27 w - Translate

"Used to", "be used to", "get used to" ဆိုတဲ့ စကားစုသုံးခုဟာ ပုံစံဆင်တူပေမယ့် အဓိပ္ပာယ်နဲ့ အသုံးပြုပုံက လုံးဝကွာခြားတာကြောင့် သေသေချာချာ ခွဲခြားနားလည်ထားဖို လိုအပ်ပါတယ်။
USED TO (အတိတ်က လုပ်ခဲ့ဖူး၊ ရှိခဲ့ဖူးတာတွေ)
"Used to" က အတိတ်ကာလ မှာ လုပ်ခဲ့ဖူးတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေ၊ ဒါမှမဟုတ် မှန်ကန်ခဲ့တဲ့ အခြေအနေတွေကို ဖော်ပြဖိုအတွက်သာ သုံးပါတယ်။ အခုတော့ မလုပ်တော့ဘူး၊ မရှိတော့ဘူး၊ မဟုတ်တော့ဘူး ဆိုတာကို အလေးပေးချင်တဲ့အခါမှာ အသုံးဝင်ပါတယ်။
Used to + Base Verb (ကြိယာရင်း)
ဥပမာ:
"I used to take the bus to school." (ကျောင်းကို ဘတ်စ်ကားနဲ့ သွားလေ့ရှိခဲ့တယ်။)
(အခုတော့ ကျောင်းပြီးသွားလို မသွားတော့ဘူး/တခြားနည်းနဲ့ သွားနေပြီ)
"We used to be friends." (ကျွန်တော်တို သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတယ်။)
(အခုတော့ မဟုတ်တော့ဘူး၊ ဝမ်းနည်းစရာအခြေအနေ)
"I didn't use to..." လို သုံးရပါတယ်။ "Did" ဆိုတဲ့ auxiliary verb ပါလာပြီဆိုရင် "used to" က "use to" လို D ကို ဖြုတ်ပြီး Base form ပြန်ဖြစ်သွားတာကို သတိပြုပါ။
BE USED TO & GET USED TO (အသားကျခြင်း)
ဒီနှစ်ခုက "ညီအစ်မ စကားစု" တွေပါ။ နှစ်ခုလုံးက တစ်ခုခုကို အသားကျတာ၊ ရင်းနှီးကျွမ်းဝင်တာ၊ သက်သောင့်သက်သာရှိတာ ကို ရည်ညွှန်းပါတယ်။
BE USED TO (အသားကျနေသော အခြေအနေ)
အဓိပ္ပာယ်: တစ်ခုခုကို အသားကျပြီးသား အခြေအနေ (state of being accustomed) ၊ ရင်းနှီးပြီးသား၊ သက်သောင့်သက်သာ ရှိပြီးသား အခြေအနေကို ဖော်ပြပါတယ်။ အဆန်းမဟုတ်တော့ဘူး၊ ထူးဆန်းမှုမရှိတော့ဘူးလို ဆိုလိုတာပါ။ Past, Present, Future သုံးမျိုးလုံးမှာ သုံးနိုင်ပါတယ်။
(be-verb) used to + Verb-ing / Noun / Pronoun (be-verb ကို သက်ဆိုင်ရာ Tense အလိုက် ပြောင်းပေးရပါမယ် - am, is, are, was, were)
ဥပမာ:
"I'm not used to waking up this early." (ဒီလောက်စောစောထတာ ကျွန်တော့်အတွက် အသားမကျသေးဘူး။/ အဆန်းဖြစ်နေတယ်။)
"I went to Seattle. I wasn't used to the rain." (Seattle ကို ရောက်တုန်းက မိုးများတာကို ကျွန်တော် အသားမကျခဲ့ဘူး။)
GET USED TO (အသားကျလာသည့် လုပ်ငန်းစဉ်)
တစ်ခုခုကို အသားကျလာဖို သင်ယူနေတဲ့ လုပ်ငန်းစဉ် (process of becoming accustomed) ကို ဖော်ပြပါတယ်။ အသစ်အဆန်းဖြစ်နေတဲ့အရာတစ်ခုကို ဖြည်းဖြည်းချင်း ရင်းနှီးလာအောင် ကြိုးစားနေတာမျိုးပါ။ Past, Present, Future သုံးမျိုးလုံးမှာ သုံးနိုင်ပါတယ်။
(get-verb) used to + Verb-ing / Noun / Pronoun (get-verb ကို သက်ဆိုင်ရာ Tense အလိုက် ပြောင်းပေးရပါမယ် - get, gets, got, getting)
ဥပမာ:
"This isn't easy, but you'll get used to it." (ဒါက မလွယ်ဘူးဆိုတာသိတယ်။ ဒါပေမယ့် မင်းအသားကျလာမှာပါ။)
"I'm getting used to waking up early because this is a new habit for me."
(စောစောထတာကို ကျွန်တော် အသားကျအောင် လုပ်နေတယ်။ ဒါက ကျွန်တော့်အတွက် အလေ့အကျင့်အသစ်တစ်ခုဖြစ်လိုပါ။)

