Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
⬛ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၂ ဦးဖမ်းဆီးခံရ
ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့ရှိ လုပ်ငန်းခွင်များတွင်လုပ်ကိုင်ရန်သွားရောက်သည့် တရားမဝင်မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆၂ ဦး (အောက်တိုဘာ ၁၉ ရက်)တွင် ကန်ချနာဘူရီပြည်နယ်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းမီဒီယာများတွင်ဖော်ပြထားသည်။
ကန်ချနာဘူရီပြည်နယ်အုပ်ချုပ်ရေးမှူး အထီဆန်အင်ထရာက အဆိုပါတရားမဝင်လုပ်သားများသတင်း ရရှိခဲ့ပြီးနောက် ထောင်ဖာဖမ်အထူးတပ်ဖွဲ့ဖြင့်ရှာဖွေခဲ့ရာ ထောင်ဖာဖွမ်ခရိုင်ရှိတောတွင်းတစ်နေရာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးခံရသောမြန်မာနိုင်ငံသားများမှာ ဘန်ကောက်၊ ချွန်ဘူရီ၊ အယုဒ္ဓယနှင့်ဆွန်ခလာတို့ရှိ လုပ်ငန်း ခွင်များသို့ပို့ဆောင်ပေးရန်ပွဲစားများအား ဘတ် ၂၀,၀၀၀ နှင့် ၂၄,၀၀၀ အကြားပေးခဲ့ကြောင်း ယာဉ်မောင်းကထောင်ဖာဖမ်ခရိုင်တောတွင်းသို့ပို့ဆောင်ပေးခဲ့ပြီး ယင်းမှတဆင့်မြို့တွင်းသို့အခြားယာဉ် တစ်စီးဖြင့်ခေါ်ဆောင်ပေးမည်ဟုဆိုသောကြောင့် တောထဲတွင်စောင့်ဆိုင်နေစဉ်ဖမ်းဆီးခံရကြောင်း ဘန်ကောက်ပို့စ်သတင်းကရေးသားထားသည်။
ဖမ်းဆီးခံရသည့်တရားမဝင်မြန်မာနိုင်ငံသားများထဲတွင် အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၅၇ ဦးနှင့် အသက်(၁၈)နှစ်အောက် ယောက်ျားလေးနှင့် မိန်းကလေး ၁၁ ဦးပါဝင် ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဘန်ကောက်ပို့စ်
#ပြည်တွင်းသတင်း
◾️ပါရီမြို့ နာမည်ကျော် လူဗားပြတိုက်မှအဖိုးမဖြတ်နိုင်သောရတနာများကိုဓားပြများ ရဲတင်းစွာ ခိုးယူ
ပါရီမြို့ နာမည်ကျော် လူဗားပြတိုက်မှ အပေါ်ထပ်ပြ တင်းပေါက်တစ်ခုကို ကရိန်းကားအသုံးပြု၍ ရိုက်ခွဲပြီးနောက် မျက်နှာပါအုပ်ထားသော ခေါင်းစွပ်များနှင့်သူခိုးများက ပြင်သစ်နန်းစဉ်ရတနာများ ထားရှိသောအပိုင်းမှ ပစ္စည်းများကို ခိုးယူပြီး ဆိုင်ကယ်များနှင့် ထွက်ပြေးသွားခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
၂၀၂၄ ခုနှစ် က လည်ပတ်သူ ၈ ဒသမ ၇ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး မိုနာလီဆာပန်းချီကားကဲ့သို့ အနုပညာပစ္စည်းများကို စုဆောင်းပြသထားသည့် ကမ္ဘာကျော်ပြတိုက်တွင် ရင်း နှီးမြုပ်နှံ မှု နည်းပါးခြင်းနှင့်ပတ်သက်၍ အရာရှိများက သ တိပေးမှုများလုပ်ဆောင်ထားပြီးဖြစ်သောနေရာ၌ ဖြစ်ပေါ်ခဲ့သော အနုကြမ်းစီးမှုကြောင့် ပြတိုက်လုံခြုံရေးအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာစေခဲ့သည်။
“ လူဗားပြတိုက်ကိုမှာ ကျူးလွန်ခဲ့တဲ့ ခိုးယူမှုက ကျွန်တော်တို့ရဲ့ သမိုင်းဖြစ်လို့ ကျွန်တော်တို့ တန်ဖိုးထားတဲ့အမွေကို တိုက်ခိုက်တာဖြစ်ပါတယ်။” ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောကြားပြီး ခိုးယူခံရသောပစ္စည်းများကို ပြန်ရအောင်လုပ်ပြီး ကျူးလွန်သူများကို အပြစ်ပေးသွားမည်ဟု ၎င်းကဆက်ပြောသည်။
