စစ်အင်အားအသုံးပြုရနိုင်ခြေ အပါအဝင် ဂရင်းလန်ကျွန်း ရရှိရေးနည်းလမ်းများ သမ္မတဒေါ်နယ်ထရန့်နှင့် အကြံပေးအဖွဲ့ ဆွေးနွေးနေ
အမေရိကန်စစ်အင်အား အသုံးပြုရနိုင်ခြေအပါအဝင် ဂရင်းလန်ကျွန်းကိုရယူရေး နည်းလမ်းများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အကြံပေးများနှင့် ဆွေးနွေးနေကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများ က ဇန်နဝါရီ ၆ ရက်တွင်ထုတ်ဖော်ပြောကြားထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဥရောပနိုင်ငံများက ကန့်ကွက်ဆန့်ကျင်နေသည့်တိုင် ဂရင်းလန်ကျွန်းကို ထိန်းချုပ်လိုကြောင်းထပ်မံပြောကြားထားသည်။
အာတိတ်ဒေသ၌ အမေရိကန်ပြည်ထောင်စု၏ ရန်သူများကိုတားဆီးရေးအတွက် အမေရိကန်
အမျိုးသားလုံခြုံရေးဦးစားပေးလိုအပ်ချက်အဖြစ် ဂရင်းလန်ကျွန်းကို ရယူရန် သမ္မတဒေါ်နယ်ထရန့်က စဉ်းစားနေကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ ငွေကြေးဖြင့် ဝယ်ယူမှုအပါအဝင် ဂရင်းလန်ကျွန်းကိုရယူရေးအတွက် အသုံးချနိုင်မည့်
နည်းလမ်းများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်နှင့် ၎င်း၏ အကြံပေးများ ဆွေးနွေးနေကြပြီး အမေရိကန်စစ်အင်အားအသုံးချ ရနိုင်ခြေကိုလည်း ထည့်သွင်းဆွေးနွေးနေကြောင်း
အိမ်ဖြူတော်က အတည်ပြုထားသည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းအဖြစ် ရပ်တည်ရန်ဆန္ဒမရှိကြောင်း ဂရင်းလန်
ကျွန်းခေါင်းဆောင်များက ပြောကြားထားပြီး အထက်ပါရပ်တည်ချက်ကိုဥရောပ အင်အားကြီးနိုင်ငံများနှင့်ကနေဒါနိုင်ငံတို့က ထောက်ခံမှုပေးထားသည်။
မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်ကျွန်းအား အမေရိကန်ပြည်ထောင်စုက
စစ်အင်အားဖြင့် သိမ်းယူခဲ့ပါကမြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး) ညီညွတ်ရေးပျက်သွားနိုင်ပြီးသမ္မတဒေါ်နယ်ထရန့်နှင့် ဥရောပခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှု ပိုမိုကျယ်ပြန့်လာနိုင်သည်။
တည်နေရာအရ မဟာဗျူဟာကျသည့် ဂရင်းလန်ကျွန်းကို အမေရိကန်အချုပ်အခြာအောက် ထည့်သွင်းလိုကြောင်း သမ္မတဒေါ်နယ်ထရန့်ကသမ္မတရာထူး ပထမဆုံးအကြိမ် ရယူခဲ့သည့် ၂၀၁၉ ခုနှစ်ကပင် ထုတ်ဖော်ပြောကြားထားသည်။
ယင်းအပြင် ဗင်နီဇွဲလားကိုဇန်နဝါရီ ၃ ရက်တွင် စစ်ရေးအရတိုက်ခိုက်၍ သမ္မတမာဒူရိုကို အမေ
ရိကန်စစ်ဘက်က ဖမ်းဆီးခဲ့ပြီးနောက်ဂရင်းလန်ကျွန်းအား အမေရိကန်ထိန်းချုပ်မှုအောက် ထားရှိလိုသည့်ရည်ရွယ်ချက်ကို သမ္မတဒေါ်နယ်ထရန့်က ထပ်မံအတည်ပြုခဲ့သည်။