လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာစ် ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံရ

လီဗာပူးလ်၊ လက်စတာနဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဘရန်ဒန်ရော်ဂျာစ်ဟာ ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
အာရှရဲ့ ထိပ်တန်းအသင်းဖြစ်လာဖို့ ရည်မှန်းထားတဲ့ အယ်လ်ကတ်ဆီယာအသင်းက ဘရန်ဒန်ရော်ဂျာစ်ကို (၂)နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ မြောက်အိုင်ယာလန်နိုင်ငံသား ဘရန်ဒန်ရော်ဂျာစ်ဟာ ချယ်လ်ဆီးအရန်အသင်းမှာ နည်းပြဘဝကို အစပြုခဲ့သူဖြစ်ပြီး ဝက်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီးအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။
ဆဲလ်တစ်အသင်းကိုတော့ နှစ်ကြိမ်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလမှာမှ အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲ့တာပါ။
အယ်လ်ကတ်ဆီယာအသင်းဟာ ၂၀၂၅-၂၆ ရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲမှာ အဆင့်(၅)နေရာ ရောက်ရှိနေတဲ့အသင်းဖြစ်ပြီး ဘရန်ဒန်ရော်ဂျာစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းနဲ့အတူ ရင်းနှီးမြှုပ်နှံမှုများစွာ ထပ်မံပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အယ်လ်ကတ်ဆီယာအသင်းရဲ့ အားကစားဒါရိုက်တာ ကားလို့စ်အန်တန်က ''သူ့ရဲ့ ဖလော်ဆော်ဖီက ကျွန်တော်တို့ရဲ့ မဟာဗျူဟာတွေနဲ့ တကယ့်ကို ကိုက်ညီနေပါတယ်။ သူက အောင်မြင်မှုကို ဆာလောင်နေပြီး အရည်အချင်းရှိတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ရတာပါ'' လို့ ပြောကြားခဲ့ပါတယ်။

image

ဒေါ်လာ ငါးဘီလီယံ ရလိုမှုဖြင့် BBC သတင်းဌာနကို ဒေါ်နယ်ထရန့် တရားစွဲ

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ BBC သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ Panorama မှတ်တမ်းရုပ်ရှင်မှာ သူ့ရဲ့ မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင့်ခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒေါ်လာ ငါးဘီလီယံ ရလိုမှုနဲ့ BBC သတင်းဌာနကို တရားစွဲလိုက်ပါတယ်။
ဖလော်ရီဒါမှာ တင်သွင်းခဲ့တဲ့ တရားရုံးစာရွက်စာတမ်းတွေအရ ထရန့်ဟာ BBC သတင်းဌာနကို အသရေဖျက်မှု၊ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတို့နဲ့စွပ်စွဲပြီး တရားဆွဲဆိုခဲ့တာပါ။ BBC ကတော့ ပြီးခဲ့တဲ့လအတွင်းက သမ္မတထရန့်ကို တောင်းပန်ခဲ့ပေမယ့် လျော်ကြေးပေးဖို့ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး အသရေဖျက်မှုဆိုင်ရာ တရားစွဲဆိုမှုအတွက် အခြေခံမလုံလောက်ဘူးလို့ ဆိုပါတယ်။
ထရန့်ရဲ့ ရှေ့နေအဖွဲ့ကတော့ BBC ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လှည့်ဖြားပြီး မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင့်ခဲ့တာဟာ အသရေဖျက်မှုလို့ ဆိုပါတယ်။ BBC ကတော့ တရားစွဲဆိုမှုကို တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ မှတ်တမ်းရုပ်ရှင်အတွက် BBC ကို တရားစွဲဆို စီစဉ်ထားကြောင်း ထရန့်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော် လုပ်ရမယ်လို့ ထင်ပါတယ်" ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အဓိကရုဏ်းမဖြစ်မီ ထရန့်က ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ အပိုင်းတွေကို BBC က တည်းဖြတ်ထုတ်လွှင့်ရာမှာတော့ ထောက်ခံသူတွေအနေနဲ့ လွှတ်တော်ကို ဝင်စီးပြီး အကြမ်းဖက်တိုက်ခိုက်ကြဖို့ ပြောကြားခဲ့တဲ့ သဘောသက်ရောက်ခဲ့ပါတယ်။
ဒီလိုတည်းဖြတ်ထုတ်လွှင့်ခဲ့တာနဲ့ပတ်သက်ပြီး BBC ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေးဗီနဲ့ သတင်းဌာန အကြီးအကဲ ဒက်ဘရာ တာနက်စ်တို့ ရာထူးမှ နုတ်ထွက်ခဲ့ကြပါတယ်။ "သူတို့ လိမ်လည်ခဲ့ကြတယ်။ ကျွန်တော့်ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို သူတို့ ပြောင်းလဲခဲ့ကြတယ်။" လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

