အာဆီယံမိသားစုနေ့ပွဲတော်ကို မြန်မာပါဝင်တက်ရောက်

ရီရတ်ဒ်မြို့ အခြေစိုက်အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ရီရတ်ဒ် ကော်မတီ (ARC) ၏ အာဆီယံမိသားစုနေ့ပွဲတော် (ASEAN Family Day 2025) ကို မြန်မာသံရုံး (ရီရတ်ဒ်မြို့) ကလည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရီရတ်ဒ်မြို့ သံတမန်ရပ်ကွက်ရှိ ဖိလစ်ပိုင်နိုင်ငံသံရုံး၌ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။
အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် သံတမန်မိသားစုများ ပါဝင်ဆင်နွှဲခဲ့ပြီး ယခုနှစ်အတွက် အာဆီယံမိသားစုပွဲတော်ကို ဘရူနိုင်းနိုင်ငံသံရုံးက ကြီးမှုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံးအနေဖြင့် အာဆီယံမိသားစုနေ့တွင်ကျင်းပသည့် ပြိုင်ပွဲများ၊ လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ကြပြီး ကြက်ဆီထမင်း၊ သာကူကျိုတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာသံရုံးမိသားစုမှ ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြောင်းလည်း သိရသည်။

image