ပေါင် ၁၂၅ သန်းတန်တိုက်စစ်မှူးအီဆက်ခ်ရဲ့ ဒဏ်ရာအခြေအနေအား အန်းဆလော့ ပြောကြားလာ
=======================

လီဗာပူးနည်းပြအန်းဆလော့ဟာ စနေနေ့တုန်းက စပါးစ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရတဲ့ ပေါင် ၁၂၅ သန်းတန် တိုက်စစ်မှူးအလက်ဇန္ဒားအီဆက်ခ်ရဲ့ အခြေအနေအား ပြောကြားလာပါတယ်။
လီဗာပူးဟာ မြောက်လန်ဒန်တွင် ၉ ယောက်ကျန် စပါးစ်အား အလက်ဇန္ဒားအီဆက်ခ်၊ ဟူဂိုအီကီတီကီတို့ရဲ့ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အလက်ဇန္ဒားအီဆက်ခ်ဟာ ပွဲချိန်မိနစ် ၆၀ တွင် ဒဏ်ရာရရှိကာ ဂျီရီမီဖရမ်းပေါင်နှင့် လူစားလဲလှယ်မှု ပြုလပ်ခဲ့ရပါတယ်။
ယခုအခါ အန်းဆလော့က "ပွဲပြီးခါစဆိုတော့ ပြောဖို့ နည်းနည်းစောသေးတယ်။ ဒါပေမယ့် ကစားသမားတစ်ဦး လူစားလဲလိုက်ရတာ ဘယ်တုန်းကမှ မကောင်းပါဘူး။ ဆယ်ယောက်တည်းနဲ့ မကစားချင်လို့ ဖရမ်းပေါင်ကို လူစားလဲလိုက်တာပါ။ ဒီတော့ ဒဏ်ရာက အဆင်ပြေပါတယ်။ အခြားနှစ်ယောက်(အီဆက်ခ်နဲ့ကော်နာဘရက်ဒလေ)အခြေအနေကိုတော့ စောင့်ကြည့်ရမယ်။ တခုကောင်းတာက နောက်တစ်ပွဲကစားဖို့ တစ်ပတ်အချိန်ရသေးတာပါ။ လာမယ့်အပတ်ပွဲအတွက် ကစားသမားတွေ အလုံအလောက် ရှိနေဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ခရစ္စမတ်ပွဲကြပ်ကာလအဖြစ် ၁၂ ရက်အတွင်းတွင် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားရပါမယ်။ ၎င်းတို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အန်ဖီးလ်မှာ ဝုဗ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး နှစ်သစ်ကူးနေ့တွင် လိဒ်အား ဧည့်ခံကစားရပါမယ်။ ပြီးလျှင် လီဗာပူးဟာ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖူလ်ဟမ်နှင့်လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အာဆင်နယ်ကိုလည်းကောင်း အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။

image

ဒိုင်လူကြီးသာ သူ့အလုပ်သူလုပ်လျှင် ရိုမီယို အနီကတ်ပြသခံရမည်မဟုတ်ဟု စပါးစ်နည်းပြဖရန့် ဝေဖန်လာ
====================