image

သက်ဆင်ရဲ့ တူဖြစ်သူကို ဝန်ကြီးချုပ်လောင်းအဖြစ် ဖြူထိုင်းပါတီ အမည်စာရင်းတင်သွင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တည်ထောင်ခဲ့တဲ့ ဖြူထိုင်းပါတီဟာ သက်ဆင်ရဲ့ တူဖြစ်သူကို လာမည့်ရွေးကောက်ပွဲမှာ ဝန်ကြီချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
နိုင်ငံရေးဩဇာကြီးပြီး ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်တဲ့ အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ သူ ရာထူးတာဝန်ထမ်းဆောင်စဉ်အတွင်း အဂတိလိုက်စားမှုတွေကြောင့် လက်ရှိမှာတော့ ထောင်ဒဏ်ကျခံနေရပါတယ်။
ဖြူထိုင်းပါတီဟာ ဇီဝဆေးပညာအင်ဂျင်နီယာပါမောက္ခ ယော့ချနန် ဝေါင်ဆာဝပ်ကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်လောင်းအဖြစ် ပထမဆုံးအမည်စာရင်း တင်သွင်း ရွေးချယ်ခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ် ယော့ချနန်ဟာ ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ဝေါင်ဆာဝပ်နဲ့ သက်ဆင်ရဲ့ ညီမ ယာအိုဝါပါ ဝေါင်ဆာဝပ်တို့ရဲ့ သားဖြစ်ပါတယ်။ သက်ဆင်နဲ့ သူရဲ့ ဆက်ဆံရေးဟာ ထူးခြားတဲ့အမြင်တခုနဲ့အတူ အားသာချက်ဖြစ်လိမ့်မယ်လို့ ယော့ချနန်က ပြောပါတယ်။
"ဒါက ကျွန်တော်တို့ပါတီအနေနဲ့ အားသာချက်တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ ပြည်သူတွေအတွက်ဆိုတဲ့ တခုတည်းသော ရှိပြီးသားပါ" လို့သူက သတင်းထောက်တွေကို ပြောပါတယ်။
ယော့ချနန်ဟာ ၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး ရှင်နာဝပ်ထရာ နိုင်ငံရေးမိသားစုရဲ့ အမာခံနယ်မြေဖြစ်တဲ့ ချင်းမိုင်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆင်ရဲ့ ညီမ ယင်လပ်ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက မဲရုံများကို ပိတ်ဆို့ပြီးနောက် တရားရုံးက ရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့ပါတယ်။
ယော့ချနန်သည် အာလင်တန်ရှိ တက္ကဆက်တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရရှိခဲ့ပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်ရှိ ဇီဝဆေးပညာအင်ဂျင်နီယာဌာနမှာလည်း စာသင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယခုလတွင် ကြာရှည်စွာဖြစ်ပွားနေသော ပဋိပက္ခတစ်ခု ပြန်လည်ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ သူ့ရဲ့ လုံခြုံရေးမူဝါဒနှင့်ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာတွင် ယော့ချနန်က "အချုပ်အခြာအာဏာပိုင်စိုးရေးဟာ ဦးစားပေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကယ်တင်ဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၃၂ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ ထိုင်းစစ်သား ၁၆ ယောက်၊ ထိုင်းအရပ်သားတယောက်နဲ့ ကမ္ဘောဒီးယားရှိ အရပ်သား ၁၅ ယောက်ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ နှစ်နိုင်ငံ နယ်စပ်‌မှာ ဒေသခံရှစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၁၇ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၁၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၈၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၄၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၀၀ ကျပ်
ဝယ်ဈေး - ၃၉၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၀ ကျပ်
ဝယ်ဈေး - ၃၀၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၀၀ ကျပ်
ဝယ်ဈေး - ၄၅၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၉ ကျပ်
ဝယ်ဈေး - ၉၅၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၈၃ ကျပ်
ဝယ်ဈေး - ၂၅.၁၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၉၄ ကျပ်
ဝယ်ဈေး - ၄၂.၈၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇ ကျပ်
ဝယ်ဈေး - ၂.၆၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၅ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၅၄ ကျပ်
ဝယ်ဈေး - ၂၅၈၈ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၇ ကျပ်
ဝယ်ဈေး - ၂၈၃၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၅ ကျပ်
ဝယ်ဈေး - ၅၀၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၉ ကျပ်
ဝယ်ဈေး - ၁၀၆၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

