💁 ဒီတခါတော့ ရန်ကုန်ကနေ ၁ နာရီကျော်လောက်ပဲ သွားရတဲ့ ပဲခူးက Bulaeinn Resort လေးကို ညွှန်းပေးလိုက်ပါတယ် 🏠
💁 ခရီးရှည်ကြီးတွေ ထွက်ဖို့ မအားလပ်တဲ့ မိတ်ဆွေတွေအတွက်တော့ ရန်ကုန်မြို့ပြင်နားက အပန်းဖြေ Resort လေးတွေက အလွယ်တကူသွားရောက်ဖို့ လွယ်ကူပြီး စိတ်ကျေနပ်မှု‌လည်းရစေမှာအမှန်ပဲဗျ 🥰
🍃 စိမ်းစိုနေတဲ့ အပင်လေးတွေနဲ့ ခြံအကျယ်ကြီးလည်းရှိလို့ အေးချမ်းစွာ အပန်းဖြေချင်သူတွေအတွက်သင့်တော်သလို ...
🏠 Resort ထဲက Villa အခန်းလေးတွေကလည်း ကျယ်ဝန်းပြီး မိုက်လို့ မိသားစုလိုက်အပန်းဖြေမလား၊ ဘော်ဒါတွေနဲ့သွားမလား ကွက်တိပဲပေါ့ ❤️
🍃 စိမ်းစိုမှုတွေကြားမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အပန်းဖြေချင်တယ်ဆိုရင်တော့ ဟောဒီ Bulaeinn Resort လေးကို ရွေးချယ်ဖို့ ညွှန်းပေးလိုက်ပါတယ်နော် ❤️
🏠 ဘူလယ်အင်းရွာ၊ ဓမ္မဒူတကျောင်းလမ်း၊ ၁၀ မိုင်၊ ပဲခူး။
တိုက်ရိုက်ဆက်သွယ်ရန်
💁 09-781900009, 09-761300009
#package #bulaeinn #resort #yangon

image

💁 ဒီတခါတော့ ရန်ကုန်ကနေ ၁ နာရီကျော်လောက်ပဲ သွားရတဲ့ ပဲခူးက Bulaeinn Resort လေးကို ညွှန်းပေးလိုက်ပါတယ် 🏠
💁 ခရီးရှည်ကြီးတွေ ထွက်ဖို့ မအားလပ်တဲ့ မိတ်ဆွေတွေအတွက်တော့ ရန်ကုန်မြို့ပြင်နားက အပန်းဖြေ Resort လေးတွေက အလွယ်တကူသွားရောက်ဖို့ လွယ်ကူပြီး စိတ်ကျေနပ်မှု‌လည်းရစေမှာအမှန်ပဲဗျ 🥰
🍃 စိမ်းစိုနေတဲ့ အပင်လေးတွေနဲ့ ခြံအကျယ်ကြီးလည်းရှိလို့ အေးချမ်းစွာ အပန်းဖြေချင်သူတွေအတွက်သင့်တော်သလို ...
🏠 Resort ထဲက Villa အခန်းလေးတွေကလည်း ကျယ်ဝန်းပြီး မိုက်လို့ မိသားစုလိုက်အပန်းဖြေမလား၊ ဘော်ဒါတွေနဲ့သွားမလား ကွက်တိပဲပေါ့ ❤️
🍃 စိမ်းစိုမှုတွေကြားမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အပန်းဖြေချင်တယ်ဆိုရင်တော့ ဟောဒီ Bulaeinn Resort လေးကို ရွေးချယ်ဖို့ ညွှန်းပေးလိုက်ပါတယ်နော် ❤️
🏠 ဘူလယ်အင်းရွာ၊ ဓမ္မဒူတကျောင်းလမ်း၊ ၁၀ မိုင်၊ ပဲခူး။
တိုက်ရိုက်ဆက်သွယ်ရန်
💁 09-781900009, 09-761300009
#package #bulaeinn #resort #yangon

imageimage
+9
16 w - Translate

သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကို နှစ်သက်တဲ့သူတွေအတွက် ကာတွန်းကားကောင်းလေး💜
O-h M-y Sch-ool! (2023) #fblink
ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းကအဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်းကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး….ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီးထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကိုအရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်…ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။
တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်….ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ…ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား…ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရော ဘယ်လိုရင်ဆိုင်မလဲ…ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်….

