Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🎬 Raya 2
The Last Dragon War (2025)
Raya 2 – The Last Dragon War is the highly anticipated sequel to Disney’s 2021 animated hit Raya and the Last Dragon, directed by Carlos López Estrada and Don Hall. The film continues the epic story of Raya (voiced by Kelly Marie Tran), the fearless warrior princess of the kingdom of Heart, who previously saved her land from the ancient evil forces known as the Druun. But the peace and unity she fought for are once again threatened, as a new and greater danger looms over the world.
Set several years after the events of the first film, Raya 2 opens with the discovery of a long-lost kingdom that holds the secret to an ancient and powerful force—the Last Dragon's Heartstone. This heartstone, said to be capable of controlling both life and death, could either be the key to eternal peace or the ultimate weapon for destruction. When a mysterious warlord named Karnak (voiced by Oscar Isaac) and his army of dark forces set their sights on the heartstone, the fragile alliance between the kingdoms of Heart, Fang, Tail, and Spine begins to unravel.
Raya, now a seasoned warrior, embarks on a dangerous mission to stop Karnak and prevent the Last Dragon Heartstone from falling into the wrong hands. She is joined by her loyal companions—Sisu (voiced by Awkwafina), the last surviving dragon, and Boun (voiced by Izaac Wang), the resourceful boatman—and new allies who have their own reasons for fighting. Along the way, Raya must confront her deepest fears and doubts, especially regarding trust and unity, as she learns that true power lies not in ancient magic, but in the bonds she shares with others.
As the stakes grow higher and the battles become more intense, Raya 2 explores themes of leadership, sacrifice, and the complexities of rebuilding a fractured world. With stunning animation, breathtaking action sequences, and deep emotional storytelling, the film promises to deliver a powerful continuation of Raya's journey, as she faces the ultimate challenge: to unite the world against an enemy that threatens to destroy everything she has worked for.
The film also delves into the rich lore of the world of Kumandra, offering new characters, mystical creatures, and exciting realms to explore. Karnak is a formidable villain, whose own tragic backstory and lust for power add layers to the conflict, raising the stakes for both Raya and the audience. Raya 2 – The Last Dragon War is poised to be an epic adventure that will captivate fans of the first film while offering an even more thrilling and emotional experience.
လေဖိအားနည်းဆဲလ် အခြေအနေသတင်း အမှတ်စဉ်(၁၀/၂၀၂၅)
=====================================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
----------------------------------------------------------------------------
(၁) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကုန်းတွင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းတွင် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။
(၂) ယခုသတင်းသည် တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။
The Kiru (2025)
Honor. Vengeance. Redemption. The Kiru (2025) brings Tom Cruise into feudal Japan for a sweeping tale of loss and fury. Playing a seasoned samurai shattered by tragedy, Cruise embodies a warrior whose family has been slaughtered by a rival clan, leaving him to walk a path lit only by vengeance.
But revenge is not the only fire burning within him. Torn between duty to his fallen kin and the deeper code of the samurai, his journey becomes as much about redemption as it is about blood. With breathtaking battle choreography, stunning landscapes, and raw emotion, The Kiru is both intimate and epic.
This isn’t just a story of swords and steel — it’s a story of spirit, scars, and the cost of honor.
