မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရန် လို
မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိုက်ရောက် (Arrival) တွင် ထားရှိသည့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ကောင်တာ (Arrival Counter) တွင် မပျက်မကွက် သတင်းပို့ကြရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့ ပြုလုပ်ရခြင်းသည် ခွင့်ပြီးဆုံး၍ ပြန်ထွက်ခွါရာ၌ စိစစ်မှုများတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။