10 w - Translate

◾️မြစ်ကြီးနားရှိစစ်ဘေးရှောင်​များ နေထိုင်စားသောက်ရေးအခက်ခဲကြုံတွေ့နေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော ဖားကန့်မြို့မှစစ်ဘေးရှောင်ပြည်သူများမှာ နေထိုင်စားသောက်ရေးအခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှသိရသည်။
"ဖားကန့်ဘက်မှာတိုက်ပွဲပြင်းထန်နေတော့ မြစ်ကြီးနားဘက်ကိုရွှေ့လာကြတာ။ မနေ့ကဆိုရင် ဆိုင်ကယ်တွေကားတွေနဲ့ရောက်လာကြတာအများကြီးပဲတွေ့လိုက်တယ်။ ဘယ်စစ်ရှောင်စခန်းကို သွားကြလဲတော့မသိဘူး" ဟုမြစ်ကြီးမြို့မှဒေသခံတစ်ဦးကပြောသည်။
လတ်တလောတွင် စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားပေးပြီး ဒေသခံလူမှုရေးအဖွဲ့အစည်း​များနှင့် စေတနာ့ဝန်ထမ်း​များကူညီဆောင်ရွက်ပေးနေသော်လည်း နေ့စဉ်စစ်ဘေးရှောင်ဦးရေတိုးလာနေသောကြောင့် နေထိုင်စားသောက်ရေးအတွက် အရေးပေါ်အကူအညီ​များလိုအပ်နေကြောင်းသိရသည်။
စစ်ဘေးရှောင်စခန်းတစ်ခုလျှင် စစ်ဘေးရှောင်ဦးရေသုံးထောင်ခန့်ရှိကြောင်း၊ လက်ရှိတွင် ဖားကန့်မြို့၌ ဖြစ်ပွားနေသည့်တိုက်ပွဲ​များကြောင့် ဒေသခံများမှာမြစ်ကြီးနားနှင့် မိုးညှင်းမြို့တို့၌တိမ်းရှောင်နေကြရကြောင်း မြစ်ကြီးနားမြို့ရှိပရဟိတအဖွဲ့တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ရှမ်းမျိုးနွယ်စုရေးရာ
#ပြည်တွင်းသတင်း

image
10 w - Translate

🎬 Avatar 3 (2025)
Journey to the Depths of Pandora
The next chapter in James Cameron’s epic Avatar saga is almost here! Avatar 3, slated for release in 2025, promises to take us deeper into the mystical world of Pandora, expanding the lush, vibrant universe with breathtaking new landscapes, cultures, and creatures. After the success of Avatar and The Way of Water, the stakes are higher than ever as Jake Sully (Sam Worthington) and Neytiri (Zoe Saldana) continue their fight to protect their family and the planet they call home.
In this highly anticipated sequel, we journey beyond the familiar jungles and oceans to explore uncharted territories of Pandora. This time, the adventure takes us into the depths of the oceans, uncovering new tribes and species, as well as the hidden dangers lurking beneath the waves. The Sully family faces an even greater threat, with new and old enemies bringing war to Pandora, threatening the balance of the ecosystem and the very survival of its people.
With groundbreaking visual effects, Avatar 3 is set to push the boundaries of cinema once again, utilizing cutting-edge technology to create stunning underwater environments and breathtaking action sequences. The film will explore themes of family, survival, and the interconnectedness of all life, continuing the franchise’s focus on environmentalism and the protection of nature.
As Jake and Neytiri’s children grow, they’ll take on more responsibility in defending their world, and new alliances will form with unexpected characters. But with conflict coming from all sides—both human and Na'vi—the question remains: can Pandora’s inhabitants protect their home, or will they be doomed to repeat the mistakes of the past? 🌓💥

