ဘရိုက်တန်နိုင်ပွဲတွင် အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်ခဲ့မှုအတွက် ချီးကျူးခံနေရတဲ့ ဒေးဗစ်ရာယာ
======================

ပီယာ့စ်မော်ဂန်ဟာ ဘရိုက်တန်အား အနိုင်ရတဲ့ပွဲတွင် အဖိုးတန် ရမှတ် ၃ မှတ်ရရှိအောင် အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တဲ့ အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာအား ချီးကျူးလာပါတယ်။

အသက် ၃၀ နှစ်ရှိ စပိန်ဂိုးသမားဟာ စနေနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် ဘရိုက်တန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ကစားသွားခဲ့ပါတယ်။

သူဟာ ဒုတိယပိုင်းနှောင်းပိုင်းတွင် အရေးပါတဲ့ ကာကွယ်မှုများ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၇၆ မိနစ်တွင် စပိန်ဂိုးသမားဟာ ယန်ကူဘူမန်တီရဲ့ အပြင်းကန်ချက်အား လက်ဖျားနဲ့ ထိပြီး ကာကွယ်သွားခဲ့တာပါ။

ယင်းကာကွယ်မှုကြောင့်သာ အာဆင်နယ်တို့ ၂-၁ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်နိုင်ပွဲကြောင့် မန်စီးတီးကို ပြန်လည်ကျော်တက်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်ဖြတ်ကာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

ရာယာရဲ့ စွမ်းဆောင်ရည်အပေါ် အာဆင်နယ်အမာခံပရိသတ်ပီယာ့စ်မော်ဂန်က “Sensational save by Raya… wow!” ရေးသားကာ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်သွားပါတယ်။

image