အသက် 21 နှစ်မာ
ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်ခဲ့ပြီ

image

"ငါ ရင့်ကျက်နေပါပြီး"
ညီမတွေအတွက် ဝယ်ပေးတဲ့အခါ ငါ ;

image

☸ အာဟာရကြွယ်ဝတဲ့ " ကုဆိုင် " ☸
သူ့ရဲ့ အဓိပ္ပာယ်ကတော့ လက်တင်စကားလုံး “cepa” ကနေဆင်းသက်လာတာဖြစ်ပြီး "ကြက်သွန်" လို့ပဲ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ ကြီးမားရှည်လျားပြီး ပါးလျတဲ့အရွက်တွေပါရှိကာ မြက်ပင်များလိုပဲ အစုအဝေးနဲ့ ပေါက်ရောက်ကြတာဖြစ်ပါတယ်။ ခရမ်းရောင်ပန်းပွင့်များ ပွင့်လေ့ရှိပေမဲ့ ၎င်းတို့ဟာ အခြားသော ကြက်သွန်ပင်အမျိုးအစားများကဲ့သို့ မြေအောက်မှာ ဥ (bulb) ချတာမျိုးတော့ မရှိကြပါဘူး။
ကုဆိုင်ကို အသားဟင်းလျာ၊ ဟင်းချို၊ အဆာသွတ်မုန့်၊ ဖက်ထုပ်နဲ့ အကြော်အလှော် စတဲ့ အစားအစာတွေထဲမှာ အနံ့အရသာအတွက် ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ ထည့်သွင်းအသုံးပြုကြသလို ၎င်းရဲ့ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေကြောင့်လည်း အသုံးပြုစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ကုဆိုင်မှာဆိုရင် အိပ်စက်ခြင်းနဲ့ အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။ အချို့သော သုတေသနပြုချက်များအရ ကုဆိုင်နဲ့ အခြားသော allium မျိုးရင်းဝင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းများဟာ ကင်ဆာရောဂါကို ဆန့်ကျင်နိုင်တဲ့ အာနိသင်များနဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။
ပါဝင်သော အာဟာရဓာတ်များ ....
ကုဆိုင်ဟာ အာဟာရဓာတ်ပေါများတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုတာက ၎င်းတို့ဟာ ကယ်လိုရီနည်းပါးပြီး ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အပါအဝင် အကျိုးပြုတဲ့ အာဟာရများ မြင့်မားစွာပါဝင်နေတာ ​ဖြစ်ပါတယ်။ အဆိုပါအာဟာရဓာတ်များ ရရှိဖို့ဆိုရင်တော့ လူတစ်ယောက်ဟာ ကုဆိုင်များများ စားဖို့လိုပါလိမ့်မယ်။ သို့ပေမဲ့ များသောအားဖြင့်တော့ ကုဆိုင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ပဲ အသုံးပြုကြတာများပါတယ်။
အစားအသောက်တွေထဲမှာ အလွန်ဆုံးမှ ထမင်းစားဇွန်း ၁ ဇွန်း သို့မဟုတ် ၃ ဂရမ်ခန့်လောက်သာ အသုံးပြုကြတာ ဖြစ်ပါတယ်။ ကုဆိုင်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလိတ် (folate)၊ ဗီတာမင် အေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။
ကင်ဆာ ကာကွယ်ပေးခြင်း ....
ကုဆိုင်အပါအဝင် alliums မျိုးရင်းဝင် အပင်များဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း (သို့မဟုတ်) ဆန့်ကျင် တိုက်ဖျက်နိုင်ကြောင်း လေ့လာမှုများစွာမှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆာလ်ဖာဓာတ်အပါအဝင် ကုဆိုင်မှာတွေ့ရှိရတဲ့ အချို့သော ဒြပ်ပေါင်းများဟာ ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ ကြီးထွားခြင်း (သို့မဟုတ်) ပြန့်ပွားခြင်းကို ဟန့်တားပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာရောဂါ ဆန့်ကျင်ပေးနိုင်တယ်ဆိုတဲ့တွေ့ရှိချက်အတွက် နောက်ထပ် ကျယ်ပြန့်တဲ့လေ့လာမှုတွေ ထပ်လုပ်ဖို့တော့ လိုအပ်ပါသေးတယ်။
ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်က သုံးသပ်ချက်တစ်ခုအရ ကင်ဆာရောဂါကို ကာကွယ်ရန် (သို့မဟုတ်) အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုပြုလုပ်ဖို့အတွက် ကွဲပြားတဲ့ allium ဟင်းသီးဟင်းရွက်မျိုးစိတ် ၁၆ မျိုးကို သုတေသနပြုခဲ့ရာမှာ သုတေသီတွေအနေနဲ့ S-allyl mercaptocysteine, quercetin, flavonoids နဲ့ ajoene တို့ကဲ့သို့ ကင်ဆာရောဂါကိုဆန့်ကျင်နိုင်တဲ့ ဒြပ်ပေါင်းတွေ ကုဆိုင်မှာပါဝင်တယ်ဆိုတာကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေခြင်း
ကုဆိုင်မှာ cholineနဲ့ folate ဆိုတဲ့ဓာတ်တွေ အနည်းငယ်စီ ပါဝင်နေတာ ဖြစ်ပါတယ်။ Choline ဓာတ်ဟာ ဆဲလ်အမြှေးပါးများ တည်ဆောက်မှုကို ထိန်းသိမ်းရာမှာ ကူညီပေးနိုင်သော အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ထို့အပြင် Choline ဓာတ်ဟာ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ ကြွက်သားထိန်းချုပ်မှုအပြင် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
Folate ဓာတ်ကတော့ အယ်လ်ဇိုင်းမား၊ မွေးရာပါ နှလုံးချို့ယွင်းမှု၊ နှလုံးသွေးကြောနဲ့ လေဖြတ်ခြင်းကဲ့သို့ ပြဿနာတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ကုဆိုင်ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်သလို မှတ်ဉာဏ်တိုးတက်မှုကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
အမြင်အာရုံကောင်းစေခြင်း ...
ကုဆိုင်မှာ ကာရိုတီးနွိုက် (carotenoids) တွေဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အချို့သော သုတေသနအရင်းမြစ်မျအရ lutein နဲ့ zeaxanthin တို့ဟာ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတတ်တဲ့ ကြွက်သားများ ယိုယွင်းဆုတ်ယုတ်လာခြင်း (macular degeneration) ကိုကာကွယ်ဖို့ရာ မျက်လုံးရဲ့ မြင်လွှာ (မျက်ကြောလွှာ) မှာ စုစည်းနေလေ့ရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဆိုပါဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ကုဆိုင်ကဲ့သို့ အစားအစာများ စားသုံးခြင်းဟာ အမြင်အာရုံကို အကျိုးပြုနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အရိုးပွရောဂါကို ကာကွယ်ပေးခြင်း ...
ကုဆိုင်မှာ အရိုးသိပ်သည်းဆအတွက် အလွန်အရေးကြီးတဲ့ ဗီတာမင် ကေ ဓာတ်လည်း ပါ၀င်နေပါတယ်။ သိပ္ပံပညာရှင်များအနေနဲ့ ဗီတာမင် ကေ ဖြည့်စွက်ဆေးများဟာ အရိုးပွရောဂါ (Osteoporosis) ကိုကုသရာမှာ ထိရောက်မှု ရှိ၊ မရှိ လေ့လာနေကြတာဖြစ်ပြီး အာရှတိုက်ရဲ့ အချို့ဒေသတွေမှာတော့ အရိုးပွရောဂါကိုကုသရာမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ဗီတာမင် ကေ ကို ဘဝတစ်လျှောက်လုံး အရိုးသိပ်သည်းဆမြှင့်တင်ဖို့ရာအတွက် ကလေးဘဝနဲ့ အစောပိုင်းကာလတွေမှာ အသုံးပြုဖို့ အကြံပြုကြလေ့ရှိပြီး ထို့နည်းတူ ဗီတာမင် အေ ပါဝင်တဲ့ အစားအစာများဟာလည်း အသက်အရွယ်ရလာတဲ့အခါမှာ အရိုးပွရောဂါ မဖြစ်စေရန် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ကုဆိုင်နဲ့အတူ တွဲဖက်စားသုံးနိုင်တဲ့ ဗီတာမင် ကေ ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဂေါ်ဖီထုပ်အသေး (Brussels sprouts)၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ သခွားသီး စတာတွေပဲ ဖြစ်ပါတယ်။

image

အမိုရမ် ထုတ်ပယ်ခံလာရပါက ယူနိုက်တက်နည်းပြရာထူးကို ရယူရန် ဆောက်ဂိတ် ဆန္ဒပြင်းပြနေ၊ လေးနှစ်ကြာ စီမံကိန်းဖြင့် ယူနိုက်တက်ကို ပြန်လည်တည်ဆောက်ခွင့်တောင်းမည်

အောက်တိုဘာ ၃

ဆာဂါရတ်ဆောက်ဂိတ်ဟာ ယူနိုက်တက်နည်းပြဖြစ်လာပါက အသင်းကို တည်ဆောက်ရေး လုံလောက်တဲ့ အချိန် မရရှိလာမှာ စိုးရိမ်နေပါတယ်။

ဆောက်ဂိတ်ဟာ လက်ရှိ ရုန်းကန်နေရတဲ့ နည်းပြရူဘင်အမိုရမ်နှင့် လမ်းခွဲလာပါက ယူနိုက်တက်နည်းပြရာထူးအတွက် ဆွေးနွေးရန် တံခါးဖွင့်ပေးထားပါတယ်။

ငယ်စဉ်ကတည်းက ယူနိုက်တက်ကို အားပေးလာခဲ့တဲ့ ဂါရတ်ဆောက်ဂိတ်ဟာ ယူနိုက်တက်အား ချန်ပီယံလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်လာဖို့ ၄ နှစ်ကြာ တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်နေပါတယ်။

ဒါကြောင့်လည်း ဆောက်ဂိတ်ဟာ ယူနိုက်တက်နည်းပြရာထူးအား မရယူမီ ရေရှည်စီမံကိန်းဖြင့် Road Map စနစ်တကျချကာ တည်ဆောက်ခွင့်ပေးရေး တောင်းဆိုလာမှာလည်း ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ယူနိုက်တက်ဘက်က ချက်ချင်း အောင်မြင်မှု ရရှိရေး တောင်းဆိုလာမှုနှင့်အတူ ရေရှည်စီမံကိန်းအား လမ်းတစ်ဝက်တွင် အပြောင်းအလဲ ပြုလုပ်လာမှာ စိုးရိမ်နေတာပါ။

အသက် ၅၅ နှစ်ရှိ ဆောက်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် အင်္ဂလန်နည်းပြရာထူးမှ နုတ်ထွက်လိုက်ပြီးနောက်ပိုင်းတွင် အသင်းလက်မဲ့ ဖြစ်နေခဲ့သူ ဖြစ်ပြီး ဘောလုံးလောကသို့ အလျှင်စလို ပြန်ဝင်လိုခြင်း မရှိပါဘူး။

မစ်ဒယ်ဘရော့နှင့် အင်္ဂလန်နည်းပြဟောင်းဟာ ၂၀၂၄ ခုနှစ်တွင် ဆာဂျမ်ရက်ကလစ်ဖ်က ယူနိုက်တက်အား ပူးတွဲပိုင်ဆိုင်လာပြီးနောက် ယူနိုက်တက်နည်းပြရာထူးအတွက် အစဉ်တဆက် ရေပန်းစားလာခဲ့သူလည်း ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၀၉ ခုနှစ် မေလတုန်းက မစ်ဒယ်ဘရော့ တန်းဆင်းသွားရ့ပြီးနောက်ပိုင်းတွင် ပရီးမီးယားလိဂ်တွင် ကျင်လည်လာခဲ့ခြင်း မရှိပါဘူး။

သူဟာ အင်္ဂလန်ကို ကိုင်တွယ်စဉ်အတွင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သလို ယူရိုဗိုလ်လုပွဲသို့လည်း ၂ ကြိမ်ဆက် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image
15 w - Translate

သီးနှံစိုက်ခင်းမှာ ပေါင်းတွေရှိရင် ပေါင်းတွေက သီးနှံပင်က ရမယ့် ရေနဲ့အာဟာရကို လုပြီးယူတယ်။ ဒါကြောင့် သီးနှံက မြေကြီးထဲက အာဟာရကို ပြည့်ပြည့်ဝဝ မရပဲဖြစ်မယ်။ ဒီအချက်ကြောင့် စိုက်ခင်းထဲမှာ ပေါင်းတွေမရှိအောင် ပေါင်းသတ်ဆေးအသုံးပြုပြီး နှိမ်နင်းကြတယ်။
ဒီလို ပေါင်းသတ်ဆေးသုံးပြီး ပေါင်းတွေမရှိအောင်နှိမ်နင်းလိုက်ရင် ထည့်လိုက်တဲ့မြေဩဇာကို သီးနှံတွေက ပြည့်ပြည့်ဝဝ ရနိုင်မယ်လို့ လက်ခံထားကြတယ်။
တမျိုးပြောင်းပြီးစဉ်းစားကြည့်ရအောင်။
ပေါင်းပင်တွေက မြေကြီးထဲက အာဟာရကို သီးနှံပင်တွေနဲ့ အပြိုင် လုယူမှာကိုသိတယ်။ သုံးလိုက်တဲ့ ပေါင်းသတ်ဆေးတွေကရော မြေကြီးထဲက အာဟာရကို ဖျက်ဆီးလျော့ပါးသွားစေနိုင်တဲ့သဘောရှိနိုင်တယ်လို့ မတွေးမိတတ်ကြပါဘူး။
ပေါင်းသတ်ဆေးတွေရဲ့ ပြိုကွဲမှုမှာ ရေနဲ့၊ အလင်းရောင်နဲ့၊ အပူချိန်နဲ့၊ အနုဇီဝသက်ရှိကထုတ်တဲ့ အင်ဇိုင်းအကူအညီနဲ့ စတဲ့အကြောင်းအရာတွေမပါပဲ ပြိုကွဲမှုဖြစ်စဉ်မဖြစ်နိုင်ပါဘူး။
မြေကြီးထဲမှာ (အမြစ်ဇုံမှာ) ရှိတဲ့ အဓိက အနုဇီဝသက်ရှိတွေကိုလေ့လာကြည့်ရင် လေထုထဲကနိုက်ထရိုဂျင်ကို ဖမ်းယူပေးတဲ့ အနုဇီဝသက်ရှိ(ဘက်တီးရီးယား)၊ ထည့်သွင်းလိုက်တဲ့ ဖော့စ်ဖရပ်ကို အပင်ကစားသုံးနိုင်အောင် ကူညီပေးတဲ့ အနုဇီဝသက်ရှိ (Pseudomonas, Bacillus, Micrococcus), ပိုတက်စီယမ်ကို ပျော်ဝင်စေရန် ကူညီပေးသော အနုဇီဝသက်ရှိ (Proteobacteria, Actinobacteria)၊ ဆာလဖာကို ပျော်ဝင်စေရန် ကူညီပေးသော အနုဇီဝသက်ရှိ (Thermothrix, Beggiotoa, Thioplaca, Thiobacillus, Achromatium, Thiomicrospira, Acidithiobacillus)၊ မိုက်ကိုရိုက်ဇာ စသည်တို့ဖြစ်သည်။
ထိုအနုဇီဝသက်ရှိများမှ ထည့်သွင်းလိုက်သော မြေဩဇာကို အပင်မှစားသုံးနိုင်ရန် ကူညီပေးသလို မြေသားဖွဲ့စည်းမှုကောင်းမွန်စေရန် (အမြစ်ကုပ်တွယ်အား)ကူညီပေးခြင်း၊ ပေါင်းသတ်ဆေးပြိုကွဲမှုအတွက် အကူအညီပေးနိုင်သော အင်ဇိုင်းထုတ်ခြင်းစသည့်လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးပါတယ်။
ပေါင်းသတ်ဆေးသည် သက်ရှိများအတွက် အဆိပ်ဖြစ်သည်။ ထို့ကြောင့် အနုဇီဝသက်ရှိများကိုလည်း ထိခိုက်စေနိုင်သည်။ အနုဇီဝသက်ရှိဦးရေ လျော့ပါးလာသည်နှင့်အတူ အပင်မှ စားသုံးနိုင်သည့် အာဟာရပုံစံပြောင်းလဲပေးနိုင်မှုသည်လည်း လျော့ကျလာကာ အပင်အတွက် အာဟာရချို့တဲ့မှုကိုဖြစ်စေနိုင်သည်။
ထို့အပြင် မြေပေါ်သို့တိုက်ရိုက်ကျရောက်လာသော Atrazine ပေါင်းသတ်ဆေးသည် မြေကြီးထဲရှိ ပိုတက်စီယမ်ကို ပျော်ဝင်မှုမရှိစေရန် ထိန်းချုပ်ဟန့်တားသည်။
Sulfonylureas အုပ်စု ပေါင်းသတ်ဆေးများဖြစ်သော Bensulfuron, Metsulfuron, epoxysulfuron, Pyrazosulfuron စသည့် ပေါင်းသတ်ဆေးများသည် ထည့်သွင်းထားသော ယူရီးယားမြေဩဇာမှ ပံ့ပိုးသည် နိုက်ထရိုဂျင်အကူအညီဖြင့်ချက်လုပ်ပေးသော အမိုင်နိုအက်ဆစ်ကို လျော့ပါးစေနိုင်သည်။
မြေပေါ်သို့တိုက်ရိုက်ပက်ဖျန်းရသော pre-emergence ပေါင်းသတ်ဆေး (ပေါင်းအုပ်ဆေး) အများစုသည် အနည်းလိုအာဟာရများဖြစ်သော (Mn, Zn, Bo, Mo) တို့ကို အပင်မှ မစားသုံးနိုင်အောင် ထိန်းချုပ်ထားနိုင်သည်။
ပေါင်းသတ်ဆေးကို သီးနှံရာသီဆက်တိုက်အသုံးပြုထားသောမြေအား ဓာတ်ခွဲလေ့လာပါက မြေကြီးအတွင်း ကျန်ရှိနိုင်သော နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် အနည်းလိုအာဟာရ ပမာဏသည် ပေါင်းသတ်ဆေးအသုံးမပြုပဲ စိုက်ပျိုးသည့်မြေထက် ၃ ဆခန့်လျော့နည်းနိုင်သည်ဟု သုတေသန တွေ့ရှိချက်များကဆိုသည်။
ထို့ကြောင့်
ပေါင်းပင်က သီးနှံပင်နှင့် အာဟာရယှဉ်ပြိုင် စားသုံးမည်ကိုလည်း တွေးနိုင်သလို ပေါင်းသတ်ဆေးများသည်လည်း မြေကြီးထဲရှိအာဟာရကို သီးနှံပင်အတွက် လုံလောက်စွာမရနိုင်စေရန် ဟန့်တားလျော့ပါးစေနိုင်ကြောင်းကိုလည်း နားလည်ထားရန်လိုအပ်သည်။
ပေါင်းသတ်ဆေးများကို ပေါင်းပင်မရှိစေရန် အလွန်အကျွံအသုံးပြုသင့်/မသင့်နှင့် မြေကြီး၏ အာဟာရကြွယ်ဝမှုကိုလည်း ထည့်သွင်းစဉ်းစားရန် သင့်/မသင့် သေချာစွာဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။
အကြောင်းအရာတိုင်းအတွက် တဖက်ထဲကိုသာ ထင်မြင်ယူဆဆုံးဖြတ်ခြင်းထက် ရရှိလာနိုင်သော side effect များကိုလည်း ချိန်ဆဆုံးဖြတ်ရန် လိုအပ်ပါသည်။

image

ကြက်ကြော်အချိုနှပ်
ပါဝင်ပစ္စည်းများ
• ကြက်သား - ၂၅၀ ဂရမ်
• ခရမ်းချဉ်သီး - ၂ လုံး
• ကြက်သွန်ဖြူ - ၅ မြွှာ
• ကြက်သွန်နီ - ၁ လုံး
• ကော်မှုန့် - အနည်းငယ်
• ပဲငံပြာရည်အကြည် - အနည်းငယ်
• ပဲငံပြာရည်အနောက် - အနည်းငယ်
• ဆား - အနည်းငယ်
• ငရုတ်သီးကြော် - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ဆီ - အနည်းငယ်
• ကြက်သွန်မြိတ် - အနည်းငယ်
• ချင်း - အနည်းငယ်
• တရုတ်နံနံပင် - အနည်းငယ်
• နှမ်းဆီမွှေး - အနည်းငယ်
ပြုလုပ်နည်း
ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ပြီးလျှင် ခရမ်း ချဉ်သီး၊ ကြက်သွန်နီနှင့် ချင်းတို့ကို လှီးထားပါ။ ကြက် သွန်မြိတ်ကို အနေတော်လှီးဖြတ်ပါ။ တရုတ်နံနံကိုလည်း အနေတော် လှီးဖြတ်ပါ။ ကြက်သားကို ငရုတ်ကောင်းမှုန့်၊ သကြား၊ ဆား အနည်းငယ်၊ နှမ်းဆီမွှေး အနည်းငယ်၊ ရေအနည်းငယ်နှင့် ကော်မှုန့် အနည်းငယ် ထည့်ပြီး မွှေပါ။ အရသာနယ်ပြီးလျှင် ဆီပူပူမှာ ြွကပ်အောင် ကြော်ပါ။
ဒယ်အိုးကို အပူပေး၍ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်းကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆို လျှင် ကြော်ထားသော ကြက်သားထည့်ပါ။ အရသာများ အဖြစ် ပဲငံပြာရည်အကြည်/အနောက်၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပါ။ ရေ အနည်းငယ် ထည့် ပါ။ ရေဆူလာပြီဆိုလျှင် အကွင်းလိုက်လှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို ထည့်ပါ။ ကြော်ထားသော ငရုတ်သီးကြော် အနည်းငယ်ထည့်ပါ။ အနံ့အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

image
15 w - Translate

ဒီပုံလေးကိုမြင်တဲ့သူတိုင်း…✨
October လတစ်လလုံးကံကောင်းခြင်းတွေရရှိပါစေ🍁☘️
ဆုတောင်းတွေပြည့်ဝပါစေ☘️✨
☘️Make a wish ☘️

image

တောင်သူများအတွက် ဂျုံသီးနှံစိုက်ပျိုးစရိတ်များကို တစ်ဧကလျှင် ငွေကျပ် ( ၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးသွားမည်

အောက်တိုဘာ ၃

တောင်သူများအတွက် ဂျုံသီးနှံစိုက်ပျိုးစရိတ်များကို တစ်ဧကလျှင် ငွေကျပ် ( ၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံအပါအဝင် သီးနှံ (၂၃) မျိုးအား မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်ကလည်း ဂျုံသီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် (၂၀၂၅)ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေမှ စတင်၍ ဂျုံသီးနှံချေးငွေအား တစ်ဧကချေးငွေကျပ် (၁၅၀၀၀၀) နှုန်း၊ တစ်နှစ် လျှင် အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဂျုံသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများကို ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

အချစ်ဆိုတာ
တကယ်တော့ စေတနာပါပဲ။

တစ်ဦးနဲ့တစ်ဦးချစ်ပြီဆို စေတနာက
အလိုလိုထားပြီးသား ဖြစ်နေတယ်။

ကိုယ့်ချစ်သူ ကောင်းတာလေးတွေ
သုံးနေရင် မုဒိတာ ဖြစ်တယ်။
ကိုယ့်ချစ်သူ လိုအပ်တာမှန်သမျှ
အကုန်ဖြည့်ဆည်းပေးချင်တယ်။

အစားကောင်း စားရရင်
သူ့ကို သတိရတယ်။
ပစ္စည်းအသစ်လေး သုံးရရင်
သူ့ကိုလည်း သုံးစေချင်တယ်။

အရာရာ စေတနာက ဖြစ်နေတော့
ကိုယ်ကောင်းတာ တွေ့ကြုံနေရသ၍
သူ့ကိုလဲ ကိုယ်နဲ့ထပ်တူ ရရှိခံစားစေချင်တယ်။

ဒါကို ပြန်ကြည့်မယ်ဆိုရင်
အချစ်ဆိုတာ
ရယူခြင်းလည်း မဟုတ်
ပေးဆပ်ခြင်းလည်း မဟုတ်

တကယ်တော့ အချစ်ဆိုတာ
တစ်ဦးအပေါ်တစ်ဦးထားတဲ့ စေတနာပါပဲ။

image

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်မြေစာပုံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မှော်စီစာကျေးရွာအုပ်စု ၊သာယာကုန်းကျေးရွာတွင် ယနေ့(အောက်တိုဘာလ ၃ ရက်) နံနက် ကိုးနာရီခွဲခန့်က ကျောက်စိမ်းလုပ်ကွက်မြေစာပုံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက်(၅၀) ဝန်းကျင်ခန့်ရှိပြီး ကျောက်စိမ်းလုပ်ကွက်အတွင်း လက်ကျင်းတူးနေစဉ် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ဒဏ်ရာရရှိသူကို ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရုတ်တရက် မြေစာပုံပြိုကျတော့ တစ်ယောက်က မြေစာပိပြီး နေရာမှာတင်ဆုံးသွားတာ။ ဒဏ်ရာရတဲ့သူကတော့ ကျိုးတာပဲ့တာတွေ မရှိပေမယ့် အတွင်းကြေသွားလောက်တယ်။ သတိမရတစ်ချက်၊ ရတချက်ဖြစ်နေတယ်။သူ့ကို လူနာတင်ယာဉ်မစောင့်ပဲ ရှိတဲ့ လောပန်းတစ်ယောက်ရဲ့ကားနဲ့ပဲ ဆေးရုံကိုပို့လိုက်ရတာ” ဟု အဆိုပါဒေသခံကဆိုသည်။

လက်ရှိတွင် လုပ်ကွက်ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်အကြောင်းကြားမှုများ လုပ်ဆောင်ထားပြီး သေဆုံးသူကို နာရေးကူညီမှုအသင်းများ၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် နှစ်စဉ် လုပ်ကွက်မြေစာပုံပြိုကျမှုများကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်ကလည်း ဖားကန့်မြို့နယ်၊မှော်စီစာ ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျမှုကြောင့် ရှာဖွေသူ (၅) ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

Credit - NP News Agency

#centralnewsnaypyitaw

image