သားဖြစ်သူကို ပထမဆုံးပွဲကစားခွင့်ပေးလာမှုအတွက် ဖြေရှင်းချက် ပေးလာရတဲ့ ဖီယင်နုနည်းပြဗန်ပါစီ
=====================

ရော်ဘင်ဗန်ပါစီက သားဖြစ်သူ ရှာကွီးလ်အား ဖီယင်နုရဲ့ ဆဲလ်တစ်ကို ရှုံးနိမ့်တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင် ပထမဆုံးပွဲ ကစားခွင့်ပေးလာမှုမှာ ဖခင်တစ်ယောက်အနေဖြင့် အခွင့်အရေးပေးလာခြင်းမျိုး မဟုတ်ဘဲ နည်းပြတစ်ဦးအနေဖြင့် အခွင့်အရေးပေးလာခြင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၁၉ နှစ်ရှိ တိုက်စစ်သမားဟာ မန်စီးတီးအကယ်ဒမီတွင် ၂ နှစ်ကြာ ကစားပြီးနောက် ဖခင်ဖြစ်သူရဲ့ ခြေရာနင်းကာ ၂၀၁၇ ခုနှစ်တွင် ဖီယင်နုသို့ ပြောင်းခဲ့ပါတယ်။ ယင်းနောက် သူဟာ ၂၀၂၂ ခုနှစ်တွင် ဒတ်ချ်ကလပ်နှင့် ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခွင့်ရခဲ့ပါတယ်?
သူဟာ ၂၀၂၅ ခုနှစ်မှာတော့ တနင်္ဂနွေနေ့တုန်းက နီမီဂျင်အား ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် ဖီယင်နုလူစာရင်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းခြင်းခံခဲ့ရပါတယ်။
ယင်းနောက် ၄ ရက်အကြာတွင် သူဟာ ဆဲလ်တစ်အား ရှုံးနိမ့်တဲ့ ယူရိုပါလိဂ်ပွဲစဉ်ရဲ့ ပွဲချိန် ၈၁ မိနစ်မှာ ပထမဆုံးစီနီယာပွဲ ကစားခွင်ရခဲ့ပါတယ်။
အာဆင်နယ်နှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းက "ဂိုးတစ်ဂိုးလိုအပ်နေတာကြောင် ဖခင်တစ်ဦးအနေနဲ့ မဟုတ်ဘဲ နည်းပြတစ်ယောက်အနေနဲ့ သူ့ကို ထည့်သွင်းခဲ့တာပါ။ ရှာကွီးလ်က ဘယ်လိုအနေအထားမျိုးမှ မဆို ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦးပါ။ ဒီအချက်ကြောင့်လည်း သူ့ကို ခေါ်ဆောင်ခဲ့တာပါ။ ဖခင်တစ်ယောက်အမြင်နဲ့ ပြောရရင် ကိုယ့်သား ပထမဆုံးပွဲကစားခွင့်ရတာက စပါယ်ရှယ်အခိုက်အတန့်ပါ။ ဒါပေမယ့် ပျော်နေဖို့ အချိန်မရပါဘူး။ ရှာကီးလ်လိုပဲ ကျွန်တော်လည်း အလုပ်ရှုပ်နေတာပါ"လို့ ပြောကြားသွားပါတယ်။
လန်ဒန်ဖွား ရှာကွီးလ်ဟာ ဆဲလ်တစ်နှင့်ပွဲတွင် များစွာ လုပ်ပြနိုင်ခဲ့ခြင်း မရှိဘဲ ဂိုးပေါက်ကန်ချက် ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