ဆောက်သမ်တန်နှင့်ပွဲစဉ်မှ အနီကတ်အတွက် အီကီတီကီအား ၂ ပတ်စာ လုပ်ခ ဒဏ်ရိုက်လာမဲ့ အန်းဆလော့
စက်တင်ဘာ ၂၆
လီဗာပူးနည်းပြအန်းဆလော့ဟာ ဆောက်သမ်တန်အား ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အနီကတ်အတွက် တိုက်စစ်မှူးဟူဂိုအီကီတီကီကို နှစ်ပတ်စာ လုပ်ခ ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ယင်းပွဲစဉ်တွင် ပြင်သစ်တိုက်စစ်မှူးဟာ လူစားဝင်ရောက်လာပြီးနောက် ချီယေဆာရဲ့ အပိုင်ချပေးမှုမှ တဆင့် လီဗာပူးအတွက် အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။
အီကီတီကီဟာ အနိုင်ဂိုး သွင်းယူပြီးနောက် အင်္ကျီချွတ်ကာ အကြီးအကျယ် အောင်ပွဲခံခဲ့ပြီးနောက် ဒုတိယမြောက် အဝါကတ်ပြသခြင်းခံခဲ့ရကာ အထုတ်ခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ ဒုတိယပိုင်းတွင် အလက်ဇန္ဒားအီဆက်ခ်အစား လူစားဝင်ရောက်လာပြီးနောက် ၈ မိနစ်အကြာတွင် ဘောလုံးအား အဝေးသို့ လွှင့်ပစ်မှုအတွက် ပထမ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ယင်းနောက် သူဟာ ပွဲချိန် ၈၅ မိနစ်တွင် ချီယေဆာက တကိုယ်ကောင်းမဆန်ဘဲ အပိုင်ဖန်တီးပေးမှုမှ တဆင့် အသာအယာအပိုင်ပိတ်ကာ ၂-၁ ဖြစ်စေမဲ့ အနိုင်ဂိုးကို သွင်းခဲ့ပါတယ်။
အီကီတီကီဟာ ပြိုင်ဘက်ကစားသမားများကို ခက်ခက်ခဲခဲ ကျော်ဖြတ်ကာ ဂိုးသွင်းယူခြင်း မဟုတ်ဘဲ ချီယေဆာရဲ့အားထုတ်မှုမှ တဆင့် အသာအယာ ပိတ်ကာ ဂိုးသွင်းနိုင်မှုအား အကြီးအကျယ် အောင်ပွဲခံမှုနှင့်အတူ အန်းဆလော့ရဲ့ အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးတွင် အန်းဆလော့က မိုက်မဲတဲ့ လုပ်ရပ်ဆိုပြီး အီကီတီကီအား အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။
အရပ် ၆ ပေ၊ ၃ လက်မရှိ အီကီတီကီဟာ ပွဲအပြီးတွင် ယင်းအနီကတ်အတွက် အားလုံးကို တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အန်းဆလော့ဟာ မလိုလားအပ်ဘဲ အနီကတ်ပြသခံခဲ့ရတဲ့ အီကီတီကီအား နှစ်ပတ်စာ လုပ်ခ ဒဏ်ရိုက်လာတော့မှာ ဖြစ်ပါတယ်။
Daily Mail ရဲ့ဖော်ပြလာမှုအရ လီဗာပူးတွင် တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ရရှိနေတဲ့ အီကီတီကီဟာ နှစ်ပတ်စာ လုပ်ခ ဒဏ်ရိုက်ခံရမှုနှင့်အတူ ပေါင် ၅၀၀၀၀၀ ဒဏ်ကြေးပေးဆောင်လာရမှာ ဖြစ်ကြောင်း သိရပါတယ်။
အီကီတီကီဟာ နွေရာသီတွင် ဖရန့်ဖတ်မှ ပေါင် ၆၉ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူအးတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၅ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ဆောက်သမ်တန်နှင့်ပွဲစဉ်မှ အနီကတ်ကြောင့် စနေနေ့ည ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်ကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ
မလေးရှားမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပါအဝင် တရားမဝင်ရွှေ့ ပြောင်းလုပ်သား ၆၅၀ ကျော် ထိန်းသိမ်းခံခဲ့ရ
စက်တင်ဘာ ၂၆
မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည် နယ်၊ကလန်း Pulau Indah ကအော် ပရာစီဖမ်းဆီးမှုအတွင်းနိုင်ငံစုံကတရားမဝင်ရွှေ့ပြောင်းလုပ်သား ၆၆၂ ယောက်ထိန်းသိမ်းခံခဲ့ရပြီး အဲဒီအထဲမှာမြန်မာရွှေ့ပြောင်းလုပ် သားတွေလည်းပါဝင်ခဲ့တယ်လို့မလေးရောက်မြန်မာအသိုင်းအဝိုင်းတွေထံကနေ သိရပါတယ်။
