27 w - Translate

လန်ဒန်မြို့က ဒီသစ်ပင်လေးဟာ ညဖက်တွေဆို သစ်ရွက်တွေနဲ့ ဖုံးလွှမ်းနေသလို စိမ်းလန်းစိုပြေနေတတ်ပါတယ်
ဒါပေမယ့် အံဩစရာကောင်းလောက်အောင် ဒီအရောင်တွေဟာ သစ်ရွက်တွေကြောင့်မဟုတ်ဘဲ သောင်းချီတဲ့ အစိမ်းရောင်ကြက်တူရွှေးတွေကြောင့် ဖြစ်ပါတယ်
ဝေးဝေးကကြည့်ရင် သစ်ကိုင်းတွေဟာ အရွက်ဖျော့ဖျော့ အစိမ်းရောင် သစ်ရွက်တွေဖုံးလွှမ်းနေတယ်လို ထင်နေရပေမယ့် အနားကပ်သွားတဲ့အခါမှာတော့ စူးရှကျယ်လောင်စွာအော်မြည်ကာ ရွေ့လျားနေတဲ့ ထူးဆန်းအံ့ဩဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့ရမှာတာ ဖြစ်ပါတယ်

image
27 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
⬛တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် မီးပုံးပျံပြိုင်ပွဲနေ့လွှတ်အရုပ်များ နှစ်ရက်ကြို လွှတ်တင် ယှဉ်ပြိုင်သွားမည်

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နေ့လွှတ်အရုပ်မီးပုံးပျံများ များပြား နေခြင်းကြောင့် ဖွင့်ပွဲမတိုင်မီ နှစ်ရက်ကြိုတင်၍အောက်တိုဘာ ၂၇ ရက်တွင် စတင်လွှတ်တင် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲကို အောက်တိုဘာ ၂၉ရက်တွင် ပုံမှန်အတိုင်းပြုလုပ် သွားမည်ဖြစ်ပြီး နေ့လွှတ်မီးပုံးပျံပြိုင်ပွဲကိုမူ နှစ်ရက်ကြိုတင်၍ အောက်တိုဘာ ၂၇ ရက်တွင် စတင်၍ လွှတ်တင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခင်နှစ်က တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အရုပ်အုပ်စုမီးပုံးပျံခြောက်လုံးခန့်ဖြင့် ညမီးကြီးအပါအဝင် စိန်နားပန် မီးပုံးပျံအလုံးရေ ၄၉လုံးသာ လွှတ်တင်နိုင်ခဲ့ပြီး ယခုနှစ်တွင် တစ်နေ့လျှင် အရုပ်အုပ်စုမီးပုံးပျံ ၁၀လုံးနှင့် ညမီးကြီးအပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၇၀ ကျော်အထိ လွှတ်တင် နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြိုင်ပွဲတွင် နေ့လွှတ်အရုပ်ပြိုင်ပွဲ အရုပ်ခြေ နှစ်ချောင်း၊ အရုပ်ခြေလေးချောင်းအရုပ်အုပ်စုများ၊ ညလွှတ် ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့ကို လွှတ်တင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် မီးပုံးပျံပြိုင်ပွဲကိုတောင်ကြီးမြို့ အဝေရာ မီးပုံးပျံ ကွင်းတွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၅ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- MOI

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ရုရှားရေနံများ ဆက်ဝယ်ပါက အခွန်ဆက်ကောက်မည်ဟု အိန္ဒိယကို ဒေါ်နယ်ထရန့် သတိပေး

အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားရေနံများ ဝယ်ယူမှုကို ရပ်ဆိုင်းပေးမည်ဟူ၍အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မိမိကို ကတိပေးထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၉ ရက်တွင် ထပ်မံပြောကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားရေနံများဝယ်ယူမှုကိုရပ်တန့်ခြင်းမရှိပါက အိန္ဒိယ ထုတ်ကုန်များအပေါ် ကြီးလေးသည့် အခွန်စည်းကြပ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကသတိပေးခဲ့သည်။

ရုရှားရေနံများ ဝယ်ယူမှုပြဿနာသည် အမေရိကန်ပြည်ထောင်စုနှင့်အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။
အမေရိကန်အစိုးရသည် ရုရှားရေနံများဝယ်ယူနေမှုအတွက် အိန္ဒိယကိုအရေးယူအပြစ်ပေးသည့်အနေဖြင့် အိန္ဒိယထုတ်ကုန်များအပေါ် ၅၀ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ထားသည်။

