ကန်၊ တရုတ်၊ ပါကစ္စတန်ကို အချက်ပြသည့် တာလီဘန်၏ အိန္ဒိယခရီးစဉ်

နယူးဒေလီ၊ အောက်တိုဘာ ၉

အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီ (Amir Khan Muttaqi ) သည် ယခုလအတွင်း အိန္ဒိယသို့ သွားရောက်ရန် စီစဉ်ထားသည့်အတွက် ထိုခရီးစဉ်သည် အမေရိကန်၊ တရုတ်နှင့် ပါကစ္စတန်တို့ကို အရိပ်လက္ခဏာများ ပြသရာရောက်လာလိမ့်မည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မွတ်တာကီအပေါ် ခရီးသွားလာမှု ပိတ်ပင်ချက်ကို ယာယီရုပ်သိမ်းပေးခဲ့ပြီး နောက် ၎င်း၏ အိန္ဒိယခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယသည် တာလီဘန်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများကို တဖြည်းဖြည်း တိုးမြှင့်နေချိန်တွင် အိန္ဒိယ၏ ဒေသ တွင်း ပြိုင်ဘက်များဖြစ်သည့် တရုတ်နှင့် ပါကစ္စတန်တို့ကလည်း ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုများအား မြင့်တက်စေ ရန် ကြိုးပမ်းလျက်ရှိသည်။

မွတ်တာကီ၏ အိန္ဒိယခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ ကောင်စစ်ဝန် လုပ်ငန်းစဉ် များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အိန္ဒိယသည် အာဖဂန်၌ တာလီဘန်တို့ အာဏာပြန်ရလာခဲ့ချိန်ကတည်းက အာဖဂန်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းသဘော မစ်ရှင်တစ်ရပ်ကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

အမေရိကန်အတွက်မူ မွတ်တာကီ၏ ခရီးစဉ်သည် တာလီဘန်အစိုးရနှင့် ဒေသတွင်း နိုင်ငံများကြား လက်တွေ့ကျ သည့် ထိတွေ့ဆက်ဆံမှုများ ဆက်လက် ပေါ်ပေါက်လာမည့် အရိပ်လက္ခဏာ တစ်ခုအဖြစ် ရှုမြင်နိုင်သည်။

တာလီဘန်အဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ကြိုးပမ်းနေသည့် တရုတ်အတွက်လည်း အိန္ဒိယ-တာလီဘန် ဆက်ဆံရေးသည် ဒေသတွင်း တရုတ်၏ မဟာဗျူဟာမြောက် လွှမ်းမိုးရေးကို ရှုပ်ထွေးနိုင်သည်ဟု ရှုမြင်လိမ့်မည် ဖြစ်သည်။

အထူးသဖြင့် အိန္ဒိယသည် တရုတ်အပြင် အာဖဂန်နစ္စတန်အတွက် နောက်ထပ် အရေးကြီးသည့် မိတ်ဖက်နိုင်ငံ ဖြစ်လာနိုင်သည်။

ထို့ကြောင့် တရုတ်သည် အာဖဂန်နစ္စတန်ကို ဩဇာလွှမ်းမိုးမှု ရရှိရေးအတွက် ပြိုင်ဆိုင်မှုများ မြင့်တက်လာဖွယ် ရှိသည်။

ပါကစ္စတန်နိုင်ငံအတွက်မူ အိန္ဒိယ-တာလီဘန် ဆက်ဆံရေးသည် တိုက်ရိုက်အဖြစ်ဆုံး လက္ခဏာတစ်ခု ဖြစ်သည်။

ပါကစ္စတန်သည် အာဖဂန်ပြည်တွင်းရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အထူးသဖြင့် တာလီဘန်အဖွဲ့ အုပ်ချုပ်သည့် ကာလများနှင့် တာလီဘန်တို့ ဖြုတ်ချခံခဲ့ရသော ကာလများတွင် ပါကစ္စတန်သည် အာဖဂန်တာလီဘန်တို့အတွက် အဓိကမိတ်ဖက်ဖြစ်ခဲ့သည်။

