တာမွေမှာ အဘိုးအိုတယောက် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံး

အောက်တိုဘာ ၉

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မေတ္တာညွန့်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသူဟာ အသက် ၇၄ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

“သူ့မိသားစုဝင်တွေက သူဒီလိုလုပ်ပြီး ၁၅ မိနစ်လောက်ကြာမှ သိကြတာ။ သူ အိမ်သာသွားတယ်ပဲ ထင်နေကြတာ။ ပတ်ဝန်းကျင်က အကြောင်းကြားလို့ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကတော့ မိနစ် ၂၀၊ ၂၅ မိနစ်လောက် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ရောက်တဲ့အချိန် အသက်မမီတော့ဘူး။ သူ စာလေး ရေးခဲ့သေးတယ်။ သူ့အိပ်ကပ်ထဲမှာ တွေ့ရတဲ့ စာပါ။ အဲဒီစာထဲမှာတော့ မိသားစုကိစ္စ အဆင်မပြေတာတွေ ရှိနေတဲ့အတွက် သူဒီလိုလုပ်သွားတယ် ဆိုတဲ့အကြောင်း ရေးထားတယ်” လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လူသေဆုံးမှု ဖြစ်သွားတဲ့အတွက် မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့ပြီး သေဆုံးသူကို မိတ်ဖက်အသင်းဖြစ်တဲ့ မေတ္တာမျှဝေ ပရဟိတအဖွဲ့ နာရေးယာဉ်နဲ့ စံပြဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အသက် ၆၀ အရွယ် အဘွားအိုတယောက် အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီ အဘွားဟာ ‌အရပ်အ‌ခေါ် နေ့ပြန်တိုးလို့ ခေါ်တဲ့ အတိုးနှုန်းကြီးတဲ့ အကြွေးတွေကို နေ့စဉ် ဆပ်နေရပြီး နောက်ဆုံးမှာ အကြွေး မဆပ်နိုင်တော့တဲ့အတွက် နေပြည်တော်ရှိ အမှတ် (၁၃)၊ ဘုရင့်နောင်နယ်မြေ တံတားပေါ်ကနေ ရေထဲခုန်ချကာ အဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ဓာတ်ပုံ - မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

အတ္တလောဘတွေကြောင့်...‼
👉မိသားစုအပေါ်မှာတောင်
လောဘစိတ်တွေဖုံးလွှမ်းနေတဲ့...#မင်းခန့်ကျော်
#မင်းခန့်ကျော် အဖြစ်
#မင်းဘုန်းမြတ်
👻🎃👻👻🎃👻👻🎃👻👻🎃👻
👉ဖိန့်တက်တဲ့လူတွေကြားမှာ...‼
#ဖိန့်ရင်း...အလွဲကြီးလွဲသွားသလို..‼
အလွဲကောင်းတွေနဲ့ ဖိန့်လုံးတွေကို ခံစားပြီး
ရယ်မောပျော်ရွှင်ရအုံးမယ်...‼
👻👻👻👻👻👻👻👻👻👻👻👻
#horror_comedy ဇာတ်ကားလေးဖြစ်တဲ့...‼
#ဖိန့်ရုပ်ရှင်ဇာတ်ကားကြီး
👻🎃အောက်တိုဘာလ(၁၇)ရက်နေ့မှစ၍
တစ်ပြည်လုံးရုံတင်ပြသပါမည်👻🎃
#အကယ်ဒမီနေဝင်း
#မင်းဘုန်းမြတ်
#အကယ်ဒမီမေမြင့်မိုရ်
#အကယ်ဒမီခြူးလေး
#မင်းဟိဏ်း
#အကယ်ဒမီမိုးဒီ
#ရဲမွန်
#ဆင်မ
#ဇင်မျိုး
#စိုးမိုကြည်
#အကယ်ဒမီဝါဝါအောင်
#သန်းသန်းစိုး
#နေလင်း
#သွက်လက်၊ #ဂျက်လီ၊ #ဝိုင်းဝိုင်းလည်၊ #သီဟ
#ဒိုပေါက်၊ #အုန်းဒိုင်း၊ #တင်ဇာဝင်းပြည့်

image

ဝေးလ်နှင့် ခြေစမ်းပွဲအား အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း လွဲချော်မည်