image
10 w - Translate

The man suspected of opening fire on the Church of Jesus Christ of Latter-day Saints in Grand Blanc, Michigan, was a 40-year-old veteran of the Iraq War, according to officials.
Police said the suspect, Thomas Jacob Sanford, drove his truck into the building before firing shots and setting the structure on fire.
ABC News has confirmed with the United States Marine Corps that Sanford served four years in the Marines from June 2004 to June 2008. He ultimately rose to the rank of sergeant, officials said.
Read more: https://abcnews.visitlink.me/aS5H-8

image

◾️အမေရိကန်ဘုရားရှိခိုးကျောင်း ဝင်ရောက်ပစ်ခတ်မီးရှို့မှုတွင် လူလေးဦးသေဆုံး
အမေရိကန်နိုင်ငံ ၊ မီရှီဂန်ပြည်နယ်တွင် သေနတ်သမားတစ်ဦး က ဘုရားရှိခိုးကျောင်းတစ်ခုကို ကားဖြင့် မောင်းဝင်သွားခဲ့ကာ လူများကို သေတ်ဖြင့်ပစ်ခတ်ပြီး အဆောက်အ ဦးကိုလည်း မီးရှို့ခဲ့ရာ အနည်းဆုံး လူလေး ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒက်ထရွိုက်မြို့အနောက်မြောက်ဘက် မိုင် ၆၀ အကွာရှိ ဂရန့်ဘလန့် မြို့ရှိ Church of Jesus Christ of Latter-day Saints ဘုရားကျောင်းပစ်ခတ်မှုမှာ တနင်္ဂနွေနေ့ဝတ် ပြုပွဲသို့ လူပေါင်း ရာနှင့်ချီတက်ရောက်နေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မီရှီဂန်ပြည်နယ် ဘာတန်ဒေသမှ အသက် ၄၀ အရွယ် သေ နတ်သမား သောမတ်စ်ဂျက်ကော့ဘ်ဆန်းဖို့ဒ် ကိုလည်း ဘု ရားကျောင်း ကားရပ်နားရာတွင် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည်။
ပစ်ခတ်မှု အကြောင်းရင်းကို သေချာ မသိသေးသော်လည်း ပစ်မှတ်ထားလုပ်ဆောင်သည့်အကြမ်းဖက်မှု အဖြစ် ရဲ တပ်ဖွဲ့ က ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေ သည်။
သေနတ်ဒဏ်ရာများ ရရှိခဲ့သူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဂရမ်းဘလန့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဝီလီယံရီနိုင်းက ပြောကြားသည်။
အခြားလူနှစ်ဦးကိုလည်း သေဆုံးလျက် တွေ့ရှိရကြောင်း နှင့် အခြားလူတချို့ကိုလည်း မတွေ့ရှိသေးကြောင်း ရဲ တပ်ဖွဲ့မှူးက နောက်ပိုင်းတွင် ပြောသော်လည်း လူအရေအတွက်ကို မပြောပေ။
မီးလောင်မှုကြောင့် ပျက်စီးမှုကြီးမားခဲ့သော မောမန်ဘု ရားရှိခိုးကျောင်းအား ရှင်းလင်းနေဆဲဖြစ်ကြောင်း ညပိုင်းတွင် ရဲမှူးကပြောသည်။
သေနတ်သမားက လူ ရာနှင့်ချီ၍ ဝတ်ပြုဆုတောင်းနေချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဘုရားကျောင်းသို့ ရောက်ရှိ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ကလည်း လျင်မြန်စွာတုံ့ပြန်ခဲ့ကြောင်း နှင့် ရှစ်မိနစ်အတွင်း သေနတ်သမားကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲမှူးက ပြောသည်။
ဘုရားကျောင်းမီးကို စတင်ရန် သံသယရှိသူက ဓာတ်ဆီကို အသုံးပြုခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
သေနတ်သမား ဆန်းဖို့ဒ်သည် မရိမ်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရပြီး စုံစမ်းစစ်ဆေးမှုလုပ်သူများက ၎င်း ၏ နေအိမ်နှင့် လက်ကိုင်ဖုန်းမှတ်တမ်းများကို စစ်ဆေးနေကြောင်းသိရသည်။
ဖက်ဒရယ်စုံစမ်းစစ်ဆေးဌာန ( FBI ) က ဦးဆောင်၍ စစ် ဆေးမှုလုပ်ဆောင်နေကြောင်း နှင့် ဗုံးကျွမ်းကျင်သူများ နှင့် အခြားပညာရှင်များကိုလည်း အခင်းဖြစ်နေရာသို့ စေလွှတ်ထားကြောင်း သိရသည်။
အခြားနေရာများတွင်လည်း ဗုံးခြိမ်းခြောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ က ၎င်းတို့ကို သွားရောက်ရှင်းလင်းခဲ့ကြောင်း မီရှီဂန်ပြည်နယ်ရဲတပ်ဖွဲ့ပြောခွင့်ရသူ ကင်ဗက်တာ က သတင်းထောက်များအား ပြောကြားသည်။
သမ္မတဒေါ်နယ်ထရန့်ကလည်း ယင်းပစ်ခတ်မှုအကြောင်း သတင်းပို့တင်ပြမှုရရှိထားကြောင်း နှင့် စုံစမ်းစစ်ဆေးမှုကို အက်ဖ်ဘီအိုင် က ဦးဆောင်သွားမည်ဖြစ်ကြောင်း အတည် ပြုပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image
10 w - Translate

