ငါးဖယ်ရဲယိုရွက်ပေါင်း

ငါးဖယ် ၁၀သား
ရဲယိုရွက် ၃ရွက်
ဆား ၂ဇွန်း
သကြား ၂ဇွန်း
ပြောင်းကော်မှုန့် ၁ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်ဖြူ ၁၀မွှာ
ဂျင်း လက်၂ဆစ်
နှမ်းဆီမွှေး အနည်းငယ်
ငရုတ်ကောင်း ။
ပဲငံပြာရည်အနောက် ၁ဇွန်း
ခရုဆီ ၂ဇွန်း

ငါးဖယ်ကို ဆား/သကြား/ငရုတ်ကောင်း/နှမ်းဆီမွှေး/ကြက်
သွန်ဖြူ/ဂျင်းထောင်းရည်နှင့် ပြောင်းကော်မှုန့် ၁ဇွန်း ထည့်ပြီး
စေးအောင်နယ်ပြီးနှပ်ထားပါ။အိုးတစ်လုံးထဲမှာရေထည့်ရေဆူလျှင်ဆားအနည်းငယ်ထည့်ပြီးရဲယိုရွက်ကို၁မိနစ်၂မိနစ်လောက်စိမ်ပြီး ရေအေးအေးထဲနှစ်ကာ ရေစစ်ထားပါ။
ရေကုန်အောင်ညှစ်ပြီးငါးဖယ်ထည့်လိပ်ပြီးလှီးပါ။ဇကာပါပေါင်းအိုးထဲ အလိပ်လေးတွေစီထည့်ပါ၊အောက်အိုးထဲကိုရေထည့်ပါ ရေဆူလျှင်ကြက်သွန်ဖြူ၂မွှာဂျင်း၂ဝိုင်းခန့်ထည့်ပြီးဇကာတင်၍ ၁၅/၂၀မိနစ်ခန့်ပေါင်းပါ။
ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ ၅မွှာ နုတ်နုတ်စင်းပြီး ဆီသတ်ပါ။
ပဲငံပြာရည် အနောက် သကြား ခရုဆီ ငရုတ်ကောင်း ထည့်ပါ။
ရေ အနည်းငယ်ထည့်ပါ။ဆူလာလျှင်ပေါင်းထားသောရဲယိုထုပ် များထည့်ပြီး၂မိနစ်ခန့်ထားပြီးချကာနီးနှမ်းဆီမွှေး၂စက်ခန့်ထည့်ကာ ရပါပြီ။
စား/ချက်က ညီမလေး၁ယောက် လိပ်တဲ့ပုံစံလေးကို ယူသုံး
ထားတာပါရှင်။

ချက်ကြည့်ကြစို့

Zawgyi
ငါးဖယ်ရဲယိုရွက်ပေါင်း

ငါးဖယ် ၁၀သား
ရဲယိုရွက် ၃ရွက်
ဆား ၂ဇွန်း
သကြား ၂ဇွန်း
ပြောင်းကော်မှုန့် ၁ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်ဖြူ ၁၀မွှာ
ဂျင်း လက်၂ဆစ်
နှမ်းဆီမွှေး အနည်းငယ်
ငရုတ်ကောင်း ။
ပဲငံပြာရည်အနောက် ၁ဇွန်း
ခရုဆီ ၂ဇွန်း