Credit to owner

image
16 w - Translate

၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ နော်ဝေနိုင်ငံသား အမျိုးသား ၉၀% နဲ့ အမျိုးသမီး ၉၇% တို့ဟာ တစ်နှစ်ကို စာအုပ်အနည်းဆုံး တစ်အုပ်ကို ဖတ်ရှုလေ့ရှိကြောင်း သိရှိရပါတယ် နိုင်ငံရဲ့အမျိုးသမီး ထက်ဝက်နီးပါးဟာ တစ်နှစ်ကို စာအုပ်ဆယ်အုပ်အနည်းဆုံးဖတ်ရှုကြပါတယ်နိုင်ငံတစ်ဝှမ်းလုံးမှာစာအုပ်ဆိုင်ပေါင်း ၆၄၀ ကျော် ရှိပြီး ကုန်စုံဆိုင်များမှာတောင်စာအုပ်တွေကို ရောင်းချလျက်ရှိကြပါတယ် ဒီနေ့ခေတ်အရ E Books တွေနဲ့ အခြား Social media တွေပေါ်ထွန်းလာပေမဲ့လည်း နော်ဝေနိုင်ငံရဲ့ စာပေယဉ်ကျေးမှုဟာ ခိုင်မာစွာ တည်ရှိနေဆဲဖြစ်ပါတယ် ဒါ့အပြင် နော်ဝေနိုင်ငံသားတွေဟာ အခြားအရာတွေထက် စာအုပ်တွေကိုလက်ဆောင်အဖြစ် ပေးလေ့ရှိကြပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

