” အောင်မြတ်သာနှင့်လူသေလက်ညိုးခေါင်မိုးထိုး ”(စ/ဆုံး)
————————————————————-
ပေါလစ်ကိုပြောင်နေအောင်တိုက်ထားတဲ့ ကျွန်းသားစားပွဲပေါ်က စာရင်းစာအုပ်တွေကို ကြည့်ပြီး ဦးမြလူတစ်ယောက် သက်ပြင်းရှည်တစ်ချက်ကိုချလိုက်မိတယ်။
“ ဂျုန်း ဂျုန်း ဂျုန်း…”ဆိုတဲ့ဆန်စက်ရဲ့အသံနဲ့အတူ စက်ထဲကို အမျိုးသမီးတစ်ယောက်ဝင်လာတာကိုမြင်လိုက်ရတယ်။
“ မိငယ်ပါလား ဘာကိစ္စရှိိလို့လဲ”
“ ဒီမနက် အလုပ်လာခါနီး ကိုလှမောင် တစ်ယောက် ဗိုက်ထဲထိုးအောင့်လာလို့ဆရာ..”
“ ဟေ ဒါဆိုရင် ဒီနေ့ အလုပ်မလာနိုင်ဘူးပေါ့”
“ ဟုတ်တယ်ဆရာ သူကတောင်ပြောနေသေးတယ်…ဒီနေ့က ဆရာကိုမှာထားတဲ့အော်ဒါတွေ နောက်ဆုံးပေးရမယ့်နေ့တဲ့…သူမသွားရင် ဆန်အိတ်တွေမပြီးလောက်ဘူးဆိုပြီး ကုန်းထဖို့လုပ်သေးတာ…ဒါပေမယ့် ဗိုက်အောင့်တဲ့ ဒဏ်က ပိုပိုဆိုးလာလို့ ကျွန်မကပဲ ဆရာ့ကို အကျိုးအကြောင်း လာပြောပြတာပါ”
ဦးမြလူလဲ မိငယ်ပြောတဲ့စကားကိုကြားတော့ ဘေးမှာစီထားတဲ့ဆန်အိတ်တွေကိုကြည့်ပြီး
“ နေမကောင်းမှတော့ ဘယ်တတ်နိုင်ပါ့မလဲ… ရော့ ဒီဆေးဖိုးယူသွားပြီး သေချာကုပေးလိုက်…အလုပ်ကိစ္စကိုခေါင်းထဲထည့်နဲ့လို့ ကျန်းမာအောင်နေဖို့ ငါကမှာလိုက်တယ်ဆိုပြီး ပြောပြလိုက်”
ဦးမြလူက ငွေအချို့ကို မိငယ်ထံလှမ်းပေးလိုက်ရင်း ဆန်စက်အတွင်းဘက်ကိုထွက်သွားခဲ့တယ်။
“ ဟေ့ မောင်ကြီး ဒီနေ့အလုပ်သမားတွေ လာတာလဲမတွေ့ပါလား”
“ ဟုတ်တယ်ဆရာ… ဒီနေ့ လူအတော်များများဖျားနေကြတယ်..ဒီကြားထဲ စက်က အလိုလိုနေရင်း ထိုးထိုးရပ်နေတော့ စပါးကြိတ်တာ ထင်သလောက်မရဘူးဖြစ်နေတယ်”
“ ဒီနေ့ ဆန်အိတ် ၁၀၀၀အရောက်ပို့ရမှာအခု ဘယ်လောက်ရနေပြီလဲ”
“ ဟို ..ဟိုလေ ဆရာ”
“ ပြောမယ့်သာပြောစမ်းပါ … ဘယ်လောက်ရနေပြီလဲ”
“ ငါးရာကျော်ပဲရှိသေးတယ်ဆရာ… ဖြစ်နိုင်ရင် နောက်တစ်ရက်နှစ်ရက်လောက် ဆုတ်လို့မရဘူးလား”
“ ဟာ အဲလိုတော့ဘယ်ရမလဲ …အခုမှာထားတဲ့သူက ကတိကိုတည်မှကြိုက်တာ … ဒီပုံစံအတိုင်းဆက်သွားရင် မနက်ဖြန်မနက်ဆို ပြီးလောက်ပါတယ်”
ဦးမြလူစကားကို ဆန်စက်မန်နေဂျာဖြစ်တဲ့ မောင်ကြီးက ခေါင်းတစ်ကုတ်ကုတ်လုပ်ရင်းနဲ့
“ ဟုတ်ကဲ့ဆရာ ဖြစ်အောင်တော့အတတ်နိုင်ဆုံးကြိုးစားပါ့မယ်” လို့ပြောရင်း ဆန်တွေကိုအိတ်ထဲသွပ်နေတဲ့သူတွေရှိရာဘက်ကိုထွက်သွားခဲ့တယ်။
“ ဆရာမောင်ကြီး ဒီပုံအတိုင်းဆို မနက်ဖြန်တောင်မှီမယ်မထင်ဘူး…သူဌေးက ဒီအချိန်နဲ့ဒီပမာဏမထွက်ဘူးဆိုတာသိပေမယ့် ကျွန်တော်တို့ကိုအတင်းခိုင်းနေတာ”
“ သူဌေးအကြောင်းလဲ မင်းတို့သိရဲ့သားနဲ့…သူက ကတိပျက်မှာကိုသေမလောက်ကြောက်တဲ့လူကွ… အခု အလုပ်သမားတွေလဲမလာ စက်ကလဲ ကြောင်နေတာနဲ့တော့ ဘယ်လိုလုပ်ရမယ်မသိပါဘူး… ကဲကဲ ရသလောက်တော့ ကြိုးစားကြတာပေါ့”