ငါးဖယ်ကို ဆား/သကြား/ငရုတ်ကောင်း/နှမ်းဆီမွှေး/ကြက်
သွန်ဖြူ/ဂျင်းထောင်းရည်နှင့် ပြောင်းကော်မှုန့် ၁ဇွန်း ထည့်ပြီး
စေးအောင်နယ်ပြီးနှပ်ထားပါ။အိုးတစ်လုံးထဲမှာရေထည့်ရေဆူလျှင်ဆားအနည်းငယ်ထည့်ပြီးရဲယိုရွက်ကို၁မိနစ်၂မိနစ်လောက်စိမ်ပြီး ရေအေးအေးထဲနှစ်ကာ ရေစစ်ထားပါ။
ရေကုန်အောင်ညှစ်ပြီးငါးဖယ်ထည့်လိပ်ပြီးလှီးပါ။ဇကာပါပေါင်းအိုးထဲ အလိပ်လေးတွေစီထည့်ပါ၊အောက်အိုးထဲကိုရေထည့်ပါ ရေဆူလျှင်ကြက်သွန်ဖြူ၂မွှာဂျင်း၂ဝိုင်းခန့်ထည့်ပြီးဇကာတင်၍ ၁၅/၂၀မိနစ်ခန့်ပေါင်းပါ။
ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ ၅မွှာ နုတ်နုတ်စင်းပြီး ဆီသတ်ပါ။
ပဲငံပြာရည် အနောက် သကြား ခရုဆီ ငရုတ်ကောင်း ထည့်ပါ။
ရေ အနည်းငယ်ထည့်ပါ။ဆူလာလျှင်ပေါင်းထားသောရဲယိုထုပ် များထည့်ပြီး၂မိနစ်ခန့်ထားပြီးချကာနီးနှမ်းဆီမွှေး၂စက်ခန့်ထည့်ကာ ရပါပြီ။
စား/ချက်က ညီမလေး၁ယောက် လိပ်တဲ့ပုံစံလေးကို ယူသုံး
ထားတာပါရှင်။

image
27 w - Translate

အကောင်းဘက်ကို တွေးပြီး လုပ်ဆောင်ပါ
-----------------------------------
တွေးမယ်ဆိုရင်
အကောင်းဘက်ကပဲ တွေးပေးပါ။
လုပ်မယ်ဆိုရင်
ကောင်းတဲ့ အလုပ်ကိုပဲ လုပ်ပေးပါ။
နေမယ်ဆိုရင်
ကောင်းတဲ့စိတ်နဲ့ပဲ နေပါ။
ရပ်တည်မယ်ဆိုရင်
အမှန်တရားဘက်ကပဲ ရပ်တည်ပါ။
ပြုပြင်မယ်ဆိုရင်
ကိုယ်ကျင့်တရားကိုပဲ ပြုပြင်ပါ။
ပြောမယ်ဆိုရင်
နားဝင်ချိုအောင် ပြောဆိုပါ။
အိပ်မယ်ဆိုရင်
ဘုရားရှိခိုးပြီးမှ အိပ်ပါ။
သွားမယ်ဆိုရင်
သတိထားပြီးမှ သွားပါ။
ပေါင်းမယ်ဆိုရင်
စိတ်ဓာတ်ကောင်းတဲ့ သူနဲ့ပဲ ပေါင်းပါ။
မပျောက်ပျက်သင့်တဲ့ အရာက
ယုံကြည်မှုပါ။
ဆုပ်ကိုင်ထားရမယ့် အရာက
ကိုယ်ချင်းစာတရားပါ..........။

image
27 w - Translate

ဘဝမှာ အခွင့်အရေးဆိုတာ
တစ်ခါတစ်ရံ
မထင်မှတ်တဲ့အချိန်
မထင်မှတ်တဲ့နေရာက
ရောက်လာတတ်ပါတယ်။
အဲ့ဒီအခါမှာ ကိုယ့်ဘက်က
ပိုင်ပိုင်နိုင်နိုင်ရယူ အသုံးချတတ်ဖို့
သင့်ရဲ့ အရည်အချင်းတွေကို
အသင့်ပြင်ထားပါ...။
မေတ္တာဖြင့်...