ယခုတရားမဝင်ရွှေ့ပြောင်လုပ်သားဖမ်းဆီးမှုကိုတိုင်တန်းမှုတခုကြောင့်မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနနဲ့မလေးအာဏာပိုင်တွေကဦးဆောင်ပြီးတော့ယခုစက်တင်ဘာလ ၂၅ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
"ထွက်ပြေးဖို့ကြိုးစားရင်တောင်မလွတ်နိုင်ဘူးဗျာ့။မနေ့က Pulau Indah အော်ပရာစီမှာဆိုရင်သူတို့က ဒရုန်းတွေနဲ့ကြည့်ပြီးဝင်ရောက်ဖမ်း ဆီးသွားတာပါ"လို့ မလေးရောက် မြန်မာနိုင်ငံသားတယောက်ကပြောပြပါတယ်။
မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ် ရေးဌာနနဲ့ မလေးအာဏာပိုင်တွေဟာတရားမဝင်ရွှေ့ပြောင်းလုပ်သားတွေအများဆုံးနေထိုင်ရာရပ်ကွက်တွေနဲ့ အလုပ်လုပ်ကိုင်ရာနေရာတွေကိုအဓိကပစ်မှတ်ထားပြီးဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းမလေးရောက်မြန်မာရွှေ့ ပြောင်းလုပ်သားတွေကပြောပါတယ်။
ယခုအော်ပရာစီဖမ်းဆီးမှုအတွင်းမှာမြန်မာရွှေ့ပြောင်းလုပ်သားအများစုအပါအဝင်အခြားသောနိုင်ငံကရွှေ့ ပြောင်းလုပ်သားတွေအများစုပါဝင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းသတင်းအချက်အလက်တွေအရ ဖမ်းဆီးမှုအတွင်းမှာရွှေ့ပြောင်းလုပ်သားစုစု ပေါင်း ၁၁၃၂ ယောက်ကိုစစ်ဆေးခဲ့ပြီးတဲ့နောက် ၆၆၂ ယောက်ကိုဖမ်း ဆီးခဲ့တာဖြစ်တယ်လို့မလေးရှားလူဝင်မှုကြီး ကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၄၅ ယောက်၊မြန်မာနိုင်ငံသား ၃၆ ယောက်၊ပါကစ္စတန်နိုင်ငံသား ၃၅ ယောက်အပါဝင်နီပေါနိုင်ငံသား ၂၄ ယောက်နဲ့အိန္ဒိယနိုင်ငံသား ၁ဝ ယောက်တို့ပါဝင်တယ်လို့ သိရပါတယ်။
ဒါအပြင်စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန(JIM)က Puchong၊ Selangor နဲ့ Kuala Lumpur ရှိ အနှိပ်ဆိုင်ခန်းတွေကိုဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစီနင်းမှုအတွင်းမှာမြန်မာအမျိုးသမီး ၅ ယောက်အပါအဝင် အနှိပ်ခန်းအလုပ်သမား ၂၈ ယောက်ကိုမလေးလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထားခဲ့တယ်လို့မလေးရောက်မြန်မာရွှေ့ပြောင်းအလုပ် သမားအရေးကိုကူညီဆောင်ရွက်သူတွေကပြောပါတယ်။
မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲဖြစ်သူကတော့နိုင်ငံခြားသားတွေကိုအချိန်ပိုနေ ထိုင်ခွင့်နဲ့ တရားမ၀င်အလုပ်လုပ်ခွင့်မပြုဘူးလို့ပြောကြားထားကြောင်းဒေသတွင်းသတင်းတွေကဖော်ပြထားကြပါတယ်။
မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ဟာတရားမဝင်ရွှေ့ပြောင်းလုပ်သားတွေအများဆုံးနေထိုင်အလုပ်လုပ် ကိုင်ကြတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။
"သူတို့ကအထောက်အထားမဲ့နေတဲ့သူတွေကိုပိုဖမ်းတယ်။ဒါပေမဲ့တခါတလေအထောက်အထားရှိပေမယ့်လည်းဖမ်းချင်ဖမ်းသွားတယ်။အသွားအလာအနေအထိုင်တွေကအစအစစအရာရာဂရုစိုက်ပြီးတော့ပဲနေကြရပါတယ်"လို့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတယောက်က VOM ကိုပြောပါတယ်။
ဒါအပြင်လက်ရှိမှာလည်းမလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံကိုတရားမဝင် လမ်းကြောင်းကနေမြန်မာရွှေ့ ပြောင်းလုပ်သားတွေအများအပြားဝင်ရောက်နေကြတယ်လို့လည်းရွှေ့ပြောင်းအလုပ်သမားအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။
"မလေးအရောက်စက်ရုံအလုပ် အကိုင်အပြီးအစီးကိုသိန်း ၆ဝ၊သိန်း ၇ဝ ပေးရမယ်ပြောတယ်။အလုပ်ပါပေးမယ်၊ရှာပေးမယ်ပေါ့။သွားရတာကတော့နယ်စပ်ကနေအောက်လမ်းကပဲသွားရမယ်လို့ပြောတယ်။အဲဒီလိုပုံစံနဲ့သွားနေကြတဲ့သူတွေလည်းရှိပါတယ်"လို့ ရွှေ့ပြောင်းလုပ်သားအသိုင်းအဝိုင်းနဲ့ နီးစပ်သူ