အလုပ်သမား ငါးဆယ်ကျော်ရှိတဲ့ “မြဆန်စက်”ဆိုတာ ဒီနယ်တစ်ခွင်မှာ မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးခဲ့တယ်။ “မြဆန်စက်”ပိုင်ရှင် ဦးမြလူရဲ့ သမာသမတ်ကျကျ ကွပ်ကဲမှု၊ အလုပ်သမားတွေအပေါ် စာနာမှုတွေကြောင့် အနီးအနားကလူတွေသာမက အခြားရွာကလူတွေပါ အလုပ်လာလုပ်ခဲ့ကြတယ်။ အခုလဲ ရွှေတောင်ရွာသူဌေးဦးသန်းလှိုင်အပ်ထားတဲ့ စပါးတွေကို တစ်ပတ်အတွင်း အပြီးလုပ်ပေးမယ်ဆိုပြီးကတိခံထားတဲ့ အချိန်ကစပြီး အလုပ်သမားတွေကဖျား၊ စက်ကလဲ အလိုလိုနေရင်း ရပ်ရပ်သွားတဲ့အတွက်ကြောင့် မနက်ဖြန်အမှီပေးရမယ့် ဆန်အိတ်တွေရဖို့အတွက် အလုပ်သမားတွေ နားချိန်တောင်မရပဲ လုပ်နေခဲ့ရရှာတယ်။
နေ့လည်လောက်ရောက်တော့ မောင်ကြီး ရောက်လာပြီး
“ ဆရာ စက်က မော်တာမလည်တော့ဘူး”
“ ဟင် ဟိုနေ့ကပဲ အသစ်ထည့်ထားတာလေ … ဘယ်လိုဖြစ်တာလဲ..”
“ ဟုတ်တယ်ဆရာ ကျွန်တော်တို့စမ်းကြည့်တော့လဲ ချို့ယွင်းချက်မတွေ့ဘူး..ဒါပေမယ့် နာရီဝက်လောက် လည်ပြီးရင် အလိုလိုရပ်ရပ်သွားတာ … ဟိုလုပ်ဒီလုပ်နဲ့ဆိုရင် တစ်နာရီလောက်ကြာမှ ပြန်လည်တယ်…ဒီပုံအတိုင်းဆိုရင် ဆန်အိတ်တွေအချိန်မှီပြီးမှာမဟုတ်ဘူး”
“ ဟူးးး အရင်ကဒီလိုတစ်ခါမှမဖြစ်ဘူးပါဘူး… ကဲကဲ မရရင်လဲ အခြားစက်တွေကို အကူအညီတောင်းပြီး လုပ်ခိုင်းကြည့်ပါဦးမယ်”
“ ဆရာ မပြောခင်ထဲက ကျွန်တော်လိုက်မေးပြီးပြီ…သူတို့ကလဲ မလုပ်ပေးချင်ကြဘူးဆရာ… ဟိုဘက်တစ်လမ်းကျော်က “ ဘသန်း ဆန်စက်”ပိုင်ရှင်ဆိုရင် ကျွန်တော်တို့အခုလိုဖြစ်တာကို အတော်သဘောတွေ့နေပုံပဲ”
“ မရတဲ့အဆုံးတော့ ကိုသန်းလှိုင်ကိုပဲ တောင်းပန်ရတော့မှာပေါ့”
ဦးမြလူက သူ့ဘဝမှာ တစ်ခါမှမဖြစ်ဘူးတဲ့ ကိစ္စကိုစဉ်းစားပြီးတွေးတောနေတဲ့အချိန်
“ ဆရာ အိမ်ပြန်နားလိုက်ပါ…ကျွန်တော်တို့ ဒီတစ်ညလုံး ကြိုးစားပြီးလုပ်ကြည့်ပါ့မယ်…အလုပ်သမားတွေကိုလဲ သေချာပြောပြထားတဲ့အတွက် ဆရာစိတ်မပူပါနဲ့”
“ အေးကွာ မင်းတို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်.. “
ဦးမြလူက မောင်ကြီးရဲ့ပခုံးကိုပုတ်ကာ အားပေးရင်း ပိုက်ဆံအိတ်ကိုယူကာ ထွက်သွားခဲ့တယ်။
မောင်ကြီးတို့လဲ မနားမနေ လုပ်လာခဲ့တာ ညဦးပိုင်းလောက်ရောက်တော့ ဆန်စက်အနောက်ဘက်အမှောင်ထုထဲကနေ အသံနက်ကြီးနဲ့အော်တဲ့ အသံတစ်ခုကိုကြားလိုက်ရတယ်။
“ မောင်သာရ … ဆန်စက်အနောက်ဘက်က အော်သံကြားတယ် … ဘယ်သူဘာဖြစ်တာလဲမသိဘူး”
စာရှည်လို့တင့်လို့မရလို့လင့်လေးတင်ပေးထားပါတယ်ဆက်လက်ဖတ်ပေးပါ
Linkကိုဖတ်လို့အဆင်ပြေအောင်လုပ်ပေးထားပါတယ်
Link >https://blog.newsdailyrangoon.xyz/?p=2599