image

နံနံပင်စားရင် အမြစ်ကို လွှင့်မပစ်လိုက်ပါနဲ့
-----------------------------------------------
နံနံပင်ကို စားရင် များသောအားဖြင့် အပင်ကိုသာ စားလေ့ရှိပြိး နံနံပင်အမြစ် ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။
တကယ်ကတော့ နံနံပင် အမြစ်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိုင်းဟင်းလျာတွေထဲမှာ နံနံပင်အမြစ် ထည့်ချက်ကြတာကို မြင်ဖူးမှာပါ။
တကယ်က နံနံပင် အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်မယ်ဆိုရင် ဟင်းလျာက အနံ့အရသာတိုးစေမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
နံနံပင်အမြစ်က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုသလဲဆိုတော့.....
နံနံပင် အမြစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။
နံနံပင်အမြစ်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နံနံပင်အမြစ်က သဘာဝ ပိုးသ,တ်ဆေးတစ်မျိုးပါ။
နံနံပင်အမြစ်မှာပါတဲ့ dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးက အစားအသောက်တွေထဲမှာပါတတ်တဲ့ ပိုးတစ်မျိုးဖြစ်တဲ့ salmonella လို့ခေါ်တဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။
ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိပါတယ်။
နံနံပင် အမြစ်ကလည်း နံနံပင်အရွက်နည်းတူ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။ နံနံပင်မှာပါတဲ့ caffeic အက်ဆစ် နဲ့ chlorogenic အက်ဆစ်တွေက ဓာတ်တိုးခြင်းကိုဖြစ်စေနိုင်တဲ့ free radical တွေကို ဟန့်တားပေးပါတယ်။
ကင်ဆာတိုက်ဖျက်နိုင်တယ်။
နံနံပင်အမြစ်ရဲ့ နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးတွေထဲက တစ်ခုက ကင်ဆာတိုက်ဖျက်နိုင်တာပါ။ နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့
ဗီတာကယ်ရိုနွိုက်၊ ဗီတာမင် C နဲ့ ဗီတာမင် E၊affeic အက်ဆစ်၊ ferulic၊ quercetin၊ kaempferold တို့က ကင်ဆာတိုက်ဖျက်ရာမှာတော်တော်လေးထိရောက်မှုရှိပါတယ်။
အရေပြား ကျန်းမာစေတယ်။
နံနံပင်အမြစ် က အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။ မှိုပိုးကူးစက်မှုတွေနဲ့ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ အနာတွေကိုပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါတယ်။
နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှင်းခူ နဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။
ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။
နံနံပင် အမြစ်မှာပါတဲ့ အဆီအချို့က အစာခြေစနစ်ကိုပိုမိုကောင်းမွန်အောင်အထောက်အပူပေးပါတယ်။
နံနံပင်က နှလုံးနဲ့ အစာအိမ်လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
အစာကြေစေနိုင်တယ်။
နံနံပင်အမြစ်ကို ဟင်းတွေထဲမှာ ထည့်ချက်မယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေတဲ့ အာနိသင်တွေ ပါဝင်နေတာကြောင့် အစာကြေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။
ခံတွင်းမြိန်စေပြီး အစာကြေစေဖို့ဆိုရင် နံနံပင် အမြစ်ကို အသုံးပြုလို့ရပါတယ်။
ဒါတွေအပြင် နံနံပင်အမြစ်က နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး လေဒီတွေ လစဉ် ခံစားရတဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါသေးတယ်။

image
27 w - Translate

ကျန်းမာရွှင်လန်းပြီး ကြံစည်သမျှ အရာရာ ပြည့်စုံကြပါစေနော် 💚🌿🌿

image
27 w - Translate

Fantastic Beasts 4 (2025)
The wizarding world returns in Fantastic Beasts 4, directed by David Yates and produced by Warner Bros. 🎬✨ Continuing Newt Scamander’s (Eddie Redmayne) journey, this chapter explores the lingering impact of Grindelwald’s rise and fall ⚔️🌪️, as tensions still threaten the fragile balance between magical and non-magical communities 🌍⚖️.
Now more than a Magizoologist 🐾📚, Newt becomes a key figure in a growing resistance 🛡️🔥, using his knowledge of magical creatures 🦄🦖 to face emerging dangers. As ancient beasts and lost magical realms come to light 🌌🕯️, Newt and his allies embark on a deeper quest into magical history 📜🔮.
With returning favorites 🧙‍♀️💫, new creatures 🐉🦢, and mysteries to uncover 🗝️🕵️‍♂️, Fantastic Beasts 4 promises an enchanting adventure of unity, danger, and discovery. 🌟