အနီကတ်အတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရတဲ့ ဒေါ့မွန်ကွင်းလယ်ကစားသမားဂျော့ဘ်ဘယ်လင်ဂမ်
==================

ဂျော့ဘ်ဘယ်လင်ဂမ်ဟာ ဒေါ့မွန်ရဲ့ ဖရိုင်းဘတ်နှင့်ပွဲစဉ်မှ အနီကတ်အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေကော်မတီရဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
ဂျော့ဘ်ဘယ်လင်ဂမ်ဟာ တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲရဲ့ ပွဲချိန် ၅၃ မိနစ်တွင် ဂိုးသမားဂရီဂေါ်ကိုဘယ်ရဲ့ အမှားမှ တဆင့် ဖီးလစ်ထရူရဲ့ ဂိုးသွင်းနိုင်မယ့်အခွင့်အရေးအား တားဆီးမှုကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယခုအခါ ဖရိုင်းဘတ်နှင့်ပွဲတွင် ၅ ပွဲမြောက်ပွဲထွက်ကစားခွင့်ရလာတဲ့ ဂျော့ဘ်ဘယ်လင်ဂမ်ကို ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်လာပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆန်းဒါးလန်းကွင်းလယ်ကစားသမားဟောင်းဟာ သောကြာနေ့ မိုချင်ဂလက်ဘတ်နှင့်ပွဲစဉ်အပြင် ဇန်နဝါရီလ ၉ ရက်နေ့ ဖရန့်ဖတ်နှင့် ဘွန်ဒက်စ်လီဂါပွဲစဉ်တို့အား လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်စတားဘယ်လင်ဂမ်ရဲ့ ညီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆန်းဒါးလန်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် နွေရာသီတွင် ကလပ်အမြောက်အမြားရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပေမယ့်လည်း အစ်ကိုဖြစ်သူရဲ့ ခြေရာကို နင်းကာ ဒေါ့မွန်သို့ ပြောင်းခဲ့ပါတယ်။
အသက် ၂၀ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ရာသီအစတုန်းက ဒေါ့မွန်တွင် နေရာရရှိရေး ရုန်းကန်ခဲ့ရပေမယ့်လည်း နည်းပြနီကိုကိုဗစ်လက်အောက်မှာတော့ ပုံမှန်ပွဲထွက်ကစားခွင့် ရလာခဲ့ပါတယ်။

image

အင်္ဂလန်စတားဟာဗေးဘန်းစ်ကို ၂၀၂၆ ကမ္ဘာ့ဖလားတွင် အသုံးပြုရန် စကော့တလန် ဆွေးနွေးနေ
=====================