အနောက်အုပ်စုနိုင်ငံများက ယူကရိန်းစစ်ပွဲကို အကြောင်းပြု၍ ရုရှားရေနံများ ဝယ်ယူမှုကို ကန့်သတ်ခဲ့ပြီး ရုရှားအစိုးရအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် ရုရှားရေနံများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် အများဆုံးဝယ်ယူတင်သွင်းနေသည့် နိုင်ငံဖြစ်လာခဲ့သည်။

ရုရှားနိုင်ငံ၏ ရေနံကုန်သွယ်ရေးဝင်ငွေများသည် ယူကရိန်းစစ်ပွဲကို ရုရှားဆက်တိုက်နိုင်ရေးအတွက် ဘဏ္ဍာငွေများ ဖြည့်ဆည်းပေးနေကြောင်း အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုန်ိုင်ငံများက ပြောကြားထားသည်။

ကိုးကား-ရိုက်တာ

image

အခုချိန်မှာ
လုံခြုံနွေးထွေးတဲ့ နားခိုရာ ရပ်ဝန်းလေး တစ်ခုရှိခဲ့ရင်
တန်ဖိုးထားပါ♥
ကိုယ်ကလည်း ပြန်ပြီးနွေးထွေးပေးဖို့မမေ့ပါနဲ့ နော် 🍀
အပြင်ကိုလည်း သိပ်များများထုတ်မပြပဲ...
စိတ်ချယုံကြည်ရတဲ့ ရပ်ဝန်းငယ်လေးအဖြစ်
သိမ်းဆည်းထားပါ....🌳🌿
ဒီလိုအချိန် မှာ ဒီလိုရပ်ဝန်းလေး ပိုင်ဆိုင်ထားရင်...
သိပ်ကံကောင်းသူမို့....
ကိုယ့်ဘက်ကလည်း....
နွေးထွေးပါ....ကြင်နာပါ....သစ္စာရှိပါ 🍀🌿

image
27 w - Translate

လဲကျတိုင်း ပြန်ထပါ
------------------------
ပြန်ထဖို့ သတ္တိရှိတယ် ဇွဲရှိတယ်ဆိုရင်
ဘယ်လဲကျမှုကမှ သင့်ကို မတားဆီးနိုင်ဘူး။
ကိုယ့်အရည်အချင်း ကို ကိုယ်နားလည်ရမယ်
ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင် သိနေရမယ်။
သင့်ရဲ့တိတ်ဆိတ်တဲ့ အားထုတ်မှုဟာ
ဆူညံတဲ့ ကတိတွေထက်
အမြဲတမ်း ပိုတန်ဖိုးရှိတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ မလိုအပ်ဘူး။
လဲကျခြင်းကို မကြောက်ပါနဲ့။
ပြန်ထဖို့ သတ္တိရှိတယ်ဆိုရင်
အောင်မြင်ခြင်းက သင့်ရဲ့ လက်တစ်ကမ်းမှာပါ။
စိတ်ဓာတ်မကျခြင်းသည် ရှေ့ဆက်သွားဖို့
တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ပါတယ်။
မနေ့က အမှားတွေကို
ဒီနေ့အတွက် ခရီးဆောင်အိတ် အဖြစ်
သယ်ဆောင် မသွားပါနဲ့။
အဲ့ဒီအမှားကနေ ရလာတဲ့ သင်ခန်းစာကိုပဲ
ရိက္ခာအဖြစ် ထုပ်ပိုး သယ်ဆောင်သွားပါ.........။

image
27 w - Translate

ဇိမ်ခံစရာမလိုဘူး နေချင်စရာ ဥယျာဉ်အိမ်
ငယ်လေး။❤️⛰️🏡🪴🌺🌼🌾
#အိမ်

image
27 w - Translate

ဇိမ်ခံစရာမလိုဘူး နေချင်စရာ ဥယျာဉ်အိမ်
ငယ်လေး။❤️⛰️🏡🪴🌺🌼🌾
#အိမ်

image
27 w - Translate

ဇိမ်ခံစရာမလိုဘူး နေချင်စရာ ဥယျာဉ်အိမ်
ငယ်လေး။❤️⛰️🏡🪴🌺🌼🌾
#အိမ်

image
27 w - Translate

ဇိမ်ခံစရာမလိုဘူး နေချင်စရာ ဥယျာဉ်အိမ်
ငယ်လေး။❤️⛰️🏡🪴🌺🌼🌾
#အိမ်

image
27 w - Translate

ဇိမ်ခံစရာမလိုဘူး နေချင်စရာ ဥယျာဉ်အိမ်
ငယ်လေး။❤️⛰️🏡🪴🌺🌼🌾
#အိမ်

image