image
27 w - Translate

ရှားပါးတိရစ္ဆာန်ဟိုင်းအီနာကောင်ရဲ့ချောက်ချားဖွယ်ရာဓာတ်ပုံက ၂၀၂၅ ခုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးတောရိုင်းဓာတ်ပုံဆုရရှိ
တောင်အာဖရိကလူမျိုးဓာတ်ပုံဆရာ Wim Van den Heever ရိုက်ကူးခဲ့တဲ့ တစ္ဆေမြို့ရဲ့ အရိုးအကြွင်းအကျန်တွေကို ဖြတ်လျှောက်သွားနေတဲ့ ရှားပါးဟိုင်းအီနာကောင်ရဲ့ဓာတ်ပုံဟာဆိုရင် ၂၀၂၅ ခုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးတောရိုင်းဓာတ်ပုံဆုကို ရရှိခဲ့ပါတယ်။ Wimက လန်ဒန်မြို့ရှိ The National History Museum ရဲ့နှစ်စဉ်ဓာတ်ပုံပြိုင်ပွဲမှာ ဒီထိပ်ဆုံးဆုကြီးကို ဆွတ်ခူးသွားခဲ့တာပါ။
အခြားအမျိုးအစားတွေမှာ အနိုင်ရခဲ့သူတွေလည်း ရှိခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ ဆုရရှိခဲ့တဲ့သူတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။ Wim ရဲ့ဓာတ်ပုံဟာဆိုရင် နိုင်ငံပေါင်း ၁၁၃ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၆၀၆၃၆ ထဲကနေ ရွေးချယ်ခံခဲ့ရတာပါ။
Wim ရဲ့ဆုရဓာတ်ပုံက Ghost Town Vistior လို့ အမည်ရပြီး နမီးဘီးယားနိုင်ငံရှိ ကာလကြာရှည်စွန့်ပစ်ထားတဲ့ စိန်တူးဖော်ရေးမြို့လေး Kolmanskop မှာ ရှိနေတဲ့ အညိုရောင်ဟိုင်းအီနာကောင်ကို သေချာရိုက်ကူးထားတာပါ။ Kolmanskop မြို့လေးမှာ လူတွေအစား သဲတွေအစားထိုးဝင်ရောက်လာခဲ့တဲ့ နေရာပါ။ ဒီချောက်ချားဖွယ်ဓာတ်ပုံကို ဆယ်စုနှစ်တစ်ခုကြာ စိတ်ရှည်စွာ ကြိုးပမ်းပြီးနောက် ကင်မရာထောင်ချောက်နည်းပညာနဲ့ ရိုက်ကူးခဲ့ပြီး တစ်ချိန်က လူသားတွေ စိုးမိုးထားတဲ့နေရာတွေကို သဘာဝတရားက တဖြည်းဖြည်းချင်း ဘယ်လိုပြန်လည်ရယူနေလဲဆိုတာကို မီးမောင်းထိုးပြထားပါတယ်။
အခုနှစ်ကတော့ the Wildlife Photographer of the Year competitionရဲ့ ၆၁ ကြိမ်မြောက်အထိမ်းအမှတ်ဖြစ်ပါတယ်။ အမျိုးအစား ၁၉ ခုစလုံးမှာ အနိုင်ရထားတဲ့ ဓာတ်ပုံတွေအားလုံးကို အောက်တိုဘာ ၁၇ ရက်နေ့ကစတင်ပြီး the Natural History Museum မှာ ပြသသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ဆုရရှိသူတွေနဲ့ ဓာတ်ပုံ ၁၀၀ ကို တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပညာ၊ ရုပ်ရှင်ရိုက်ကူးရေး၊ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ သိပ္ပာပညာရပ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေက အမည်ဝှက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Ref: Eerie Photo of Rare Hyena Wins Wildlife Photographer of the Year 2025 Prize

