15 w - Translate

🎬 Brave 2 (2025)
| Rating: IMDb: 8.2/10 | Rotten Tomatoes: 88%
| Main Cast: Kelly Macdonald (Merida), Emma Thompson (Queen Elinor), Billy Connolly (King Fergus), Julie Walters (The Witch), Saoirse Ronan (new character, voice of Eira), Richard Madden (new character, voice of Cairn)
| Director: Brenda Chapman
Plot Summary:
The story begins when DunBroch is struck by a series of strange and unsettling natural events—wild storms, vanishing crops, and restless animals. Seeking answers, Merida discovers an ancient legend about the Spirit of the Glen, a mythical force that once protected the land but disappeared centuries ago. With her kingdom on the brink of chaos, Merida sets out to uncover the truth behind the Spirit and restore balance to her homeland.
Her journey leads her to Eira (voiced by Saoirse Ronan), a mysterious and headstrong wanderer with a deep connection to the Spirit of the Glen. Together, they discover that the Spirit has been corrupted by a shadowy force tied to the ancient clans of Scotland. Along the way, Merida’s family—Queen Elinor (Emma Thompson) and King Fergus (Billy Connolly)—face their own challenges as they try to maintain peace among the clans.
As Merida and Eira venture into uncharted lands, they are joined by Cairn (voiced by Richard Madden), a skilled yet secretive warrior with his own reasons for protecting the kingdom. Their quest is filled with breathtaking landscapes, fierce battles, and magical encounters, including a return to the enigmatic Witch (Julie Walters), who offers cryptic guidance.
The climax unfolds in the heart of the Highlands, where Merida must confront the corrupted Spirit and prove that courage and unity are more powerful than any dark force. With her family and newfound allies by her side, Merida discovers that leadership means embracing both strength and vulnerability.

image
15 w - Translate

ပြင်သစ်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုဆုတွေထဲက Cesar Award ဆုချီးမြှင့်ခံရမယ့် The Mask ဇာတ်ကောင်မင်းသား ဂျင်မ် ကာရေး
The Mask ဇာတ်ကားနဲ့ နာမည်ကြီးလူသိများတဲ့ ဂန္တဝင်သရုပ်ဆောင်-ဟာသမင်းသားဂျင်မ် ကာရေးဟာ သရုပ်ဆောင်တွေကို ဂုဏ်ပြုတဲ့ ပြင်သစ်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုဆုကို မကြာခင်ရရှိတော့မှာဖြစ်ပါတယ်။ လာမယ့်နှစ်ကျ ပြင်သစ်ရုပ်ရှင်နယ်ပယ်မှာ ထိပ်တန်းအောင်မြင်မှုတွေကို အသိအမှတ်ပြုချီးမြှင့်တဲ့ ၅၁ ကြိမ်မြောက် Cesar Awards မှာ ဂျင်မ်က Cesar Award ကို လက်ခံရရှိသွားမှာဖြစ်ပါတယ်။ ဒီဆုပေးပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်နေ့ကျ ပါရီမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဂျင်မ် ကာရေးက လွန်ခဲ့တဲ့ အနုပညာသက်တမ်း နှစ် ၃၀ အတွင်းမှာ ဟာသပိုင်းရော အငိုပိုင်းရောမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာကြောင့် သူ့ကို အခုလိုဂုဏ်ပြုတာဖြစ်ပါတယ်။ သူက သူ့ရဲ့ဟာသစွမ်းရည်ကို The Mask နဲ့ Dumb and Dumber ဇာတ်ကားတွေမှာ ပြသခဲ့ကာ မမေ့နိုင်စရာဇာတ်ကောင်တွေဖြစ်ခဲ့ပါတယ်။ The Truman Show ၊ Man on the Moon နဲ့ Eternal Sunshine of the Spotless Mind လို ဇာတ်ကားတွေမှာ ဒရာမာဆန်ဆန်သရုပ်ဆောင်နိုင်ကြောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။
ဂျင်မ်က အနုပညာနယ်ပယ်ကနေ ၂ နှစ်တာ အနားယူခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကမှ Sonic the Hedgehog 3 မှာ Doctor Eggman အဖြစ် အသံသရုပ်ဆောင်ဖို့အတွက် ပြန်လာခဲ့တာပါ။

