Excel မှာ VLOOKUP, HLOOKUP နဲ့ XLOOKUP function တွေရဲ့ ကွဲပြားချက်များ။
1️⃣. VLOOKUP (Vertical Lookup)
အဓိပ္ပာယ်: ဒေါင်လိုက် (ကော်လံ) မှာ ရှာဖွေပေးတဲ့ function
Syntax:
=VLOOKUP(lookup_value, table_array, col_index_num, [range_lookup])
အသုံးပြုနည်း:🧠
- ဘယ်ဘက်ကနေ ညာဘက်ကို ရှာဖွေတာ
- Lookup value က table ရဲ့ ပထမကော်လံမှာ ရှိရမယ်
ကန့်သတ်ချက်များ:
- ညာဘက်ကို ရှာလို့ရပေမယ့် ဘယ်ဘက်ကို ပြန်မရှာနိုင်ဘူး
- Lookup value က ပထမကော်လံမှာ ရှိရမယ်။
ဥပမာ:
=VLOOKUP("John", A210, 3, FALSE)
"John" ကို A ကော်လံမှာ ရှာပြီး တတိယကော်လံ (C ကော်လံ) က တန်ဖိုးကို ပြန်ယူမယ်။
2️⃣. HLOOKUP (Horizontal Lookup)
အဓိပ္ပာယ်: အလျားလိုက် (row) မှာ ရှာဖွေပေးတဲ့ function
Syntax:
=HLOOKUP(lookup_value, table_array, row_index_num, [range_lookup])
အသုံးပြုနည်း:
- အပေါ်ကနေ အောက်ကို ရှာဖွေတာ
- Lookup value က table ရဲ့ ပထမဆုံး row မှာ ရှိရမယ်။
ဥပမာ:
=HLOOKUP("January", A1:Z3, 2, FALSE)
"January" ကို ပထမ row မှာ ရှာပြီး ဒုတိယ row က တန်ဖိုးကို ပြန်ယူမယ်။
3️⃣. XLOOKUP (Modern Lookup)
အဓိပ္ပာယ်: VLOOKUP နဲ့ HLOOKUP ရဲ့ ကန့်သတ်ချက်တွေ ဖြေရှင်းပေးတဲ့ ခေတ်မီ function
Syntax:
=XLOOKUP(lookup_value, lookup_array, return_array, [if_not_found], [match_mode], [search_mode])
အားသာချက်များ:💪
- ဘယ်ဘက်ကို ရှာလို့ရတယ်
- Lookup value က ဘယ် column မှာမဆို ရှာလို့ရတယ်
- Default အားဖြင့် exact match ဖြစ်တယ်
- Error ဖြစ်ရင် custom message ထားလို့ရတယ်
ဥပမာ:
=XLOOKUP("John", C2:C10, A2:A10, "Not Found", 0, 1)
"John" ကို C ကော်လံမှာ ရှာပြီး A ကော်လံက တန်ဖိုးကို ပြန်ယူမယ်
👀ကွဲပြားချက်များ ဇယားဖြင့် နှိုင်းယှဉ်ချက်:
ကွဲပြားချက်များကို ပုံတွင်ကြည့်ပါ။ 👇
🧠အကြံပြုချက်:
XLOOKUP ကို Excel 365/2021 ရှိရင် အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့:
- ပိုမိုလွယ်ကူတယ်
- ပိုမိုစွမ်းဆောင်နိုင်တယ်
- Error handling ပါတယ်
- Flexible ဖြစ်တယ်
VLOOKUP/HLOOKUP ကိုတော့ ရှေးကျတဲ့ Excel version တွေအတွက် အသုံးပြုရပါမယ်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
16 w - Translate

မိုးပေါ်ပျံတက် #စား ချင်တယ် 🤣

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၈-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၈-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၈-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage

နှစ်(၁၇၀)ကျော်သက်တမ်းရှိ မဟာမင်းထင်ကျောင်းတိုက်ကို ဂျပန်အလှူငွေဖြင့် ရှေးမူမပျက်ထိန်းမည်

အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ နှစ် ပေါင်း(၁၇၀)ကျော်သက်တမ်းရှိသော မဟာမင်းထင် ကျောင်းတိုက်ကို ဂျပန်အစိုးရအလှူငွေဖြင့် ရှေးမူမပျက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ òန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောသည်။

