၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ
ကျပ် ဘီလီယံ ၁၁၆၃ ဒသမ ၀၁၅ ရှိ
#သတင်းဟင်းလေးအိုးကြီး

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ
ကျပ် ဘီလီယံ ၁၁၆၃ ဒသမ ၀၁၅ ရှိ
#သတင်းဟင်းလေးအိုးကြီး

တက်ရောက်လိုသူများအတွက်
ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်း
ရက်တိုသင်တန်း ခေါ်စာ
#govjob
လူငယ်ကစားသမားတွေကို ဖုန်းအသုံးပြုမှုကန့်သတ်ဖို့ မစ်ခီတာရန် အကြံပေး
အောက်တိုဘာ ၁၁
အင်တာမီလန်အသင်းကွင်းလယ်လူမစ်ခီတာရန်က အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေအနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိနိုင်တဲ့အတွက် ဖုန်းအသုံးပြုမှုကို ကန့်သတ်ဖို့ အကြံပေးခဲ့ပါတယ်။
မစ်ခီတာရန်က “ဖုန်းကိုပဲ ကြည့်နေမယ်ဆိုရင် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အရာတွေကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော်ဟာ အဝတ်လဲခန်း ဒါမှမဟုတ် အားကစားခန်းမမှာ ဖုန်းအလွန်အကျွံသုံးတာကို မကြိုက်ပါဘူး။ ဒါက စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကွင်းထဲကို ရောက်ပြီဆိုရင်လည်း ခေါင်းကို ငုံ့ပြီး ဘောလုံးကိုသာ ကြည့်ကာ အသင်းဖော်တွေကို မတွေ့ရတော့ပါဘူး။ ဒါက ကလေးအများအပြားအတွက် ရောဂါတစ်ခုလိုဖြစ်နေပြီး ဘောလုံးကိုတောင် ကျော်သွားခဲ့တယ်”လို့ Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ မစ်ခီတာရန်ဟာ အင်တာမီလန်အသင်းနဲ့ စီးရီအေဖလား ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ်ရောက်ရှိခဲ့တာပါ။ အာမေးနီးယားကစားသမားဟာ အင်တာမီလန်အသင်းမှာ နည်းပြချီဗူး ယုံကြည်ရတဲ့ စီနီယာကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ လက်ရှိ အချိန်မှာ လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေချိန်မှာ မစ်ခီတာရန်က အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို အကြံပေးမှုတွေပြုလုပ်ခဲ့တာပါ။
မစ်ခီတာရန်ဟာ ကလပ်ရဲ့အဆောက်အဦအတွင်း ဖုန်းအသုံးပြုခြင်းရဲ့အန္တရာယ်တွေကို ပြောခဲ့သလို ကစား သမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်စေကြောင်းလည်း ပြောခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ ဒီရာသီအစကို နှေးကွေးစွာစတင်ခဲ့ပြီး ပထမ ၆ ပွဲမှာ ၂ ပွဲအထိ အရေးနိမ့်ထားတာပါ။ ဒါပေမယ့် အင်တာမီလန် အသင်းဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက နာပိုလီအသင်းနဲ့ ၃ မှတ်သာ ကွာဟပါတယ်။
မစ်ခီတာရန်က သူ့ရဲ့စိတ်ဓါတ်ပိုင်းနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို အသုံးပြုပြီး အင်တာမီလန်အသင်းကို ချန်ပီယံဆုပြိုင်ပွဲအတွက် လမ်းကြောင်းမှန်ပေါ်ရောက်ရှိအောင် ကူညီပေးဖို့ မျှော်လင့်နေပါတယ်။ အင်တာမီလန် အသင်းဟာ လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
#ဘောလုံးသတင်းစုံ
ရွေးကောက်ပွဲ လေ့လာသူတွေ စေလွှတ်ဖို့ အာဆီယံအဖွဲ့ ဆွေးနွေးဦးမယ်လို့ မလေးရှားပြော
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၁