image

တစ်နေ့ကို အရွက် ၅-၇ ရွက်လောက်ပဲ အစိမ်းလိုက်စားပါ၊
ပြုတ်ပြီး ဖျော်ရည်သောက်ခြင်း သို့မဟုတ် အသီးများနဲ့ ရောပြီး ဖျော်သောက်ခြင်းလည်း ကောင်းပါတယ်။
၎င်းသည် ကင်ဆာ၊ အဆုတ်အတွင်းရှိ အဖုအပိမ့်များကို တားဆီးပေးပြီး၊ သက်ကြီးရွယ်အိုများအတွက် အာဟာရဖြည့်တင်းပေးကာ၊ ကိုယ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ပြည်တည်နာရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အာသီးရောင်ခြင်း၊ ဝမ်းကိုက်ရောဂါ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောင်ပြီး ကိုယ်ရောင်ခြင်း၊ အူရောင်ခြင်း၊ ရင်သားရောင်ခြင်း နှင့် အလယ်နားရောင်ခြင်း စသည့် ရောဂါများကို ကုသပေးနိုင်ပါသည်။
​သွေးအဆိပ်အတောက်ကို ကုသရန် ပြုတ်သောက်လျှင် အလွန်ကောင်းပြီး သွေးအဆိပ်အတောက်ကို ခြောက်သွေ့စေပါသည်။
​ငါးညှီရွက် (၁၅-၃၀ ဂရမ်) ကို ရေ တစ်ဝက် (ခွဲလီတာခန့်) နဲ့ ပြုတ်ပြီး မနက်/ည သောက်လျှင် အသက်ရှူလမ်းကြောင်းစနစ်၊ ချောင်းဆိုးခြင်း၊ အဆုတ်ရောင်ခြင်း တို့ကို အထောက်အကူပြုပါတယ်။
​အဆုတ်အတွင်းရှိ ပြည်တည်နာ (အဖုအပိမ့်) များသည် အပြင်သို့ ထုတ်ပစ်ခံရပါလိမ့်မည်။ အစိမ်းလိုက်စားလျှင်လည်း အအေးမိခြင်းကို ကောင်းစွာ ကာကွယ်နိုင်ပါသည်။

image
15 w - Translate

Being a woman is so expensive.🤎✨
#fblifestyle

image

အဲလိုပါ...ဆို

image

တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဖြိုခွင်းရန် သမ္မတလီ အမိန့်ပေး

ဆိုးလ်၊ အောက်တိုဘာ ၃

တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) က တရုတ်ဆန့်ကျင်ရေးနှင့် ပြည်ပဆန့်ကျင်ရေး စုရုံး လှုပ်ရှားမှုများကို ဖြိုခွင်းရန် အောက်တိုဘာ ၂ ရက်က အမိန့်ထုတ်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ လူထုစည်းရုံး လှုပ်ရှားမှုများသည် တောင်ကိုရီးယား၏ ပုံရိပ်နှင့် စီးပွားရေးကို ထိခိုက်စေကြောင်းလည်း လီက ပြောကြားခဲ့သည်။

တောင်ကိုရီးယားအစိုးရသည် ယခုသီတင်းပတ်မှစပြီး တရုတ်နိုင်ငံမှ ခရီးသွားများအား ဗီဇာကင်းလွတ်ခွင့် မပြုမီ ကတည်းက လက်ယာစွန်း အုပ်စုများသည် တရုတ်ကွန်မြူနစ်ပါတီကို အထူးပစ်မှတ်ထားသည့် တရုတ်ဆန့်ကျင် ရေး ချီတက်ပွဲများကို ပြုလုပ်ခဲ့ကြသည်။

