အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့
(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊ (ဆန်အဟောင်း) ၂၃ အိတ်၊ ဧရာဝတီပေါ်ဆန်းနယ်စုံ (ဆန်သစ်) ၆ အိတ်၊ ဧရာဝတီပေါ်ဆန်းနယ်စုံ (ဆန်ဟောင်း) ၉ အိတ်၊ စုစုပေါင်း ၃၄၀ ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသည် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် စားသုံးသူများထံ အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စက်မှုဇုံများနှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပေါ်ဆန်း (1 Kg အိတ်ရေ (၅၂၀၄) အိတ်၊ ဧည့်မထ (1 Kg အိတ်ရေ (၅၁၅၀) အိတ်ကိုပေးပို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။