image

🔅 စပျစ်သီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကား
စပျစ်သီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကား စပျစ်ဖျော်ရည်မှာ အေရးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၁။ စပျစ်ဖျော်ရည်မှာ အင်တီအောက်ဆီးဒင့် ဖလေဗိုးနွိုက်နဲ့ ရက်စ်ဗာရထရော တို့အများအပြား ပါဝင်နေပါတယ်။ ဒီအစွမ်းထက် အင်တီအောက်ဆီးဒင့် နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့ အပြင်စိတ်ချမ်းသာမှုကို ရရှိစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ အနီရောင်နဲ့ ခရမ်းရောင် စပျစ်သီးထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် ပမာဏဟာ အစိမ်းရောင် စပျစ်သီးမှာထက် ပိုများပါတယ်။
၂။ စပျစ်သီးဖျော်ရည်က သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။လေ့လာမှုအရ စပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။
၃။ တက်ဖ်တက္ကသိုလ်ရဲ့ လတ်တလောလေ့လာမှု တစ်ရပ်အရ စပျစ်ဖျော်ရည်ကို ပုံမှန်သောက်တာက ဦးနှောက်ရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေကြောင်း သိရပါတယ်။
၄။ တခြားလေ့လာမှုတွေအရ နှလုံးသွေးကြောဆိုင်ရာရောဂါ တွေ ခံစားနေရတဲ့လူနာတွေဟာ စပျစ်သီးဖျော်ရည်ကို ပုံမှန်သောက်တာကြောင့် အကျိုးကျေးဇူးရနိုင်ကြောင်း သိရပါတယ်။
၅။ စပျစ်ဖျော်ရည်ဟာ စွမ်းအင်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်း ပေးနိုင်တာကြောင့် လန်းဆန်းတက်ကြွမှုကို ရရှိစေပါတယ်။ သံဓာတ်ချို့တဲ့နေတဲ့ အမျိုးသမီးတွေဟာ စပျစ်ဖျော်ရည် သောက်တာကြောင့် စွမ်းအားကောင်းစေပါတယ်။
၆။ စိတ်ဖိစီးမှု များနေသလား။
စပျစ်ဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဖိစီးမှုလျော့ကျပြီး လန်းဆန်းသွားပါလိမ့်မယ်။
၇။ သွေးတွင်းကိုလက်စထရော အဆင့်မြင့်မားနေရင် စပျစ်ဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက်ပါ။
၈။ စပျစ်ဖျော်ရည်ကို ပုံမှန်သောက်နေသူတွေက ဝမ်းမှန်မှန်သွားစေပြီး အသည်းနဲ့အရေပြား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၉။ စပျစ်သီးမှာပါတဲ့ ရက်စ်ဗာရထရောဟာ အယ်လ်ဇိုင်းမား ရောဂါရှိသူတွေမှာ amyloidal-beta peptides အဆင့်လျော့ကျစေတာကြောင့် ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေပါတယ်။
၁ဝ။ စပျစ်သီးမှာ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ကူးစက်ပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၁၁။ စပျစ်သီးမှာပါတဲ့ ဖလေဗိုးနွိုက်တွေ ကမျက်စိအတွင်းတိမ် ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
Tip!
အဆင်သင့် စပျစ်သီးဖျော်ရည်မှာ သကြားပါဝင်မှု မြင့်မားတာကြောင့် စပျစ်ဖျော်ရည်ကို အများအပြားမသောက်သင့်ပါ။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ စပျစ်သီးကို မိမိဘာသာ ဖျော်ရည်လုပ်ပြီး သောက်သုံးသင့်ပါတယ်
Credit original writter