image
10 w - Translate

အိပ်ချိန်မှန်မှန်ပြည့်ဝဖို့
အလုပ်ချိန်အတွင်း အိပ်ကြစို့

image

လယ်ပဒူပင်✅✅✅✅
ရိုးတလျှောက်ကဗျာထဲက လယ်ပတူပင်ဆိုတာ ဘယ်လိုအပင်လည်း၊ လယ်ပဒူပင် နဲ့ ငါးရံ့ပတူ ကအတူတူဘဲလားတဲ့၊ အမည်ခေါ်ပုံသာတူတာ၊ လုံးဝမတူပါဘူး၊ ငါးရံပတူက လူတရပ်သာသာ ချုံပင်၊ လယ်ပဒူက၁ ပေသာသာ ပင်ပျော့လေးပါ၊ မျိုးရင်းက တခြားစီပါ၊ အောက်ပြည် အောက်ရွာသား အတော်များများကတော့ လယ်ပဒူကို ရင်းရင်းနှီးနှီး သိကြတယ်၊ လယ်ထဲမှာ သူက အရိုင်းပေါက်တယ်လေ။ ကလေးဒေသတာဝန်ကျစဉ်က ဒီအပင်လေးတွေကို တာဟန်းဈေးထဲမှာရောင်းကြတယ်၊ အောက်ပြည်ကသာ လယ်ပဒူခေါ်သောကြောင့် ကလေးဒေသကတော့ "ဟင်းငဖွူ" (ဟင်းကလုံး) လို့ခေါ်ကြတယ်။💛💛
လယ်ပတူ ဆိုတာ ယခုရာသီမှာမှပေါပေါများများရသော ဟင်းရွက်တမျိုးပါ၊ ပုံစံက ကန်ဇွန်းနဲ့ဆင်တယ်၊ တနှစ်ခံ ပင်ပျော့ငယ်တမျိုးပါ။ ဒီမျိုးရင်းထဲမှာ Species ၂ မျိုးသာရှိသည် S. zeylanica နှင့် S. pongatum တို့ဖြစ်ကြပြီး မြန်မာပြည်မှာတော့ S. zeylanica သာတွေ့ရမှာပါ။ ကျွန်တော် MSc thesis လုပ်စဉ်ကလည်း ဒီအပင်လေးတွေကို မတ္တရာ ရေနံသာရွာ ဘေးတဝိုက်လယ်ကွင်းတွေထဲမှာ အများအပြားတွေ့ခဲ့ရတယ်။💛💛
ပင်စည်က အခေါင်း hollow ဖြစ်ပါတယ်၊ နုနယ်သော အပင်လေးတွေက Laticiferous ဖြစ်ပါတယ်၊ အရွက်များကရွက်ထီးဖြစ်ပြီး ရွက်လှဲထွက်ကြပါတယ်၊ အရွက်များက ရှည်မြောသော လှံသွားပုံ oblong-lanceolate ဖြစ်ကြပါတယ်။ ပန်းခိုင်ကတော့ ထိပ်ကထွက်သော Dense terminal spike ဖြစ်ပါတယ်။ ပန်းပွင့်လေးတွေကသေးငယ်ပြီး အစိမ်းရောင်နဲ့ အဖြူရောင်ရှိကြတယ်၊ လိင်စုံဖြစ်ပြီး ပွင့်ညှာမရှိပါဘူး၊ ပွင့်ချပ် ၅ ခုပါပြီးပေါင်းနေပါတယ်။ အသီးကတော့ ၄-၅ mm အချင်းရှိပြီး💛💛
အက်ကွဲသီးပါ၊ အစေ့တွေကတော့ အဝါရောင်သန့်တဲ့ အညိုရောင်ပါ။ ဒီအပင်လေးတွေက လယ်ကွင်းထဲမှာ ပေါပေါများများပေါက်တော့ စပါးထွက်နှုန်းကို ၂၅၅၀% အထိကျဆင်းစေတယ်လို့ research paper တချို့က ဆိုပါတယ်။💛💛
လယ်ပဒူအရွက်ကို ချဉ်ဖတ် လုပ်စားကြတယ်၊ အရွက်ကို ရေနွေးလေးဖျော်ပြီး သုပ်စားရင်လည်း good တယ်။ ငါးပိရည်လေးနဲ့ မွှပ်စားရင် ဆွေမျိုးမေ့လောက်တယ်၊ ဆီနည်းနည်းလေးနဲ့ ကြော်စားရင်လည်း ကန်ဇွန်းရွက်ကြော်လို အလွန်အရသာရှိပြန်တယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ ရေနွေးဖျော်ပြီး ဟင်းသီး ဟင်းရွက်အနေနဲ့ စားသုံးကြတယ်၊ ချက်စားရင် ခါးသက်သက် အရသာရှိတယ်။ တချို့ကတော့ အချဉ်သက်သက် စားကြသေးတယ် ဒါပေမဲ့ မုန့်ညှင်းချဉ်ရဲ့ အရသာလောက်တော့ မမိုက်ဘူးလို့ ဆိုကြတယ်။💛💛
ဒီအပင်က ဆေးဖက်လည်းဝင်သေးတယ် ခင်ဗျ။ မြွေလိုအဆိပ်ပြင်းထန်တဲ့ သတ္တဝါတွေကိုက်မိရင် အရွက်တွေကို အနာရဲ့အပေါ်ကနေ ရစ်ပတ်အုံပြီးထားရင် သက်သာစေပါတယ်။ ချက် ခါး အချဉ်သက်သက် ဖက်ခြောက်နာ၊ ပြည်တည်နာ စသည့် ကိုယ်တွင်းကိုယ်နာ ရောဂါများကုသရာမှာလည်း ဒီအပင်ရဲ့အရွက်လေးတွေကို သုံးကြပါတယ်။ ဒါ့ပြင်ထူးခြားချက်တခုကတော့ အရွက်လေးရဲ့အောက်ဖက် မျက်နှာပြင်မှာ Cercosporidium helleri ဆိုတဲ့ မုဆိုးတမျိုးပေါက်တယ်လို့ India မှာ လေ့လာတွေ့ရှိခဲ့ကြတယ်။ မုဆိုးကြောင့် အရွက်ပုံပျက်ပြီး ငွေ့ကျတယ်၊ ထိုအရွက်ပါမုဆိုးကြောင့် ပေါင်းပင်တွေသေစေတယ်။ ဒီတွေ့ရှိချက်ကို Los Banos (Philippines), Prey Phdau (Cambodia) တို့မှာတွေ့ခဲ့လို့ ဒီအပင်ကို ဇီဝ ပေါင်းသတ်ဆေးပင် Bioherbicide လို့ခေါ်ကြတယ်။💛💛
ချက်စားလို့လည်းရ၊ ဆေးဖက်လည်းဝင်တဲ့ လယ်ပဒူပင်လေးတွေကို ဗဟုသုတအနေနဲ့ ပြန်ရှာပြီးတင်ပေးလိုက်ပါတယ် ။💛