သို့သော် လက်ရှိတွင် တာလီဘန်တို့သည် အိန္ဒိယနှင့် ထိတွေ့ဆက်ဆံမှု မြင့်တက်လာမည်ဆိုပါက အာဖဂန်၌ ပါကစ္စတန်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia

ပုံ - အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီကို တွေ့ရစဉ်

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောတို့ကို ဂါရဝပြုတွေ့ဆုံရန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ တစ်နေ့တာခရီးစဥ်လာရောက်နေ

အောက်တိုဘာ ၉

မ​လေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် စရီ မိုဟာမက် ဟာဆန်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ဂါရဝပြု တွေ့ဆုံဖိုနဲ့ သူ့နည်းတူ ရာထူးတူ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ ဒီနေ့မှာ မြန်မာနိုင်ငံကို ထွက်ခွာလာခဲ့တယ်လို့ မလေးရှားသတင်းဌာနတွေက ဖော်​ပြပါတယ်။

​”ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောနဲ့ ကျွန်တော်နဲ့ ရာထူးတူ ဝန်ကြီး ဦးသန်းဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံကို ထွက်ခွာ” လို့ ဟာဆန်က ဒီမနက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

​ပဋိပက္ခများစွာကြောင့် ပြင်းထန်စွာထိခိုက်ခံစားနေရတဲ့ နိုင်ငံကို အလုပ်ခရီးစဥ် သွားရောက်ရခြင်း ရည်ရွယ်ချက်ကတော့ မကြာသေးမီက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြတာကြောင့် “ငြိမ်းချမ်းရေး အစီအစဉ် ကြိုးပမ်းမှုတွေကို ထိခိုက်စေပြီး အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ခြင်း”ကြောင့်ဖြစ်တယ်လို့လည်း သူက ဖော်ပြခဲ့ပါတယ်။

​သူ့ရဲ့ ပို့စ်နဲ့အတူ “မလေးရှား တော်ဝင်လေတပ်စခန်းမှာ။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ထွက်ခွာ” ဆိုတဲ့ စာတန်းပါ ဓာတ်ပုံတစ်ပုံလည်း တွဲပါလာပါတယ်။

ဟာဆန်ရဲ့ ခရီးစဥ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ သွားရောက်ဖို့ မူလစီစဉ်ထားတဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ရှောင်လွှဲမရတဲ့ အခြေအနေတွေကြောင့် ရွှေ့ဆိုင်းခဲ့ရမှုအတွက် ဒီနေ့မှာ ပြန်လည်သွားရောက်တာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာတက ဒီနေ့ပဲ အတည်ပြုခဲ့ပါတယ်။

​တစ်ချိန်တည်းမှာပဲ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ မိုဟာမက်ဟာ မြန်မာနိုင်ငံ၊ နေပြည်တော်ကို တစ်ရက်တာ အလုပ်လုပ်ငန်းခရီးအဖြစ် သွားရောက်နေကြောင်း အတည်ပြုခဲ့သလို ​ဝန်ကြီးဌာနရဲ့ အဆိုအရ ဒီခရီးစဉ်ဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ရလဒ်နဲ့အညီ ဖြစ်ကြောင်းနဲ့ ​မိုဟာမက်နဲ့အတူ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်စရီ အော့စ်မန် ဟာရှင်မ် လိုက်ပါသွားပါတယ်လို့ ပြောခဲ့ပါတယ်။

​ဒီအလုပ်လုပ်ငန်းခရီးစဉ်အတွင်းမှာ ဟာဆန်ဟာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောတို့ကို ဂါရဝပြုတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

​ဟာဆန်ဟာ SSPC ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း တွေ့ဆုံပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