တောင်ကိုးရီးယား ကုမ္ပဏီများကမူ အစိုးရ၏ ဗီဇာမူဝါဒသည် ခရီးသွားကဏ္ဍကို မြင့်တက်စေပြီး နိုင်ငံအတွင်းသို့ ရောက်ရှိလာမည့် တရုတ်နိုင်ငံသားများအား ဆွဲဆောင်ရန် စီးပွားရေး အစီအစဉ်များကို ရေးဆွဲခဲ့ကြသည်။

“အခုလို ကောင်းမွန်တဲ့ အစီအစဉ်ကို ဘာလို့များ မလိုချင်ရတာလဲ။ တရုတ်ဆန့်ကျင်တဲ့ စုရုံးချီတက်ပွဲတွေဟာ ကျနော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံ့ပုံရိပ်ကို ထိခိုက်စေပြီး အဆင်အခြင်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု သမ္မတလီက ပြောသည်။

တရုတ်နိုင်ငံသားများအား ဗီဇာ ကင်းလွတ်ခွင့်ပေးသည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ဆက်လက် ကျင့်သုံးသွားရန် စီစဉ်ထားသည်။

ထို့ပြင် ပြည်ပခရီးသွားများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်သည့် လှုံ့ဆော်လှုပ်ရှားမှုများကို နှိမ်နင်းရန်နှင့် လူမျိုးရေး မုန်းတီးမှုကို ရပ်တန့်ရန် သမ္မတလီက ညွှန်ကြားခဲ့သည်။

လီသည် အောက်တိုဘာ ၃၁ ရက်တွင် စတင်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး အစည်းအဝေး(APEC)အတွက် တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်မတိုင်မီ တောင်ကိုရီးယားနှင့်တရုတ်ကြား ဆက်ဆံရေး တိုးတက်စေရန် ကြိးပမ်းလျက်ရှိသည်။

လီသည် ထိုခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

Source: CAN

ပုံ - တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

နလအတပ်ဖွဲ့ စစ်ကြောင်းတွေ သီပေါဘက် ဦးတည်လာနိုင်

အောက်တိုဘာ ၃

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ စံဖိတ်ရွာမှာ အောက်တိုဘာလ ၂ ရက်နေ့ည ၁၀ နာကျော်ခန့်က လေကြောင်း ဗုံးကြဲခံရပြီး နလအ တပ်ဖွဲ့ စစ်ကြောင်းတွေလည်း သီပေါဘက် ဦးတည် စစ်ဆင်လာနိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"မနေ့ည သီပေါ လေကြောင်းတိုက်ခိုက်မှု စံဖိတ်ရွာဘက် ကုမုဒြာ ဟိုတယ်ကို ထိတယ်လို့ သိရတယ်။ အသံ အကျယ်ကြီးပဲ။ မြေကြီးတောင်တုန်တယ်" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လေယာဉ် ဗုံးက ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီ ၁၃ မိနစ်ခန့်က ကြဲချ တိုက်ခိုက် သွားတာ လို့ ဆိုပါတယ်။

"ကျောက်မဲရပြီလေ။ သီပေါလာမှာပေါ့။ ရှောင်ထားတာ အကောင်းဆုံးပါ။ လာကြဲမှာသေချာတယ်။ အသက်ထက် ဘာမှအရေး မကြီးဘူးဆိုပေမယ့် ကျန်ရှိပစ္စည်းတွေအတွက် အိမ်စောင့် တယောက်က ထားဖို့လိုပြန်တယ်" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

သီပေါ ဒေသခံ တချို့ကတော့ စိုးရိမ်လို့ ရှောင်ကြကုန်ပြီ ဖြစ်ပြီး သူခိုးရန်ကလည်း စိတ်ပူနေကြရတယ်လို့ ဆိုပါတယ်။