တယောက်က ပြောပါတယ်။
ဒါအပြင်ယခုကာလအပိုင်း အခြားအတွင်းမှာမလေးရှားနဲ့ ထိုင်းနိုင်ငံအတွင်းမှာအဖမ်းအဆီးတွေများပြားနေတဲ့အတွက်ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့တရားမဝင် လမ်းကြောင်းကနေလာရောက်ခြင်းမပြုဖို့ကိုလည်းရွှေ့ပြောင်းအလုပ် သမားအရေးကူညီဆောင်ရွက်သူတွေကသတိပေးမေတ္တာရပ်ခံထားပါတယ်။
"သူများနိုင်ငံတွေက Passport PJ /PV တွေဘာမှမဖြစ်ဘူး။ကိုယ်နိုင်ငံက PJ တွေကို တရားဝင်ခေါ်စာရလို့ အလုပ်နဲ့တောင်ထွက်ဖို့ခက်နေတာ အလည်ဆိုပိုဝေးပါတယ်။Visa Free ရရင်တောင်သွားမရပါဘူး"လို့ မြန်မာနိုင်ငံသားတယောက်ကသူရဲ့အမြင်ကိုထပ်လောင်းမှတ်ချက်ပြုခဲ့ပါတယ်။
Photo - CJ
ပုံစာ - မလေးရှားအော်ပရာစီဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းလုပ်သားများ။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
❝မဲဆောက်မှာ စက်ရုံတစ်ခုအတွင်း တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာ ၈ ဦး အဖမ်းခံရ❞
စက်တင်ဘာ ၂၆
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် ဖရထပ်ဖာဒဲင်ကျေးရွာက ကလေးကစားစရာထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈ ဦး စက်တင်ဘာလ ၂၄ ရက်၊ မနက်ပိုင်းက အဖမ်းခံလိုက်ရတယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
အဲဒီစက်ရုံကို လူဝင်မှုကြီးကြပ်ရေးနှင့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးတဲ့အခါ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားလုပ်ငန်းရှင် ၁ ဦးနဲ့ မြန်မာအလုပ်သမား ၇ ဦး စုစုပေါင်း ၈ ဦးတို့ကို တွေ့ရှိခဲ့တာလို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ အဲဒီမြန်မာအလုပ်သမား ၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၅ ရက်နေ့မှာလည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းနိုင်ငံ၊ စရပူရီပြည်နယ်မှာ ကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ အဝေးပြေးလမ်းမရဲတပ်ဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw





ပန်းပင်၊ သီးပင်စားပင်၊ အပင်တွေအတွက် ကြက်ဥခွံအရည်ဖျော် စိုက်ပျိုးရေးမြေသြဇာပြုလုပ်နည်း (အလွယ်နည်း)
ကြက်ဥခွံအရည်ဖျော်၏ အကျိုးကျေးဇူးများ
* ကြက်ဥခွံတွေမှာ ကယ်လ်ဆီယမ် (CaCO₃) အများအပြား
ပါဝင်တာကြောင့် အပင်ရဲ့ ပင်စည်၊ အရွက်နဲ့ အမြစ်တွေ
ကို သန်မာစေတယ်။
* ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သခွားသီးတွေမှာ ကယ်လ်ဆီ
ယမ်ချို့တဲ့လို့ ဖြစ်တတ်တဲ့ အသီးပုပ်ရောဂါကို ကာကွယ်
ပေးတယ်။
* မြေဆီလွှာရဲ့ အက်စစ်ဓာတ်ကို အနည်းငယ်လျှော့ချပေး
ပြီး မြေကို ဖွံ့စေတယ်။
* အပင်တွေလိုအပ်တဲ့ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်နဲ့ ဆီလီကာ
တို့လို တခြားအာဟာရဓာတ်တွေလည်း ပါဝင်တယ်။
ကြက်ဥခွံအရည်ဖျော်နည်း (အိမ်တွင်းနည်း)
လိုအပ်တဲ့ ပစ္စည်းများ......
* ဆေးကြောပြီး နေလှန်းထားတဲ့ ကြက်ဥခွံ ၂၀-၃၀ လုံး
* ရေသန့် ၅ လီတာ
* ကြံသကာရည် ဒါမှမဟုတ် ထန်းလျက်မရှိရင် သကြားညို
လက်ဖက်ရည်ဇွန်း ၅ ဇွန်း (အချဉ်ဖောက်ဖို့နဲ့ အနံ့ဆိုးကို
လျှော့ချဖို့အတွက်)
* အဖုံးပါတဲ့ ပလတ်စတစ်ပုံး သို့မဟုတ် ပုလင်း
ပြုလုပ်ပုံအဆင့်ဆင့်.......