အောက်တိုဘာ ၉

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ အသေးစားခြေကျင်းဝတ်ဒဏ်ရာကြောင့် ယနေ့ည ဝေးလ်နှင့် ကစားမယ့်‌ ခြေစမ်းပွဲစဉ်အား လွဲချော်လာပါမယ်။

အသက် ၃၂ နှစ်ရှိ တိုက်စစ်မှူးဟာ စနေနေ့တုန်းက ဖရန့်ဖတ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် အင်္ဂလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ဟယ်ရီကိန်းဟာ လာမယ့် အင်္ဂါနေ့ လတ်ဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပါဝင်လာနိုင်မယ်လို့ ယူဆရပါတယ်။

သောမတ်စ်တူချယ်က ဟယ်ရီကိန်း မပါဝင်နိုင်မှုနှင့်အတူ ယနေ့ည ဝေးလ်နှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ဂျော်ဒန်ဟင်ဒါဆင်၊ ဂျွန်စတုန်း (သို့မဟုတ်) ဒီကလန်ရိုက်တို့ထဲမှ တစ်ဦးက တာဝန်ယူလာမယ်လို့ အတည်ပြုသွားပါတယ်။

အင်္ဂလန်ဟာ ဝေးလ်နှင့် နောက်ဆုံးအကြိမ်တွေ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဝေးလ်နှင့် ပွဲစဉ်မှာ ခြေစမ်းပွဲ ဖြစ်နေရာ ဟယ်ရီကိန်း မပါဝင်နိုင်မှုက သောမတ်စ်တူချယ်အတွက် ပြဿနာတစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး။

ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် ၁၀၉ ပွဲကစားထားရာမှာ ၇၄ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်ပြီး ကျန် အင်္ဂလန်တစ်သင်းလုံးရဲ့ သွင်းဂိုးက ၅၃ ဂိုးတည်းသာ ရှိပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်အတွက် ပထမဆုံးပွဲ ကစားပြီးနောက် အင်္ဂလန်ရဲ့ သွင်းဂိုး ၂၆.၄ ရာခိုင်နှုန်းအား သွင်းယူထားသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