image

Pad Thai ဆန်ပြားခေါက်ဆွဲကြော်
---------------------------------------
ထိုင်းစတိုင် ဆန်ပြားခေါက်ဆွဲပါ။ နေ့လည်စာ၊ ညနေစာအဖြစ် အလွယ်တကူ လုပ်စားနိုင်ပါတယ်။ ဆန်ပြား(သို့)ဆန်ခေါက်ဆွဲကို ကြက်သား၊ ၀က်သား၊ ပင်လယ်စာ၊ ပဲပင်ပေါက် တို့နဲ့ ရောကြော်ထားတာပါ။ရိုးရိုးခေါက်ဆွဲကို သုံးထားတာပါ။ ပြီမှ ပဲပင်ပေါက်၊ မြေပဲ၊ သံပရာသီး၊ ကြက်သွန်မြိတ် တို့ဖြင့် တွဲဖက်ပြီ သုံးဆောင်ရပါတယ်။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…
---------------------------------------
ပါ၀င်ပစ္စည်းများ
ဆန်ပြားခေါက်ဆွဲ(သို့)ဆန်ခေါက်ဆွဲ – ၃၀၀ ဂရမ်
ပုဇွန်ကျား – ၁၅၀ ဂရမ် (အမြှီချန် အခွံနွှာထားပေးပါ)
ကြက်အူချောင်း – ၂ချောင်း (အစောင်းပါးပါးလှီး ဆီနည်းနည်းဖြင့် ကြော်ထားပေးပါ)
ဂုံး – စားပွဲတင်ဇွန်း ၃ဇွန်းစာ (optional)
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ငရုတ်သီးအနှစ် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သွန်မြိတ် – စည်း၀က် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ထားပါ)
ဟူစိုင် – စည်း၀က် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ပါ)
ပဲပင်ပေါက် – လက်၂ဆုပ်စာ
ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
သံပရာသီး – ၁လုံး (အဝုိင်းပါးပါးလှီးထားပါ)
မြေပဲ – စားပွဲတင်ဇွန်း ၅ဇွန်း (မညက်တညက်ထောင်းပါ)
---------------------------------------
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုးထဲ ရေများများထည့်ပြီ ရေဆူလာလျှင် ဆားအနည်းငယ်ထည့်၊ ဆန်ခေါက်ဆွဲထည့်ပြီ ၄-၅မိနစ်ခန့် တည်ထားပေးပါ။
၂။ ပြီလျှင် ဆန်ခေါက်ဆွဲကို ဇကာဖြင့် ပြန်စစ်ထားပေးပါ။
၃။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ ဆီပူလျှင် ကြက်ဥ ၂လုံးကို အဝိုင်းပြား ကြော်ပေးပြီ ပန်းကန်ထဲ ပြန်ဖယ်ထားပါ
၄။ ပြီလျှင် ဒယ်ထဲ ကြက်သွန်ဖြူ ထည့်ပြီ ပုဇွန်၊ ဂုံးတို့ကို တလှည့်စီ အရောင်ရအောင် ၁မိနစ်ခန့် ကြော်ပေးပြီ ပြန်ဖယ်ထားပါ။
၅။ ခွက်တစ်ခုထဲတွင် ဆော့ရည်အတွက် (ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရေ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ကို ရောမွှေထားပါ။
---------------------------------------
ချက်ပြုတ်နည်း
၁။ ဆန်ပြားခေါက်ဆွဲကြော် စကြော်လို့ရပါပြီ။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးအနှစ်တို့ကို ထည့်ပေးပြီ မိနစ်၀က်ခန့် ဆီပူထိုးပါ။
၂။ ပြီမှ ပုဇွန်၊ ဂုံး၊ ဆော့ရည်တို့ကို ထည့်ပေးပါ။
၃။ ထို့နောက် ခေါက်ဆွဲ၊ ကြက်အူချောင်း ထည့်ပြီ သမအောင် ဆီပြန်သည်အထိ ၂မိနစ်ခန့် တည်ထားပါ။
၄။ နောက်ဆုံးမှ ကြက်သွန်မြိတ်၊ ဟူစိုင်၊ ပဲပင်ပေါက် ဖြူးပြီ မီးပိတ်လိုက်ပါ။
၅။ အရသာရှိသော ဆန်ပြားခေါက်ဆွဲကြော်ကို ကြက်ဥ၊ ပဲပင်ပေါက်၊ မြေပဲ၊ သံပရာသီး၊ ငရုတ်သီးလှော်မှုန့်တို့ဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…

