Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နယ်သာလန်အတွက် ဂိုးသွင်းစံချိန်ဆက်ရေးထိုးလာတဲ့အပြင် ဖန်တီးမှုစံချိန်သစ်ပါ ရေးထိုးလာတဲ့ ဒီပေး
အောက်တိုဘာ ၁၃
မမ်ဖစ်ဒီပေးဟာ ဖင်လန်ကို အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းကာ နှစ်ကြိမ် ဖန်တီးမှု ပြုလုပ်ပြီးနောက် နယ်သာလန်ဂိုးသွင်းစံချိန်ဆက်လက်ရေးထိုးလာတဲ့အပြင် ဖန်တီးမှုအများဆုံးကစားသမားစံချိန်သစ်ကိုပါ ရေးထိုးလာပါတယ်။
အသက် ၃၁ နှစ်ရှိ ဒီပေးဟာ ပွဲအစ ၈ မိနစ်မှာ ဗီလာတိုက်စစ်သမားမာလန် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ဗန်ဒိုက် ဒုတိယဂိုး သွင်းနိုင်အောင်လည်း ဖရီးကစ်မှ တဆင့် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ယင်းဖန်တီးမှု ၂ ကြိမ်ကြောင့် ဖန်တီးမှု ၃၅ ကြိမ်အထိ ရှိလာကာ ဝက်စ်လေဆနိုက်ဒါရဲ့ စံချိန်ကို ၂ ကြိမ်အသာဖြင့် ကျော်ဖြတ်ပြီး စံချိန်သစ် ရေးထိုးလာပါတယ်။
ဒါ့အပြင် သူဟာ ၃၈ မိနစ်တွင် ရရှိတဲ့ ပင်နယ်တီကိုလည်း သွင်းယူကာ ဂိုးသွင်းစံချိန်အား ဆက်လက် ရေးထိုးလာပါတယ်။
သူဟာ ပြီးခဲ့တဲ့လတုန်းက နယ်သာလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ စံချိန်သစ်ရေးထိုးခဲ့တာ ဖြစ်ပြီး ယခုအခါ ၅၄ ဂိုးဖြင့် ဆက်လက် ရေးထိုးနေပါတယ်။
မနေ့ညက ပွဲတွင် နယ်သာလန်တို့ ၄-၀ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး ကျန်အနိုင်ဂိုးတစ်ဂိုးကို စပါးစ်စတားဇာဗီးဆိုင်မွန်ရဲ့ ဖန်တီးမှုကနေ လီဗာပူးတိုက်စစ်သမားဂတ်ပိုက သွင်းယူခဲ့တာပါ။
နယ်သာလန်ဟာ ဖင်လန်နိုင်ပွဲကြောင့် အုပ်စု(G) အား ဒုတိယနေရာမှ ပိုလန်ကို ၃ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်လာပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ
သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံမှာ တိုက်ပွဲပြင်းထန်နေလို့ မိုးကုတ်အတက်အဆင်းပိတ်ထား
အောက်တိုဘာ ၁၃
မန္တလေး - မိုးကုတ်ကားလမ်း ၊ သပိတ်ကျင်းမြို့နယ်ထဲက ဖော့တောလမ်းဆုံမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် မန္တလေး - မိုးကုတ် ကားလမ်းအတက်အဆင်းအားလုံးသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ သပိတ်ကျင်း - မိုးကုတ်လမ်းမှာ ကုန်ကားတစီးလည်း ဒရုန်းဗုံးထိမှန် ပျက်စီးမှုရှိကြောင်း ၊ ဖော့တောလမ်းဆုံတဝိုက်မှာဆိုရင်လည်း ထိခိုက်ပျက်စီးမှုအများအပြား ရှိနေတယ်လို့ သိရပါတယ်။
" လူနာက အရေးပေါ်မို့လို့အရဲစွန့်မောင်းလာတာ ။ လမ်းတလျှောက်တွေ့ရတာ ဖော့တောလမ်းဆုံမှာလည်းကြေမွနေတာပဲ။ ဒရုန်းတွေကလည်း အပေါ်မှာဝဲနေတော့ ဘုရားစာရွတ်ပြီးမောင်းလာရတယ်။" လို့ တိုက်ပွဲ လမ်းပိုင်းကနေဖြတ်ပြီး ပြန်လာသူတယောက်ကပြောပါတယ်။
ဖော့တောလမ်းဆုံကစပြီး လမ်းပိတ်လိုက်တာဖြစ်ကြောင်း ၊ စစ်တပ်ကလည်း မန္တလေး - မိုးကုတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ပြီး pdf နဲ့ TNLA စိုးမိုးထားတဲ့မိုးကုတ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာကြောင့် တိုက်ပွဲကပြင်းထန်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
"မိုးကုတ် အတက်အဆင်းလုံးဝမသွားကြပါနဲ့ အခုကစိုးရိမ်ရပါတယ်။ လမ်းလည်းပိတ်ထားပါတယ်။အရေး ကြီးကြီး မကြီးကြီးခနစောင့်ကြပါ။ကျွန်တော်တို့ကတော့ရပ်ထားပါတယ်။ "လို့ မိုးကုတ် - မန္တလေးပြေးဆွဲနေတဲ့ ကားသမားတယောက်ကပြောပါတယ်။
ဖော့တောလမ်းဆုံဟာ မန္တလေး-မိုးကုတ်လမ်းနဲ့ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိတာကြောင့် ဖော့တောလမ်းဆုံကို စစ်တပ်မှပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် တိုက်နေတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲတဲ့ ဇူလိုင်လမှာ စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေး - မိုးကုတ်လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
Credit - Voice of Myanmar News Agency
#centralnewsnaypyitaw