🌶️🌶️ငရုတ်ပင်ကို အသီးအပွင့်များများသီးအောင် စိုက်ပျိုးနည်း🌶️🌶️
ဒီနည်းလမ်းဟာ ငရုတ်ပင် ကို ရေအမြဲစုပ်စိုက်ပျိုးနည်း နဲ့ စိုက်ပျိုးပြီး၊ ဘီယာ၊ ကြက်ဥ၊ ဆား စတဲ့ သဘာဝအာဟာရဓာတ်တွေ ပေးသွင်းတာကြောင့် အသီးအပွင့်တွေ ပိုမိုသီးလာစေဖို့ ရည်ရွယ်ပါတယ်။
လိုအပ်သောပစ္စည်းများ
ငရုတ်ပျိုးပင် (သို့မဟုတ် ငရုတ်မျိုးစေ့)
စိုက်ပစ္စည်းများ:
အုန်းမှုတ်ခွံဖတ်
မြေဆွေး
ကောက်ရိုးပြာစိမ်း (သို့) မီးသွေးပြာ
ပလတ်စတစ် ရေသန့်ဘူး (၁.၅ လီတာ သို့မဟုတ် ၂ လီတာ အရွယ်)
အာဟာရဖြည့်ပစ္စည်းများ:
ဘီယာ
ကြက်ဥ
ဆား
သန့်ရှင်းသောရေ
စိုက်ပျိုးနည်း အဆင့်ဆင့်
၁။ အိုး (ရေသန့်ဘူး) ပြင်ဆင်ခြင်း
ရေသန့်ဘူး ကို အလယ်နားမှ နှစ်ပိုင်း ခွဲ ဖြတ်ပါ။ (အပေါ်ပိုင်းနှင့် အောက်ပိုင်း)
အပေါ်ပိုင်း (ပါးစပ်ဘက်) ကို ဇောက်ထိုးလှန်လိုက်ပြီး အဖုံးမှာ အပေါက်ငယ်များ ဖောက်ပါ။ ၎င်းအပေါ်ပိုင်းကို စိုက်မည့်အိုးအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။
အောက်ပိုင်း ကို ရေခံဗူးအဖြစ် အသုံးပြုဖို့ ရေသန့်ဖြည့်ထားပါ။
ထို့နောက် အပေါ်ပိုင်းကို အောက်ပိုင်းထဲ ပြန်ထည့်လိုက်တဲ့အခါ၊ အဖုံးဖောက်ထားတဲ့နေရာလေးဟာ ရေနဲ့ အချိန်တိုင်းထိနေအောင် ဂရုစိုက်ပါ။ ဒါမှ အပင်က လိုအပ်တဲ့ရေကို အချိန်တိုင်း စုပ်ယူနိုင်မှာပါ။
၂။ မြေဆွေး ရောစပ်ပြင်ဆင်ခြင်း
မြေဆွေး (၂ ပုံ)၊ အုန်းမှုတ်ခွံဖတ် (၁ ပုံ)၊ နှင့် ကောက်ရိုးပြာစိမ်း (၁ ပုံ) တို့ကို သမအောင် ရောမွှေ ပါ။
ရောစပ်ပြီးသား မြေဆွေးကို အပေါ်ပိုင်းဖြတ်ထားတဲ့ ရေသန့်ဘူးထဲကို ထည့်ပါ။
ထို့နောက် ငရုတ်ပျိုးပင်ကို စိုက်ပါ။
၃။ အစပိုင်း ဂရုစိုက်ပြုစုခြင်း
အောက်ခံ ရေဗူးထဲကို ရေသန့်ထည့် ပေးပါ။ မြေကြီးဟာ ရေဆွတ်စွတ်လေးဖြစ်နေဖို့လည်း ရေလောင်းပေးရပါမယ်။
ရက်ပေါင်း ၁၅ ရက်မှ ၂၀ ရက် ကြာရင် ငရုတ်ပင်လေးတွေ သန်စွမ်းပြီး အခြေကျလာပါလိမ့်မယ်။
အသီးအပွင့်များဖို့ အာဟာရဖြည့်နည်း
၂၀ ရက် တစ်ကြိမ်
ဘီယာ၊ ကြက်ဥတစ်လုံး၊ နှင့် ဆားအနည်းငယ် တို့ကို သမအောင် ရောမွှေပါ။
အဲဒီအရည်ဖျော်စပ်ထားတာကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ယူပြီး၊ အောက်ခံဗူးထဲက ရေထဲကို ရက် ၂၀ ခြားတစ်ခါ ထည့်ပေးပါ။
အာဟာရများ၏ အကျိုးကျေးဇူး
အာဟာရ အပင်အတွက် အကျိုးကျေးဇူး
ဘီယာ ဗီတာမင် B နှင့် သတ္တုဓာတ်များ ပါဝင်၍ အပင်ကြီးထွားမှုနှင့် အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေး သည်။
ကြက်ဥ ပရိုတင်းနှင့် ကယ်လ်စီယမ်ဓာတ်များ ပါဝင်၍ အပင်နှင့် အမြစ်များကို သန်မာစေ သည်။
ဆား မှိုနှင့် အချို့သော ပိုးမွှားများရန်မှ ကာကွယ် ပေးသည်။
ဆက်လက် ပြုစုစောင့်ရှောက်ခြင်း
အောက်ခံရေဗူးထဲမှ ရေမခန်းအောင် ဂရုစိုက် ဖြည့်ပေးပါ။
စိုက်ပျိုးပြီး ၂ လခန့် ကြာရင်တော့ ငရုတ်သီးများ စတင်သီးလာပြီး ခူးစားနိုင်ပါပြီ။
မှတ်ချက်
ဒီနည်းလမ်းကို ငရုတ်ပင်အပြင် ခရမ်း၊ သံပုရာ၊ ဟင်းနုနွယ် စတဲ့ အိမ်သုံး ဟင်းသီးဟင်းရွက်ပင်များ အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါမှ ကိုယ်တိုင် အိမ်မှာ လတ်ဆတ်ပြီး ဘေးကင်းတဲ့ အသီးအနှံတွေကို စိုက်ပျိုးစားသုံးနိုင်မှာ ဖြစ်ပါတယ်။

