်းစည်းကမ်း
USB stick ကို format ချ နည်း
======================
USB Stick ကို Format ချနည်း (Windows)
1. USB stick ကို computer မှာ တပ်ပါ။
2. "This PC" (သို့မဟုတ် "My Computer" ကို ဖွင့်ပါ။
3. USB drive ကို Right-click လုပ်ပါ။
4. "Format…" ကိုနှိပ်ပါ။
5. File System ကိုရွေးပါ –
FAT32 – အသေးစား file တွေအတွက် (4GB ထက်မကြီးသင့်)
exFAT – FAT32 ကနည်းတဲ့ကန့်သတ်ချက်မရှိ
NTFS – Windows အတွက်အထူးသင့်တော် (USB ကို computer သာမက TV မှာလည်းဖတ်လို့ရမယ်ဆိုရင် exFAT သင့်တော်တယ်)
6. "Quick Format" ကိုအမှန်ခြစ်ထားပြီး "Start" ကို နှိပ်ပါ။
7. Warning: Format လုပ်ပြီးရင် USB ထဲရှိဖိုင်အားလုံး ဖျက်သွားမယ်။
လုပ်ပြီးရင် အသစ်တစ်လုံးလို သုံးလို့ရပါပြီ။
Desa Bal မှာပြန်လည်မျှဝေသည်