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လေ့လာသူစေလွှတ်ဖို့ မြန်မာဘက်က ဖိတ်ကြားထားပေမယ့် အာဆီယံအနေနဲ့ ယခုလနှောင်းပိုင်းမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ဒီတောင်းဆိုချက်ကို ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ကြားချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို ပေးပို့ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ရွေးကောက်ပွဲ လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ကြားချက်ကို ရရှိခဲ့ပြီး ဖိတ်ခေါ်ချက်ကို မလေးရှား ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့ထားပါတယ်”လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မလေးရှားမှ လေ့လာသူအဖွဲ့တွေ စေလွှတ်မယ်လို့ သောကြာနေ့က မြန်မာ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပေမယ့် ဒီဖော်ပြချက်ကိုတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကိုးကားဖော်ပြတာမရှိပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်တို့ ကြာသပတေးနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးအပြီးမှာ အခုလို ကြေညာချက် ထွက်လာတာပါ။ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် ဖန်တီးထားတဲ့ ပါတီတွေနဲ့အတူ ကျင်းပမှာကြောင့် အတုအယောင်အဖြစ် ဝေဖန်သူတွေနဲ့ အနောက်နိုင်ငံ တော်တော်များများက ရှုမြင်ကြပါတယ်။
မြန်မာအာဏာပိုင်တွေဟာ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုကာ ၂၀၂၂ ခုနှစ်ကစပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ထားပါတယ်။
မလေးရှားဟာ ယခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးအပြီးမှာတော့ မြန်မာ့ရွေးကောက်ပွဲကို အဓိကအဖြစ် မရှုမြင်သင့်ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေးကိုသာ အဓိကအားထုတ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန်က တိုက်တွန်းခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီဇင်ဘာလမှာ ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲဝင်ဖို့အတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၇ ပါတီ ရှိပြီး ခြောက်ပါတီကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။
Ref:CNA
Phtoto:Reuters
Credit - Voice of Myanmar
#သတင်းဟင်းလေးအိုးကြီး
ကိုးကန့် ဝေမိသားစု မှ ဝေစန် နှင့် အခြား အဓိက ပါဝင်ပတ်သက်သူများကို ချွမ်းကျိုးမြို့တရားရုံးတွင် တရားစွဲဆို
အောက်တိုဘာ ၁၁
ကိုးကန့် ဝေမိသားစု မှ ဝေစန် နှင့် အခြား အဓိက ပါဝင်ပတ်သက်သူများကို ချွမ်းကျိုးမြို့တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း တရုတ်နိုင်ငံ၏ တရားရေးဌာနက ထုတ်ပြန်ထားသောအချက်အလက်များအရ သိရသည်။
မကြာမီက တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ချွမ်းကျိုးမြို့တရားရုံးက စစ်ဆေးသုံးသပ်မှုများ ပြုလုပ်ပြီးနောက် ထိုသို့ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် အခြေစိုက်ကာ လက်နက်ကိုင်အင်အားဖြင့် တရုတ်နိုင်ငံသားများအား တယ်လီကွန်မြူနီကေးရှင် အသုံးပြုလိမ်လည်မှု အပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ဝေဟွိုင်ရင် (ခေါ်) ဝေစန် နှင့် အခြားသော အဓိက ပါဝင်ပတ်သက်သူများ အား ချွမ်းကျိုးတရားရုံးတွင် တရားစွဲဆိုလိုက်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့ကို တရားစွဲဆိုရာတွင် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ခြိမ်းခြောက် ငွေညှစ်မှု စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw
လျှပ်စစ်မီးပြတ်တောက်ကာ တစ်ကွင်းလုံး အမှောင်အတိ ဖြစ်သွားပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ရပ်ဆိုင်းခဲ့ရ
=======================
နီကာရာဂူးနှင့် ဟေတီတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပွဲကို ရပ်ဆိုင်းမှု ပြုလုပ်ခဲ့ရပါတယ်။
ယင်းပွဲတွင် ဟေတီက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ကွန်ကာကပ်ဖ်ဇုန်အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး အခြေအနေကောင်းနေပါတယ်။
ဒါပေမယ့် ယင်းကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ကွင်းအတွင်းရှိ လျှပ်စစ်မီးအားလုံး ပြတ်တောက်မှုပြီး တစ်ကွင်းလုံးအမှောင်အတိ ဖုံးလွှမ်းသွားမှုနှင့်အတူ ပွဲကို ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
ကြာသပတေးနေ့ ညနေခင်းတုန်းက Estadio Nacional de Futbal မှာ အကြီးအကျယ် မိုးရွာသွန်းနေခဲ့တာ ဖြစ်ပါတယ်။
ယင်းသို့ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လျှပ်စစ်မီးယာယီပြတ်တောက်မှု ဖြစ်ခဲ့တာပါ။
ဟေတီတို့ ၁-၀ ဂိုးဖြင့် ဦးဆောင်နေချိန် ပွဲချိန် ၂၈ မိနစ်မှာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ခဲ့တာ ဖြစ်ပြီး ပွဲကို ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
ကွင်းတာဝန်ရှိသူများက လျှပ်စစ်မီး ပြန်လည် ရရှိရေး ကြိုးပမ်းနေချိန်တွင် ပရိသတ်များက ပွဲကြည့်စင်တွင် ကိုယ့်ကိုယ်ကို ဖျော်ဖြေနေကြတာလည်း တွေ့ရပါတယ်။
ကွင်းတာဝန်ရှိသူများဟာ လျှပ်စစ်မီးပြန်လည် ရရှိလာအောင် ပြုလုပ်နိုင်ခဲ့ပြီးနောက် မီးပြန်ရရှိလာပြီး မိနစ်အနည်းငယ်အကြာမှာဘဲ ပွဲကို ပြန်လည်စတင်ခဲ့ပါတယ်။
ဟေတီဟာ ယင်းပွဲတွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ခြေစစ်ပွဲ ၃ ပွဲကစားပြီးချိန်တွင် ရမှတ် ၅ မှတ်ဖြင့် ရှုံးပွဲမရှိမှတ်တမ်းဖြင့် အုပ်စုကို ဦးဆောင်ထားနိုင်ပါတယ်။
နီကာရာဂူးကတော့ ရမှတ် တစ်မှတ်တည်းဖြင့် အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
အုပ်စုဗိုလ်ဖြစ်တဲ့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာမှာ ဖြစ်ပြီး ဒုတိယရရှိတဲ့အသင်းက ပလေးအော့ဖ်မှ တဆင့် ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းရပါမယ်။
#ဘောလုံးသတင်းစုံ
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးငယ် ၉၀၀ ကျော် တရားမ၀င် ပညာသင်ကြားနေသည့် နေရာနှစ်ခု စီးနင်းဖမ်းဆီးခံရ
အောက်တိုဘာ ၁၁