image

မဲဆောက်တွင် တရားမဝင် ဈေးရောင်းသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၉

ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ဈေးရောင်းချသည့် မြန်မာနိုင်ငံသား (၇) ဦးအား ဖမ်းဆီးခဲ့ကြောင်း တာ့က်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၇ ရက် နံနက် ၁၁ နာရီအချိန်က မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအတွင်း မြန်မာနိုင်ငံသားများ ဈေးရောင်းချနေကြောင်း ဒေသခံများက တိုင်ကြားသောကြောင့် ထိုင်းနိုင်ငံ လဝကနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ အဖမ်းခံရသူများ မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ လဝက ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo - Tak Immigration

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

imageimage
+8
16 w - Translate

လျှပ်စီးလက်ခြင်းနဲ့ပတ်သက်ပြီး ဆန်းကြယ်တဲ့အချက် ၆ ချက်
ထူးထူးဆန်းဆန်း လျှပ်ပျက်ခြင်းမှတဆင့် သစ်ပင်တွေအလဲလဲပြိုတဲ့ အခြေအနေမျိုး ထိဖြစ်တတ်ပါတယ်။ လျှပ်စီးလက်ခြင်းနဲ့ပတ်သက်ပြီး သင့်ကိုအံ့အားသင့်သွားစေမယ့် အချက်တွေကဘာလဲ ကြည့်ကြရအောင်။
၁။ လျှပ်စီးမလက်ဘဲ မိုးမခြိမ်းနိုင်ပါဘူး
မိုးချုန်းသံဆိုတာ လျှပ်ပြက်ခြင်းကြောင့် ဖြစ်လာတာပါ။ အားပြည့်ပြီး အပူလွန်ကဲနေတဲ့ ကောင်းကင်ပေါ်က အဖြူရောင် လျှပ်စီးတန်းကြီးကနေ စူးရှကျယ်လောင်တဲ့အသံရှည် ပြွန်တစ်ခုဖန်တီးပေးပါတယ်။ ပြွန်ထဲမှာ ရှိတဲ့လေက ပွလိုက်ကျုံ့လိုက်ဖြစ်လာပြီး တုန်ခါမှုကိုဖန်တီးပေးတာကြောင့် မိုးခြိမ်းသံအဖြစ်ကြားရတာပါ။
၂။ မိုးကြိုးပစ်ခံရသူတွေမှာ ထူးခြားတဲ့ အနီကြောင်းပေါ်လာပြီး သေဆုံးသွားတတ်ကြပါတယ်။
မိုးကြိုးပစ်ခံရသူတွေရဲ့ ခန္ဓာကိုယ်မှာဗို့အားမြင့် လျှပ်စီးကအရေပြားတစ်လျှောက် စိမ့်ဝင်စီးဆင်းသွားတာကြောင့် အကိုင်းအခက်တွေပုံစံအနီရောင်စီးကြောင်းကြီး ပေါ်လာပြီး အသက်သေဆုံးနိုင်ပါတယ်။
၃။ လျှပ်စီးက သစ်ပင်တွေကို ထက်ပိုင်းကျိုးစေပါတယ်