စကော့တလန်ဟာ အင်္ဂလန်စတားဟာဗေးဘန်းစ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စကော့တလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဘန်းစ်ဟာ ဘန်လေတွင် မွေးဖွားပေမယ့်လည်း အမေဖြစ်သူဘက်မှ ဘိုးဘွားများကြောင့် စကော့တလန်အသင်းအတွက်လည်း ကစားခွင့် ရှိနေပါတယ်။
တောင်ပံကစားသမားဟာ ၂၀၂၀ ခုနှစ်တုန်းက ဝေးလ်နှင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် တစ်ပွဲကစားထားပြီး ဖြစ်ပေမယ့်လည်း စကော့တလန်အတွက် ကစားခွင့် ရှိပါသေးတယ်။
စကော့တလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက် ဟာဗေးဘန်းစ်က စကော့တလန်အသင်းအတွက် ကစားရန် တံခါးဖွင့်ပေးထားကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
ယခုအခါ စကော့တလန်အသင်းနည်းပြစတိဗ်ကလပ်ခ်က ဟာဗေးဘန်းစ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီးပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဟာဗေးဘန်းစ်ဟာ ယခု ၂၀၂၅-၂၆ ရာသီတွင် နယူးကာဆယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲ ၁၅ ပွဲလုံးတွင် ပါဝင်ကစားထားပါတယ္။ သူဟာ ၇ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရထားပေမယ့်လည်း မိနစ် ၇၂၀ အထိ ကစားခွင့်ရထားပါတယ်။
သူဟာ ဗုဒ္ဓဟူးနေည ဖူလ်ဟမ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပွဲထွက်လာဖို့ ရှိနေပါတယ်။

image

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီ ဆွတ်ခူး
====================