image
10 w - Translate

၁၉ နာရီ
·
🥰🥰🥰. **ဒီကိုလာဝက်ဝံလေးတွေရဲ့ လက်ဗွေက လူတွေနဲ့တူလိုက်တာ**! 🐾🔍
သူတို့ရဲ့ထူးခြားချက်တွေက -
➡️ **လူနဲ့တူတဲ့လက်ဗွေ** - လူသားတွေလိုပဲ ကွင်းပတ်ပုံ၊ လိပ်ပတ်ပုံစံလက်ဗွေရှိတယ်
➡️ **လက်ချောင်းထိပ်မှာအမွေးမရှိ** - လက်ဗွေရှင်းရှင်းလင်းလင်းပေါ်တယ်
➡️ **သီးသန့်ဆင့်ကဲဖြစ်စဉ်** - မျောက်ဝံတွေနဲ့မဟုတ်ဘဲ သီးသန့်ဖွံ့ဖြိုးလာတာ
ဒီကိုလာလေးတွေဟာ **သစ်ပင်တွေပေါ်မှာနေထိုင်ရာမှာ** ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ ဒီလိုလက်ဗွေမျိုးဖွံ့ဖြိုးလာတယ်။ **အပြစ်မှုခင်း DNA သမားတွေတောင်အထင်မှား**စေနိုင်တဲ့အထိ လူတွေနဲ့တူနေတာက **သဘာဝတရားရဲ့ အံ့ဖွယ်တိုက်ဆိုင်မှုတစ်ခုပါပဲ**!
"သဘာဝမှာအသုံးဝင်တဲ့ဒီဇိုင်းတွေကို ထပ်ခါထပ်ခါသုံးတယ်"ဆိုတဲ့အတိုင်း ဒီကိုလာလေးတွေရဲ့လက်ဗွေက သင်ခန်းစာယူစရာပါပဲနော်!"

image

နောက်ဆယ်ဘဝတို့
သံသရာအဆက်ဆက်တို့က
မသေချာပါဘူးကွယ်
ဒီဘဝမှာ မင်းနဲ့တွေ့ရတယ်
ဒီဘဝမှာ မင်းကို ချစ်ရတယ်
ဒီဘဝရဲ့ လက်ကျန်အချိန်တွေအကုန်လုံး
မင်းနဲ့အတူ ကုန်ဆုံးရရင်
ငါလူဖြစ်လာရတဲ့ကိစ္စ ပြီးပါပြီ။

-လင်းမာအို

အဲ့လောက်ကြီးကျ..🤣

image
10 w - Translate

ရေတွင်းဟောင်းထဲကျ၊ ရေမြွေတွေဝိုင်းခံရပြီးနောက် နာရီ ၅၀ ကျော်ကြာမှ ကယ်ဆယ်နိုင်ခဲ့သည့် တရုတ်အမျိုးသမီး
တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှ အမျိုးသမီးတစ်ဦးသည် အသုံးမပြု​တော့သော ရေတွင်းဟောင်းတစ်ခုထဲ မတော်တဆပြုတ်ကျပြီးနောက် ပင်ပန်းနွမ်းနယ်မှု၊ မရပ်မနား ကို-က်ခဲသော ခြင်များ၊ ရေမြွေကိုက်ခြင်းကိုပင် ရင်ဆိုင်ရင်း နာရီပေါင်း ၅၄ နာရီကြာအောင် ရေတွင်းဘေးနံရံကို အသည်းအသန်ဖက်တွယ်ထားရာမှ နောက်ဆုံးတွင် သူမကို ကယ်ဆယ်နိုင်ခဲ့သည်။
စက်တင်ဘာလ ၁၃ ရက်နေ့က ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးမြို့ မှ အသက် ၄၈ နှစ်အရွယ် ကျင်(Qin) အမည်ရှိ အမျိုးသမီးတစ်ဦးသည် တောထဲတွင် အပန်းဖြေလမ်းလျှောက်နေစဉ် ရေတွင်းနက်ကြီးတစ်ခုထဲသို့ မမျှော်လင့်ဘဲ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
သူမ မိသားစုက သူမပျေ-ာက်ဆုံးနေကြောင်းကို လျင်မြန်စွာသတိပြုမိပြီး ပထမအကြိမ်ရှာဖွေမှုက အောင်မြင်မှုမရရှိခဲ့သည့်နောက် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပျေ-ာက်ဆုံးကြောင်း ရဲသို့တိုင်ကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့သည်။ ထိုမနက်ပိုင်းတွင် သူမ၏သားဖြစ်သူသည် အခြားနည်းလမ်းအားလုံး ကုန်ဆုံးသွားသည့်နောက် "ကျင့်ကျန်း ရွေ့ထုံ မိုးပြာရောင် ကောင်းကင်" အရေးပေါ်ကယ်ဆယ်ရေးစင်တာသို့ အကူအညီတောင်းခဲ့သည်။
ကယ်ဆယ်ရေးသမား ၁၀ ဦးပါဝင်သော အဖွဲ့က အနီအောက်ရောင်ခြည်ဓာတ်ပုံရိုက်ယူနိုင်သော ဒရုန်းကို အသုံးပြု၍ ရှာဖွေရေးလုပ်ငန်းကို စတင်ခဲ့သည်။
အဖွဲ့ခေါင်းဆောင် တူရှောင်ဟန်၏ အဆိုအရ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် အဖွဲ့သားများသည် အကူအညီတောင်းခံသံ သဲ့သဲ့ကို ရုတ်တရက်ကြားလိုက်ရသည်ဟု ဆိုသည်။ အသံကို လိုက်လံရှာဖွေရင်း ကယ်ဆယ်ရေးအဖွဲ့သည် ပေါင်းမြက်များ ဖုံးအုပ်‌နေသော ရေတွင်းဟောင်းကို မကြာမီ တွေ့ရှိခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ရေတွင်းဝမှ ခြုံပင်များကို လျင်မြန်စွာ ရှင်းလင်းခဲ့ပြီးနောက် ရေထဲတွင် တစ်ပိုင်းနစ်မြုပ်နေသော ကျင်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။ သူမသည် ဖျော့တော့နေသော လက်ချောင်းများဖြင့် ရေတွင်းနံရံရှိ ချောနေသော အက်ကြောင်းများကို ဇွဲဖြင့်ဆုပ်ကိုင်ထားခြင်းဖြစ်သည်။
သူမသည် ရေတွင်းထဲ မတော်တဆ ပြုတ်ကျပြီးနောက် ကံကောင်းစွာပင် ရေကူးတတ်သဖြင့် ရေတွင်းနံရံတွင် မြုပ်နေသော ကျောက်တုံးတစ်ခုကို ကိုင်ထားခြင်းဖြင့် ရေပေါ်တွင် ဆက်လက်မျောနေနိုင်ခဲ့ကြောင်း ကျင်က နောက်ပိုင်းတွင် ပြောပြခဲ့သည်။

