မန်စီးတီးကို (၈)မှတ် ဖြတ်ခွင့်ရှိလာတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းက ဒီနေ့မှာ လီဗာပူးလ်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲ ဆင်နွှဲရပါမယ်။
လီဗာပူးလ်နဲ့ပွဲမှာ အာဆင်နယ်အနိုင်ရမယ်ဆိုရင် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် မန်စီးတီးကို ရမှတ် (၈)မှတ်အထိ
ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်က ပရီးမီးယားလိဂ်အိမ်ကွင်း (၇)ပွဲဆက်အနိုင်ရထားပြီး တိုက်စစ်ကလည်း ဂိုးတွေ ဆက်တိုက်ရနေပါတယ်။
လီဗာပူးလ်ကလည်း ရှုံးပွဲမရှိတာအတော်လေးကြာနေပြီဖြစ်လို့
အာဆင်နယ်အတွက် မလွယ်ကူတဲ့ပွဲဖြစ်လာနိုင်ပါတယ်။
လီဗာပူးလ်က အာဆင်နယ်ကိုပထမအကျော့ပွဲမှာ အနိုင်ရထားပြီး
ဆိုဘိုဆလိုင်းက ဖရီးကစ်ကနေ အနိုင်ဂိုးသွင်းယူခဲ့တာပါ။
အခုပွဲမတိုင်ခင်မှာ ဆိုဘိုဆလိုင်းက အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမဟုတ်သေးဘဲ
သူတို့လီဗာပူးလ်အသင်းကသာ လက်ရှိချန်ပီယံအသင်းဆိုပြီး
စကားလုံးတိုက်ပွဲဆင်နွှဲထားပါတယ်။
အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို လီဗာပူးလ် အနှောင့်အယှက်ပေးနိုင်မလား
အာဆင်နယ်ကပဲ လီဗာပူးလ်ကို အနိုင်ယူပြီး မန်စီးတီးကို (၈)မှတ်ဖြတ်နိုင်မလား၊