❝ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပုံစံ(၁၅)များ လက်ခံခြင်းကို ရက် ထပ်မံတိုးမြှင့်သတ်မှတ်❞
အောက်တိုဘာ ၁၃
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာ နိုင်ငံသားမဲဆန္ဒရှင်များ လာမည့်ရွေးကေူက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပုံစံ(၁၅)များ လက်ခံခြင်းကို ရက် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ထုတ်ပြန်ထားသည်။
တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံ၌ ရောက်ရှိနေကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားမဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဖြည့်စွက်ပြီး ပုံစံ(၁၅)များ လက်ခံခြင်းကို အောက်တိုဘာ ၆ ရက်နေ့အထိ ရက်တိုးမြှင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခင်က အသိပေးထုတ်ပြန်ခဲ့သည်။
ယခုအခါ နိုင်ငံပြင်ပတွင် ရောက်ရှိနေပြီး ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ ကျန်ရှိမှုမရှိစေရေးအတွက် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဖြည့်စွက်ပြီး ပုံစံ(၁၅)များ လက်ခံခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားခြင်းဖြစ်သည်။
အလားတူ ယခုအသိပေးကြေညာချက်ကို မိမိတို့နှင့်နီးစပ်ရာ မြန်မာနိုင်ငံသားများထံ ဖြန့်ဝေအသိ ပေးနိုင်ရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားသည်။
#သတင်းဟင်းလေးအိုးကြီး
Former NFL quarterback Mark Sanchez was discharged from an Indianapolis hospital on Sunday and immediately booked on a felony charge stemming from an altercation with a 69-year-old truck driver last week, according to police.
Read more: https://abcnews.visitlink.me/skqRFY
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဇင်ဘာဘွေ အတိုက်အခံလွှတ်တော်အမတ် ဆင်ကိုကားဖြင့်တိုက်မိပြီး သေဆုံး
ဇင်ဘာဘွေအတိုက်အခံ လွှတ်တော်အမတ် ဒီဇိုင်ယာမိုယိုသည် ခရီးသွားလာနေစဉ် ၎င်း၏ကားနှင့်ဆင် တစ်ကောင်ကို တိုက်မိပြီး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းဌာနများက အောက်တိုဘာ ၁၀ ရက်တွင်ဖော်ပြထားသည်။
မစ္စတာမိုယိုနှင့် အခြားလွှတ်တော်အမတ် လေးဦးတို့သည် အဝေးပြေးလမ်းမကြီးတစ်လျှောက် ခရီးသွား နေစဉ် အောက်တိုဘာ ၁၀ ရက် နံနက်အစောပိုင်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းဇက်ဘီစီက ပြောသည်။
အတူပါလာသည့် လွှတ်တော်အမတ်များ ဒဏ်ရာများရရှိခဲ့ပြီးမစ္စတာမိုယိုမှာမူ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။
အသက်(၄၆)နှစ်မြောက်မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်များက ဝမ်းနည်းကြောင်း ပြောကြားထားသည်။
၎င်းသည် အတိုက်အခံ စီစီစီပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဇင်ဘာဘွေပါလီမန်၏ အားကစား၊ အပန်း ဖြေမှု၊ အနုပညာနှင့် ယဉ်ကျေးမှုကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဆင်ကို နောက်မှ ဝင်တိုက်ခဲ့ပြီးနောက် ဆင်က ယာဉ်ကိုလှည့်ပတ်တိုက်ခိုက်ခဲ့သည်ဟုဆို၏။
ထိုသို့ တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်၏ ညဘက်အပေါ်ခြမ်းတွင် ပျက်စီးမှုအကြီးအကျယ်ဖြစ်ခဲ့ပြီး မစ္စတာမိုယို သေဆုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် ဇင်ဘာဘွေအနောက်မြောက်ဘက်ရှိ ဆင်များ ကျင်လည် ကျက်စားရာနေရာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား-ဘီဘီစီ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်၊မိုတယ်များတွင် တည်းခိုမည့်သူများ ကြိုတင်ဘိုကင်ပြည့်နေ
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွက်ဟိုတယ်၊ မိုတယ်များအပြင် ဘုန်းကြီးကျောင်းများပါ တည်းခိုမည့်သူများဖြင့် ပြည့်သလောက်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
