မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်း ပြောင်းလဲကောက်ခံ
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တပ်ဆင်ပေးနေသည့် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ဈေးနှုန်းပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကောက်ခံနေသောနှုန်းထားများသည် ၂၀၂၀ ပြည့်နှစ်ကသတ်မှတ်ထားသော နှုန်းထားများဖြစ်သောကြောင့် လက်ရှိ ငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန် ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မော်တော် ယာဉ်ဖောင်းကြွနံပါတ်ပြားများဈေး နှုန်းပြောင်းလဲ ကောက်ခံခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ပြောင်းလဲကောက်ခံမည့် ဈေးနှုန်းများမှာ မော်တော်ယာဉ် ကျပ်၄၀၀၀၀၊ ထော်လာဂျီ ကျပ် ၄၀၀၀၀၊
မော်တော်ဆိုင်ကယ် ကျပ် ၇၀၀၀၊သုံးဘီးတပ်ယာဉ် ကျပ် ၁၀၀၀၀၊ နောက်တွဲယာဉ် ကျပ် ၂၀၀၀၀ တို့ ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်း
များအရ မှတ်ပုံတင်ထားသည့် လူစီးမော်တော်ယာဉ် ၆၄၆၀၀၀ ကျော်ရှိပြီးမှတ်ပုံတင်ထားသည့် ထော်လာဂျီ
၃၃၀၀၀ ကျော်၊ သုံးဘီးတပ်ယာဉ်၁၂၀၀၀၀ ကျော်၊ နောက်တွဲယာဉ်၂၃၀၀၀ ကျော်နှင့် မော်တော်ဆိုင်ကယ် လေးသန်း နှစ်သိန်းကျော်ရှိကြောင်း သိရသည်။