image
10 w - Translate

⚠️ လုပ်ငန်းခွင်အတွင်း အဆိပ်အတောက်ဖြစ်စေသော လုပ်ဖော်ကိုင်ဖက် (၁၂) မျိုးနှင့် ဖြေရှင်းနည်း ⚠️
ရုံးတွင်းမှာ အဆိပ်အတောက်လူတွေကို ဘယ်လိုကိုင်တွယ်မလဲ? ကျွန်တော်တို့ရဲ့ အလုပ်စွမ်းဆောင်ရည်ကို ထိခိုက်စေတဲ့ လုပ်ဖော်ကိုင်ဖက် ၁၂ မျိုးကို သိရှိနားလည်ပြီး၊ သူတို့ကို ပညာသားပါပါ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ လေ့လာလိုက်ရအောင်။
၁။ အချိန်တိကျမှုမရှိဘဲအောင်မြင်မှုကိုအချောင်ရချင်သူ
• စရိုက်: အလုပ်ပြီးဆုံးခါနီးမှ ရောက်လာပြီး ကိုယ့်ရဲ့ အောင်မြင်မှုကို ရယူသူ။
• ဖြေရှင်းနည်း: အလုပ်တိုးတက်မှု မှတ်တမ်းများ (emails, Slack) ကို စာဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြမျှဝေပါ။ ဒါမှ သင့်ရဲ့ ပါဝင်ဆောင်ရွက်မှု မှတ်တမ်း ခိုင်မာနေမှာပါ။
၂။ အနိုင်ကျင့်သူ/စကားဖြတ်ပြောသူ
• စရိုက်: တခြားသူရဲ့စကားကို ဖြတ်ပြောခြင်း၊ ၎င်းတို့၏ အမြင်ကိုသာ အတင်းအကျပ် လက်ခံခိုင်းခြင်း။
• ဖြေရှင်းနည်း: "ခွင့်ပြုပါဦး၊ ကျွန်တော့်ရဲ့ အကြံဥာဏ်ကို အဆုံးသတ်လိုက်ပါရစေ" ဟု စိတ်ငြိမ်သက်စွာနှင့် အေးဆေးတည်ငြိမ်သော အသံဖြင့် ပြောပါ။
၃။ အမြဲတမ်း ညည်းညူသူ
• စရိုက်: ပြဿနာများကိုသာ အဆက်မပြတ် ပြောဆိုနေပြီး ဖြေရှင်းနည်းကို ဘယ်တော့မှ မပေးသူ။
• ဖြေရှင်းနည်း: "ကူညီဖို့ ဘာလုပ်ရမလဲလို့ ထင်လဲ?
ဖြေရှင်းဖို့အတွက် အပြုသဘောဆောင်တဲ့ အမြင်တစ်ခုကို ဘယ်လို ဦးတည်သွားနိုင်မလဲ?" ဟု မေးမြန်းပါ။
၄။ တီးတိုးပြောသူ/အတင်းအဖျင်း ပြောသူ
• စရိုက်: ဒရာမာဖန်တီးပြီး "သိရအောင် ပြောပြတာပါ" ဟု အကြောင်းပြချက် ပေးသူ။
• ဖြေရှင်းနည်း: တိတ်ဆိတ်ခြင်းဖြင့် တုံ့ပြန်ပါ သို့မဟုတ် "ဒီနေရာမှာ မရှိတဲ့သူ တစ်ယောက်အကြောင်းကို ကျွန်တော် မပြောချင်ပါဘူး" ဟု ပြတ်သားစွာ ပြောပါ။
၅။ အပြစ်ကင်းချင်ယောင်ဆောင်သူ
• စရိုက်: အမြဲတမ်း ကိုယ့်ကိုယ်ကိုအပြစ်ကင်းတယ်သူလုပ်တာဘဲမှန်တယ်လို့တွေးနေပြီး ဘယ်တော့မှ အမှားမရှိဟု ပြောသူ။
• ဖြေရှင်းနည်း: ကြားနေအနေအထားဖြင့် တည်ငြိမ်စွာ မေးပါ၊ "ဒီကိစ္စကို ရှေ့ဆက်ဖို့ ဘယ်လိုမျိုး အဖြေရှာချင်ပါသလဲ?" ဟု မေးပြီး ဖြေရှင်းချက်ဆီသို့သာ အာရုံစိုက်ပါ။
၆။ အရာရာ ထိန်းချုပ်လိုသူ
• စရိုက်: အသေးစိတ်ကအစ ကြားဝင်စွက်ဖက်ပြီး မည်သူ့ကိုမှ တာဝန်ခွဲဝေမပေးချင်သူ။
• ဖြေရှင်းနည်း: "ဒီကိစ္စကို ကိုင်တွယ်မယ့် ပုံစံကို ကျွန်တော် ရှင်းပြပါရစေ။ အန္တရာယ်ရှိနိုင်တဲ့ အချက်တွေကို တွေ့ရင် ကျွန်တော့်ကို ပြောပြပါ" ဟု ပြောပြီး ကြိုတင်ကာကွယ်ရေးကို ဖော်ပြကာ စကားဖြတ်ပါ။