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်တွင် ထိုင်းအာဏာပိုင်များက တရားမဝင်ကျောင်းနှစ်ကျောင်းကို စီးနင်းဝင်ရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိသော အရည်အချင်းမပြည့်မီသည့် ဝန်ထမ်းများက ရွှေ့ပြောင်းမြန်မာလုပ်သားများ၏ ကလေးငယ် ရာပေါင်းများစွာကို ပညာသင်ကြားပေးနေသည်ကို တွေ့ရှိခဲ့ရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက် ကြာသပတေးနေ့တွင် စမွတ်စခွန်ခရိုင်ရှိ တရားမဝင်ကျောင်းနှစ်ကျောင်းကို အကြီးစား စစ်ဆေးမှုပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းကျောင်းသား ၉၀၀ ကျော်နှင့် ခွင့်ပြုချက်မရှိသော ဆရာ/ဆရာမ ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါစစ်ဆင်ရေးသည် ခရသုန်ဘမ်ခရိုင်ရှိ အဆောက်အအုံနှစ်ခုကို ပစ်မှတ်ထားခဲ့ပြီး သာမိုင်းရပ်ကွက်ရှိ သုံးထပ်အဆောက်အအုံတစ်ခုလည်း ပါဝင်သည်။ ယခင်ကလည်း စစ်ဆေးဖမ်းဆီးပြီးနောက် လိုင်စင်ကို ရုပ်သိမ်းထားသော်လည်း အဆိုပါကျောင်းသည် ရွှေ့ပြောင်းကလေးငယ်များကို စာသင်ကြားပေးခြင်းနှင့် သင့်လျော်သော အသိအမှတ်ပြုလက်မှတ် မရှိသော ဝန်ထမ်း ၂၇ ဦးကို ခန့်အပ်ခြင်းတို့ဖြင့် ဆက်လက်လည်ပတ်နေခဲ့သည်။
အဆိုပါနေရာ၏ နောက်ကွယ်မှ ထိုင်းနိုင်ငံသားပိုင်ရှင်သည် ယင်းနေရာကို လိုင်စင်ရ လူငယ်စခန်းအဖြစ် လုပ်ကိုင်နေသည်ဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း အာဏာပိုင်များက ယင်းပြောဆိုမှုကို ချက်ချင်းပယ်ချခဲ့ပြီး အဆိုပါနေရာသည် မည်သည့် ပညာရေး သို့မဟုတ် လူငယ်နှင့်သက်ဆိုင်သော လုပ်ငန်းများအတွက်မျှ မှတ်ပုံတင်ထားခြင်းမရှိကြောင်း အတည်ပြုခဲ့သည်။
ပိုဆိုးသည်မှာ၊ ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်ဟု ယူဆရသော ဝန်ထမ်း ၂၇ ဦးစလုံးသည် အပြာရောင်ကော်လာ အလုပ်သမားခွင့်ပြုမိန့်များအောက်တွင် အလုပ်လုပ်နေခြင်းဖြစ်ပြီး ယင်းခွင့်ပြုမိန့်များသည် ထိုသူများကို ဆရာ/ဆရာမအဖြစ် အလုပ်လုပ်ခွင့်မပြုပေ။
ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ရဲမှူးကြီး ခေထရတ် ချန်ဆင်က ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်တွင် ကလေးငယ်များကို တရားဝင်နှင့် အသိအမှတ်ပြုထားသော ပညာရေးအဆောက်အအုံများသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် တရားမဝင်ကျောင်းများ ဖွင့်လှစ်လုပ်ကိုင်သူများကို တရားဥပဒေအရ အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“အာဏာပိုင်တွေက ကလေးသူငယ်အားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့နဲ့ လူတိုင်းအတွက် လုံခြုံပြီး တရားဝင်တဲ့ ပညာရေးကို အာမခံနိုင်ဖို့ ကတိပြုပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၂၁-၂၀၂၂ ခန့်မှန်းချက်များအရ စမူစခွန်သည် ရွှေ့ပြောင်းအလုပ်သမား ၆၆၀,၀၀၀ ခန့်၏ နေရပ်ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းနီးပါးသည် တရားဝင်စာရွက်စာတမ်းမရှိသူများဖြစ်သည်ဟု ယူဆရသည်။ ယင်းပမာဏ၏ ၄၀၀,၀၀၀ ခန့်သည် မြန်မာနိုင်ငံမှ လာရောက်သူများဖြစ်ကြောင်း သိရသည်။ အဆိုပါခရိုင်သည် ပင်လယ်စာပြုပြင်ထုတ်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အဓိကဗဟိုချက်အဖြစ် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သည်။
အာဏာပိုင်များသည် ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေးကို ထိန်းညှိရန်နှင့် ကလေးသူငယ်များနှင့် အလုပ်သမားများ နှစ်ဦးစလုံးကို ခေါင်းပုံဖြတ်သည့် တရားမဝင် လုပ်ငန်းများကို နှိမ်နင်းရန် ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ရန်ဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) က သတင်းထုတ်ပြန်ခဲ့သည်။