​မြန်မာ့ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေအတွင်းမှာ ဟာဆန်ဟာ အခြားကိစ္စများစွာအပြင် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝနဲ့ အဓိပ္ပာယ်ရှိစွာ အကောင်အထည်ဖော်ဖို့၊ အထူးသဖြင့် အကြမ်းဖက်မှု ရပ်စဲရေး၊ အကန့်အသတ်မရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ မြန်မာ့အရေး ပတ်သက်သူအားလုံး ပါဝင်တဲ့ ဘက်စုံဆွေးနွေးပွဲ ပြုလုပ်ရေးတို့ကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။

​မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကိစ္စကိုလည်း ဒီအစည်းအဝေးတွေအတွင်း ဆွေးနွေးဖို့ မျှော်မှန်းထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

​မလေးရှားနိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံဖို့အတွက် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ SSPC နဲ့ ဆက်ဆံရေးကို ဆောင်ရွက်နေတာဖြစ်ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။

​မလေးရှားနိုင်ငံဟာ အာဆီယံရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့အတူ မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံ ဦးဆောင်တဲ့ အကျပ်အတည်း ဖြေရှင်းရေးကို မြှင့်တင်ဖို့ ဆက်လက်အာရုံစိုက်နေပါတယ်။

​ဒီအလုပ်ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ရရှိဖို့ အာဆီယံရဲ့ ခိုင်မာသော ကတိကဝတ်ကိုလည်း ပြသနေပါတယ်။ ၂၀၂၅ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မလေးရှားနိုင်ငံဟာ ဘက်စုံပါဝင်ပြီး ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ အမျိုးသားငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ရရှိစေဖို့အတွက် မြန်မာ့အရေး ပတ်သက်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

​Ref, BERNAMA

Credit - Myanmar Transprency News Agency

#centralnewsnaypyitaw

image
image
image
image

ငှက်ချစ်သူများ အားလုံး မင်္ဂလာပါ
Common kingfisher မောင်ကင်းပုံလေးကို ငှက်ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ် 🥰

image
16 w - Translate

"ဟိုးအရင်ခေတ်တုန်းက လူတွေမှာ သူတို့မပြောပြချင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုရှိခဲ့ရင် ဘာလုပ်ကြလဲသိလား။ တောင်တစ်တောင်ပေါ်တက်၊ သစ်ပင်တစ်ပင်ကိုရှာပြီး အဲ့သစ်ပင်မှာ အပေါက်ကလေးဖောက်၊ သူ့ရဲ့လျှို့ဝှက်ချက်ကို အဲ့အပေါက်ထဲ တိုးတိုးကလေးရေရွတ်ကြသတဲ့။ ပြီးရင် အဲ့ဒီနေရာကို​ ရွှံ့နဲ့ပြန်အုပ်ပြီး လျှို့ဝှက်ချက်ကို တစ်သက်လုံးချန်ထားခဲ့ရော။"
ဒီနေ့ကူးပြောင်းရောက်ရှိတဲ့ ၂၀၂၅ ခုနှစ်​ အောက်တိုဘာလမှာ ဒါရိုက်တာ Wong Kar-Wai ရဲ့ အကောင်းဆုံးလက်ရာတစ်ခုဖြစ်တဲ့ In the Mood for Love ရုပ်ရှင်ဟာ ငွေရတုပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Crd