🦠 **အစာအိမ်ပိုး (H. pylori) ကို အထင်မသေးသင့်တဲ့ အကြောင်းရင်းများ** 🦠
ဒေါက်တာရဲ ပါခင်ဗျာ။ 🙏
"ဗိုက်က ခဏခဏအောင့်တယ်၊ လေတွေထိုးတယ်၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်နေတယ်" ဆိုပြီး ခံစားနေရသူတွေ ရှိပါသလား။ 🤔 အများစုက ဒါကို သာမန် အစာအိမ် ဖြစ်တာပဲဆိုပြီး ပေါ့ပေါ့ဆဆ သဘောထားတတ်ကြပါတယ်။ တကယ်တော့ ဒီလိုလက္ခဏာတွေရဲ့ နောက်ကွယ်က အဓိကတရားခံဟာ **'အစာအိမ်ပိုး'** ဒါမှမဟုတ် ***Helicobacter pylori*** ဖြစ်နေနိုင်ပါတယ်။
**🤔 H. pylori ဆိုတာ ဘာလဲ?**
ဒါဟာ အစာအိမ်ရဲ့ အတွင်းနံရံမှာ လာရောက်ကပ်တွယ်ပြီး ရှင်သန်နိုင်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးပါ။ သူရဲ့ အစွမ်းထက်တဲ့အချက်က ပြင်းထန်တဲ့ အစာအိမ်အက်စစ်ဓာတ်ကို ခံနိုင်ရည်ရှိတာပါပဲ။ ဒါကြောင့် အစာအိမ်ထဲမှာ နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပါတယ်။
**❓ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ**
လူတိုင်းတော့ လက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့…
* ✅ ဗိုက်အပေါ်ပိုင်းက တင်းတင်းကြီးဖြစ်ပြီး မကြာခဏ အောင့်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း။
* ✅ အစာစားပြီးချိန် (သို့) ဗိုက်ထဲမှာ အစာမရှိချိန်တွေမှာ ပိုဆိုးခြင်း။
* ✅ လေပွခြင်း၊ လေမကြာခဏတက်ခြင်း။
* ✅ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း။
* ✅ ပျို့အန်ချင်သလိုဖြစ်ခြင်း၊ တခါတရံ အန်ခြင်း။
* ✅ အစားစားချင်စိတ် နည်းပါးလာခြင်း။
**❓ဒီပိုးက ဘယ်ကနေ ကူးစက်နိုင်လဲ**
ဒီပိုးဟာ အဓိကအားဖြင့် မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။
* 🍲💧 ပိုးရှိသူရဲ့ မစင်နဲ့ မသန့်ရှင်းတဲ့ ရေ၊ အစားအစာတွေကနေ ကူးစက်နိုင်ပါတယ်။
* 🥄🍴 ပိုးရှိသူနဲ့ စားသောက်တန်ဆာပလာ (ဇွန်း၊ ခွက်) အတူတကွ သုံးစွဲရာကနေလည်း ကူးစက်နိုင်ခြေရှိပါတယ်။
🚨 **ဘာလို့ သေချာကုသဖို့ လိုအပ်တာလဲ? အရေးကြီးပါတယ်။**
H. pylori ပိုးကို မကုသဘဲထားရင် ရေရှည်မှာ အောက်ပါ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်လို့ပါပဲ-
1. **နာတာရှည် အစာအိမ်ရောင်ခြင်း (Chronic Gastritis)* အစာအိမ်နံရံတွေ အမြဲတမ်းရောင်ရမ်းနေခြင်း။
2. **အစာအိမ်နှင့် အူသိမ်ဦးပိုင်းတွင် အနာဖြစ်ခြင်း (Peptic Ulcers)* လူတော်တော်များများ "အစာအိမ်အနာ" လို့သိကြတဲ့ ပြဿနာပါ။
3. **အစာအိမ်ကင်ဆာ (Stomach Cancer)* ရှားပါးပေမယ့် H. pylori ပိုးဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
