စွန့်ပစ်ခံလာရတော့မယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘောလုံးကွင်း
======================

ကမ္ဘာ့သက်တမ်းအရင့်ဆုံးဘောလုံးကွင်းဟာ နှစ်ပေါင်း ၁၅၄ နှစ်တိုင်တိုင် အသုံးတော်ခံပြီးတဲ့နောက် စွန့်ခွာခြင်းခံလာရတော့မှာ ဖြစ်ပါတယ်။

Maidenhead United ဟာ ၁၈၇၁ ခုနှစ်ကတည်းက York Road ကွင်းကို အသုံးပြုလာခဲ့တာ ဖြစ်ပြီး ယင်းနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံးအိမ်ကွင်းပွဲအား လက်ခံကျင်းပခဲ့ပါတယ်။

အက်ဖ်အေက ဘာရှီရီရှိ York Road ကွင်းကို ကမ္ဘာ့သက်တမ်းအရှည်ဆုံးကွင်းအဖြစ် တရားဝင် သတ်မှတ်ထားပြီး Maidenhead United ကလည်း အိမ်ကွင်းအဖြစ် အသုံးပြုနေပါတယ်။

ဒီကွင်းရဲ့ နံရံတွင် ကမ္ဘာ့သက်တမ်းအရှည်ဆုံးကွင်းဖြစ်ကြောင်း နက်ပြာရောင်ဆိုင်းဘုတ်ကပ်ထားပါတယ်။

ဒါပေမယ့် ရာစုနှစ်ခုကျော်လာချိန်မှာတော့ York Road ကွင်းရဲ့ ဇာတ်လမ်း အဆုံးသတ်လာရတော့မှာ ဖြစ်ပါတယ်။

Maidenhead ဟာ York Road ကို စွန့်ခွာဖို့ စီစဉ်လာလို့ ဖြစ်ပါတယ်။

၎င်းတို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက York Road ကို စွန့်ခွာရန် စီစဉ်လာခဲ့တာ ဖြစ်ပေမယ့် Windsor and Maidenhead Council ရဲ့ ပယ်ချခြင်းခံခဲ့ရလို့ ကြာကြန့်လာခဲ့တာပါ။

ဒါပေမယ့် ယခုအခါမှာတော့ Maidenhead ဟာ York Road ကို စွန့်ခွာရန် မီးစိမ်းပြခံလာရပြီ ဖြစ်ပါတယ်။

Maidenhead ဟာ Braywick Park အနီးတွင် ကွင်းသစ် တည်ဆောက်လာမှာ ဖြစ်ပြီး ပရိသတ် ၂၀၀၀ မှ ၅၀၀၀ ဆန့် ကွင်းသစ် တည်ဆောက်လာပါမယ်။

image