image

ကညွတ် မျိုးစေ့
ကညွတ်စိုက်ပျိုးနည်း
=================
သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ကညွတ် က မြန်မာနိုင်ငံမှာ စိုက်ပျိုးသူများလာပြီး ဝင်ငွေကောင်းစေသော သီးနှံတစ်ခု ဖြစ်နေပါတယ်။ အရသာရှိပြီး ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္ထုဓာတ်နဲ့ သက်စောင့်ဓာတ်များစွာ ကြွယ်ဝတဲ့ ကညွတ် ဟာ ကျန်းမားရေးအတွက် မဖြစ်မနေစားသင့်သော ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကညွတ်က နှစ်ပေါင်း ၂၀ ကျော်အောင် ခူးယူနိုင်သော နှစ်ရှည် ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။
မြေရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း
ကညွတ် က မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးစားကို နှစ်သက်ပါတယ်။ အက်စစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးစားကို မကြိုက်ပါဘူး။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက်ကြောင့် စတင်စိုက်ပျိုးကတည်းက မြေကို အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါတယ်။
အချိန်ရမယ်ဆိုရင်တော့ ကညွတ် စိုက်မည့် မြေကြီးမှာ ပဲမျိုးရင်ဝင် တစ်ခုခုကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပြီး မြေကို အဟာရ ပြည့်ဝအောင် ပြင်ဆင်ထားသင့်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် ရေရှည် အဟာရ ပြည့်ဝနေရန်အတွက် သဘာဝမြေသြဇာများကို တက်နိုင်သလောက် များများ ထည့်ထားပါ။
စိုက်ပျိုးမည့် မြေကြီးထဲမှာ ရှိနေတဲ့ အပင်အကြွင်းအကျန်များကို အမြစ်ပါမချန် ရှင်းလင်းပစ်ပါ။
မြေကြီး အနက် ၆-၈ လက်မအထိ မြေကို ပွနေစေရန် ထွန်ယက်ပေးပါ။
မြေဆွေးကို စိုက်ပျိုးမည့် မြေကြီးအထက် ၂-၃ လက်မအထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးပါ။
မြေကြီးက အချဉ်ပေါက်နေပါက ထုံးဓာတ်ပြီး သမသည့် အနေအထားရောက်အောင် ပြုပြင်ပါ။ (ချဉ်ငန်ဓာတ် ကိန်းဂဏန်းပေါ်မူတည်ပြီး ထုံးပမာဏ ကွာခြားပါသည်)
မြေကြီးကို ၁၂ လက်မ အကျယ် ၈-၁၂ အမြင့် ဘောင်ပြုလုပ်ပေးပါ။ တစ်တန်းနှင့် တစ်တန်းကြား အနည်းဆုံး ၂ ပေထားပေးပါ။
စိုက်ပျိုးခြင်း
(က) အစေ့မှ စိုက်ပျိုးခြင်း
အစေ့မှ စိုက်ပျိုးခြင်းသည် အပင်ပေါက်ရောက်မှုနည်းသည့်အတွက် ဥမှ စိုက်ကြသူ များပါတယ်။ အစေ့မှ စိုက်ပျိုးပါက မျိုးစေ့ကို ရေ (၃-၄) ရက်ခန့် ကြာအောင် စိမ်ထားသင့်ပါတယ်။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ ထိုနောက် ပျိုးဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ ၁ လက်မ ၁လက်မခွဲခန့်၊ တန်းကြား ၁ ပေခန့် ထားပြီး ပျိုးထောင်ပါ။ ၂-၆ ပတ်အကြာတွင် အပင်ပေါက်လာပြီး တစ်လသားခန့်တွင် ပျိုးအိတ်ထဲသို့ ပြောင်းထဲပါ။ ပျိုးပင် ၄ လသား အရွယ်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါတယ်။
(ခ) ဥမှ စိုက်ပျိုးခြင်း
မိုးဦးပိုင်းတွင် စတင်စိုက်ပျိုးနိုင်ပါ။ ပင်ကြား ၁-၁.၅ ပေထိ ထားပြီး တန်းကြား ၃-၄ ပေခန့် ထားသင့်ပါသည်။ ကျင်းကို ၈ လက်မ အနက်ထိ တူး၍ စိုက်ပျိုးနိုင်ပါသည်။
ထိန်းသိမ်းပြုစုခြင်း
ကညွတ် စိုက်ပျိုးပြီး တစ်နှစ်ကြာသည်အထိ အပင်၏ အမြစ်များ အားကောင်း သန်မာစေရန်အတွက် အစို့များကို ခူးဆွတ်ရိတ်သိမ်းခြင်း မပြုလုပ်ပါနှင့်။ ပေါင်းများကို အခါအားလေ ွှာစြှာ ရှင်းပေးပါ။ မြေကြီး မြေသြဇာ ထက်သန်စေရန်နှင့် မွနေစေရန်အတွက် မြေဆွေး၊ သစ်ရွက်ဆွေးများကို ထည့်သွင်းပေးပါ။
ရိတ်သိမ်းခြင်း
၂နှစ်သားမှ စ၍ ရိတ်သိမ်းနိုင်ပါတယ်။ ရိတ်သိမ်းမည့် အစို့များမှာ ၆-၈ လက်မအထိ ရှိရပါမယ်။ အစို့များကို လက်ဖြင့် အလွယ်တကူချိုးယူနိုင်ပါတယ်။ ဓားဖြင့် လှီးဖြတ်ပါက ဘေးနားရှိ အစို့အငယ်လေးများနှင့် ပင်မအမြစ်စုံ (ဥ) များကို မထိခိုက်မစေရန် သတိထားပြီး လှီးဖြတ်ပါ။