**🩺 ဘယ်လိုစစ်ဆေးပြီး ကုသနိုင်မလဲ?**
စိတ်မပူပါနဲ့။ ဒီပိုးကို စစ်ဆေးဖို့နဲ့ ကုသဖို့ ထိရောက်တဲ့နည်းလမ်းတွေ ရှိပါတယ်။
* **စစ်ဆေးခြင်း* လေမှုတ်စစ်ဆေးခြင်း (Breath Test)၊ ဝမ်းစစ်ဆေးခြင်း (Stool Test), လိုအပ်ပါက မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Endoscopy) တွေနဲ့ သိရှိနိုင်ပါတယ်။
* **ကုသခြင်း* ပိုးသတ်ဆေး (Antibiotics) တွေနဲ့ အစာအိမ်အက်စစ်ထွက်တာကို လျှော့ချပေးတဲ့ဆေးတွေကို ရက်သတ္တပတ်အနည်းငယ်ကြာ ပေါင်းစပ်သောက်သုံးရပါတယ်။ **ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို ရက်ပြည့်အောင် သောက်ဖို့က အလွန်အရေးကြီးပါတယ်**။
🌱 **ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါ**
* 🤲✨ အစာမစားခင်၊ အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်စွာဆေးပါ။
* 🔥🍳 အစားအစာကို ကျက်အောင်ချက်ပြုတ်ပြီး သန့်ရှင်းစွာကိုင်တွယ်ပါ။
* 💧 သောက်ရေသန့်ကိုသာ သောက်သုံးပါ။
* 👨‍👩‍👧‍👦🍴 စားသောက်တန်ဆာပလာတွေကို အတူတကွသုံးစွဲခြင်း ရှောင်ကြဉ်ပါ။
ဒါကြောင့်မို့လို့ ဗိုက်အောင့်၊ လေထိုးတာကို သာမန်လို့ မပေါ့ဆဘဲ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်ခင်ဗျာ။
အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ ❤️
#drye #hpylori #အစာအိမ်ပိုး #အစာအိမ်ရောဂါ

image

မျက်စိရောဂါအတွက် ဟင်းနုနွယ်ပွင့်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးဖက်ဝင်အပင်ဆိုတာ လုံးဝမမေ့သင့်ပါဘူး။
​ဟင်းနုနွယ်ပွင့်ရဲ့ အစွမ်းသတ္တိတွေက များပြားလှပါတယ်။
ဒါတွေကတော့-
​မျက်စိကျန်းမာရေး - မျက်ကြည်လွှာပျက်စီးခြင်း၊ မျက်စိနီခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်လုံးထဲမှာ ယင်ကောင်အုပ်သလိုမြင်ခြင်း၊ မျက်လုံးဝေဝါးခြင်း စတဲ့ မျက်စိပြဿနာမျိုးစုံကို သက်သာစေပြီး အမြင်အာရုံကိုလည်း အားကောင်းစေပါတယ်။
​ကျန်းမာရေးအကာအကွယ်- ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
​ကိုယ်ခန္ဓာအားဖြည့်ခြင်း- ဦးနှောက်ကို အားဖြည့်ပေးပြီး အရိုးနဲ့ သွားတွေကို သန်မာစေကာ ဖျားနာခြင်းကိုလည်း သက်သာစေပါတယ်။
​ဒီလိုကောင်းကျိုးတွေ အများကြီးရှိတဲ့အတွက် ဟင်းနုနွယ်ပွင့်ကို ပြုတ်ပြီးဖြစ်စေ၊ ခရုဆီနဲ့ကြော်ပြီးဖြစ်စေ နေ့စဉ်စားသုံးသင့်ပါတယ်။ စားလို့လည်း အရမ်းကောင်းပြီး ဘယ်တော့မှ မရိုးနိုင်ပါဘူး။ ဒါကြောင့် ဘယ်နေရာမှာပဲ တွေ့တွေ့ ချက်ချင်းခူးယူပြီး ချက်ပြုတ်စားသောက်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