အဆိုပါကျောင်းတိုက်ကြီးကို မူလက အင်းဝမြို့ဟောင်း၌ (၁၈၅၂)ခုနှစ်တွင် တည်ဆောက် ခဲ့၍ မဟာမင်းလှမင်းကျော် ဦးမင်းထင်က လှူဒါန်းခဲ့ ခြင်းဖြစ်ကာ (၁၈၇၆) ခုနှစ်တွင် မန္တလေးသို့ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကျောင်းတိုက်ကြီး ပျက်စီးယို ယွင်းမှုအခြေအနေများနှင့်ပတ်သက်၍ လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဓာတ်ပုံများပျံ့နှံ့နေ ကာ ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။

" အခုက တွက်ချက်မှုအပိုင်းက ပြီးပြီပေါ့နော်။ မြေ ပြင်ကွင်းဆင်းပြီးတော့ တွက်ချက်မှုတွေလုပ်တယ်။ လုပ်ပြီးတဲ့ဟာကို လှူဒါန်းမယ့်ဂျပန်နိုင်ငံကို သူတို့ပြန် လည်ချိတ်ဆက်ပြီးတော့ ဒီတွက်ချက်မှု နျအငာအေန တွေ ပြန်လည်တင်ပြနေတာရှိပါတယ်။ အဲဒါတွေပြီး ရင် ငွေလှူဒါန်းမှုရောက်လာပြီဆိုတာနဲ့ ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ဆောင်ရွက်သွား မှာပါ"ဟု ၎င်းက ကပြောသည်။

ထိုသို့ပြုပြင်ထိန်းသိမ်းရန်တွက်ချက်ရာ တွင် ကျွန်းသစ်ရှားပါးမှုနှင့် ဈေးနှုန်းများကြောင့် ငွေ ကျပ် သိန်း (၁၀ဝဝဝ)ကျော်ကုန်ကျသွားမည်ဖြစ်သော် လည်း လှူဒါန်းမှုပေါ်မူတည်၍ ဦးစားပေးသတ်မှတ် ထားသောနေရာများကိုသာ ပြန်လည်အစားထိုးထိန်း သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

" အဓိကတော့ အမိုးပေါ့နော်။ ကျောင်း တော်ကြီးကလည်းစောင်းနေတော့ ပြန်တည့်ရမယ်။ အမိုးတွေပြန်မိုးမယ်။ ြငေည ဆောင်ကြီးကိုပဲ အဓိက ထားလုပ်မယ်။ လှူဒါန်းမယ့်ငွေ အတိုင်းအတာ လောက်ငမှုကိုမူတည်ပြီးတော့ တခြားလိုအပ်တာ တွေပြုပြင်သွားမှာပေါ့။ အောက်ကကြမ်းခင်းတို့၊ အဆင့်တို့၊ ရက်မတို့ ဒါတွေကို ကြပ်မတ်ပြီးတော့ ပြန် လည်ပြီးတော့ ခင်းတာတို့လုပ်မှာပါ" ဟု ၎င်းက ဆက် လက်ပြောသည်။

ဂျပန်အစိုးရ၏လှူဒါန်းမှုသည် မန္တလေးမြို့ တွင် နေရာ (၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်နေပြည် တော်တို့တွင်လည်း လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဂျိုတာ အမှတ်တရအစီအစဉ်အတွက် ပရိသတ်များထံမှ အလှူငွေ ပေါင် ၂၂၅၀၀၀ အထိ ရရှိထားပြီ ဖြစ်တဲ့ လီဗာပူး

အောက်တိုဘာ ၈

လီဗာပူးက အန်ဖီးလ်ကွင်းတွင် ဒီယေဂိုဂျိုတာ အမှတ်တရ အစီအစဉ်အတွက် ပရိသတ်များထံမှ အလှူငွေ ပေါင် ၂၂၅၀၀၀ အထိ အောင်မြင်စွာ ရရှိထားပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလာပါတယ်။

ဂျိုတာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တုန်းက ဗြိတိန်သို့ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် အပြင် စပိန်တွင် ညီဖြစ်သူအင်ဒရေဆေးလ်ဗားနှင့်အတူ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

လီဗာပူးပရိသတ်များဟာ ဂျိုတာအမှတ်တရ ပြုလုပ်ရန်အတွက် ပေါင် ၂၂၆၉၉၅ အထိ လှူဒါန်းထားကြပြီးလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက ယင်းငွေများကို ဂျိုတာအမှတ်တရအဖြစ် လူငယ်ကစားသမားများ ပြုစုပျိုးထောင်ရာတွင် အသုံးပြုလာမှာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဒါ့အပြင် လီဗာပူးက ဂျိုတာအမှတ်တရအဖြစ် အန်ဖီးလ်ကွင်းတွင် အမှတ်တရရုပ်ထု ထုလုပ်ကာ ဂုဏ်ပြုသွားရန် စီစဉ်ထားကြောင်းလည်း ကြေညာထားပါတယ်။