ဗို့အား ၁၅ သန်းရှိတဲ့ လျှပ်စစ်နဲ့ သစ်ပင်ကိုင်းကိုပဲဖြတ်ကြည့်။ ဘယ်လိုဖြစ်မယ်ထင်လဲ၊ လျှပ်စီးရဲ့ အပူချိန်က သစ်ပင်ထဲဝင်ရောက်ပြီး သစ်စေးကို ရေငွေ့ပြန်စေကာ ပင်စည်ကိုဖောက်ခွဲနိုင်တဲ့ ရေးနွေးငွေ့ကို ဖြစ်ပေါ်စေတာကြောင့် သစ်ပင်တွေပျက်စီးရခြင်းဖြစ်ပါတယ်။
၄။ တောင်အမေရိကရှိ ရေကန်တစ်ခုမှာ တစ်နာရီတွင်း လျှပ်ပြက်ခြင်းအကြိမ် ၁၀၀ ဖြစ်ပေါ်ပါတယ်
ဗင်နီဇွဲလားအနောက်မြောက်ဘက် Catatumbo မြစ် နှင့် Maracaibo ရေကန်တို့ ကန့်လန့်ဖြတ်ဆုံတဲ့နေရာ ကောင်းကင်ပြင်မှာ တစ်နှစ်တွင်း လျှပ်ပြက်ခြင်းကို ညပေါင်း ၃၀၀ လောက်ထက်ပိုပြီး တွေ့ရပါသတဲ့။ ၁ စက္ကန့်အတွင်းမှာတောင်အကြိမ်ရေ အများကြီး လျှပ်ပြက်တာပါတဲ့။ ကာရေဗီယန်ပင်လယ် ကနေဖြတ်သန်းတိုက်ခတ်လာတဲ့ လေနွေးနွေးလေးတွေက တောင်အမေရိက တောင်တန်းတွေက ဆင်းသက်လာတဲ့ လေအေးနဲ့ ရောနှောသွားပြီး ထူးခြားတဲ့ ရာသီဥတု အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနေရာဟာ ၁ စတုရန်းကီလိုမီတာ ဧရိယာအတွင်း ကမ္ဘာ့လျှပ်ပြက်ဆုံးနေရာအဖြစ်တောင်မှတ်တမ်းဝင်သွားခဲ့တဲ့ နေရာဖြစ်ပါတယ်။
၅။ မိုးကြိုးသွားကတကယ်ရှိပါတယ်
လျှပ်စီးက သဲနှင့် ကျောက်ခဲကိုထိမှန်တဲ့ အခါ ပြင်းထန်တဲ့ အပူရှိန်က မျက်နှာပြင်အောက်ရှိဓာတ်သတ္တုတွေကို ပျော်ဝင်ပေါင်းစပ်စေပြီးfulgurite လို့ခေါ်တဲ့ ပြွန်ပုံစံအချောင်းလေးဖြစ်သွားပါတယ်။ ရှားတော့ရှားပေမဲ့ မိုးကြိုးသွားတွေကို ကမ္ဘာ အနှံ့ မှာတွေ့နိုင်ပါတယ်။
၆။ မိုးကြိုးပစ်ခံရမှာ လူတိုင်းနီးပါးကြောက်ကြတယ်
ဘဝမှာ မိုးကြိုးပစ်ခံရကိန်းက တစ်သောင်းနှစ်ထောင်ပုံ ၁ ပုံနီးပါး ရှားပါတယ်။ အမေရိက မှာဆို မိုးကြိုးပစ်ခံရမှာ ကြောက်တဲ့ရောဂါ (astraphobia) က အမြင့်ကြောက်ရောဂါ နှင့် တိရစ္ဆာန်အကောင်လေးတွေကို ကြောက်တဲ့ရောဂါပြီးရင် တတိယအဖြစ်များဆုံးပါ။ ဒါပေမဲ့ သတိပြုသင့်တာက မိုးလေဝသအပြောင်းအလဲတွေကြောင့် ၂၁၀၀ ခုနှစ်ရောက်ရင်တော့ မိုးကြိုးပစ်ခံရမယ့်အန္တရာယ်က ၈၀၀၀ ပုံ ၁ ပုံလောက်တိုးလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။
Ref : 6 Weird Facts About Lightning Strikes