image
16 w - Translate

ဘယ်ဥယျာဉ်မှူးကောင်းလို့မှ လှတာမဟုတ်ဘူးနော်
တို့ကအမေမွေးကတည်းက လှတာ

image

#ဘူးညွန့်၊ ဘူးသီးစားခြင်းရရှိလာမည့်ကျမ်းမာရေးအကျိုးကျေးဇူးများ
ဂေါက်အဆစ်ရောင်၊ ဆီးနှင့်ကျောက်ကပ်၊ အသည်းသမားများအတွက်၊ ဘူးပင် အစွမ်း အံမခန်းပါ။
ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသူများနှင့် ယူရစ်အက်စစ်များ၍ ဆီးပူသော သူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး သံပရာရည်ဖြင့်ရောကာ သောက်သုံးပေးသင့်သည်။
ကျောက်ကပ်ရောင် ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိသည်။
ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သည်။
ဝမ်းလျှောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသောအစားအစာ သို့မဟုတ် ဆီကြော်မုန့်စားသုံးပြီး နောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနည်းငယ်ရော၍သောက်သုံးပေးသင့်သည်။
ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက် အထက်ပါအတိုင်းသောက်သုံးပေးပါက လူကိုပြန်လည် လန်းဆန်းစေသည်။ အပူလျှပ်ခြင်းမှလည်း ကာကွယ်ပေးသည်။
သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုသည်။
ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါရောဂါကို ဟန့်တားကာကွယ်ပေးသည်။
ဆံပင်ဖြူခြင်းကို သက်သာလျော့ပါးစေသည်။
အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါများသောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး သည်။
အာရုံကြောများကို အားကောင်းစေကာ မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။(စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုးပြုပါသည်)
ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် (ဘူးရွက်)အရည်ကို လိမ်းပေးသင့်သည်။
သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေသည်။ သွားများမပျက်စီးရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘူးညွန့်အရည်ဖြင့် ပလုတ်ကျင်းပေးသင့်ပါသည်။
ဖက်ခွက်နာ(ပြည်တည်နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမကြေခြင်းဝေဒနာများကို သက်သာ ပျောက်ကင်း စေသည်။
နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့စဉ်တစ်နေ့လျှင် တစ်ခွက်ပုံမှန်သောက်သုံးပေးပါက အရွယ်တင် နုပျိုစေသည်။
မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထပါက ဘူးသီးကိုကြိတ်ချေ၍ ၎င်းအနှစ်များဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေသည်။
ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိသော လင်းလက်စိုပြည်လှပသည့် အသားအရေကို ပိုင်ဆိုင်နိုင်သည်။
ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများကို ကောင်းစွာအကျိုးပြုသည်။
နာတာရှည်အိပ်မပျော်နိုင်ဘဲ မျက်စိကြောင်နေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး နှမ်းဆီနှင့်ရော၍ ဦးခေါင်းခွံ (ဦးရေပြား)ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက်စွာအကျိုးရှိစေသည်။
အစာအိမ်အက်စစ် အထွက်လွန်သူများအတွက် သက်သာပျောက်ကင်းသည်။
နှလုံးကိုအားကောင်းစေသည်။
အဆိပ်ပြေစေသည်။
ချောင်းဆိုးခြင်းကြောင့် အသက်ရှူလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူများနှင့် ပန်းနာရင်ကျပ်ရောဂါများကို ကုသပေးနိုင်စွမ်းရှိသည်။
ဗီတာမင်အီးက မျက်လုံးသွေးကြောမျှင်များကို ကောင်းကျိုးပြုသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည့် ဘူးညွန့်ဟင်းလျာတစ်ခွက်တွင် ဗီတာမင်အီးကိုလုံလောက်စွာ ရရှိနိုင်သည်။ ထို့ကြောင့် ဘူးညွန့်စားခြင်း က မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။
👉 မှတ်သားရန်
ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဆီးရောဂါရှိသူများအနေဖြင့် ဖျော်ရည်လုပ်၍ သောက်သုံးနိုင်သော်လည်း ၎င်းရောဂါမရှိဘဲ ရက်လတာရှည်အစိမ်းစားပါက အစာအိမ်နှင့်အူမများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် အစွမ်းသတ္တိများနှင့်ပြည့်စုံသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။
ရေဓာတ်ပါဝင်မှုများပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန် မလိုဘဲ အချိန်ကုန်သက်သာစေသည်။ ထို့ကြောင့်ဆေးဖက်ဝင်ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကျမ်းမာလို့ချမ်းသာကြပါစေရှင့်။