၇။ အပြစ်လွှဲချသူ
• စရိုက်: တစ်ခုခု မှားယွင်းသွားသောအခါ တခြားသူများကို လက်ညှိုးထိုးပြသူ။
• ဖြေရှင်းနည်း: နောက်ပြန်ဆုတ်ပြီး ဆုံးဖြတ်ချက်များကို ပြန်လည်စစ်ဆေးပါ။ တာဝန်ယူမှုကို ရှင်းလင်းစေရန် လုပ်ဆောင်ချက်များကို စာဖြင့် မှတ်တမ်းတင်ထားပါ။
၈။ စည်းကျော်သူ
• စရိုက်: ချက်ချင်းပြန်စာတွေကို မျှော်လင့်ခြင်း၊ ကိုယ့်ရဲ့ ပြက္ခဒိန်ကို ခွင့်မတောင်းဘဲ ဝင်ကြည့်ခြင်း စသဖြင့် ကိုယ်ပိုင်နယ်နိမိတ်ကို ကျူးကျော်သူ။
• ဖြေရှင်းနည်း: "ကျွန်တော်က အလုပ်ချိန်အတွင်းမှသာ စကားပြောဖို့ အချိန်ရပါလိမ့်မယ်။ အရေးတကြီး ကိစ္စရှိရင်တော့ အလုပ်ချိန်အတွင်းမှာပဲ အစီအစဉ်ဆွဲလိုက်ရအောင်" ဟု ပြောပါ။
၉။ မျက်နှာသာပေးမှု စုဆောင်းသူ
• စရိုက်: "အမြန်ကူညီပါဦး" ဟု ပြောဆိုကာ အလုပ်များစွာကို အချိန်တိုအတွင်း ခိုင်းစေသူ။
• ဖြေရှင်းနည်း: "ကျွန်တော် ကူညီပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပိုအရေးကြီးတဲ့ အလုပ်တွေကို ရှေ့တန်းတင်ထားဖို့ လိုပါတယ်" ဟု ပြောဆိုကာ ပထမဦးစားပေး အလုပ်ကို ပြတ်ပြတ်သားသား ပြောပါ။
၁၀။ ရှုပ်ထွေးမှု ဖန်တီးသူ
• စရိုက်: နောက်ဆုံးမိနစ်တွင်မှ အရေးပေါ် အခြေအနေနှင့် ထိတ်လန့်မှုများ ဖန်တီးကာ အလုပ်များအားလုံးကို အရေးပေါ်ဖြစ်စေသူ။
• ဖြေရှင်းနည်း: "ဒီလုပ်ငန်းကို စာဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ ပေးနိုင်မလား? အရေးပေါ်အခြေအနေကို လျှော့ချပြီး အရာရာကို သေချာစေဖို့ပါ" ဟု တောင်းဆိုပါ။
၁၁။ တိတ်တဆိတ် အဖျက်သမား
• စရိုက်: တခြားလူများရှေ့တွင် သင့်ရဲ့ အရည်အချင်းအပေါ် သိမ်မွေ့စွာ မေးခွန်းထုတ်ခြင်း၊ သံသယဝင်စေခြင်း။
• ဖြေရှင်းနည်း: "ခင်ဗျားပြောတာကို ရှင်းရှင်းလင်းလင်း ပြောပြပေးပါဦး။ ဘာကိုဆိုလိုတာလဲ?" ဟု တည်ငြိမ်စွာ ပြန်မေးပါ။ ၎င်းတို့အား ရှင်းပြခိုင်းခြင်းဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်ကို ပေါ်လွင်စေမည်။
၁၂။ အရာရာကို သိလိုသူ
• စရိုက်: ကိုယ့်အလုပ် မဟုတ်သည့်တိုင် အကြံဉာဏ်တိုင်းကို ဝင်ပြောသူ။
• ဖြေရှင်းနည်း: "ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်/ရလဒ်က ဘာလဲ? ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်အတွက်ပဲ အာရုံစိုက်လိုက်ရအောင်" ဟု ပြောပြီး ပန်းတိုင်ဆီသို့သာ အာရုံပြန်ပြောင်းပါ။
သင်ရော? ဒီ (၁၂) မျိုးထဲက ဘယ်သူနဲ့ နေ့တိုင်း ရင်ဆိုင်နေရလဲ? 😥