ယမန်နေ့ အောက်တိုဘာ ၃ ရက် နေ့ည ၁၀ နာရီ ၁၅ မိနစ်မှာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ကုမုဒြာဟိုတယ်ကို လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက် လို့ ကုမုဒြာဟိုတယ် အဆောက်အဦး တခု ပျက်စီးသွားကြောင်း TNLA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း သီပေါမြို့နယ်၊ ဘော်ကြိုရွာမှာ ဗုံးကြဲခံရလို့ လူ တဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေအရ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်မှာ သီပေါမြို့လည်း ပါဝင်တာ တွေ့ရပါတယ်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်လာတော့မယ့် အီတလီဂန္ထဝင်ကန်နဗာရိုး

အောက်တိုဘာ ၃

အီတလီဂန္ထဝင်နောက်ခံလူဖေဘီယိုကန်နဗာရိုးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်လာတော့မှာ ဖြစ်ပါတယ်။

Ballon d'Or ဆုရ ဂျူဗင်တပ်နှင့် ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဒိုင်နမိုဇာဂရက်နှင့် လမ်းခွဲလိုက်ပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ကန်နဗာရိုးဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ အာရှအသင်း ဥဇဘက်ကစ္စတန်ကို ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာတော့မှာလည်း ဖြစ်ပါတယ်။

ကန်နဗာရိုးဟာ အာရှဘောလုံးလောကတွင် ကလပ်နှင့် နိုင်ငံအသင်းများအား ၇ နှစ်ကြာ ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သူဟာ တရုတ်စူပါလိဂ်ကလပ် Guangzhou Evergrande ကို ၂ ကြိမ်ကိုင်တွယ်စဉ်အတွင်း ၅ ရာသီကိုင်တွယ်ခဲ့သလို ဆော်ဒီကလပ် Al Nassr ကိုလည်း ကိုင်တွယ်ဖူးကာ တရုတ်လက်ရွေးစင်အသင်းကိုလည်း ကိုင်တွယ်ဖူးပါတယ်။

ကန်နဗာရိုးဟာ ၂၀၂၂ ခုနှစ်တွင် ဥရောပသို့ ပြန်လာခဲ့ပြီး ဘီနီဗန်တို၊ အူဒီးနီးစ်နှင့် ဒိုင်နမိုဇာဂရက်တို့အား ကိုင်တွယ်ခဲ့ပါတယ်။

သူဟာ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အား ၅ လကိုင်တွယ်စဉ်အတွင်း ၁၄ ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့် ၅၄ နေရာမှာ ရပ်တည်နေတဲ့ ဥဇဘက်ကစ္စတန်ဟာ ဇွန်လတုန်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ကန်နဗားရိုးဟာ သမိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥဇဘက်ကစ္စတန်အား မြောက်အမေရိကတွင် ကျင်းပလာမယ့် ကမ္ဘာ့ဖလားမှာ ဦးဆောင်လာတော့မှာလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image
Zaycho added new product for sell.
15 w
imageimage
+2

0 Reviews
ygn· In stock· New

?အိတ်ဆောင်ပုလင်း ?Mini metal hip flask Sublimation Thermal Transfer?

Ks20,000.00 (MMK)

စျေးနုန်း ၂၀၀၀၀ကျပ်။
ရွေးချယ်ရန် Pink/Steel/Black.
?️ အထူးအရည်အသွေးမြင့် 201 Stainless Steel ဖြင့်ပြုလုပ်ထားပြီး၊ သံချေးမတတ်ဘဲ တာရှည်ခံပါတယ်။
? သယ်ဆောင်ရလွယ်တဲ့ Compact Design ဖြစ်လို့ Pocket, Bag ထဲမှာအဆင်ပြေစွာထည့်နိုင်ပါတယ်။
? အဆင်ပြေတဲ့အရွယ်အစား 8o/50z Flask ဖြစ်လို့ Outdoor Activities, Camping, BBQ, Party တွေမှာသုံးဖို့အထင်ကြီးပါတယ်။
? Leak-Proof Design – Screw Cap သည် Hinge ဖြင့်ချိတ်ထားပြီး၊ လက်မလွတ်အောင်ဖန်တီးထားပါတယ်။
? အထူးလက်ဆောင်အဖြစ် – Birthday, Father's Day, Graduation, Wedding အတွက်အထူးလက်ဆောင်ဖြစ်ပါတယ်။
?️ Engravable Surface – Personalization လုပ်ဖို့အတွက်အထူးသင့်တော်ပါတယ်။
? Elegant PU Leather Cover – Winter မှာတောင် လက်ထဲမှာပူပူနွေးနွေးခံစားနိုင်ပါတယ်။