Ref, The Thaiger
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး



ပဋိပက္ခအကျိုးဆက်အဖြစ် ခူမီးလူမျိုး (၅ဝဝဝ)ကျော် ပြည်ပတွင် အခက်အခဲကြုံနေ
အောက်တိုဘာ ၁၁
ပဋိပက္ခအကျိုးဆက်အဖြစ် ခူမီးလူမျိုး (၅ဝဝဝ)ကျော် ပြည်ပတွင် အခက်အခဲကြုံနေကြောင်း ခူမီးလူမျိုးများ အကြောင်းသိရှိသူတစ်ဦးက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝဒေသရှိ ခူမီးတိုင်းရင်းသားများအနေဖြင့် ဒေသတွင်းပဋိပက္ခများကြောင့် မလေးရှားနိုင်ငံ အပါအဝင် ဂျပန်နိုင်ငံ၊ ကိုးရီးယားနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသ သွားရောက် အလုပ်လုပ်ကိုင်မှု များရှိနေရာ ခူမီးတိုင်းရင်းသား (၅ဝဝဝ) ထက်မနည်း ပြည်ပတွင်ရောက်ရှိနေပြီး အခက်အခဲကြုံတွေ့နေရခြင်းဖြစ် ကြောင်းလည်း သိရသည်။
“ခူမီးတွေ (၉)တန်း၊ (၁၀) တန်းသမားတွေ အများကြီး။ အလုပ်တွေကလည်း မရှိဘူး။ ပွဲစားတွေက မြောက်ပိုင်း အဖွဲ့က မင်းတို့မလေးကိုသွား။ အလုပ်ရမယ် ဘာညာ။ နှမ်းတွေ ရောင်းရင် သိန်း (၂၀)၊ (၃၀)။ သိန်း (၅၀)၊ (၁၀၀) ပေးရမယ် ဆိုပြီး မိဘတွေက ပေးလိုက်တယ်။ မလေးကို ရောက်သွားတယ်။ အလုပ်မရဘူး။ အခု မလေးမှာ ပလက်ဝမြို့နယ်က ခူမီးလူမျိုးတွေ အယောက် (၅၀၀၀)လောက်ရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့က အလုပ် မရဘူး” ဟု ခူမီးလူမျိုးများအကြောင်း သိရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်နေသူများ နှင့် ဒုက္ခသည်များမှလွဲ၍ ဖမ်းဆီးမှုများပြုလုပ်နေရာ တရားမဝင်ရောက်ရှိနေသည့် မြန်မာလုပ်သားများအနေဖြင့် နေ့စဉ် စိုးရိမ်စိတ်ဖြင့် အလုပ်လုပ်ကိုင်နေရကြောင်းလည်း သိရသည်။
“အလုပ်မရရင် တတိယနိုင်ငံပို့မယ်ဆိုပြီး လုပ်နေတာတွေ ရှိတယ်။ အမေရိကားရောက်ရင် ကြီးပွားမယ်တို့ ဘာတို့နဲ့ အဲဒီလိုနဲ့ အမေရိကားကို ပို့တဲ့လူရှိတယ်။ ဂျပန်ကိုရောက်တဲ့လူရှိတယ်။ ကိုရီးယားကို ရောက်တဲ့လူတွေရှိတယ်။ ဒူဘိုင်းကိုရောက်တဲ့ လူရှိတယ်။ အကုန်လုံးပဲ ။ အရှေ့အလယ်ပိုင်းတွေ ရောက်တာ ရှိတယ်။ သူများဆီသွားပြီး စစ်ဘေး ဒုက္ခသည်နဲ့နေတာဆိုတော့ ပိုက်ဆံ မပို့နိုင်ဘူး။ ပထမတော့ပို့နိုင်တယ်။ အခုနောက်ပိုင်း မပို့နိုင်တော့ဘူး။ မိဘတွေက ပထမပိုင်းတော့ ဝမ်းသာတယ်။ နောက်ပိုင်းတော့ သူတို့သားသမီးတွေက ဗမာပြည်ကိုလည်း ပြန်ဝင်လို့မရတော့ဘူး။ ဟိုမှာ အဲဒီလိုဖြစ်နေတာ အယောက် (၅၀၀၀)လောက်ရှိတယ်။ ဟိုမှာ အချင်းချင်း အိမ်ထောင်တွေကျလို့ ကလေးတွေ ဘာတွေရ တော်တော်ဒုက္ခရောက်နေကြတာရှိတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
တရားမဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးအများစုသည် ဒုက္ခသည်အဖြစ် လျှောက်ထားမှု များ ပိုများလာသော်လည်း ရရှိသူ နည်းပါးကြောင်း သိရသည်။
မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီး၍ မိခင်နိုင်ငံများသို့ပြန်လည်ပို့ဆောင်မှုများဆောင်ရွက်နေရာ သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများကို ဖမ်းဆီး ထိန်းသိမ်းပြီး ပြန်လည်လွှဲပြောင်း ပေးထားကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw