သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရလျှင် ဂျွန်ဆင်ကို စပါးစ် ရောင်းချလာမည်
====================

စပါးစ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲ အနိုင်ဂိုးရှင် ဘရန်နန်ဂျွန်ဆင်အား သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိလာပါက ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
စပါးစ်ဟာ ဝေးလ်တောင်ပံကစားသမားအား ရောင်းချရန် အစီအစဉ် မရှိသော်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိလာလျှင်တော့ ရောင်းချရန် တံခါးဖွင့်ပေးထားတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဘရန်နန်ဂျွန်ဆင်ကို စိတ်ဝင်စားမှု အများဆုံးအဖြစ် ခရစ္စတယ်ပဲလေ့စ်က ရပ်တည်နေပြီး အခြားအသင်းများကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ရာသီုတန်းက ၁၁ ဂိုးဖြင့် စပါးစ်အတွက် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ မေလတုန်းက ယူနိုက်တက်အား အနိုင်ရတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အနိုင်ဂိုးသွင်းယူကာ ကလပ်ရဲ့ ၁၇ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်မှုအား အဆုံးသတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ နည်းပြသစ်သောမတ်စ်ဖရန့်လက်အောက်တွင် အကန့်အသတ်ဖြင့်သာ ကစားလာရပါတယ်။
သူဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၆ ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။
ဂျွန်ဆင်ဟာ ၂၀၂၃ ခုနှစ်တွင် နော်တင်ဟမ်ဖောရက်စ်မှ ပေါင် ၄၇.၅ သန်းဖြင့် ပြောင်းလာပြီးနောက် စပါးစ်အတွက် ၂၇ ဂိုးသွင်းပေးထားပါတယ်။