image

ယောဂဗဟုသုတဟင်းလေးအိုးအပိုင်း(၄) Prana(ပရာန)ဆိုတာဘာလဲ ယောဂကျင့်စဥ်တွေကိုလေ့လာရင် prana(ပရာန)ဆိုတဲ့စကားလုံးကိုတွေ့ရမှာဖြစ်ပါတယ် Prana(ပရာန)ဆိုတာ ယောဂကျင့်စဥ်မှာအရေးကြီးတ့ဲ အရာတခုလဲဖြစ်ပါတယ်Prana(ပရာန)ဆိုတာ သက္ကတဘာသာစကားလုံးဖြစ်ပြီး praဆိုတာ အဆက်မပြတ် na ဆိုတာစီးဆင်းမူဖြစ်လို့ ပေါင်းလိုက်ရင် pran(ပရာန)ဆိုတာ အဆက်မပြတ်စီးဆင်းနေတဲ့စွမ်းအင်လို့ အဓိပ္ပာယ်ရပါတယ် ဟိမ​ဝန္တာမှာနေထိုင်ပြီးတရားအားထုတ်တဲ့ ယောဂီတွေက အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုတွေ့ရှိခဲ့ပါတယ် ယောဂကျင့်စဥ်မှာတော့ အသက်ဓာတ်စွမ်းအင်ကို prana(ပရာန)လို့ခေါ်ပေမဲ့ ကမ္ဘာအရပ်ရပ်က လူတွေကလဲအသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုတွေ့ရှိခဲ့ကြပြီး သူတို့ဒေသအလိုက်မတူညီတဲ့အမည်အမျိုးမျိုးတပ်ခဲ့ကြပါတယ် တရုတ်ပြည်မှာ အသက်ဓာတ်စွမ်းအင်ကို ပရာန(prana)လို့မသုံးပဲ ချီစွမ်းအင်(ki)လိူ့ခေါ်ကြပါတယ် ဂျပန်ပြည်မှာ​တော့ အသက်ဓာတ်စွမ်းအင်ကို ရေခီ(Reiki)လို့ခေါ်ကြပါတယ် သိပ္ပံပညာရှင်တွေကတော့ အသက်ဓာတ်စွမ်းအင်ကို bioplasmic(ဇီဝစွမ်းအင်)လို့ခေါ်တယ် မြန်မာပြည်မှာအရင်က ယောဂအကြောင်းရေးခဲ့တဲ့ စာရေးဆရာကြီးကတော့ အသက်ဓာတ်စွမ်းအင်ကို ညှိ့ဓာတ်ဆိုပြီး ရေးသားခဲ့ကြပါသေးတယ် သက်ရှိသက်မဲ့သဘာဝပစ္စည်းတိုင်းမှာ prana(ပရာန)ဓာတ်ရှိပါတယ် ယောဂပညာအရ အသက်ဓာတ်စွမ်းအင်ပရာန(prana)က လူကိုကျန်းမာအသက်ရှည်အောင် လုပ်ဆောင်ပေးပါတယ် ပရာန(prana)ကို ကီအာလီယန်(kirlians)ကင်မရာနဲ့မြင်နိုင်ပါတယ် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကို လေကနေ အဓိကရရှိပါတယ် အခြားရရှိနိုင်တဲ့အရာတွေကတော့ မိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင် |အစားအသောက် |သန့်ရှင်းတဲ့ရေ|နေရောင်ခြည်|သစ်ပင်|မြေကြီး တွေကနေလဲအသက်ဓာတ်စွမ်းအင်ပရာန(prana)ကို ရရှိစေပါတယ် ဒါအပြင် အကောင်းမြင်တဲ့စိတ်နေစိတ်ထား,မြင့်မြတ်တဲ့စိတ်ခံစားမူတွေ,ယောဂအကျင့်တွေကျင့်ကြံခြင်းတွေက ခန္ဓာကိုယ်ထဲက အသက်ဓာတ်စွမ်းအင်ပရာန(prana)ကို အထူးအားကောင်းစေပါတယ် သန့်ရှင်းတဲ့လေဟာ ကျန်းမာရေးအတွက်အရေးကြီးပါတယ် လေကောင်းလေသန့်တွေက အောက်ဆီဂျင်ရရှိရုံတင်မကဘဲ အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုလဲ များများရရှိစေပါတယ် ကိုယ်ရူတဲ့လေက ကိုယ့်ရဲ့အသက်ဓာတ်စွမ်းအင်ပရာန(prana)အဓိကသက်ရောက်စေပါတယ် ရေတံခွန်နဲ့နီးတဲ့နေရာတွေ,တောင်ပေါ်ဒေသတွေက အသက်ဓာတ်စွမ်းအင်ပရာန(prana)တွေအားကောင်းလို့ အဲ့လိုဒေသကလေကိုရူရှိက်လိုက်ရတဲ့ ခံစားချက်က ကိုယ်နဲ့စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ် ဒါပေမဲ့ လေထုညစ်ညမ်းတဲ့နေရာတွေ recycled airတွေရူရှိက်မိရင် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကို လျင်မြန်စွာလျှော့နည်းစေပါတယ် သိပ္ပံပညာရှင်တွေက လေထုထဲမှာ လျှပ်စစ်သံလိုက်ဓာတ်(ions)တွေရှိတာတွေ့ခဲ့ကြပါတယ် လေထဲမှာရှိတဲ့လျှပ်စစ်သံလိုက်ဓာတ်တွေမှာလဲ ၂မျိုးခွဲခြားထားပါတယ် အဲ့၂မျိုးကတော့ positive ions(လျှပ်စစ်အဖိုဓာတ်)negativd ions(လျှပ်စစ်အမဓာတ်)တို့ဖြစ်ပါတယ် ကျွန်တော်တို့ရူနေတဲ့လေထဲမှာလဲ positive ionsနဲ့negative ionsပါရှိပါတယ် Negative ionsများများပါတဲ့လေကိုရူရိူက်ရင် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုပိုတိုးစေပြီး ကိုယ်စိတ်ကျန်းမာစေပါတယ်ဒါပေမဲ့ Positive ionsပါတဲ့လေကိုရူတာများရင် ကျန်းမာရေးကိုထိခိုက်စေပါတယ် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုအားကောင်းစေပြီး ကျန်းမာစေတဲ့ Negative ionsကအလုံပိတ်အခန်းတွေပေါတဲ့မြို့ပြတွေမှာပမာဏနည်းပါးပြီး တောင်တန်းဒေသတွေသစ်ပင်ပေါတဲ့ဒေသတွေမှာအလွန်ပမာဏများပြားစွာရှိပါတယ် Positive ionsများများပါတဲ့လေကိ​ု ရူရိူက်တာများတဲ့သူတွေက သက်သောင့်သက်သာမရှိခြင်း,အားနည်းခြင်း,ပျင်းရိခြင်းကိုဖြစ်စေပါတယ် Negative ionsတွေက ရောဂါပိုးတွေကိုသေစေတာကြောင့် ကုထုံးအဖြစ် တစိတ်တပိုင်းအရေးပါပါတယ် Negative ionsက အသက်ဓာတ်စွမ်းအင်ပရာန(prana)တော့မဟုတ်ပါဘူး ဒါပေမဲ့သူ့ကိုရူရိူက်တဲ့အချိန်မှာတော့ အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုတိုးစေပါတယ် Hatha Yogaကျင့်စဥ် ငါးခုထဲမှာပါတဲ့ ပရာနာယာမကျင့်စဥ်တွေက Negative ionsကိုလည်းပိုရစေပါတယ်