သူ ဝင်ရောက်လာချိန်တွင် ၂-၁ ဖြင့် ရှုံးနိမ့်နေပြီး ဝင်ရောက်လာပြီး တစ်မိနစ်အကြာမှာ မာတင်အိုနေးလ်ရဲ့ ဆဲလ်တစ်တို့ တတိယဂိုး ရသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဗန်ပါစီက "ရှာကွီးလ်ကို ကစားသမားတွေထဲက တစ်ဦးအဖြစ်ပဲ မြင်ပါတယ်။ ကျွန်တော်တို့ အလုပ်အတူ လုပ်တဲ့ နှစ်အနည်းငယ်ခန့်ကတည်းက သဘောတူညီထားတာပါ။ ရှာကွီးလ်ကလည်း ကောင်းကောင်းကိုင်တွယ်နိုင်တယ်။ ကျွန်တော်ကလည်း ကိုယ့်အမြင်နဲ့ကိုယ် အလုပ်လုပ်တယ်။ နောက်ပိုင်း အိမ်မှာ ကောင်းမွန်တဲ့ အခိုက်အတန့် ရှိလာမှာပါ။ တစ်ယောက်ကို တစ်ယောက် ဂုဏ်ယူရမယ်။ ပထမဆုံးပွဲကစားခွင့်ရတဲ့ ကစားသမားတိုင်းလိုပဲ ရှာကွီးလ်အတွက် ဂုဏ်ယူပါတယ်။ သူ ပထမဆုံးပွဲမကစားခင် လုပ်ရတာတွေ အများကြီးပါ။ သူ့ဘက်ကလည်း အလုပ်ကြိုးစားတယ်။ သူနဲ့ ထိုက်တန်ပါတယ်။ သူ့အတွက် စပါယ်ရှယ်အခိုက်အတန့်ပါ"လို့ ဆိုသွားပါတယ်။
ဗန်ပါစီဟာ သားဖြစ်သူကို ပထမဆုံးပွဲ ကစားခွင့်ပေးတဲ့ ပထမဆုံးနည်းပြ ဖခင်တစ်ဦး မဟုတ်ပါဘူး။
နယ်သာလန်ဂန္ထဝင်နည်းပြဂျိုဟန်ခရိုက်ဖ်မှာ ဘာစီလိုနာကို ကိုင်တွယ်တုန်းက သားဖြစ်သူဂျော်ဒီကို ပထမဆုံးပွဲကစားခွင့်ပေးခဲ့ဖူးပါတယ်။ ဂျော်ဒီဟာ ဘာစီလိုနာအတွက် ၅၄ ပွဲကစားခွင့်ရခဲ့ပြီး ၁၉၉၆ ခုနှစ်နွေရာသီတွင် နှစ်ဦးလုံး အတူတူ ဘာစီလိုနာမှ ထွက်ခွာခဲ့ပါတယ်။
စပါးစ်ဂန္ထဝင်နည်းပြဟယ်ရီရက်နပ်မှာလည်း ဘုန်းမောက်ကို ကိုင်တွယ်စဉ်တုန်းက အသက် ၁၆ နှစ် အရွယ်ရှိသားဖြစ်သူ ဂျေမီရက်နပ်အား ပထမဆုံးပွဲကစားခွင့်ပေးခဲ့ပါတယ်။ လီဗာပူးစတားဟောင်းရက်နပ်ဟာ ဖခင်ဖြစ်သူရဲ့ လက်အောက်တွင် ၃၈ ပွဲကစားခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် ဘာမင်ဂမ်နည်းပြဟောင်းစတိဗ်ဘရုစ်မှာလည်း ၂၀၀၅-၀၆ ရာသီတုန်းက သားဖြစ်သူအဲလက်စ်ဘရုစ်ကို ပထမဆုံးပွဲ ကစားခွင့်ပေးခဲ့ပါတယ်။ အဲလက်စ်ဟာ ဖခင်ဖြစ်သူရဲ့လက်အောက်တွင် ၁၁၆ ပွဲအထိ ကစားခွင့်ရခဲ့ပါတယ်။ သူဟာ ဝက်စ်ဘရွန်းတွင် ဖခင်ဖြစ်သူရဲ့ နည်းပြအဖွဲ့မှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဇီဒန်းဟာလည်း ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်တုန်းက သားများဖြစ်ကြတဲ့ အန်ဇိုနှင့် လူကာတို့အား ပထမဆုံးပွဲ ကစားခွင်ပေးခဲ့ပါတယ်။
ဒါ့အပြင် သားများကို ပထမဆုံးပွဲကစားခွင့်ပေးတဲ့ နည်းပြများအဖြစ် ဆာအဲလက်စ်ဖာဂူဆန်က သားဖြစ်သူ ဒါရင်းဖာဂူဆန်ကို ယူနိုက်တက်တွင်လည်းကောင်း၊ ဒီယေဂိုဆီမြွန်နီက အက်သလက်တီကိုတွင် သားဖြစ်သူ ဂူလီယာနိုဆီမြွန်နီကိုလည်းကောင်း၊ နယ်သာလန်နည်းပြဟောင်းဒန်နီက သားဖြစ်သူဒါလေးဘလိုင်းကိုလည်းကောင်း အခွင့်အရေးပေးခဲ့ကြဖူးပါတယ်။

image

ဗီလာနိုင်ပွဲတွင် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံစဉ် အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခံခဲ့ရတဲ့ မာလန်
===================