✔️ Leak-proof & Durable
✔️ Stylish & Portable
✔️ Perfect for Gifting
✔️ Comes with Accessories
✔️ Personalizable Design
? #Shop, #KBZmarketplace , #UAB market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

? #HipFlask #GiftForMen #LeatherFlask #OutdoorGear #CampingEssentials #WhiskeyLovers #FlaskSet #LeakProofFlask #ElegantGift #PULeatherFlask

15 w - Translate

🌹အတွေးတွေလှပလာတဲ့အခါ….🌹
အရာအားလုံးဟာ အတွေးတွေကနေ စတင်ပါတယ်..။ ဘာလေးပဲလုပ်လုပ်လုပ်..ပြောပြော.. ကိုယ်တွေးလိုက်တဲ့အတွေးအတိုင်း ပြုမူပြောဆိုမိတတ်ကြပါတယ်..။ ဒါကြောင့် ကိုယ့်ရဲ့အတွေးလေးတွေကို အမြဲသတိထားဖို့လိုပါတယ်..။
လူတစ်ယောက်ကို ချစ်တာကလည်း ကိုယ့်ရဲ့အတွေးထဲမှာ သူက ချစ်စရာကောင်းနေလို့… လူတစ်ယောက်ကို မုန်းနေတာကလည်း ကိုယ့်အတွေးထဲမှာ သူဘာလုပ်လုပ် မုန်းစရာကောင်းနေလို့ဖြစ်ပါတယ်…။
ကိုယ့်ဘဝလေးက ကျေနပ်စရာ.. နေပျော်စရာကောင်းလိုက်တာ လို့ တွေးလိုက်မိတဲ့အခါမှာလည်း ကိုယ်နဲ့ထိတွေ့ဆက်စပ်သမျှ အရာရာဟာ ကျေနပ်ပျော်ရွှင်စရာလေးတွေပဲဖြစ်နေတတ်ပါတယ်..။
ငါ့ဘဝက ကံဆိုးလိုက်တာ.. ဘာလုပ်လုပ် အဆင်မပြေဘူး.. မအောင်မြင်ဘူး.. သိပ်ဆိုးတဲ့ဘဝလို့ တွေးနေမိပြီဆိုရင်..ကိုယ့်ဘဝဟာ တကယ်ကို နေပျော်စရာမကောင်းတဲ့ဘဝပဲဖြစ်လာတော့မှာပါ..။
ကိုယ့်ရဲ့အတွေးတွေကို သေသေသေချာချာ သတိလေးနဲ့ စောင့်ကြည့်တတ်လာတဲ့အခါ ကိုယ်တွေးလိုက်မိတဲ့ အတွေးပုံစံကို ပြင်ဆင်ယူလို့ရနိုင်ပါတယ်..။ အလေ့အကျင့်ကလေးပဲ လိုတာပါ..။
ကိုယ့်ရဲ့စိတ်ဟာ အထိန်းအသိမ်းမတတ်ရင် ကိုယ့်အပေါ် စိတ်တိုင်းကျ ဗိုလ်ကျလွှမ်းမိုးအနိုင်ယူတတ်သလောက် ကိုယ်က ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်နိုင်လာတဲ့အခါ ကိုယ့်စိတ်တိုင်းကျ လိုသလို ပုံသွင်းပြုပြင်ယူနိုင်လာပါလိမ့်မယ်..။ စိတ်ကိုအောင်နိုင်လာခြင်းဟာ ဘဝကို အောင်နိုင်လာတာပဲဖြစ်ပါတယ်..။