Credit to owner

image

အူလမ်းကြောင်းရှင်းလင်းခြင်း....
ဗိုက်ပူနေတဲ့သူများ ဗိုက်ချပ်သွားချင်ရင်... တို့တွေရဲ့ အူလမ်းကြောင်း ဟာ အညစ်အကြေးတွေနဲ့ ပြည့်နေလေ့ရှိပါတယ်။ အဲဒီအညစ်အကြေးတွေကနေ ဖြစ်လာတဲ့ ဂျိုးတွေကလည်း အူနံရံတွေမှာ အမြဲတမ်း ကပ်ငြိနေတတ်ပါတယ်။
အူသန့်ရှင်းနေဖို့ ဘာကြောင့် အရေးကြီးတာလဲ?
လူတွေရဲ့အူဟာ အမြဲတမ်း သန့်နေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးဟာ အူတွေကနေ စဖြစ်တာမို့လို့ပါ။ အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေက စုပ်ယူပြီး သွေးအဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ ဒါကြောင့်...
အူသန့်ရင် သွေးသန့်မယ်။
အူမသန့်ရင် သွေးမသန့်ဘူး ဆိုတာ ထင်ရှားပါတယ်။
အူတွေကို သန့်ရှင်းပေးတော့မှ အဆိပ်အတောက်ကင်းတဲ့ သွေးသန့် ကို ရရှိမှာပါ။ ခန္ဓာကိုယ်မှာက သွေးက အဓိကပဲ။ သွေးသန့်ရင် ရောဂါကင်းမယ်၊ သွေးညစ်ရင် ရောဂါများမယ်။ သွေးသန့်ဖို့အတွက် အူသန့်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။
အူသန့်ရှင်းအောင် လုပ်ရမယ့် လွယ်ကူတဲ့ နည်းလမ်း
အူတွေ သန့်ရှင်းအောင် လုပ်ဖို့ကလည်း မခက်ပါဘူး။ စင်ထိုးပြီး စိုက်ရတဲ့ အညွန့်အရွက်တွေ စားပေးရုံပါပဲ။
ဘူးညွန့်၊ ဂေါ်ရခါးညွန့်၊ ရွှေဖယုံညွန့် စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေ ပါဝင်ပါတယ်။ အဲဒီအရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲ အညစ်အကြေးတွေကို သုတ်သင်ပေးနိုင်တဲ့ သဘောရှိပါတယ်။
အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကို ကြော်ပြီး စားပါ။ အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကြေးတွေကို ပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။
ရလဒ်ကောင်းများ
အစာလမ်းကြောင်းတစ်ခုလုံး သန့်ရှင်းနေတော့...
အာဟာရကနေ ရတဲ့ ရသရည်ကလည်း သန့်ရှင်းပြီး သွေးကလည်း သန့်သွားပါလိမ့်မယ်။
အူတွေထဲမှာ အညစ်အကြေးအချိုး ကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည်းနဲ့ ဗိုက်ချပ်သွားပါလိမ့်မယ်။
ဒါဟာ အနာရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေနိုင်တဲ့ နည်းကောင်းတစ်ခု ပါပဲ။
ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြပါစေခင်ဗျာ။ သင့်မိတ်ဆွေတွေလည်း သိစေရန် ပြန်လည်မျှဝေခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူပေးပါ။
#maungnaingkhant
#ကျန်းမာရေးဗဟုသုတ
#fblifestyle

image

ငါ့ဘ၀ရဲ့ ဖြစ်တည်မှုထဲ
မင်းလက်ကို ထိုးသွင်းကြည့်လိုက်စမ်း
ကိုင်း •• အချစ်နံ့တွေ ရတယ်မဟုတ်လား။

မင်းနဲ့ ပတ်သက်ပြီးတိုင်း
ငါ ရရှိလာတဲ့ ပျော်ရွှင်မှုဆိုတာ
စစ်ပွဲကြီးတစ်ခု ပြီးသွားတဲ့အခါ
ကျည်ဆန်ခွံ လိုက်ကောက်ရတဲ့
ကလေးလိုပါပဲ။

ဘာမှန်းမသိတဲ့ အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတာ
ငါ့ဘ၀ပါကွယ်။