လီဗာပူးဟာ အန်ဖီးလ်ကွင်းရှိ စတိုးတွင် ဂျိုတာအမည်ပါ အင်္ကျီနှင့် အမှတ်တရအင်္ကျီ ရောင်းချနေပြီး ယင်းမှ ရရှိတဲ့ အမြတ်ငွေများကို လီဗာပူးဖောင်ဒေးရှင်းတွင် အသုံးပြုလာပါမယ်။

လီဗာပူးဟာ ဒီယေဂိုဂျိုတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို အသင်းမှ ရာသက်ပန် အနားပေးလိုက်ပြီးလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ ဂျိုတာရဲ့ လက်ကျန် စာချုပ်သက်တမ်းအတွက် ပေါင် ၁၄ သန်းကိုလည်း မိသားစုဝင်များထံသို့ အပြည့်အဝ ပေးချေထားပြီးလည်း ဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် အဆောက်အအုံတစ်လုံးပြိုကျရာက နှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ

အောက်တိုဘာ ၈

စပိန်နိုင်ငံ၊ မြို့တော်မက်ဒရစ်ရဲ့ မြို့လယ်ပိုင်းမှာ မွမ်းမံဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု အောက်တိုဘာ ၇ ရက်က ပြိုကျခဲ့တာမှာ အပျက်အစီးတွေအောက် သေဆုံးနေသူနှစ်ဦးကို အရေးပေါ် တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့ကြပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အလုပ်သမားအများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက ပြိုကျအဆောက်အအုံက ကမ္ဘာလှည့်ခရီးသွားတွေ အသိများတဲ့ Plaza Mayor အနားမှာဖြစ်ပြီး ကြမ်းပြင်အချပ်တွေကွာပြီး ပြိုကျခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေခဲ့တယ်လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ပြိုကျမှုမှာ မတူညီတဲ့ အထပ်တွေက ကြမ်းခင်းတွေအားလုံး အဆောက်အအုံရဲ့ အောက်ထပ်ကို ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဗဟိုအစိုးရရဲ့ မက်ဒရစ်ဒေသမှ ထိပ်တန်းကိုယ်စားလှယ် ဖရန်စစ်စကို မာတင် အဂွီရီက အခင်း ဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးမှုက ပြင်းထန်ပြီး အနီးအ နားက အဆောက်အအုံတွေရော သက်ရောက်မှုဖြစ်နိုင်လို့ စစ်ဆေးနေပါတယ် လို့လည်း ပြောခဲ့ပါသေးတယ်။

မက်ဒရစ်မြို့ စည်ပင်သာယာရဲတပ်ဖွဲ့ကတော့ အနီးအနားရှိ အဆောက်အအုံတွေက လူတွေကို ကယ်ဆယ်ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဆောက်အအုံပြိုကျမှုမှာ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမယ့် မာတင် အဂွီရီ ကတော့ ဆယ်ယောက်လောက် ဒဏ်ရာရခဲ့ကြပြီး သူတို့ကလည်း အများအားဖြင့်တော့ အသေးအမွှား ဒဏ်ရာလေးတွေသာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ မက်ဒရစ်မြို့တော်ဝန် ဂျို့စ် လူးဝစ် မာတီနက်ဇ်- အယ်လ်မေးဒါးက ဒဏ်ရာရတဲ့ အလုပ်သမားတွေအားလုံးကိုဆေးရုံကို တင်ပို့ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အရင်ကတော့ ရုံးအဆောက်အအုံဖြစ်တဲ့ အဆိုပါပြိုကျအဆောက်အဦကို ဟိုတယ်တစ်ခုအနေနဲ့ ပုံစံ ပြောင်း မွမ်းမံတည်ဆောက်နေတာဖြစ်ပြီး အထပ်ခြောက်ထပ်ရှိတယ်လို့ သိရပါတယ်။

Ref, AFP

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

imageimage
16 w - Translate

အဖြေမှန်ကိုရွေးပေးပါ ။

image
16 w - Translate

" အများကြီး ချစ်တာပေါ့ " လို
တစ်စုံတစ်ယောက်က ပြောရင်

အဝေးကြီး ဝေးရဦးမယ်လိုပဲ
နားမှာ ကြားတယ်

ဒဏ်ရာ ရထားတဲ့ သားကောင်ဟာ
ခြေသံ ကြားရုံနဲ့ ထပြေးမိတာမျိုး ။

-နွေသစ်ငြိမ်း