ကျွန်မတို့ရဲ့အတွေးပုံစံလေးတွေကို ပြောင်းကြည့်ပေးပါ…။ အဖြစ်အပျက်တစ်ခုကို လှပအောင် တွေးကြည့်လိုက်ရင် ကိုယ့်အတွေးလေးတွေ လှပလာတဲ့အခါ ကိုယ်လည်းစိတ်ချမ်းသာရပါတယ်..။ ဒီအဖြစ်အပျက်တစ်ခုတည်းကိုပဲ ရုပ်ဆိုးအကျည်းတန်အောင် မကျေနပ်စွာ တွေးလိုက်ရင် ကိုယ့်အတွေးတွေ ပုံပျက်ရုပ်ဆိုးပြီး ကိုယ်ပဲ စိတ်ဆိုးဒေါသထွက်နာကျင်ရတာဖြစ်ပါတယ်…။
ဥပမာလေးပြောပြရရင်.. ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေကပဲဖြစ်စေ.. ကိုယ့်ရဲ့ လုပ်ဖာ်ကိုင်
ဖက်တွေကပဲဖြစ်စေ..ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတွေကပဲဖြစ်စေ… ကိုယ့်အပေါ် စိတ်ဆိုးမာန်ဆိုး
ရန်လိုတိုက်ခိုက်လာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အတွေးပုံစံအဟောင်းအတိုင်းဆိုရင် သူနဲ့အပြိုင်ဖက်ပြီး ဒေါသတကြီးရန်လိုတုံ့ပြန်မိမှာသေချာပါတယ်..။
ဒါပေမယ့်ကိုယ့်ရဲ့အတွေးပုံစံလေးကို အလေ့အကျင့်လေးလုပ်ထားတဲ့အခါ မကောင်းတဲ့အာရုံနဲ့တွေ့ကြုံရတဲ့အခါ.. အတွေးပုံစံကို ပြောင်းယူလိုက်ပါတယ်..။ သူ့ရဲ့ဒေါသဟာ ကိုယ်နဲ့မဆိုင်ဘူး.. သူလာပေးသမျှ ပြဿနာကို ကိုယ်လက်မခံဘူး… သူဒီလို ဒေါသတကြီးရန်လိုတိုက်ခိုက်ရတာဟာ.. သူ့မှာလည်း စိတ်မချမ်းသာစရာ ပြဿနာတွေ..စိတ်ဒဏ်ရာတွေရှိနေလို့ဖြစ်မှာပါ… သူစိတ်အဆင်မပြေဖြစ်နေချိန်မှာ ထိပ်တိုက်မတွေ့တာကောင်းပါတယ်… လို့ ပြောင်းတွေးလိုက်တဲ့အခါ… သူ့ရဲ့စိတ်ဆိုးဒေါသနဲ့ ထိပ်တိုက်ရင်မဆိုင်ဘဲ အေးအေးဆေးဆေး ရှောင်ထွက်နိုင်လာပါတယ်..။
အတွေးလှတဲ့သူတွေက ကြည့်လိုက်ရင် အဆင်မပြေလည်း ပျော်ပျော်ရွှင်ရွှင်ကလေးပဲ ပြုံးနေနိုင်အောင်ကြိုးစားတတ်ပါတယ်..။ ကိုယ့်အတွေးတွေက ကိုယ့်ဘဝကို ပုံဖော်ဖန်တီးတတ်တာမို့ အတွေးတွေ လှပလာတဲ့အခါ ဘဝကလည်း လှပသက်ဝင်လာစေပါတယ်..။
ဒါကြောင့် ဘာလေးပဲတွေးတွေး.. ကောင်းတဲ့ဖက်က လှတဲ့ဖက်ကနေ တွေးပေးတတ်တဲ့အလေ့အကျင့်လေး လေ့ကျင့်ယူစေချင်ပါတယ်..။ ကိုယ့်ဘဝလည်း လှပလာမှာ သေချာနေလို့ဖြစ်ပါတယ်…။
#လွန်းထားထား

image