မန်စီးတီးနှင့်ပွဲအား ပွဲပယ်ခံရပြီးနောက် ပရိသတ်များရဲ့ ဝေဖန်မှု ခံလာရတဲ့ ကိုင်စီဒို
======================
ချဲလ်ဆီးကွင်းလယ်ကစားသမားမွိုက်စ်ကိုင်စီဒိုဟာ အင်္ဂါနေ့တုန်းက ဘုန်းမောက်နှင့်ပွဲစဉ်တွင် အဝါကတ်ပြသခြင်းခံခဲ့ရကာ မန်စီးတီးနှင့်ပွဲအား ပွဲပယ်ခံရပြီးနောက် ပရိသတ်များရဲ့ ဝေဖန်မှု ကြုံလာရပါတယ်။
ကိုင်စီဒိုဟာ ယင်းပွဲတွင် အဝါကတ်ပြသခြင်းခံရပြီးနောက် အဝါကတ် ၅ ကတ်ပြည့်ကာ ၁ ပွဲပယ်ပြစ်ဒဏ်အားအလိုအလျှောက်ကျခံလာရတော့မှာ ဖြစ်ပြီး ချဲလ်ဆီးရဲ့ မန်စီးတီးနှင့် အရေးပါတဲ့ပွဲအား လွဲချော်လာပါမယ်။
ကိုင်စီဒိုဟာ ဘုန်းမောက်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် ပွဲထွက်လူစာရင်းမှာ ပါဝင်လာပြီးနောက် ပွဲအစပိုင်းတွင်ပင် အက်ဒရီယန်ထရပ်ဖ်ဖတ်အား ပြစ်ဒဏ်ကျူးလွန်မှုကြောင့် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
သူဟာ အဝါကတ် ၅ ကတ်ပြည့်ကာ ၁ ပွဲပယ်ပြစ်ဒဏ်အလိုအလျှောက်ကျခံလာရမှာ ဖြစ်လို့ တနင်္ဂနွေနေ့ အီတီဟတ်ကွင်းတွင် မန်စီးတီးအား ရင်ဆိုင်ရမယ့်ပွဲကို လွဲလာပါမယ်။
ကိုင်စီဒိုဟာ ချဲလ်ဆီးကွင်းလယ်တွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ကစားနေသူ ဖြစ်ရာ အန်ဇိုမာရက်စ်ကာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာပါတယ်။
ချဲလ်ဆီးပရိသတ်တစ်ဦးက "ကိုင်စီဒို ခင်ဗျားက မိုက်မဲတဲ့လူလား။ ပွဲပယ်ခံရမှာကို သိတယ်။ မိုက်မိုက်မဲမဲလုပ်ပြီး အဝါကတ်ပြခံရအောင် လုပ်တာ။ အခု စီးတီးနဲ့ပွဲကိုလွဲပြီ။ ဘယ်လောက်တောင် မိုက်မဲသလဲ"လို့ ဆိုသွားပါတယ်။
ချဲလ်ဆီးဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် စည်းကမ်းထိန်းသိမ်းမှု အားအနည်းဆုံးအသင်းများထဲမှ တစ်သင်း ဖြစ်ပြီး ဂျာအိုပီဒရို၊ ထရီဗိုချာလိုဘာ၊ ရောဘတ်ဆန်းချက်ဇ်၊ မွိုက်စ်ကိုင်စီဒို၊ လီယမ်ဒီလက်ပ်။ မာလိုဂပ်စ်တိုတို့ အနီကတ်ပြထုတ်ပယ်ခံထားရပြီး ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ၂၀၂၆ ခုနှစ်အား မန်စီးတီးကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကာ ဖွင့်လှစ်ပြီးနောက် ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့အပြင် ချန်ပီယံလိဂ်တွင် Pafos ၊ နာပိုလီတို့နှင့် ရင်ဆိုင်ကစားရပါမယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ အာဆင်နယ်နှင့် ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ကစားရမှာ ဖြစ်သလို ချာလ်တန်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲဏဉ်ကစားရပါမယ်။