ပြတိုက်ဖွင့်လှစ်ပြီးချိန် နံနက် ၉ နာရီ ခွဲတွင် သူခိုးများက လှုပ်ရှားခဲ့ပြီး Galerie d'Apollon အဆောက်အဦ ထဲသို့ ဝင်ရောက်ခဲ့ကြောင်း ပါရီအစိုးရရှေ့နေ လော်ရာဘက်ကော က BFM TV အား ပြောကြားသည်။
ဓားပြမှုက ခြေက်မိနစ်၊ ခုနှစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီးလက်နက်ကိုင်မထားသော်လည်း သံဖြတ်စက်များ ကိုင်ဆောင်ထားသောသူ လေးဦးက ကျူးလွန်ခဲ့ကြောင်း ၊ သူခိုးများက ပစ္စည်းကိုးခုကို အဓိကပစ်မှတ်ထားခဲ့ပြီး ရှစ်ခုအမှန်တကယ်ခိုးယူခံခဲ့ရကြောင်း ၊ နပိုလီယံ (၃) ဘုရင်၏ မိဖုရား ယူဂျင်း၏ သရဖူကိုမူ သူခိုးများထွက်ပြေးစဉ် ကျန်ရစ်ခဲ့ကြောင်း ရှေ့နေ လော်ရာက ပြောကြားသည်။
အဆိုပါ သရဖူသည် ယူရိုသန်းပေါင်းများစွာ တန်ဖိုးရှိပြီး အရေးအကြီးဆုံးပစ္စည်းဖြစ်ကြောင်း Drouot လေလံကုမ္ပဏီဥက္ကဌ အလက်ဆန်းဒါးဂျီကယ်လိုက ရိုက်တာသတင်းအားပြောကြားသည်။
သူခိုးတစ်ဦးက ရောင်ပြန်စွပ်ကျယ်ကို ဝတ်ဆင်ခဲ့ပြီး ယင်းစွပ်ကျယ်ကို စုံစမ်းစစ်ဆေးရေးမှူးများက ရရှိခဲ့သည်။
ဓားပြများက ထွက်ပြေးစဉ် ၎င်းတို့အသုံးပြုခဲ့သော ကရိန်းကို မီးရှို့ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ရှေ့နေ လော်ရာက ဆိုသည်။
ဓားပြမှုများဖြေရှင်းရာတွင် အောင်မြင်မှုရာခိုင်နှုန်းမြင့်မားသည့် ရဲတပ်ဖွဲ့ အထူးယူနစ်တစ်ခုကို ယင်း အမှုူအားကိုင် တွယ်ခိုင်းသွားမည်ဟု ပြည်ထဲရေးဝန်ကြီး လောရင့်နူနက်ဇ် က ပြောကြားသည်။
တစ်မှုထူးခြားသော အကြောင်းများကြောင့် ပြတိုက်ကို တစ်နေ့လုံး ပိတ်ထားမည်ဖြစ်ကြောင်း ကမ္ဘာပေါ်တွင် လာရောက်လည်ပတ်သူအများဆုံး ရရှိနေသော လူဗားပြတိုက်အဖွဲ့ က လူမှုကွန်ရက် X ပေါ်တွင် ပြောကြားသည်။
ယင်းပြတိုက်တွင်ထားရှိသော မိုနာလီဆာ ပန်းချီကားကို ၁၉၁၁ ခုနှစ်က ဝန်ထမ်းဟောင်းတစ်ဦး ပါဝင်ပတ်သက်သော ဓားပြမှုတွင် ခိုးယူခံခဲ့ရဖူးပြီး နောက် နှစ် နှစ်အကြာတွင်မှ ယင်းပန်းချီကားကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-REUTERS
#နိုင်ငံတကာသတင်း
စကားလုံးတိုင်းမှာ အစွမ်းတွေရှိတယ်
________________________________
" စဉ်စားပြီးမှ ပြောရင်...
ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ်...
ပြောပြီးမှ စဉ်စားရင်...
မိတ်ဆွေက ရန်သူဖြစ်သွားနိုင်တယ် " တဲ့ ။
သိပ်တန်ဖိုးရှိတဲ့စကားလေးပဲ...
အရမ်းစဉ်းစားလို့ကောင်းတယ် ။
ဘာလို့လဲဆိုတော့...
တချို့က...
မစဉ်းစားပဲ ပြောချင်ရာပြောကြတယ် ။
တချို့က...
စဉ်းစားပြီးမှ ပြောသင့်တာပြောကြတယ်..။
ဒီနေရာမှာ....
နှလုံးသားကို ဦးစားပေးတဲ့သူက
ခံစားချက်အတိုင်း ပြောချင်ရာပြောချလိုက်တယ် ။
ဦးနှောက်ကိုဦးစားပေးတဲ့သူက အဲ့လိုမဟုတ်ဘူး...
ခံစားချက်ရှိရင်တောင် ပြောသင့်မှပြောတယ်..
ပြောသင့်တာပဲ ပြောတယ် ။
စကားအသုံးအနှုံးလည်း ကွာသလို
မိတ်ဆွေအပေါင်းအသင်းလဲကွာတယ် ။
လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုတွေကို
ကြည့်ခြင်းအားဖြင့်...