image
16 w - Translate

ဒီတသုတ် ရုံရက်ရစာရင်းမှာပါဝင်ဖို့မျှော်လင့်မိတဲ့ " မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ် " ရုပ်ရှင်ကားကြီး
မင်းမဟာရုပ်ရှင်ထုတ်လုပ်ရေးမှစီစဉ်ပြီး
ဝတ္ထု/ဇာတ်လမ်း - ဆောင်းလုလင်
ဇာတ်ညွှန်း - ဖြိုးသဉ္ဇာကျော်
Art Director - သားညီ
ဒါရိုက်တာ - ပီကေ
အကယ်ဒမီများရှင် နေတိုး အထူးသရုပ်ဆောင်ပြီးနေမျိုးအောင် ၊ ညီနန္ဒ ၊ ဗီတာမင် ၊ သံသာညီ ၊ ဗွာဗွား ၊ မေမီလင်း ၊ရဲလေးမ
ဧည့်သည်သရုပ်ဆောင် - အေးဝတ်ရည်သောင်း နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
Heavy Drama ရုပ်ရှင်ကားကြီးဖြစ်တာကြောင့် နေတိုး ၊ ညီနန္ဒ အပြင် ပါဝင်တဲ့သရုပ်ဆောင်တွေအတွက်ရော ၊ အတတ်ပညာရှင်တွေအတွက်ပါ ဆိုင်ရာဆိုင်ရာ ကဏ္ဍအသီးသီးမှာ မှတ်တိုင်များစိုက်ထူသွားနိုင်ကြမလားဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ် ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း ၊ သရုပ်ဆောင်အင်အားကောင်းကောင်းဖြင့် မြန်မာမှုဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်တာမို့ ဒီတသုတ်ရုံရက်ရစာရင်းထဲ ပါဝင်လာဖို့ မျှော်လင့်ရင်ခုန်မိတာတော့ အမှန်ပါဘဲ ။
LGBT Character ကို သေသေချာချာ ပြင်ဆင်ရိုက်ကူး ပုံဖော် တတ်တဲ့ နေတိုး အတွက် နှစ်နှစ်ဆက်တိုက် အကယ်ဒမီ ရမယ့်နှစ်ဖြစ်သွားနိုင်မလား ဆိုတာ ရင်ခုန်စွာစောင့်မျှော်လိုက်ကြရအောင်။
ပရိသတ်များကော " မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ် " ရုပ်ရှင်ကားကြီး အတွက် ရင်ခုန်နေကြပြီလား?

