ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပဲသွေးရခိုင်သုပ်
ပဲသွေးကို ပြုတ်ထားပေးပါ။ ပြီးမှ ရေအေးစိမ်ထားပေးပါ။ ငရုတ်သီးပြုတ်ပြီး ညက်နေအောင်ထောင်းထားပေးပါ။ ငပိစိမ်းစားအနည်းငယ်ကို ရေအနည်းငယ်ဖြင့် ပွက်ပွက်ဆူအောင်တည်ထားပေးပါ။ ကြက်သွန်နီလှီးထားပေးပါ။ ဂေါ်ဖီ ပဲပင်ပေါက်ကြိုက်ရင်လည်းထည့်လို့ရပါတယ်။ ရခိုင်သုပ်အစစ်မှာတော့ မထည့်ပါဖူးနော်။ ငရုတ်ကောင်းထောင်းထားပါ။မန်ကျည်းရည်ဖျော်ထားပေးပါ။ ပဲသွေးကို လှီးပါ။ ငံပြာရည် ကြက်သွန်နီ ငရုတ်သီး မန်ကျည်းရည် ငရုတ်ကောင်း ဆူနေအောင်တည်ထားသော ငပိစိမ်းစားအရည်အနည်းငယ် အချိုမှုန့် ထည့်ပြီးသုပ်ပါ။