၁။ ကြက်ဥခွံတွေကို သန့်စင်အောင် ဆေးကြောပြီး နေပူလှန်းထားပါ။ (အနံ့နဲ့ ရောဂါပိုးတွေကို လျှော့ချပေးဖို့)
၂။ ကြိတ်ရလွယ်အောင် ကြက်ဥခွံတွေကို အကြမ်းဖျင်း ထောင်း (သို့) ကြိတ်ချေပါ။
၃။ ပုံးထဲကို ကြက်ဥခွံတွေထည့်ပြီး အချိုးအစားအတိုင်း ရေသန့်ထည့်ပါ။
၄။ ကြံသကာရည် (သို့) ထန်းလျက်ကို ထည့်ပြီး သမအောင် မွှေပေးပါ။
၅။ အဖုံးကို ခပ်ချောင်ချောင်လေးပိတ်ပြီး အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပါ။ (ဓာတ်ငွေ့တွေ ထွက်နိုင်ဖို့)
၆။ အနည်းဆုံး ၁၄-၂၁ ရက်လောက်ထားပြီးတဲ့အခါ အရည်ဖျော်ဟာ အဝါရောင်သန်းလာပြီး အနံ့အသက်ဆိုး မထွက်တော့ရင် သုံးလို့ရပါပြီ။
အသုံးပြုပုံ
* အဖတ်တွေ မပါအောင် အရည်ကို စစ်ယူပြီးမှ ရေနဲ့ရောပါ။
* ကြက်ဥခွံအရည်ဖျော် ၂-၃ ဇွန်းကို ရေ ၁ လီတာနဲ့ ရောပြီး
သုံးပါ။
* ၇-၁၀ ရက်ခြားတစ်ခါ အပင်ခြေရင်းကို လောင်းပေးပါ။
* ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပန်းအလှပင်နဲ့ အိုးစိုက်အပင်
တွေအတွက် အသုံးပြုနိုင်ပါတယ်။
သတိပြုရန်.....
အရမ်းအပြင်းစား မသုံးမိပါစေနဲ့။ မြေဆီလွှာကို အယ်လ်ကာလိုင်းဓာတ်လွန်ကဲစေပြီး အပင်အမြစ်တွေကို လောင်စေနိုင်ပါတယ်။
အချဉ်ဖောက်တဲ့အခါ ကြက်ဥခွံတွေက ခြောက်သွေ့သန့်ရှင်းနေမှသာ အနံ့ဆိုးထွက်တာနဲ့ မှိုတက်တာကို ကာကွယ်နိုင်မှာပါ။
အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်စုံစေဖို့ တခြားသော အချဉ်ဖောက်အရည်ဖျော်တွေ (ဥပမာ- သစ်သီးဖျော်၊ ငါးဖျော်) နဲ့လဲလှယ်ပြီး သုံးသင့်ပါတယ်။
ကတိတွေ၊သစ္စာတွေဆိုတာ
တစ်ဖက်သူ ယုံကြည်ပေးဖို့
တောင်းဆိုရတာမဟုတ်ဘူး။
ကိုယ့်ဘက်က တစ်ဖက်သူ ယုံဖို့
တည်အောင်၊ မချိုးဖောက်မိအောင်
ကြိုးစားပြရတာ။
လူတယောက် ကိုယ့်ကိုယုံကြည်ဖို့
တောင်းဆိုစရာမလ်ိုသလို
လိုက်ပြီးရှင်းပြနေဖို့လည်းမလိုဘူး။
ကိုယ့်ဘက်ကမှန်အောင်နေပြဖို့ပဲလိုတာ
ကိုယ့်ဘက်ကမှန်နေရင်
ဘယ်သူ့ရဲ့မယုံကြည်မှုကိုမှ
စိုးရိမ်စရာမလိုဘူး။
ပါးစပ်ကနေတဖွဖွပြောနေပြီး
နေချင်သလိုနေပြတာမဟုတ်ဘူး။
ကတိ၊ သစ္စာဆိုတာ
"သီလ" တစ်မျိုးပဲ။
အဲ့ဒီလို သီလလုံခဲ့စဉ်က
နွယ်၊ မြက်၊ သစ်ပင်တွေကအစ
ဆေးဘက်ဝင်တယ်။