ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဖရိကနှစ်နိုင်ငံမှ ပရိသတ်များအား အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်လာတဲ့ ဒေါ်နယ်ထရမ့်
========================

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဖရိကနိုင်ငံ ၂ နိုင်ငံမှ ပရိသတ်များအား ပြည်ဝင်ခွင့် ပိတ်ပင်မယ့် စာရင်းထဲတွင် ထည့်သွင်းလာပါတယ်။
ထရမ့်အစိုးရဟာ အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ စာရင်းတွင် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် အာဖရိကနိုင်ငံများဖြစ်ကြတဲ့ ဆီနီဂေါနှင့် အိုင်ဗရီကို့စ် နိုင်ငံသားတို့အား ဗီဇာပေးမှု ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
ထရမ့်အစိုးရဟာ ယင်းနိုင်ငံသားများအား အလုပ်ကိစ္စ (သို့မဟုတ်) လည်ပတ်သွားလာရေး ကာလတိုဗီဇာပေးမှုပါ ရပ်ဆိုင်းလာမှုနှင့်အတူ ကမ္ဘာ့ဖလားလာကြည့်ခွင့် ပိတ်ပင်ခံလာရဖို့ ရှိပါတယ်။
ဆီနီဂေါမှာ ကမ္ဘာ့ဖလားအုပ်စ (I) တွင် ပြင်သစ်၊ နော်ဝေ၊ ပလေးအော့ဖ်အနိုင်ရသူ(ဘိုလီဗီးယား၊ အီရတ်၊ ဆူရီနိမ်း)တို့နှင့် ရင်ဆိုင်ရပါမယ်။
ဆီနီဂေါဟာ ပြင်သစ်၊ နော်ဝေတို့နှင့် ပွဲစဉ်အား MetLife stadium တွင် ကစားလာရမှာ ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲအား ကနေဒါတွင် ကစားရပါမယ်။
အိုင်ဗရီကို့စ်မှာ အုပ်စု (F) တွင် ဂျာမနီ၊ အီကွေဒေါ၊ ကူရာကာအိုတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပါတယ်။ အိုင်ဗရီကို့စ်မှာလည်း ကူရာကာအို၊ အီကွေဒေါပွဲတို့ကို အမေရိကန်တွင် ကစားရမှာ ဖြစ်ပြီး ကျန် ဂျာမနီနှင့်ပွဲအား ကနေဒါတွင် သွားကစားရပါမယ်။
ယခုအခါမှာတော့ အိုင်ဗရီကို့စ်နှင့် ဆီနီဂေါတို့မှ ထောင်ပေါင်းများစွာ ဘောလုံးပရိသတ်များမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအား တက်ရောက်အားပေးရေး မျှော်လင့်ချက် အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။