သူ့မှာ ရန်သူနဲ့မိတ်ဆွေ ဘယ်သူပိုများလဲဆိုတာ
သိနိုင်ပါတယ် ။
ဘာပဲဖြစ်ဖြစ်...
စိတ်ဆိုးစဉ်ခဏ ပြောလိုက်တဲ့အရာတိုင်းမှာ
ခံစားချက်တွေက ပြောင်းလဲသွားပေမဲ့
စကားလုံးတွေက ကျန်နေတတ်တယ် ။
ဒါ့ကြောင့်...
ဒီစာလေးဖတ်ပြီးတဲ့အခါ...
ခံစားချက်အတိုင်း ပြောချင်ရာ ပြောမိတတ်တဲ့
အကျင့်လေးတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင်...
အကောင်းဆုံးပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ကြတာပေါ့... ။
#crd_to_owner_with_respect
သတိ(21)(22)(23)ရက်နေ့ တစ်ကမ္ဘာလုံးက နေရာ ဒေသအသီးသီးတို့ရဲ့ မြေအောက်များကို ဂြိုလ်တုမှ တိုင်းတာရရှိ ချက်အရ အရှေ့တောင်အာရှ အာဖရိကာ အမေရိကတိုက်အချို့ရဲ့ မြေအောက် တွေက ပူကျက် တုန်လှုပ် နေတာကိုတိုင်းတာရရှိ၍ တစ်ကမ္ဘာလုံးတွင် မီးတောင် 5 ခု တစ်ပြိုင်ထဲ ပေါက်ကွဲနိုင်သည်🤯
လူတွေရဲ့အမျိုးမျိုးစွှန့်ပြစ်အညစ်အကြေးတွေကြောင့်လဲဤအရာတွေဖြစ်ခဲ့တာလဲဖြစ်နိုင်သည်ဟုသိပ္ပံပညာရှင်များကထင်မြင်ကျသည်
သတင်းများ - ကမ္ဘာလုံးဆိုင်ရာဘူမိဗေဒ သိပ္ပံပညာရှင်းများရဲ့ သတိပေးချက်
2025 ခုနှစ် အောက်တိုဘာလ (21)(22)(23) ရက် ,နေ့ တွင် မီးတောင် အများအပြား ပေါက်ကွဲဖွယ်ရှိသည်။
ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်များသည် မြောက်နှင့် အလယ်ပိုင်း အမေရိကတစ်ဝန်းတွင် ကြီးမားသော တိပ်ထုမတည်မငြိမ်ဖြစ်မှုကို ညွှန်ပြနေသည့် ဂြိုလ်တု အတိုင်းတာ ဒေတာ အသစ်ကြောင့် မယုံနိုင်လောက်အောင် မဖြစ်စဖူး တဲ့ ဖြစ်ရပ် ဂြိုဟ်တုရဲ့ အတိုင်းတာချက် အရ မီးတောင် (5)မီး တောင် ပေါက်ကွဲမည်ဟု ဂြိုဟ်တုလိုင်းက သတိပေးချက်ကို ထုတ်ပြန်နေပါသည်။
မီးတောင်ပေါက်ကွဲမှု၏ ကွင်းဆက်တုံ့ပြန်မှုသည် 2025 ခုနှစ် အောက်တိုဘာလ( 21,22,23)ရက်အတောအတွင် ဖြစ်ပွားနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပြီး သမိုင်းတွင်မတွေ့မကြားဖူးခဲ့သော သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ကြောင်း သတိပေးထားသည်
ကမ္ဘာ ပါမောက္ခ ချုပ် မီးတောင်ပညာရှင် ဒေါက်တာ Elena Rosetti က "ရာစုနှစ်တွေအတွင်း မမြင်ခဲ့တဲ့ ဖောက်ပျက်မူ့အချို့ ဆိုး ဆုံး အဆင့်တွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ပစိဖိတ်မီးကွင်းမှ အိန္ဒိယ ပင်လယ်ကွေ့ဒေသအထိ အပြန်အလှန် ဆက်နွယ် လှုပ်ခါနေတဲ့ ပြတ်ရွေ့ ကြောတွေဟာ အလွန်ရှားပါးပြီး ဆိုးရွား လွန်တဲ့ ပေါက်ကွဲမူ့ဖြစ်နိုင်ရန်ရှိသည်ဟု ပြသနေပါတယ်။"
မီးတောင်ပေါက်ကွဲပါက လေကြောင်း ခရီးသွားလာမှု အနှောင့်အယှက် ဖြစ်လိမ့်မည်၊ ရာသီဥတု အအေးဒဏ် သက်ရောက်မှုနှင့် အနောက်ကမ္ဘာခြမ်းတွင် ပြိုကျမှုတို့ကို ဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ဘေးများက လေထုထဲသို့ aerosols များ ထုတ်လွှတ်များ နေလို့ နေရောင်ခြည်ကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်နိုင်ပြီး အချို့ဒေသများတွင် ယာယီ "မီးတောင်ဆောင်း" သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။