ဗီလာတိုက်စစ်သမားဒွန်ယဲလ်မာလန်ဟာ ကလပ်ရဲ့ ယန်းဘွိုင်းပွဲစဉ်အတွင်းတွင် ပရိသတ်ရဲ့ ခွက်ဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရကာ ခေါင်းပေါက်သွားခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ နယ်သာလန်တိုက်စစ်သမားဟာ ဗီလာပါ့ခ်ပွဲစဉ်တွင် ၂၇ မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အဝေးကွင်းပရိသတ်များရှိရာ ပွဲကြည့်စင်သို့ သွားရောက် အောင်ပွဲခံချိန်မှာတော့ ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။
ကံဆိုးစွာပင် ပလပ်စတစ်ခွက်တစ်ခွက်မှာ မာလန်ရဲ့ ခေါင်းကို ထိသွားပြီး ခေါင်းပေါက်သွားတာ တွေ့ရပါတယ်။
အခြားဗီလာကစားသမားများဟာလည်း ပွဲကြည့်စင်မှ ပျံဝဲလာတဲ့ အရာဝတ္တုပစ္စည်းများကို ထိန်းရှောင်ခဲ့ပါတယ်။
ယင်းနောက် ပထမပိုင်းမပြီးခင် မာလန်က ဒုတိယဂိုးသွင်းလာချိန်တွင်လည်း နောက်ထပ် ပြဿနာကြုံခဲ့ပါတယ်။
ယခုတစ်ကြိမ်တွင်လည်း သူဟာ အဝေးကွင်းပရိသတ်များရှိရာ ပွဲကြည့်စင်သို့ပင် သွားရောက် အောင်ပွဲခံခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း သူဟာ ပရိသတ်များရဲ့ ပစ္စည်းများဖြင့် ပစ်ပေါက်ကြိုဆိုခြင်းခံခဲ့ရပြန်ပါတယ်။
ယန်းဘွိုင်းအသင်းခေါင်းဆောင်လိုရစ်ဘီနီတိုဟာ ပရိသတ်များ ရှိရာသို့ သွားရောက်ကာ တားဆီးခဲ့ပါတယ်။
ဒါပေမယ့် ပရိသတ်များ ပိုမို ဆိုးရွားလာကာ ထိုင်ခုံရိုက်ချိုးပြီး ရဲတပ်ဖွဲ့ဝင်များကို ပစ်ပေါက်တဲ့အထိ ပြုလုပ်လာပါတယ်။ အချို့ပရိသတ်များက လုံခြုံရေးဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များကို တွန်းထိုးခြင်းလည်း ပြုလုပ်ခဲ့ကာ တစ်ဦးမှာ ဆွဲခေါ်သွားခြင်း ခံ့ခဲ့ရပါတယ်။
ဒိုင်လူကြီးက အခြေအနေ ပြန်လည်တည်ငြိမ်တဲ့အထိ ပွဲကို ရပ်ဆိုင်းခဲ့ပြီး ၅ မိနစ်ဝန်းကျင်ခန့် ပွဲကို ရပ်ခဲ့ပါတယ်။
မနေ့ညက ပွဲတွင် ဗီလာတို့ ၂-၁ ဖြင့် အနိုင်ရရှိကာ ၅ ပွဲကစားပြီးချိန်တွင် ၄ ပွဲအနိုင်ရရှိကာ ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

image

ယူနိုက်တက်သို့ ပြောင်းရေး အပြီးသတ်ရန် ယခုရက်ပိုင်းတွင် ဗြိတိန်သို့ ရောက်လာတော့မယ့် ပါရမီရှင် လူငယ်လေး
====================