image

Goldfish

image

Goldfish

image

Goldfish

image

Goldfish

image

Goldfish

image

Goldfish

image
image
image
image
image

ကွန်ပျူတာအသုံးပြုရာမှာ ရှောင်ကြဉ်သင့်တဲ့ အမှားများ။ 💔
🔒လုံခြုံရေးဆိုင်ရာ အမှားများ
၁။ အားနည်းတဲ့ စကားဝှက်များ အသုံးပြုခြင်း
- အမှား: "123456", "password", မွေးနေ့များ ကဲ့သို့ ခန့်မှန်းလွယ်သော စကားဝှက်များ။
- မှန်ကန်သော နည်း : စာလုံးကြီး၊ စာလုံးသေး၊ ဂဏန်းနှင့် သင်္ကေတများ ရောစပ်အသုံးပြုပါ။
၂။ မှတ်ပုံတင်ခြင်းမရှိသော Software များ ဒေါင်းလုဒ်လုပ်ခြင်း။
- အမှား: Torrent, crack ဖိုင်များ၊ အခမဲ့ software များ။
- မှန်ကန်သော နည်း : တရားဝင် website များမှသာ ဒေါင်းလုဒ်လုပ်ပါ။
၃။ Antivirus ထည့်သွင်းအသုံးမပြုခြင်း။
- အမှား : "ငါ့ကို ဗိုင်းရပ်စ်မကပ်ဘူး" ဆိုပြီး လျစ်လျူရှုခြင်း
- မှန်ကန်သော နည်း : ယုံကြည်ရသော antivirus software ထည့်သွင်းပါ။
💾 ဒေတာ စီမံခန့်ခွဲမှု အမှားများ
၄။ ပုံမှန် Backup မယူခြင်း။
- အမှား : အရေးကြီးဖိုင်များ ဆုံးရှုံးမှသာ နောင်တရခြင်း။
- မှန်ကန်သော နည်း : လစဉ်/အပတ်စဉ် Backup ပုံမှန်ယူပါ။
၅။ ဖိုင်များကို တစ်နေရာတည်းတွင် သိမ်းဆည်းခြင်း။
- အမှား : Desktop ပေါ်တွင် ဖိုင်များအားလုံး သိမ်းခြင်း
- မှန်ကန်သော နည်း: Folder ခွဲ၍ စနစ်တကျ သိမ်းဆည်းပါ
⚡ Hardware ဆိုင်ရာ အမှားများ
၆။ ရုတ်တရက် ပါဝါဖြတ်ခြင်း 🔌
- အမှား: Shut Down မလုပ်ဘဲ ပလပ်ဆွဲခြင်း
- မှန်ကန်သော နည်း : Start Menu မှ ပုံမှန် Shut Down လုပ်ပါ
၇။ လေဝင်လေထွက် မကောင်းခြင်း 🌀
- အမှား : ကွန်ပျူတာကို နံရံကပ်ပြီး အသုံးပြုခြင်း။
- မှန်ကန်သော နည်း : လေဝင်လေထွက် ကောင်းမွန်သော နေရာတွင် ထားပါ။
🌐 အင်တာနက်အသုံးပြုမှု အမှားများ
၈။ မသိသော Wi-Fi များကို ချိတ်ဆက်ခြင်း
- အမှား : အခမဲ့ Public Wi-Fi များတွင် ငွေကြေးဆိုင်ရာ ကိစ္စများ လုပ်ခြင်း။
- မှန်ကန်သော နည်း : VPN အသုံးပြုပါ သို့မဟုတ် ကိုယ်ပိုင် Data သုံးပါ။
၉။ Phishing Email များကို ယုံကြည်ခြင်း။
- အမှား: မထင်မှတ်ထားသော Email များရှိ Link များကို နှိပ်ခြင်း။
- မှန်ကန်သော နည်း : စိတ်မချရသော Link များကို မနှိပ်ပါနှင့်
🛠️ Software အသုံးပြုမှု အမှားများ
၁၀။ Update များကို လျစ်လျူရှုခြင်း
- အမှား : "Update Later" ကို အကြိမ်ကြိမ် နှိပ်ခြင်း။
- မှန်ကန်သော နည်း : Update များကို ချက်ချင်း လုပ်ဆောင်ပါ။
၁၁။ Program များ အများကြီး Startup တွင် ထည့်ခြင်း
- အမှား : အလိုအလျောက်စသော Program များ များပြားခြင်း။
- မှန်ကန်သော နည်း : မလိုအပ်သော Program များကို Startup မှ ပိတ်ပါ။
🧹 ပြုစုစောင့်ရှောက်မှု အမှားများ
၁၂။ ကွန်ပျူတာ သန့်ရှင်းမှု မပြုလုပ်ခြင်း။
- အမှား : ဖုန်မှုန့်များ စုပုံပြီး အပူလွန်ကဲခြင်း
- မှန်ကန်သော နည်း : လစဉ် ဖုန်သန့်ရှင်းရေး ပြုလုပ်ပါ။
၁၃။ Disk Cleanup မလုပ်ခြင်း။
- အမှား : Temporary File များ စုပုံခြင်း
- မှန်ကန်သော နည်း : Disk Cleanup Tool ကို ပုံမှန်အသုံးပြုပါ
🧠 အရေးကြီးသော အကြံပြုချက်များ:
1. ကွန်ပျူတာအသုံးပြုသူတိုင်း ဤအမှားများကို ရှောင်ကြဉ်သင့်ပါသည်
2. ပြဿနာတစ်ခုခုကြုံတွေ့ပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ပါ
3. နည်းပညာဆိုင်ရာ အသိပညာများ များများလေ့လာပါ
ဤအချက်များကို လိုက်နာခြင်းဖြင့် ကွန်ပျူတာကို ပိုမိုချောမွေ့စွာ အသုံးပြုနိုင်ပြီး ပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
27 w - Translate

ဒီရှားပါးနွယ်နှင်းဆီလေး တအားလှတာပဲ

image