credit

image

ကြက်ခြေထောက်မာလာချက်နည်း 🤤😋😍
ကြက်ခြေထောက်ကို တဝက်ပိုင်းပြီး ဂျင်း ၊ ကြက်သွန်မြိတ်
ဟင်းချက်အရက် ၊ ရေထည့်ကာ နူးသည်အထိပြုတ်ပါ ။
ဒယ်အိုးထဲဆိထည့်ပြီးပူလာလျှင် ဝှာကျောင်းခွဲစေ့ ၊ ကြက်သွန်ဖြူနုတ်နုတ်စင်း
ငရုတ်သီးစိမ်းပါးပါးလှီး ၊ မာလာမှုန့် ( သို့ ) ငရုတ်စိမ်းမှုန့်ထည့်ပြီး ဆီသပ်ပါ ။
မွှေးလာလျှင် ပြုတ်ထားတဲ့ကြက်ခြေထောက်ထည့်ပြီး လုံးချက်ပါ ။
ပဲငံပြာရည်အနောက် ၊ ခရုဆီ ၊ ကြက်သားမှုန့် ၊ သကြားထည့်ကာ
နူးသည်အထိချက်ပါ ။ ကြက်သွန်မြိတ်ထည့်ကာ မွှေးသည်အထိမွှေချက်ပါ ။
ချက်နေရင်းမွှေးလာပြီး ချက်ချင်းစားချင်စိတ်ဖြစ်လာပါလိမ့်မယ်