စပါးစ်နည်းပြသောမတ်စ်ဖရန့်က ဒိုင်လူကြီးဂျွန်ဘရော့ခ်သာ သူ့အလုပ်သူ လုပ်လျှင် ခရစ္စတီယန်ရိုမီယိုမှာ အနီကတ်ပြသခံရမည်မဟုတ်ကြောင်း ပြောကြားလာပါတယ်။
စပါးစ်ဟာ မနေ့ညတုန်းက လီဗာပူးအား ဧည့်ခံကစားရတဲ့ပွဲစဉ်တွင် ဇာဗီးဆိုင်မွန် အနီကတ်ပြသခြင်းခံခဲ့ရလို့ ပထမပိုင်းမှာပင် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။
လီဗာပူးဟာ ဒုတိယပိုင်းတွင် အလက်ဇန္ဒားအီဆက်ခ်နဲ့ ဟူဂိုအီကီတီကီတို့ရဲ့ ဂိုးတွေကြောင့် ပွဲကို ၂-၁ ဖြင့် ဦးဆောင်လာနိုင်ခဲ့ပြီး ၈၃ မိနစ်တွင် ရီချက်လီဆင်ရဲ့ ချေပဂိုးကြောင့် စပါးစ်တို့ မျှော်လင့်ချက် အနည်းငယ်လင်းလက်လာခဲ့ပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ စပါးစ်တို့ ချေပဂိုးရရှိရေး ကြိုးပမ်းနေချိန်တွင် အသင်းခေါင်းဆောင်ရိုမီယိုမှာ အီဘရာဟမ်ကိုနာတေးအား ဖျက်ထုတ်မှုအတွက် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။
ရိုမီယိုဟာ ပထမဆုံးအဝါကတ်အား ဟူဂူအီကီတီကီမှာ လီဗာပူးရဲ့ ဒုတိယဂိုးအား မသွင်းမီ သူ့ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး စောဒကတက်ခဲ့မှုကြောင့် ပြသခြင်းခံခဲ့ရတာပါ။
ဖရန့်က "ဂျွန်ရဲ့ ကြီးမားတဲ့အမှားတစ်ခု ဖြစ်တယ်။ အီကီတီကီက လက်နှစ်ဖက်ရဲ့ တွန်းခဲ့တာ။ သူ ဘာလို့ မဖြစ်လဲ နားမလည်နိုင်အောင်ပဲ။ ကံကောင်းတာက ကျွန်တော်တို့မှာ VAR ရှိတယ်။ လိုအပ်တဲ့အချိန် ထုတ်သုံးတယ်။ ဒါပေမယ့် သူတို့ မသုံးခဲ့ဘူး။ ဒါက ဒုတိယအမှားပါ။ ပြန်ပြောရရင်(လီဗာပူးရဲ့ဒုတိယဂိုး) ဒိုင်သာ သူ့အလုပ်သူ လုပ်ခဲ့ရင် သူ(ရိုမီယို)လည်း ပထမအဝါကတ်ပြသခံရမှာ မဟုတ်ပါဘူး။ ဒီလိုပြောတာ မမှန်ဘူးလား"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ လီဗာပူးကို ရှုံးနိမ့်ပြီးနောက် ၂၀၂၅ ခုနှစ်အတွင်းတွင် ပရီးမီးယားလိဂ်အိမ်ကွင်း ၁၁ ပွဲ ရှုံးနိမ့်လာခဲ့တာ ဖြစ်ပြီး သမိုင်းတွင် တစ်နှစ်အတွင်း အများဆုံးအိမ်ကွင်းရှုံးပွဲ ကြုံတွေ့လာတာလည်း ဖြစ်ပါတယ်။
နွေရာသီတုန်းကလည်း ပိုစတီကိုဂလူနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ သောမတ်စ်ဖရန့်မှာလည်း လီဗာပူးရှုံးပွဲကြောင့် ဖိအားများ ပိုမိုကျရောက်လာပြီ ဖြစ်ပါတယ်။
နွေရာသီတုန်းက စပါးစ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရိုမီယိုဟာ စပါးစ်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၁၄ ပွဲ ကစားထားရာမှာ အဝါကတ် ၃၄ ကတ်၊ အနီကတ် ၃ ကတ်ပြသခြင်းခံထားရပြီလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ဘုန်းမောက်နှင့်အတူ ယခုရာသီတွင် အဝါကတ် ၄၂ ကတ်ဖြင့် အများဆုံးပြသခြင်းခံထားရတဲ့အသင်းအဖြစ် ပူးတွဲ ရပ်တည်နေပြီး ယင်းမှ ၉ ကတ်က ရိုမီယိုပြသခြင်းခံထားရတာပါ။

image

ဘယ်အသင်းမှ မလိုချင်တဲ့ စံချိန် ပိုင်ဆိုင်လာတဲ့ နိုင်ပွဲပျောက် ဝုဗ်
=====================

ဝုဗ်ဟာ စနေနေ့ညတုန်းက Molineux Stadium တွင် ဘရန့်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘယ်အသင်းမှ မလိုချင်တဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်လာခဲ့ရပြီ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ကိန်းလီဝစ်ပေါ်တာရဲ့ အနိုင်ဂိုး ၂ ဂိုးဖြင့် ဝုဗ်ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ကိန်းလီဝစ်ပေါ်တာဟာ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
ဝုဗ်ဟာ ဂျော်ဂျင်စထရန်းလာဆင်ရဲ့ နောက်ကျပင်နယ်တီ ကာကွယ်ခံရမှုနှင့်အတူ ချေပဂိုးတောင် မရဘဲ အရေးနိမ့်ခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် ဝုဗ်ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးနိမ့်လာကာ ရာသီအစ ၁၇ ပွဲဆက် နိုင်ပွဲပျောက်မှုအများဆုံးစံချိန်တစ်ခုကို လိုက်မီလာပါတယ်။
ဝုဗ်ဟာ ၂၀၂၀-၂၁ ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ရာသီအစ ၁၇ ပွဲဆက်နိုင်ပွဲပျောက်တဲ့ စံချိန်ကို လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။
ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေတဲ့ ဝုဗ်ဟာ ဒါဘီကောင်တီရဲ့ ပရီးမီးယားလိဂ္ ၁၁ ပွဲဆက် ရှုံးပွဲစံချိန်ကို လိုက်မီဖို့ ၁ ပွဲတည်းသာလိုပါတော့တယ်။
၎င်းတို့ဟာ ယခုနှစ်မကုန်ခင် လီဗာပူး၊ ယူနိုက်တက်တို့အား အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်လို့ အခြေအနေ ပိုမိုဆိုးရွားလာနိုင်တဲ့ အခြေဆိုက်နေပါတယ်။

image

အသက် ၄၁ နှစ်အရွယ်တွင် ချန်ပီယံလိဂ်ချန်ပီယံ ၂ ကြိမ်ရ အသင်းသို့ ပြောင်းပြီး ဥရောပတွင် ပြန်လည်ခြေချလာတဲ့ တီယာဂိုဆေးလ်ဗား
======================

တီယာဂိုဆေးလ်ဗားဟာ အသက် ၄၁ နှစ်အရွယ်တွင် အံ့ဩသင့်ဖွယ် ပေါ်တိုသို့ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
ဆေးလ်ဗားဟာ ဘရာဇီးကလပ်ဖလာမင်ဂိုတွင် နှစ်ရာသီကြာ ကစားပြီးနောက် ဥရောပတွင် ပြန်လည်ခြေချလာမှာလည်း ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီးတွင် လေးနှစ်ကြာ ကစားစဉ်အတွင်း ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ ဆွတ်ခူးပြီးနောက် ဖလာမင်ဂိုသို့ ပြောင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဖလာမင်ဂိုတွင် နှစ်ရာသီကြာ ကစားပြီးနောက် ပေါ်တိုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာတာပါတယ်။
တီယာဂိုဆေးလ်ဗားဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ခန့်တုန်းက စွန့်ခွာခဲ့တဲ့ ပေါ်တူဂီထိပ်သီး ပေါ်တိုသို့ ပြန်လည်ခြေချလာတာပါ။
ဝါရင့်နောက်ခံလူဟာ ပေါ်တိုတွင် ကစားခဲ့တဲ့ဆိုပေမယ့်လည်း ပေါ်တို(ခ)အသင်းမှာသာ ကစားခွင့်ရခဲ့တာပါ။
ယခုအခါမှာတော့ သူဟာ ပေါ်တိုတွင် ယခုရာသီအကုန်အထိ ဆက်ရှိနေမယ့် စာချုပ်ဖြင့် ပြောင်းရွှေ့လာပြီ ဖြစ်ပါတယ်။
ဆေးလ်ဗားဟာ ၂၀၀၉ ခုနှစ်တွင် ပေါ်တိုကို စွန့်ခွာကာ အေစီမီလန်သို့ ပြောင်းရွှေ့ပြီးနောက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ မီလန်အတွက် ၁၁၉ ပွဲကစားခဲ့ရာမှာ ၆ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးပေးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ပီအက်စ်ဂျီသို့ ပြောင်းခဲ့ပါတယ်။
သူဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၁၅ ပွဲကစားခဲ့ရာမှာ ၁၇ ဂိုးသွင်းပြီး ၇ ကြိမ် ဖန်တီးခဲ့ကာ ပြည်တွင်းဆုဖလားအမြောက်အမြားဆွတ်ခူးခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးတွင် လေးရာသီကစားစဉ်အတွင်း ၁၅၅ ပွဲကစားခဲ့ကာ ၉ ဂိုးသွင်းပြီး ၅ ကြိမ် ဖန်တီးခဲ့ပါတယ်။

image

ဂန္ထဝင်များဖြစ်ကြတဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ဝိန်းရွန်းနီတို့အား အတုယူပြီး တိုက်ပွဲဝင်ရန် ကိုဘီမိုင်နူးအား ရူဘင်အမိုရမ် ပြောကြားလာ
=====================