#crd_to_owner_with_respect

image
16 w - Translate

ပါးစပ်စည်းကမ်းမရှိတဲ့
လူတစ်ချို့ရဲ့ စကားကို နားယောင်ပြီး
စိတ်သောကရောက်မနေပါနဲ့
ကိုယ်လုပ်စရာရှိတာကိုသာ
ဆက်လုပ်ပါ။

image
16 w - Translate

ဇီဇဝါအဝိုင်းပေါ်ကို ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ အက်ရှင်ဆန်ဆန်ကျော်တက်သွားသည့်အမျိုးသား ထိခို-က်ဒ-ဏ်ရာများရ
နေပြည်တော်၊ ပြန်ကပြေးကျေးရွာအနီးရှိ ဇီဇဝါအဝိုင်းပေါ်သို့ ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ ကျော်တက်ခဲ့သည့်အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများရရှိခဲ့မှု အောက်တိုဘာ ၈ ရက်ည ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံမှ သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးသည် ပြန်ကပြေးရွာအနီးရှိ ဇီဇဝါအဝိုင်းအရောက် အရှိန်မထိန်းနိုင်ဘဲ ဇီဇဝါအဝိုင်းအား ကျော်တက်ကာလွင့်စင်ကျသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားမှာ ထိခို-က်ဒ-ဏ်ရာများရရှိ၍ သတိမေ့နေသဖြင့် မိုးစေတနာပရဟိတအသင်းမှ ကူညီမှုများပြုလုပ်ပေးပြီးနောက် နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-မိုးစေတနာအသင်း

image
16 w - Translate

ဇီဇဝါအဝိုင်းပေါ်ကို ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ အက်ရှင်ဆန်ဆန်ကျော်တက်သွားသည့်အမျိုးသား ထိခို-က်ဒ-ဏ်ရာများရ
နေပြည်တော်၊ ပြန်ကပြေးကျေးရွာအနီးရှိ ဇီဇဝါအဝိုင်းပေါ်သို့ ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ ကျော်တက်ခဲ့သည့်အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများရရှိခဲ့မှု အောက်တိုဘာ ၈ ရက်ည ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံမှ သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးသည် ပြန်ကပြေးရွာအနီးရှိ ဇီဇဝါအဝိုင်းအရောက် အရှိန်မထိန်းနိုင်ဘဲ ဇီဇဝါအဝိုင်းအား ကျော်တက်ကာလွင့်စင်ကျသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားမှာ ထိခို-က်ဒ-ဏ်ရာများရရှိ၍ သတိမေ့နေသဖြင့် မိုးစေတနာပရဟိတအသင်းမှ ကူညီမှုများပြုလုပ်ပေးပြီးနောက် နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-မိုးစေတနာအသင်း

image
16 w - Translate

ဇီဇဝါအဝိုင်းပေါ်ကို ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ အက်ရှင်ဆန်ဆန်ကျော်တက်သွားသည့်အမျိုးသား ထိခို-က်ဒ-ဏ်ရာများရ
နေပြည်တော်၊ ပြန်ကပြေးကျေးရွာအနီးရှိ ဇီဇဝါအဝိုင်းပေါ်သို့ ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ ကျော်တက်ခဲ့သည့်အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများရရှိခဲ့မှု အောက်တိုဘာ ၈ ရက်ည ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံမှ သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးသည် ပြန်ကပြေးရွာအနီးရှိ ဇီဇဝါအဝိုင်းအရောက် အရှိန်မထိန်းနိုင်ဘဲ ဇီဇဝါအဝိုင်းအား ကျော်တက်ကာလွင့်စင်ကျသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားမှာ ထိခို-က်ဒ-ဏ်ရာများရရှိ၍ သတိမေ့နေသဖြင့် မိုးစေတနာပရဟိတအသင်းမှ ကူညီမှုများပြုလုပ်ပေးပြီးနောက် နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-မိုးစေတနာအသင်း

imageimage