- ပိုင်စိုးဝေ

ယောဂဗဟုသုတဟင်းလေးအိုး အပိုင်း(၃) Hatha yogaနဲ့အသက်စွမ်းအင်ပရာန(prana) ကီအာလီယန်(kirlian)ကင်မရာကို 1939ခုနှစ်ဝန်းကျင်မှာ ကီအာလီယန်(kirlian)အမည်ရှိတဲ့ ဇနီးမောင်နှံက တီထွင်ခဲ့ပါတယ် သုတေသီတွေက ကီအာလီယန်ကင်မရာနဲ့ အရာဝတ္ထုအမျိုးမျိုးကိုစမ်းသပ်ခဲ့ကြပါတယ် ကီအာလီယန်ကင်မရာကြောင့် သက်ရှိသဘာဝပစ္စည်းတိုင်းမှာ auraလို့ခေါ်တဲ့ရောင်ခြည်ဝန်းတေ​ွရှိနေတာကိုတွေ့ခဲ့ကြပါတယ် သုတေသီတွေက ကီအာလီယန်ကင်မရာနဲ့ထောင်ပေါင်းများစွာသော လူတွေသက်ရှိတွေ ကျန်းမာတဲ့သူ မကျန်းမာတဲ့သူ စိတ်ချမ်းသာတဲ့သူစိတ်ဖိစီးနေတဲ့သူတွေကို စမ်းသပ်ခဲ့ပါတယ် ​စမ်းသပ်မူတခုမှာဆိုရင် အမျိုးသားနဲ့အမျိုးသမီးကိုလက်ချင်းကိုင်စေပြီးကင်အာလီယန်ကင်မရာနဲ့ရိုက်လိုက်တဲ့အချိန်မှာ အမျိုးသားရဲ့ကိုယ်ရောင်ခြည်(aura)ကအမျိုးသမီးရဲ့ကိုယ်ရောင်(​aura)ကိုဆွဲငင်နေပါတယ် ခန္ဓာကိုယ်ကကိုယ်ရောင်ခြည်(aura)က စိတ်နဲ့လဲဆက်စပ်နေတာတွေ့ရှိခဲ့ပါတယ် ဥပမာအားဖြင့် စိတ်တည်ငြိမ်ပြီး အနားယူတဲ့လူရဲ့ကိုယ်ရောင်က တည်ငြိမ်ပြီးတော့ရောင်ခြည်ရပ်ဝန်းကကျယ်ပြန့်ပါတယ် စိတ်ဖိစီးစိတ်ညစ်နေတဲ့လူရဲ့ ကိုယ်ရောင်ခြည်က တည်ငြိမ်မူမရှိပါဘူး သုတေသီတွေက မကြာခင်သေဆုံးတော့မဲ့လူတွေကိုလေ့လာရာမှာ သူတို့ရဲ့ကိုယ်ရောင်ခြည်မရှိတော့တာကို သိခဲ့ရပါတယ် ယောဂကျင့်တဲ့လူတယောက်ရဲ့ ယောဂမကျင့်ခင်နဲ့ယောဂကျင့်ပြီးအခြေအနေကို ကီအာလီယန်ကင်မရာနဲ့ရိုက်ကြည့်တဲ့အခါမှာ မကျင့်ခင်ကိုယ်ရောင်ခြည်ဓာတ်အားမကောင်းပေမဲ့ ယောဂကျင့်ပြီးတဲ့အချိန်မှာ လက်ကကိုယ်ရောင်ခြည်ဓာတ်(aura)​တွေဖြာထွက်နေတာကိုမြင်ခဲ့ရပါတယ် ကိုယ်ရောင်ခြည်ဓာတ်(aura)ကလူကောင်းရော လူဆိုးမှာပါရှိပါတယ် ဒါပေမဲ့အရောင်အဝါချင်းကွာခြားပါတယ် hatha yogaကျင့်စဥ်တွေက အသက်ဓာတ်စွမ်းအင်ပရာနစီးဆင်းမူကို အားကောင်းစေတာကြောင့် ကိုယ်ရောင်ခြည်(​aura)ကိုလည်းဖြာထွက်စေပါတယ် hatha yogaကျင့်စဥ်ငါးရပ်မှာ အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုပိုရစေတဲ့ကျင့်စဥ်က pranayama(ပရာနာယာမ)ပဲဖြစ်ပါတယ် pranayama(ပရာနာယာမ)က အသက်ဓာတ်စွမ်းအင်(prana)ကိုထိန်းချုပ်ပြီး စိတ်ကိုတည်ငြိမ်စေပါတယ် Hatha yogiတွေရဲ့ပြောနေကျစကားက