မိုက်ကယ်ကိန်းရဲ့ အနီကတ်အယူခံပယ်ချခြင်းခံခဲ့ရမှုအပေါ် အဲဗာတန် အံ့ဩစိတ်ပျက်ရ
===================
အဲဗာတန်က ဝုဗ်နှင့်ပွဲစဉ်မှ နောက်ခံလူမိုက်ကယ်ကိန်းရဲ့ အနီကတ် အယူခံအား အက်ဖ်အေရဲ့ ပယ်ချခြင်းခံခဲ့ရမှုကြောင့် အံ့ဩသင့်၊ စိတ်ပျက်ရကြောင်း ဆိုလာပါတယ်။
အသက် ၃၂ နှစ်ရှိ ဗဟိုနောက်ခံလူမိုက်ကယ်ကိန်းဟာ ဗုဒ္ဓဟူးနေ့တုန်းက ဝုဗ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ဝုဗ်ရဲ့ တိုလူအေရိုကိုဒေးရဲ့ ဆံပင်ကို ဆွဲမှုကြောင့် VAR ရဲ့ စစ်ဆေးခြင်းခံရပြီးနောက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ယင်းအနီကတ်ကြောင့် ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရပြီး စနေနေ့ ဆန်းဒါးလန်းနှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အပြင် အက်စတွန်ဗီလာ၊ လိဒ်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကိုလည်း လွဲချော်လာပါမယ်။
အဲဗာတန်က မိုက်ကယ်ကိန်းရဲ့ အယူခံပယ်ချခံရမှုကြောင့် စိတ်ပျက်ရကြောင်း ကြေညာချက်ထုတ်ပြန်လာပြီးနောက် ဒေးဗစ်မိုယက်စ်ကလည်း အက်ဖ်အေအယူခံကော်မတီဝင် ၃ ဦးအပေါ် ဒေါသထွက်ရကြောင်း ဆိုသွားပါတယ်။
ဒါ့အပြင် မိုယက်စ်က အာဆင်နယ်နှင့် လီဗာပူးပွဲစဉ်တွင် ဒဏ်ရာရရှိနေတဲ ကော်နာဘရက်ဒလေအား ကွင်းအတွင်းမှ ဒေါသတကြီးဆွဲထုတ်တဲ့ မာတင်နယ်လီလုပ်ရပ်နှင့်လည်း နှိုင်းယှဉ်ပြောကြားသွားပါသေးတယ်။