image
27 w - Translate

ဂျပန်ဇီဝဗေဒပညာရှင် Yoshinori Ohsumi ဟာ autophagy လို့ခေါ်တဲ့ အံ့မခန်းဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် နိုဘယ်လ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
​Autophagy ဆိုတာ ဘာလဲ?
​Autophagy ဆိုတာ ဆဲလ်တွေက အစာငတ်မွတ်နေချိန်မှာ ရှင်သန်နိုင်ဖို့အတွက် ကိုယ်တွင်းက ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ကိုယ်တိုင် စားသုံးတဲ့ (သို့မဟုတ်) ဖျက်ဆီးပစ်တဲ့ ဖြစ်စဉ်ပါ။
​သူ့ရဲ့ တွေ့ရှိချက်က ဆဲလ်တွေဟာ သူတို့ကိုယ်သူတို့ ဘယ်လို သန့်ရှင်းရေးလုပ်၊ စွမ်းအင်ပြန်လည်အသုံးပြု ပြီး ရောဂါတွေကို တိုက်ထုတ် ကြတယ်ဆိုတာကို ဖော်ထုတ်ပြသခဲ့ပါတယ်။
​ဒီတွေ့ရှိချက်ဟာ ကင်ဆာ၊ အိုမင်းခြင်း နဲ့ ဦးနှောက်ဆိုင်ရာ သုတေသန လုပ်ငန်းတွေမှာ တိုးတက်မှုအသစ်တွေ ဖန်တီးဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ 🌟🔬
​၁။ ပျက်စီးနေတာတွေကို ဖယ်ရှားခြင်း (Garbage Collection)
​ဆဲလ်တွေထဲမှာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ၊ ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေ၊ အိုဟောင်းသွားတဲ့ အင်္ဂါငယ်လေးတွေ (ဥပမာ-မိုက်တိုကွန်ဒရီးယား) စတာတွေ ရှိလာပါတယ်။ ဒီအမှိုက်သရိုက်တွေ စုပုံလာရင် ဆဲလ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာကို ပျက်စီးစေပြီး ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
​Autophagy က ဒီအမှိုက်တွေကို စုသိမ်းပြီး ဖျက်ဆီးပစ်ပါတယ်။ ဒါဟာ ဆဲလ်ကို သန့်ရှင်းပြီး ကျန်းမာ နေစေဖို့အတွက် အလွန်အရေးကြီးတဲ့ "အမှိုက်သိမ်းစနစ်" ပါပဲ။
​၂။ အစာငတ်တဲ့အခါ ရှင်သန်အောင်လုပ်ခြင်း (Recycling for Survival)
​ဆဲလ်တွေဟာ အစာအာဟာရ (သို့မဟုတ်) စွမ်းအင် ပြတ်လပ်လာတဲ့အခါ၊ သူတို့မှာရှိတဲ့ ဒီပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို အပြင်ကနေ အစာအသစ်ရဖို့ စောင့်မနေတော့ဘဲ ဖျက်ဆီးပစ် လိုက်ပါတယ်။
​ဖျက်ဆီးလိုက်လို့ ရလာတဲ့ အပိုင်းအစတွေကို ပြန်လည်အသုံးပြုပြီး ဆဲလ်ရဲ့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာတွေ ဆက်လက်လည်ပတ်နိုင်ဖို့ စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ ဒါက "အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့မှု" စနစ်လိုပါပဲ။ ဒါကြောင့် Ohsumi ရဲ့ တွေ့ရှိချက်ဟာ ဆဲလ်တွေ အစာငတ်မွတ်နေစဉ်မှာ ရှင်သန်နိုင်ပုံ ကို ဖော်ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။
​ဘာကြောင့် နိုဘယ်လ်ဆုရတာလဲ?
​ဒီဖြစ်စဉ်ကို နားလည်ခြင်းဟာ အောက်ပါနယ်ပယ်တွေအတွက် အဓိကသော့ချက် ဖြစ်လာပါတယ်။
​ကင်ဆာ (Cancer): Autophagy ဟာ ကင်ဆာဆဲလ်တွေကို ကြီးထွားစေသလား၊ ဒါမှမဟုတ် ဖျက်ဆီးပေးသလား ဆိုတာကို သိရင် ဆေးဝါးအသစ်တွေ ဖန်တီးနိုင်ပါတယ်။
​အိုမင်းခြင်း (Aging): အသက်ကြီးလာတာနဲ့အမျှ Autophagy စနစ်က အားနည်းလာပြီး အမှိုက်တွေ စုပုံလာပါတယ်။ ဒီစနစ်ကို ပြန်ပြီး လှုံ့ဆော်ပေးနိုင်ရင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့ ဒါမှမဟုတ် ကျန်းမာရေးပိုကောင်းလာစေဖို့ ကူညီနိုင်ပါတယ်။
​အာရုံကြောဆိုင်ရာ ရောဂါများ (Brain Diseases): ပါကင်ဆန် (Parkinson's) နဲ့ အယ်လ်ဇိုင်းမား (Alzheimer's) လို ရောဂါတွေဟာ ဦးနှောက်ဆဲလ်တွေထဲမှာ ပရိုတင်းအမှိုက်တွေ စုပုံမှုနဲ့ ဆက်စပ်နေပါတယ်။ Autophagy စနစ်ကို အသုံးပြုပြီး ဒီအမှိုက်တွေကို ဖယ်ရှားနိုင်ရင် ကုသမှုနည်းလမ်းသစ်တွေ ပေါ်လာနိုင်ပါတယ်။
​ဒီလိုမျိုး ဆဲလ်တွေရဲ့ အခြေခံရှင်သန်မှု လျှို့ဝှက်ချက်ကို အသေးစိတ်ဖော်ထုတ်နိုင်ခဲ့လို့ ဆေးပညာလောကကို များစွာ အကျိုးပြုနိုင်ခဲ့တဲ့အတွက် ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

image