ပါရမီရှင် ခရစ္စတီယန်အိုရော့ဇ်ကိုဟာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ရေး အပြီးသတ်ရန်အတွက် လာမယ့် ရက်အနည်းငယ်အတွင်းတွင် ဗြိတိန်သို့ ရောက်လာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အပြောင်းအရွှေ့အကြီးအကဲဂျေဆင်ဝဲလ်ကော့စ်ဟာ နိုင်ငံခြားသား လူငယ်ကစားသမားရှာဖွေစုဆောင်းရေးကဏ္ဍရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အသက် ၁၇ နှစ်ရှိ ကွင်းလယ်ခံစစ်သမားအား ခေါ်ယူရေး ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။
အိုရော့ဇ်ကိုဟာ နွေရာသီကမှ လက်ရှိ ကလပ် ဖော်တာလီဇာသို့ ပြောင်းလာသူ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ကိုလံဘီယာလူငယ်အသင်းအတွက် ၁၃ ပွဲကစားထားတဲ့ လူငယ်ပါရမီရှင်အား ခေါ်ယူရေးအတွက် အလျှင်အမြန်ပင် အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အိုရော့ဇ်ကိုဟာ အသက် ၁၈ နှစ်ပြည့်မယ့် လာမယ့် ဇူလိုင်လတွင်မှ ယူနိုက်တက်သို့ တရားဝင် ပြောင်းရွှေ့လာပါမယ်။
ယခုအခါ ဆယ်ကျော်သက် ကစားသမားဟာ လာမယ့်ရက်ပိုင်းတွင် အပြောင်းအရွှေ့အပြီးသတ်ရေးအတွက် ဗြိတိန်သို့ ရောက်လာတော့မှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅၅၀၀၀ ပေးခဲ့ရကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ကွင်းလယ်ပြဿနာနှင့် ရင်ဆိုင်နေရတဲ့အသင်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းက Independiente del Valle မှ ကွင်းလယ်ခံစစ်သမားမွိုက်စ်ကိုင်စီဒိုအား ခေါ်ယူရေး အလေးအနက်ထား ကြိုးပမ်းခဲ့ပေမယ့် အေးဂျင့်များစွာ ပါဝင်လုပ်ဆောင်မှုကြောင့် စိတ်ပျက်ခဲ့ရပါတယ်။
ဒါ့အပြင် Independiente del Valle ဘက်က ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅.၅ သန်းတောင်းမှုကြောင့် နောက်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ် ကိုင်စီဒိုဟာ ဘရိုက်တန်သို့ ပြောင်းခဲ့ပြီး ယင်းမှ တဆင့် ချဲလ်ဆီးသို့ ပေါင် ၁၁၅ သန်းဖြင့် ပြောင်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ အန်းဂါးတွင် ကစားနေတဲ့ အသက် ၁၉ နှစ်အရွယ် ဘယ်နောက်ခံလူဒန်ဆီနာတီကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။
ဆီနာတီမှာ ယူနိုက်တက်အကယ်ဒမီတွင် ကစားနေတဲ့ မာလီကွင်းလယ်ကစားသမားဆီကူးကိုနေးရဲ့ ကစားဖော် ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ လာမယ့် နွေရာသီတွင် အသင်းရှိ ကစားသမား ၁၁ ဦးအထိ ဖယ်ရှားပြီး အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။

image

ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပေါ်တူဂီအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းက သြစတြီးယားအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ နိုဝင်ဘာ(၃)ကနေ (၂၇)ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းက အုပ်စုအဆင့်မှာ ဂျပန်ရဲ့နောက် ဒုတိယနေရာသာရရှိခဲ့ပေမဲ့ (၃၂)သင်းအဆင့်မှာ ဘယ်လ်ဂျီယံ၊ (၁၆)သင်းအဆင့်မှာ မက္ကဆီကို၊ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်၊ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်၊ ဗိုလ်လုပွဲမှာ သြစတြီးယားတို့ကို အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံဆု ရယူခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား မားတီးယပ်စ်မီဒီက ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို ပေါ်တူဂီဂိုးသမား ရိုမာရီယိုကွန်ညာက ရရှိခဲ့ပေမဲ့ ဂိုးသွင်းအများဆုံးဆုကိုတော့ (၈)ဂိုးသွင်းခဲ့တဲ့ သြစတြီးယားတိုက်စစ်မှူး ဂျိုဟန်နက်စ်မိုဆာက ရရှိခဲ့ပါတယ်။
ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၈၅ ခုနှစ်မှာ ယူ-၁၆ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအမည်နဲ့ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ကျင်းပခဲ့တဲ့ အကြိမ်(၂၀)မြောက်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း (၄၈)သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ ချန်ပီယံဆု(၅)ကြိမ်ရရှိထားတဲ့ နိုင်ဂျီးရီးယားအသင်းဖြစ်ပြီး ပေါ်တူဂီအသင်းက အရင်က တတိယသာ အမြင့်ဆုံးရရှိခဲ့ဖူးကြောင်း သိရပါတယ်။

image

အမေရိကန်ကစားသမားတွေအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရယူဖို့ ရည်မှန်းချက်ထားရမယ်လို့ ပိုချက်တီနို ပြောကြား

အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနိုက အမေရိကန်ကစားသမားတွေအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ရည်မှန်းချက်ထားရမယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အိမ်ရှင်အခွင့်အရေးရှိနေတာကြောင့် ပိုချက်တီနိုက အခုလိုပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ပထမဆုံးကျင်းပတဲ့ ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တာက အမြင့်ဆုံးအောင်မြင်မှုဖြစ်ပြီး (၂၁)ရာစုမှာတော့ အမြင့်ဆုံးကွာတားဖိုင်နယ်သာ ရောက်ရှိဖူးပါတယ်။
''ကျွန်တော်တို့ ရည်မှန်းချက်ကြီးကြီးမားမား ထားရှိရမှာပါ။ ဒါဟာ အရေးကြီးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကာတာမှာ မော်ရိုကိုအသင်း လုပ်ဆောင်ခဲ့တာကို ကြည့်လိုက်ပါ(၂၀၂၂ ကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်း ဆီမီးဖိုင်နယ်ရောက်ခဲ့)။ သူတို့က အနိုင်ယူမယ်ဆိုတဲ့စိတ် အမြဲရှိနေခဲ့တာပါ။ ကျွန်တော်တို့လည်း ချန်ပီယံဆု ယူနိုင်ရမယ်ဆိုတဲ့စိတ် ရှိဖို့လိုပါတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံမှာ ကစားရမယ့်ပြိုင်ပွဲမှာပါ'' လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားလူမျိုး ပိုချက်တီနိုဟာ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ စပါး၊ PSG နဲ့ ချယ်လ်ဆီးတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး အမေရိကန်လက်ရွေးစင်အသင်းကို ၂၀၂၄ စက်တင်ဘာမှာ စတင်ကိုင်တွယ်ခဲ့တာပါ။
ပိုချက်တီနိုဟာ အမေရိကန်အသင်းကို (၂၂)ပွဲကိုင်တွယ်ထားရာမှာ (၁၃)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၇)ပွဲရှုံးရလဒ် ရရှိထားပြီး နောက်ဆုံးခြေစမ်းပွဲ(၅)ပွဲမှာ (၄)ပွဲနိုင်၊ (၁)ပွဲသရေကျထားကြောင်း သိရပါတယ်။

image

အသင်းမှာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ စည်းလုံးစွာရှိနေတယ်လို့ အမ်ဘာပေ ပြောကြား

ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက အသင်းမှာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ စည်းလုံးစွာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ အခုတစ်ပတ်ချန်ပီယံလိဂ်မှာ အိုလံပီယာကော့စ်ကို အနိုင်မရခင် ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး နည်းပြ အလွန်ဆိုနဲ့ ကြယ်ပွင့်ကစားသမားတချို့ ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း သတင်းထွက်ခဲ့ပါတယ်။
ဒါကြောင့် အမ်ဘာပေက အသင်းအနေနဲ့ စည်းလုံးမှုအပြည့်ရှိနေကြောင်းပြောကြားခဲ့သလို၊ အသင်းဖော်တွေကိုလည်း ကစားသမားအချင်းချင်းနဲ့ နည်းပြအဖွဲ့အပေါ် အပြန်အလှန်ကာကွယ်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
''အပြင်မှာ လူတွေ အများကြီးပြောနေကြတာ ကျွန်တော် သိပါတယ်။ ရီးယဲလ်မှာ ကစားရင် လူတွေအတွက် ပြောစရာဖြစ်တာကတော့ ပုံမှန်ပါပဲ။ ဒါတွေကို ဆန့်ကျင်ပြီး ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စည်းလုံးစွာရှိနေပြီး ပရိသတ်တွေကလည်း ကျွန်တော်တို့ဘက်မှာ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်'' လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။
အလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့် ရီးယဲလ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရအောင် စွမ်းဆောင်ပေးထားပေမဲ့ ဗင်နီစီယပ်စ်အပါအဝင် အမာခံကစားသမားတချို့နဲ့ အဆင်မပြေကြောင်း ထင်ကြေးပေးမှုတွေ ရှိနေတာပါ။

image

ငါးနှစ်ကြာ တွဲလာတဲ့ ချစ်သူကို လန်ဒန်ရှိ ထိပ်တန်းဟိုတယ်တစ်ခုတွင် လက်ထပ်ခွင့်တောင်းလာတဲ့ ဘူကာယိုဆာကာ
=====================