image

အပင်များအတွက် နနွင်းရဲ့ အံ့ဩဖွယ်ရာ အကျိုးကျေးဇူးများ
နနွင်းကို ဟင်းချက်ရာမှာတင်မကဘဲ ဥယျာဉ်ခြံမြေစိုက်ပျိုးရေးမှာပါ အသုံးဝင်တယ်ဆိုတာ သင်သိပါသလား။ ဓာတုပိုးသတ်ဆေးတွေနဲ့ မြေသြဇာတွေကို ရှောင်ချင်တယ်ဆိုရင် နနွင်းက သဘာဝအတိုင်း ထိရောက်တဲ့ အစားထိုးပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အပင်တွေအတွက် နနွင်းကို ဘယ်လိုမျိုး အသုံးပြုနိုင်လဲဆိုတာ ကြည့်ရအောင်။
၁။ ပိုးမွှားနှိမ်နင်းခြင်း
နနွင်းမှုန့်ရဲ့ ပြင်းတဲ့အနံ့က ပုရွက်ဆိတ်နဲ့ တခြားတွားသွားပိုးမွှားတွေကို သဘာဝအတိုင်း တွန်းလှန်ပေးပါတယ်။ အပင်တွေနဲ့ မြေကြီးပေါ်ကို နနွင်းမှုန့်အနည်းငယ် ဖြူးပေးရုံနဲ့ အဲဒီပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ပိုးမွှားတွေ ပုန်းခိုတတ်တဲ့ အပင်ရဲ့ အောက်ခြေတစ်ဝိုက်ကို ဖြူးပေးပါ။
၂။ မှိုနဲ့ ရောဂါများ ကာကွယ်ခြင်း
နနွင်းမှာပါဝင်တဲ့ ဂုဏ်သတ္တိတွေက အပင်တွေမှာ ဖြစ်တတ်တဲ့ မှိုရောဂါတွေကို ကာကွယ်ပေးပါတယ်။
အပင်မှိုရောဂါ - နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေ ၁ လီတာနဲ့ ရောပြီး တစ်ပတ်ကို တစ်ကြိမ်လောက် ပုံမှန်ဖျန်းပေးပါ။
အရွက်အမည်းစက် - နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေ ၁ လီတာနဲ့ ရောထားတဲ့ အရည်ကို အရွက်အမည်းစက်ရှိတဲ့ နေရာတွေကို ဖျန်းပေးပါ။
အရွက်ဖြူမှိုရောဂါ - အရွက်ပေါ်မှာ မှိုဖြူတွေ တွေ့ရရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နို့ ၁၀၀ မီလီလီတာ၊ ရှာလကာရည် ၂ ဇွန်းနဲ့ ရေ ၁ လီတာတို့ကို ရောစပ်ပြီး ၁၀ ရက်တစ်ကြိမ် ဖျန်းပေးပါ။
၃။ အပင်ဒဏ်ရာများ ကုသခြင်း
အပင်ကိုင်းဖြတ်ရာတွေနဲ့ ဒဏ်ရာတွေအတွက် နနွင်းက အနာကျက်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ နနွင်းမှုန့်ကို ရေနဲ့ ရောပြီး အနှစ်ဖြစ်အောင် လုပ်ပါ။ ပြီးရင် ကိုင်းဖြတ်ထားတဲ့ နှင်းဆီပင်လိုမျိုး ဒဏ်ရာရနေတဲ့ အပင်ရဲ့ အစိတ်အပိုင်းတွေပေါ်ကို လိမ်းပေးပြီး ကပ်ခွာနဲ့ ပတ်ပေးထားပါ။ ဒီနည်းလမ်းက ရောဂါပိုးဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
၄။ အမြစ်များ ရှင်သန်ကြီးထွားစေခြင်း
နနွင်းကို အမြစ်ဟော်မုန်းလိုမျိုးလည်း အသုံးပြုနိုင်ပါတယ်။ အမြစ်ဖြတ်ပြီး စိုက်ပျိုးတဲ့အခါ မြေကြီးထဲကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက် ထည့်ပေးတာက အမြစ်ကြီးထွားမှုကို အားပေးပါတယ်။ ဒါ့အပြင် မြေဆီလွှာထဲ နနွင်းထည့်ပေးတာက အမြစ်ပုပ်ရောဂါကိုလည်း တားဆီးပေးနိုင်ပါတယ်။ အိုးနဲ့ စိုက်ပျိုးရင် မြေဆီ ၅ လီတာကို နနွင်း ၁ ဇွန်း ရောပေးပြီး၊ မြေကြီးပေါ်မှာ စိုက်ပျိုးရင်တော့ ရေ ၁ လီတာကို နနွင်း ၁ ဇွန်း ရောပြီး လောင်းပေးနိုင်ပါတယ်။

image