ရူဘင်အမိုရမ်က ကိုဘီမိုင်နူးအနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒို၊ ဝိန်းရွန်းနီတို့အား အတုယူကာ ယူနိုက်တက်တွင် နေရာရရှိရေး အစွမ်းကုန် တိုက်ပွဲဝင်ရန် တိုက်တွန်း ပြောကြားလာပါတယ်။
အသက် ၂၀ နှစ်ရှိ အင်္ဂလန်စတားကိုဘီမိုင်နူးဟာ နွေရာသီတုန်းက အသင်းပြောင်းရန် ကြိုးပမ်းမှု ငြင်းပယ်ခံခဲ့ရပြီးနောက် ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှ ပွဲထွက်ခွင့်မရမှုနှင့်အတူ အနာဂတ်မရေမရာ ဖြစ်နေသူ ဖြစ်ပါတယ်။
သူကိ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်လည်း နာပိုလီကပင် ဆက်လက် ခေါ်ယူလိုနေဆဲ ဖြစ်ပါတယ်။
ယခုအခါ ရူဘင်အမိုရမ်က "သူ့အလုပ်အတွက် ကိုဘီအနေနဲ့ တိုက်ပွဲဝင်ဖို့ လိုတယ်။ အသက် ၂၀ နှစ်အရွယ်မှာ ယူနိုက်တက်အရန်ခုံမှာ ထိုင်နေရတာ ဆိုးရွားတဲ့အရာ မဟတ်ပါဘူး။ ရော်နယ်ဒိုလည်း အရန်ခုံမှာ ထိုင်ခဲ့ရတယ်။ ရွန်းနီလည်း အရန်ခုံမှာ တခါတလေ ထိုင်ခဲ့ရတယ်။ ဟွန်ဆီဘာစတီယန်ဗီရွန်လည်း ကစားခွင့်မရခဲ့ဘူး။ ယူနိုက်တက်သမိုင်းအားလုံးကို မှတ်မိတယ်။ ကိုဘီကို 'မင်းက တကယ့်ကစားသမားကြီး။ အရည်အချင်းကို ပြဖို့ အရန်ခုံမှာ ထိုင်နေကွာ'လို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်က အဲဒါရဲ့ ဆန့်ကျင်ဘက်ကို ပြောနေတာ။ ကျွန်တော်က အသင်းကို အနိုင်ရစေချင်ရုံသက်သက်ပါ။ ပြီးတော့ ကိုဘီကိုလည်း ပိုကောင်းတဲ့ ကစားသမားဖြစ်စေချင်တယ်"လို့ ပြောကြားသွားပါတယ်။
ကိုဘီမိုင်နူးဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ရန် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရန် လိုအပ်နေပါတယ်။
မိုင်နူးရဲ့အသက်အရွယ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုမှာ ယူနိုက်တက်ပွဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းအား ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ ခံစစ်ဗျူဟာ ပြင်ဆင်ချိန်တွင်သာ ရော်နယ်ဒိုကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာပါ။

image
44 w - Translate

Miss Cosmo International 2025 ပွဲစဉ်မှာ .. မြန်မာနိုင်ငံမှ ပထမဆုံးဝင်ပြိုင်ခဲ့ပြီး .. Top 5
အဆင့် အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တဲ့ ..
အလှမယ် မြင့်မြတ်မိုး ..

image
44 w - Translate

Miss Cosmo International 2025 ပွဲစဉ်မှာ .. မြန်မာနိုင်ငံမှ ပထမဆုံးဝင်ပြိုင်ခဲ့ပြီး .. Top 5
အဆင့် အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တဲ့ ..
အလှမယ် မြင့်မြတ်မိုး ..

image
44 w - Translate

Miss Cosmo International 2025 ပွဲစဉ်မှာ .. မြန်မာနိုင်ငံမှ ပထမဆုံးဝင်ပြိုင်ခဲ့ပြီး .. Top 5
အဆင့် အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တဲ့ ..
အလှမယ် မြင့်မြတ်မိုး ..

image
44 w - Translate

Miss Cosmo International 2025 ပွဲစဉ်မှာ .. မြန်မာနိုင်ငံမှ ပထမဆုံးဝင်ပြိုင်ခဲ့ပြီး .. Top 5
အဆင့် အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တဲ့ ..
အလှမယ် မြင့်မြတ်မိုး ..

image
44 w - Translate

Miss Cosmo International 2025 ပွဲစဉ်မှာ .. မြန်မာနိုင်ငံမှ ပထမဆုံးဝင်ပြိုင်ခဲ့ပြီး .. Top 5
အဆင့် အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တဲ့ ..
အလှမယ် မြင့်မြတ်မိုး ..

image