image
16 w - Translate

စကားကြောင့် ဓားမဖြစ်စေနဲ့
စကားဆိုတာ
တိုးတိုးပြောလည်း ဒီစကား
အော်ပြီးပြောလည်း ဒီစကား
ဘယ်လိုပြောပြော ဒီစကားပါပဲ။
တစ်ဖက်သားကို နားဝင်အောင် ချိုချိုသာသာပြောတတ်ခြင်းက ပိုပြီးအရာရောက်သလို
မိမိ တစ်ဖက်သားအပေါ်ထားတဲ့ စေတနာကိုလည်း ပေါ်လွင်စေပါတယ်။
စကားဆိုတာ
ပါးစပ်ကပြောတာချင်းအတူတူ
တစ်ဖက်သားအပေါ်
နစ်နာစေမယ့်စကားမျိုးမဖြစ်စေဖိုနဲ့ ကိုယ့်စကားကို ကိုယ်တာဝန်ယူတတ်ဖိုပါပဲ။
စကားကြောင့် ဓားမဖြစ်စေဘဲ စကားကြောင့် အားဖြစ်စေခဲ့ရင် လျှာဖျားလေးက ပြောလိုက်ပေမယ့်
လူတစ်ယောက်ရဲ့ဘဝကို
တိုးတက်ပြောင်းလဲစေနိုင်ပြီး
စကားကြောင့် ကုသိုလ်ရစေပါတယ်။
တစ်ခါတစ်လေမှာ
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်
ကိုယ့်အဆင့်အတန်းကို
ဖော်ပြနေတတ်သလိုဖြစ်ပြီး
ကိုယ့်ဂုဏ်သိက္ခာကို
ကိုယ်ကိုယ်တိုင်ချလိုက်သလို
ဖြစ်နေတတ်ပါတယ်။
ဒါ့ကြောင့်
မိတ်ဆွေ
စကားကို သတိထားပြောဆိုပါ။
#ဦးအောင်သင်း