ဘူကာယိုဆာကာဟာ ငါးနှစ်ကြာ လက်တွဲလာတဲ့ ချစ်သူတိုလာမီဘင်ဆန်နှင့် စေ့စပ်လာပြီ ဖြစ်ပါတယ်။
အင်္ဂလန်နှင့် အာဆင်နယ်စတားဟာ လန်ဒန်ရှိ ထိပ်တန်းဟိုတယ်တစ်ခုတွင် ချစ်သူအား လက်ထပ်ခွင့်တောင်းခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ်ရှိ ဆာကာနှင့် တိုလာမီတို့ဟာ ၂၀၂၀ ခုနှစ်ကတည်းက ချစ်ကြိုက်လာခဲ့ကြသူများ ဖြစ်ပါတယ်။
ဆာကာရဲ့ သတင်းအရင်းအမြစ်က "ဘူကာယိုက လက်ထပ်ခွင့်တောင်းဖို့ အစွမ်းကုန်လုပ်ခဲ့တာ။ လက်စွပ်ကိုလည်း လုံးဝ အကြီးကြီး ရွေးခဲ့တာ။ ထိပ်တန်းလန်ဒန်ဟိုတယ်တစ်ခုမှာ အထူးညတစ်ည စီစဉ်ထားခဲ့တာ။ အဲဒီမှာပဲ လက်ထပ်ခွင့်တောင်းခဲ့တယ်။ တကယ့်ကို စပါယ်ရှယ်ညတစ်ညပါ။ တိုလာမီကတော့ လုံးဝ အံ့ဩသင့်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဆာကာနှင့် တိုလာမီတို့ဟာ ၂၀၂၀ ခုနှစ်တွင် စတင်ချစ်ကြိုက်ပြီးနောက် လူသိရှင်ကြား တွဲလာကြပါတယ်။
တိုလာမီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကာတာသို့အထိ လိုက်ပါကာ ဆာကာအား အားပေးခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ဆာကာ ပထမဆုံးဝတ်ဆင်တဲ့ ကျောနံပါတ် ၈၇ ပါ အင်္ကျီနက်အား ဝတ်ဆင်အားပေးခဲ့ပါတယ်။
ဟတ်ဖီးလ်တွင် မွေးဖွားတဲ့ တိုလာမီဟာ ဘာမင်ဂမ်တက္ကသိုလ်တွင် Public Relations and Media ကို လေ့လာသင်ယူခဲ့သူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် သူမဟာ အကြီးတန်းစီမံကိန်းရေးဆွဲရေးအမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၂၈ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၉၁ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၈၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၇၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၃၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၂၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၄၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၄၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၄၅ ကျပ်
ဝယ်ဈေး - ၃၉၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၄၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၀ ကျပ်
ဝယ်ဈေး - ၉၅၆ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၁ ကျပ်
ဝယ်ဈေး - ၂၅.၂၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၂၇ ကျပ်
ဝယ်ဈေး - ၄၄.၁၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၄၇ ကျပ်
ဝယ်ဈေး - ၂၅၈၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၈ ကျပ်
ဝယ်ဈေး - ၂၈၁၇ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၁ ကျပ်
ဝယ်ဈေး - ၅၀၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၃ ကျပ်
ဝယ်ဈေး - ၁၀၇၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

Global Automotive Type Approval Services Market Poised for Robust Growth Through 2032

The global Automotive Type Approval Services market is experiencing steady expansion as regulatory compliance, vehicle safety, and international trade requirements continue to evolve. According to recent industry assessments conducted by Market Intelo, the market reached a valuation of USD 1.98 billion in 2024 and is projected to grow at a CAGR of 6.7% from 2025 to 2032, ultimately surpassing USD 3.54 billion by the end of the forecast period.
Read Full Research Study: https://marketintelo.com/repor....t/automotive-type-ap

Automotive Type Approval Services Market Research Report 2033
marketintelo.com

Automotive Type Approval Services Market Research Report 2033

As per our latest market intelligence, the Global Automotive Type Approval Services market size was valued at $2.7 billion in 2024, and is forecasted to hit $5.1 billion by 2033, growing at a CAGR of 7.2%.