◾️တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲစာရင်းပေးသွင်းခြင်းကို အောက်တိုဘာ ၁၅ ရက်အထိ လက်ခံမည်
တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေ့လွှတ် အရုပ်မီးပုံးပျံပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်းကို အောက်တိုဘာ ၁၅ရက်အထိ လက်ခံပေး သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း ရိုးရာမီးပုံးပျံပြိုင် ပွဲကျင်းပရေး လုပ်ငန်းကော်မတီထံမှသိရသည်။
နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲစာရင်းပေးသွင်းခြင်းအား အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိ ကိုကန် အရှေ့ရပ်ကွက်ရုံးတွင်လည်းကောင်း၊အောက်တိုဘာ ၆ ရက်မှ ၁၅ ရက်အထိ အိမ်အမှတ်(၂၇၂)၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်၊ပါရမီဆေးဆိုင်ဘေးရှိ ဦးတင်အေး နေအိမ်တွင် လည်းကောင်း နံနက်၉ နာရီမှ ညနေ ၄ နာရီအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် နေ့လွှတ်အရုပ်ပြိုင်ပွဲအရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်းအရုပ်အုပ်စုများ ညလွှတ် ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့အား လွှတ်တင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်မွန်းလွဲ ၁ နာရီ၌ ကန်ရှေ့ရပ်ကွက်ရုံးတွင် ပြိုင်ပွဲဝင်နေ့လွှတ်အရုပ်မီးပုံးပျံ အဖွဲ့များ မဲနှိုက်၍ အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်အထိအဝေရာမီးပုံးပျံကွင်းကြီးတွင် ပြိုင်ပွဲ ကျင်းပပြီး နိုဝင်ဘာ ၅ ရက်၌ ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- MDN
#ယနေ့ထုတ်သတင်းစာ_သတင်း

image
10 w - Translate

Nicole Kidman and Keith Urban have separated, "Good Morning America" has learned.
The actress and country singer have been married since 2006 and share two daughters together, Sunday Rose Kidman-Urban, 17, and Faith Margaret Kidman-Urban, 14.
Kidman is also the mom to two other children, Bella and Connor, whom she shares with ex-husband Tom Cruise.
Read more: https://abcnews.visitlink.me/Tv905l

image
10 w - Translate

Federal charges have been filed against four people involved in the anti-ICE protests in Chicago over the weekend, according to court documents obtained by ABC News.
The four defendants are being charged with assaulting and resisting officers outside a suburban Immigration and Customs Enforcement facility on Saturday.
Read more: https://abcnews.visitlink.me/fN-m60

image

ယာမဲလ်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ဆိုစီဒက်နည်းပြ ချီးကျူး