လာမည့် တန်ဆောင်တိုင်ရုံးပိတ်ရက် ပွဲတော်ကာလတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ သွားရောက်ရန် အတွက် ဟိုတယ်ငှားရမ်းသူများ များပြားပြီး တန်ဆောင်တိုင်အတွက် တောင်ကြီးရှိဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ အားလုံးနီးပါးအခန်းလွတ်မရှိ ပြည့်နေကြောင်း သိရသည်။
အဆိုပါတည်းခိုခန်းများ ပြည့်နေမှုကြောင့်တန်ဆောင်တိုင်ကာလ တောင်ကြီးသွားရန် စီစဉ်နေသူများ အနေဖြင့် ကလောနှင့် ညောင်ရွှေရှိ ဟိုတယ်များတွင် သွားရောက်တည်းခိုရန် စီစဉ်ရသည့်အထိရှိနေပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက်ဟိုတယ်အခန်းမရရှိသည့် ခရီးသည်များအတွက် ဒေသခံ များက ရက်တိုအိမ်လုံးချင်းလိုက် ငှားရမ်းပေးခြင်း၊ ဘန်ဂလိုအိမ်များ ငှားရမ်းပေး ခြင်းများပြုလုပ်ပေး နေကြောင်း သိရသည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ဟိုတယ်အခန်းကြိုတင်ငှားရမ်းခြင်းများမှာ သီတင်းကျွတ်ကာလမတိုင်မီကတည်းက ငှားရမ်းကြခြင်းဖြစ်ပြီး တန်ဆောင်တိုင်ရက် ရှစ်ရက်လုံး ဟိုတယ်အခန်းများပြည့်နေကြောင်း သိရသည်။
ယခုလာမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ယခင်နှစ်များထက် သွားရောက်မည့်သူ ပိုမိုများပြား ပြီး ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလည်း တောင်ကြီးတန်ဆောင်တိုင်ရက်အတွက် ရက်တို ခရီးစဉ်များ စီစဉ်လျက်ရှိကြောင်း သိရသည်။
ခရီးသွားပိုမိုများပြားလျက်ရှိသည့်အတွက်တန်ဆောင်တိုင် ပွဲတော်ရက်တွင် တောင်ကြီးရှိဟိုတယ်အခန်း ဈေးနှုန်းများ ပုံမှန်ကာလထက်မြင့်လေ့ရှိပြီး ယခုနှစ်မှာလည်း နှစ်ယောက်တစ်ခန်းကို နှစ်သိန်းကျော် အထိ ဈေးရှိကြောင်း သိရသည်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲရိုးရာမီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှနိုဝင်ဘာ ၅ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁ရက်) အဝေရာမီးပုံးပျံကွင်းတွင် ရှစ်ရက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MOI
Illinois Gov. JB Pritzker on Sunday responded after President Trump said he ”should be in jail for failing to protect Ice Officers!" as Pritzker and Chicago Mayor Brandon Johnson oppose Trump's stated effort to deploy National Guard troops to the city to crack down on crime and aid in immigration policing.
“Come and get me,” Pritzker said, responding to Trump.
Vice President JD Vance, in an earlier "This Week" interview, wouldn’t say flatly whether Pritzker had committed a crime but said he had failed to protect the safety of Chicagoans and “has violated his fundamental oath of office” which “seems pretty criminal.”
Pritzker told George Stephanopoulos that he was “not afraid” of Trump’s threats, which have ramped up recently against many of the president’s political foes, including former FBI Director James Comey and New York Attorney General Letitia James.
Read more: https://abcnews.visitlink.me/5RFiG2
Survival of snow leopard populations could be "precarious" in the future due to the way the elusive mountain cats have evolved, scientists recently discovered.
Snow leopards have low genetic diversity, increasing their risk of extinction in a changing environment, according to a paper published in the Proceedings of the National Academy of Sciences.
Genetic diversity refers to the variation in genetic makeup among individuals within a population, which can be a factor in a species' adaptability and survival.
Read more: https://abcnews.visitlink.me/8PPvph