16 w - Translate

“စိတ်ရောဂါများကို self-care ဖြင့်ကာကွယ်ပါ”
‘ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်’ ဆိုတဲ့ စကားအတိုင်း စိတ်ရောဂါတွေကို မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားတာက စိတ်ရောဂါနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို တားဆီးနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိတ်ရောဂါတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ဖြစ်တဲ့ self-care အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။
Self-care ဆိုတာ စိတ်နဲ့ ခန္ဓာကိုယ်ကို အချိန်တခု သီးသန့်ပေးပြီး ဂရုစိုက်ခြင်း ဖြစ်ပါတယ်။ Self-care ပြုလုပ်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့အပြင် စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်သလို စိိတ်ခံစားချက်ကို ကောင်းစေတာကြောင့် နောက်ဆက်တွဲ စိတ်ရောဂါတွေကို ကြိုတင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ တနေ့တာ self-care အတွက် ဘာတွေ ပြုလုပ်ပေးနိုင်လဲ?
(၁) စိတ်တည်ငြိမ်အောင် လေ့ကျင့်ခြင်း
တရားထိုင်ခြင်း၊ အသက်ရှုခြင်း၊ Mindfulness ပြုလုပ်ခြင်းနဲ့ အကြောလျှော့ခြင်း စတာတွေဟာ စိတ်ကို တည်ငြိမ်စေတဲ့ အကောင်းဆုံး Self-care နည်းလမ်းတွေ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်တွေ ပြင်းထန်နေချိန်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ မွန်းကြပ်နေချိန် ၊ စိတ်ပူပန် စိုးရိမ်မှုတွေ ခံစားနေရချိန်မှာ စိတ်ကိုတည်ငြိမ်စေမယ့် Self-care နည်းလမ်းတွေ ပြုလုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုမဆိုးလာအောင် ထိန်းထားပေးမှာ ဖြစ်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်း
စိတ်နဲ့ ခန္ဓာကိုယ်ဟာ ဆက်စပ်နေသလို တခါတရံမှာ စိတ်ခံစားချက်တွေကို ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ ပြန်လည် ကုစားရတာလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှား ပုံမှန် ပြုလုပ်ခြင်းက ခန္ဓာကိုယ်မှာ ရှိတဲ့ ဟော်မုန်းတွေရဲ့ ပမာဏကို မျှတစေတာကြောင့် စိတ်ခံစားချက်တွေကိုပါ သက်သာလျော့ပါးစေနိုင်မှာ ဖြစ်ပါတယ်။ တနေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတာကလည်း စိတ်ရော ကိုယ်ပါ ထိရောက်စေတဲ့ Self-care နည်းလမ်း တခု ဖြစ်ပါတယ်။
(၃) အစားအသောက် သင့်တင့်မျှတစွာ စားသုံးခြင်း
Self-care လို့ပြောလိုက်ရင် နေ့စဥ်စားတဲ့ အစားအသောက်ကိုလည်း မေ့ထားလို့ မရပါဘူး။ တနေ့တာမှာ အာဟာရ လုံလောက်မျှတဖို့သလို ဗီတာမင်၊ ကစီဓါတ်၊ အသားဓါတ် စတာတွေ လုံလောက်ပါဝင်ခြင်းက စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ စိတ်ခံစားချက်ကြောင့် အစာကို အများကြီးစားတာ၊ အစာကို လုံးဝ မစားတာ၊ အချိန်မှန် အစာမစားတာ စတဲ့ အပြုအမူတွေကိုလည်း အထူးရှောင်ရမှာ ဖြစ်ပါတယ်။
(၄) ဝါသနာအတွက် အချိန်ပေးခြင်း
Self-care ပြုလုပ်တဲ့အခါမှာ တဦးနဲ့တဦး မတူကွဲပြားနိုင်သလို ကိုယ်နှစ်သက်တဲ့ နည်းလမ်းကို ရွေးချယ် ပြုလုပ်နိုင်ပါတယ်။ တချို့ကလည်း ကိုယ်ဝါသနာပါရာအတွက် အချိန်ပေးပြီး ပြုလုပ်ခြင်းအားဖြင့် စိတ်ခံစားချက်တွေကို သိသိသာသာ ကောင်းမွန်စေနိုင်မှာ ဖြစ်ပါတယ်။ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ကခုန်တာ၊ သိုးမွှေးထိုးတာ ၊ စာဖတ်တာ၊ စာရေးတာတွေ ပြုလုပ်ခြင်းအားဖြင့်လည်း Self-care ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၅) အိပ်စက်ချိန် လုံလောက်စွာ ထားရှိခြင်း
တနေ့တာမှာ လုံလောက်တဲ့ အိပ်ချိန်ထားရှိခြင်းက မရှိမဖြစ် လိုအပ်တဲ့ Self-care တခု ဖြစ်ပါတယ်။
အနည်းဆုံး တနေ့ကို ၇ နာရီ အိပ်စက်ဖို့ လိုအပ်သလို နှစ်ခြိုက်စွာ အိပ်ပျော်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် အိပ်စက်ခါနီး ဖုန်း၊ ကွန်ပြူတာ အသုံးပြုတာတွေ၊ ညှဥ့်နက်တဲ့အထိ မအိပ်ပဲ အလုပ်လုပ်တာတွေ၊ အိပ်ရာထဲအထိ အစားအသောက် စားတာတွေဟာ အိပ်စက်ချိန်ကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။
Self-care ပြုလုပ်ခြင်းက ရိုးရှင်းပေမယ့် စိတ်ကျန်းမာရေးအတွက် သိသာတဲ့ ကောင်းကျိုးတွေကို ပေးနိုင်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် အားနည်းနေချိန် ၊ စိတ်ခံစားချက်တွေ မူမမှန် ဖြစ်နေချိန်မှာ self-care ပြုလုပ်ခြင်း အားဖြင့် အခြေအနေကို ပိုမဆိုးအောင် ထိန်းထားပေးနိုင်မှာ ဖြစ်တာကြောင့် self-care ကို နေ့စဥ်ပုံမှန် လုပ်သင့်ကြောင်း မျှဝေလိုက်ရပါတယ်။ သင်ရော တနေ့တာမှာ self-care အတွက်် အချိန်ဘယ်လောက် ပေးဖြစ်နေလဲ? Self-care အတွက် ဘာတွေ လက်ရှိလုပ်ဖြစ်နေလဲ ဆိုတာ comment မှာ မျှဝေပေးပါဦးနော်…

#စိတ်ရောဂါများကိုself-careဖြင့်ကာကွယ်ပါ

image
16 w - Translate

🌿 တောင်နဲ့လယ်ကွင်းကြားမှာ မိသားစုအေးအေးချမ်းချမ်း
နေထိုင်ရမယ့် အိမ်လေး 🏡

image