စက်တင်ဘာ ၃၀

ဆိုစီဒက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် ဘာစီလိုနာ အသင်းအတွက် အနိုင်ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ယာမဲလ်ကို ဆိုစီဒက်အသင်းနည်းပြ ဆာဂျီယိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

ဆာဂျီယိုက “ယာမဲလ် ကွင်းထဲမှာ ရှိနေတာက ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သူ့ကို ရပ်တန့်အောင် လုပ်ရတာက အလွန်ခက်ခဲပါတယ်။ သူကစားတာကို ကြည့်ရတာဟာ အလွန်ကောင်းပြီး သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုတာ ထပ်ပြီးပြသခဲ့ပါတယ်။ သူ့ရဲ့ဝင်ရောက်လာမှုက ပွဲကို အဆုံးအဖြတ် ပေးခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး လွဲချော်ခဲ့ပြီး ဆိုစီဒက်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ယာမဲလ်ဟာ ကွင်းထဲဝင်ရောက်လာပြီးနောက် တစ်မိနစ်အကြာမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး ဖြစ်စေမယ့် လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယာမဲလ်ကို အသင်းအတွက် ပြန်အသုံးပြုနိုင်ခဲ့လို့ ပျော်ရွှင်ပြီး သူဟာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် ဟန်ဆီဖလစ်က ယာမဲလ်ဟာ ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ ဒုတိယနေရာ ရခဲ့ပေမယ့် လာမယ့်နှစ်မှာ ဒီဆုကို ရယူနိုင်ဖို့အတွက် ပိုပြီးကောင်းအောင်လုပ်ဖို့ အာရုံစိုက်တော့မယ်လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ လာမယ့် အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ်မတိုင်မီ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် PSG ၊ လာလီဂါ ပွဲစဉ်အဖြစ် ဆီဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ယာမဲလ်ကိုတွေ့ရစဉ်

Credit - Central News Independence News Agency

#ဘောလုံးသတင်းစုံ

image
10 w - Translate

ဘန်​ကောက်လမ်းပြိုမှုပြင်ဆင်ရာဝန်းကျင်လမ်းကြောင်းများကို ပြည်သူကရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းပေးရန်နိုး​ဆော်
စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ဧရာမ တွင်းကြီးပြုပြင်​နေမှုအား ဘန်ကောက်မြို့ ​တော်ဝန် Chadchart Sittipuntက ယမန်နေ့ညက လာ​ရောက်ကြည့်ရှုစစ်​ဆေးခဲ့သည်။
ပြည်သူများSamsen လမ်းတဝိုက်ရှိ လမ်းကြောင်းများကို ရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်​ပေးရန် တောင်းဆိုထားသည်။
​မြေ​အောက်ရထား MRT (Mass Rapid Transit Authority of Thailand) တာဝန်ရှိသူများနှင့် ကန်ထရိုက်တာများက ဧရာမ တွင်းကြီးအတွင်း လက်ကျန်အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် ​နေ့​ရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိ​နေသည်။

image
10 w - Translate

ဘန်​ကောက်လမ်းပြိုမှုပြင်ဆင်ရာဝန်းကျင်လမ်းကြောင်းများကို ပြည်သူကရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းပေးရန်နိုး​ဆော်
စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ဧရာမ တွင်းကြီးပြုပြင်​နေမှုအား ဘန်ကောက်မြို့ ​တော်ဝန် Chadchart Sittipuntက ယမန်နေ့ညက လာ​ရောက်ကြည့်ရှုစစ်​ဆေးခဲ့သည်။
ပြည်သူများSamsen လမ်းတဝိုက်ရှိ လမ်းကြောင်းများကို ရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်​ပေးရန် တောင်းဆိုထားသည်။
​မြေ​အောက်ရထား MRT (Mass Rapid Transit Authority of Thailand) တာဝန်ရှိသူများနှင့် ကန်ထရိုက်တာများက ဧရာမ တွင်းကြီးအတွင်း လက်ကျန်အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် ​နေ့​ရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိ​နေသည်။

image