စိတ်မတည်ငြိမ်တာနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ pranayamaကိုသာကျင့်ပါ စိတ်ကကျင့်ရင်းတည်ငြိမ်လာပါလိမ့်မယ်လို့ ဆုံးမကြပါတယ် စိတ်နဲ့အသက်ရူပုံကလဲဆက်စပ်နေပါတယ် ဒေါသထွက်တဲ့အချိန်မှာအသက်ရူမြန်ပြီး စိတ်ချမ်းသာတည်ငြိမ်တဲ့အချိန် ညင်ညင်သာသာလေးနဲ့အသက်ရူကြပါတယ် တရားမထိုင်ခင် ပုတီးမစိပ်ခင် မိမိတို့ကိုးကွယ်ရာဘာသာအလိုက်ဘုရားဝတ်မပြုခင်မှာ pranayamaကိုကျင့်ရင် တရားစာရွတ်တဲ့အချိန်မှာအာရုံစူးစိုက်မူအပြည့်နဲ့စိတ်အေးအေးချမ်းချမ်း မိမိတို့ဘုရားကို ဝတ်ပြုနိုင်တဲ့အကျိုးရရှိမှာပါ hatha yogaက kundalini(ကုဏ္ဍလိနီ)စွမ်းအင်ကို နိုးဆွတဲ့နေရာမှာလဲ အထောက်အကူပြုပါတယ် ဒါပေမဲ့ အသက်ဓာတ်စွမ်းအင်ပရာန(prana)က လေကိုပြောတာမဟုတ်ပါဘူး pranayamaကိုကျွမ်းကျင်တဲ့ယောဂီက အသက်မရူဘဲအကြာကြီးနေနိုင်ကြပါတယ် ကမ္ဘာကျော်ယောဂဂုရုတယောက်ဖြစ်တဲ့ ဆွာမိသီဝနန္ဒ(swami sivananda)ရဲ့တပည့်ရင်း ​ဆွာမိနာဒဗြဟ္မာနန္ဒ(swami nadabrahmananda)ကအသက်မရူဘဲအကြာကြီးထိန်းနိုင်စွမ်းရှိသူပါ သူ့ကိုသုတေသီတွေ စမ်းသပ်ထားပါတယ် သူ့ကိုလေမရှိတဲ့ဖန်ပြွန်ချောင်းကြီးထဲမှာထည့်ထားပါတယ် နောက်​ဖန်ပြွန်မှာ မျောက်တကောင် နောက်ထပ်ဖန်ပြွန်မှာ မီးထွန်းထားတဲ့ဖယောင်တိုင်းထည့်ထားပါတယ် ဖန်ပြွန်ထဲက swami nadabrahmanandaကို သူ့ရဲ့တကိုယ်လုံးမှာ electrodesကြိုးတွေတပ်ထားပါတယ် သူရဲ့နှာခေါင်းနဲ့နားကိုပိတ်ထားပြီး တကိုယ်လုံးကိုလဲလေမဝင်နိုင်အောင် ပျားဖယောင်းတွေသုတ်ထားပါတယ် ဒီလိုနဲ့နောက်ထပ် 3မိနစ်အကြာမှာ ဖန်ပြွန်ထဲကဖယောင်းတိုင်း​မီးငြိမ်းသွားပါတယ် ၁၅မိနစ်အကြာမှာ ဖန်ပြွန်ထဲက မျောက်မေ့မြောသွားပါတယ် ဆွာမိနာဒဗြဟ္မာနန္ဒကတော့ လေမရှိတဲ့ဖန်ပြွန်ထဲမှာ အိန္ဒိယဗုံတမျိုးကိုတီးခတ်နေဆဲဖြစ်ပါတယ် သူက လေမရှိတဲ့ဖန်ပြွန်ထဲမှာ မိနစ်40ကြာအောင် နေပြခဲ့ပါတယ် ဖန်ပြွန်ထဲရှိနေတဲ့အချိန်မှာ သူရဲ့ခန္ဓာကိုယ်မှာတပ်ထားတဲ့ microphoneမှာ ရေတံခွန်ကရေစီးကျနေတဲ့အသံမျိုးကြားရပါတယ် သူကရှင်းပြပါတယ် ဒီအသံကသူရဲ့ ခန္ဓာကိုယ်ထဲမှာ အားကောင်းတဲ့အသက်ဓာတ်စွမ်းအင်ပရာန(prana)တွေစီးဆင်းနေတဲ့အသံလို့ရှင်းပြခဲ့ပါတယ် အပိုင်း(4)ဆက်ရန်🙏🙏🙏 ကိုးကားကျမ်းများ

Credit to owner

image