ပီအက်စ်ဂျီနှင့် ပြင်သစ်တိုက်စစ်သမားအူစမာနီဒမ်ဘီလီဟာ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးသွားပါတယ်။
စက်တင်ဘာလတုန်းက Ballon d'Or ဆွတ်ခူးခဲ့တဲ့ ဒမ်ဘီလီဟာ ၂၀၂၄-၂၅ ရာသီတွင် ပီအက်စ်ဂျီကို ဆုဖလား ၄ လုံး ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီးနောက် အင်္ဂါနေ့တုန်းက ကာတာတွင် ကျင်းပတဲ့ ဆုပေးပွဲတွင် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးလာခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်တွင် ပီအက်စ်ဂျီသို့ ရောက်လာတဲ့ ဒေါ့မွန်နှင့် ဘာစီလိုနာကစားသမားဟောင်းဟာ လူးဝစ်အန်းနရစ်ရဲ့အသင်းအတွက် ၅၃ ပွဲကစားရာမှာ ၅၁ ကြိမ်အထိ ဂိုးရရှိရာတွင်ပါဝင်ပတ်သက်ခဲ့ပါတယ်။
သူဟာ ဘာစီလိုနာရဲ့ လာမိန်းယာမဲလ်နှင့် ရီးရဲလ်မက်ဒရစ်ရဲ့ ကိုင်လီယန်ဘက်ပေးတို့အား ကျော်ဖြတ်ကာ ဆွတ်ခူးသွားခဲ့တာပါ။
ဒမ်ဘီလီဟာ ဗုဒ္ဓဟူးနေ့ ဖလာမင်ဂိုနှင့် ရင်ဆိုင်ကစားရမယ့် Intercontinental Cup ဖလားဗိုလ်လုပွဲမတိုင်မီ ဆုချီးမြှင့်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒီဆုကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း စွမ်းဆောင်ရည်အပေါ် မူတည်ပြီး လက်ရွေးစင်အသင်းနည်းပြ၊ လက်ရွေးစင်အသင်းခေါင်းဆောင်၊ ဂျာနယ်လစ်နှင့် ပရိသတ်များရဲ့ မဲဆန္ဒဖြင့် ရွေးချယ်တာလည်း ဖြစ်ပါတယ်။
ဖီဖာဟာ တစ်နှစ်တာအကောင်းဆုံးအသင်း ၁၁ ဦးကိုလည်း ရွေးချယ်ခဲ့ရာ ဒွန်နာရမ်မာ(မန်စီးတီး)၊ အာခရစ်ဖ်ဟာကီမီ(ပီအက်စ်ဂျီ)၊ ဝီလီယမ်ပါချို(ပီအက်စ်ဂျီ)၊ ဗာဂယ်ဗန်ဒိုက်(လီဗာပူး)၊ နူနိုမန်ဒက်စ်(ပီအက်စ်ဂျီ)၊ ကိုးလ်ပါလ်မာ(ချဲလ်ဆီး)၊ ဂျူ့ဘယ်လင်ဂမ်(ရီးရဲလ်မက်ဒရစ်)၊ ဗီတင်ဟာ(ပီအက်စ်ဂျီ)၊ ပီဒရီ(ဘာစီလိုနာ)၊ လာမိန်းယာမဲလ်(ဘာစီလိုနာ)၊ အူစမာနီဒမ်ဘီလီ(ပီအက်စ်ဂျီ)တို့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ပီအက်စ်ဂျီနည်းပြလူးဝစ်အန်းနရစ်က ဆွတ်ခူးသွားပါတယ်။
အသက် ၅၅ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ ပီအက်စ်ဂျီအား ပထမဆုံး ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့ပြီးနောက် လီဗာပူးရဲ့ အန်းဆလော့၊ ဘာစီလိုနာရဲ့ ဟန်ဆီဖလစ်တို့အား ကျော်ဖြတ်ကာ ဆွတ်ခူးလာပါတယ်။
ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို မန်စီးတီးဂိုးသမားဒွန်နာရမ်မာက ဆွတ်ခူးသွားပါတယ်။ ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီကို ဆုဖလား ၄ လုံး ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီပေးပြီးနောက် အလစ်ဆင်ဘက်ကာ၊ သီဘောက်ကော့တွိုက်စ်၊ ဒေးဗစ်ရာယာတို့အား ကျော်ဖြတ်ကာ ဆွတ်ခူးလာပါတယ်။
ဒါ့အပြင် ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးဆု Puskas Award ကို အင်ဒီပန့်ဒီးယန့်တောင်ပံကစားသမားဆန်တီယာဂိုမွန်တီရယ်က အင်ဒီပန့်ဒီးယန့် ရီဗာဒါဗီယာနှင့် အာဂျင်တီးနားအဆင့်မြင့်တန်းလိဂ်ပွဲစဉ်မှ ဂိုးဖြင့် ဆွတ်ခူးသွားခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ တောင်ပံကစားသမားဟာ ၁၈ ကိုက်စည်းအပြင်မှ Bicycle Kick ကန်ချက်ဂိုးဖြင့် ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
သူဟာ ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်အာဂျင်တီးနားကစားသမားဖြစ်လာပါတယ်။ သူ့မတိုင်မီ ၂၀၂၄ ခုနှစ်တုန်းက အလီဂျန်ဒရိုဂါနာချို ဆွတ်ခူးခဲ့ဖူးပါတယ်။

image
39 w - Translate

👌

image

E-Ticketing for Road Construction Market Set for Significant Growth, Revolutionizing the Construction Industry

The E-Ticketing for Road Construction market is on the verge of transformation as digital technologies continue to reshape the landscape of infrastructure projects. The global market for e-ticketing systems in road construction is expected to grow from USD 150 million in 2023 to USD 450 million by 2030, at a compound annual growth rate (CAGR) of 16.2% during the forecast period. This market growth is driven by the increasing need for efficiency, transparency, and cost reduction in road construction projects.
Read Full Research Study: https://marketintelo.com/repor....t/e-ticketing-for-ro