5 w - Translate

အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Tandooreh အမျိုးသားဥယျာဉ်မှာ Aras Cypress ဟာ အချိန်ရဲ့ သက်ရှိအထိမ်းအမှတ်အဖြစ် ရပ်တည်နေပါတယ်။
နှစ်ပေါင်း ငါးထောင်နီးပါး သက်တမ်းရှိပြီလို့ ခန့်မှန်းရတဲ့ ဒီရှေးဟောင်းသစ်ပင်ဟာ အင်ပါယာတွေရဲ့ ထွန်းကားမှုနဲ့ ပျက်စီးမှု၊ ကြီးမားတဲ့ ရာသီဥတုအပြောင်းအလဲတွေနဲ့ သူ့ရဲ့အရိပ်အောက်မှာ နေထိုင်ခဲ့ကြတဲ့ လူပေါင်းများစွာကို တိတ်ဆိတ်စွာ မျက်မြင်တွေ့ခဲ့ရပါတယ်။
ဒီသစ်ပင်ရဲ့ ကြံ့ကြံ့ခံနိုင်မှုဟာ သူ့ကို သဘာဝအံ့ဩစရာတစ်ခုသာမက ဒေသရဲ့သမိုင်းနဲ့ နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ရတနာတစ်ခုလည်း ဖြစ်စေပါတယ်။
ဆိုက်ပရပ်စ်ပင်ဟာ ပါရှန်ယဉ်ကျေးမှုမှာ ထာဝရတည်မြဲခြင်း၊ ခံနိုင်ရည်ရှိခြင်းနဲ့ အကာအကွယ်ပေးခြင်းတို့နဲ့ ဆက်နွှယ်နေတဲ့ မြင့်မြတ်တဲ့အမှတ်အသားတစ်ခုအဖြစ် ရပ်တည်ခဲ့တာ ကြာပါပြီ။ ရှေးပါရှန်လူမျိုးတွေက ဆိုက်ပရပ်စ်ပင်တွေကို ခွန်အားနဲ့ ကျက်သရေရှိခြင်းရဲ့ အမှတ်သညာအဖြစ် သတ်မှတ်ခဲ့ကြပြီး ဒါကြောင့်လည်း သူတို့ရဲ့ကဗျာတွေ၊ ဥယျာဉ်တွေနဲ့ ဗိသုကာလက်ရာတွေမှာ မကြာခဏဆိုသလို ပုံဖော်ခဲ့ကြပါတယ်။
နှစ်ပေါင်းငါးထောင်နီးပါးကြာအောင် Aras Cypress သစ်ပင်ရှင်သန်ခဲ့တာဟာ သဘာဝရဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ရာမှာ ခံနိုင်ရည်ရှိမှုကို ဖော်ညွှန်းတဲ့ ဒီအမှတ်အသားကို အပြည့်အဝ ထင်ဟပ်စေပါတယ်။
ယနေ့မှာတော့ Aras Cypress ကို ပန်းခြံအတွင်းမှာ ဂရုတစိုက် ထိန်းသိမ်းထားရှိပြီး လာရောက်လည်ပတ်သူတွေနဲ့ သုတေသီတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ လူအများစုအတွက် ဒီလိုသစ်ပင်တစ်ပင်ရှေ့မှာ ရပ်နေခြင်းဟာ ရှေးဟောင်းကမ္ဘာသို့ တံတားတစ်ခုရှေ့မှာ ရပ်နေရသလို ခံစားရပြီး လူသားတို့ရဲ့အတိတ်သမိုင်းကို တိတ်ဆိတ်စွာ မှတ်တမ်းတင်ခဲ့တဲ့ သက်ရှိတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါဟာ သဘာဝရဲ့စွမ်းအား၊ သက်တမ်းရှည်မှုနဲ့ ဒီလိုအစားထိုးမရနိုင်တဲ့ ရတနာတွေကို အနာဂတ်မျိုးဆက်တွေအတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်ဆိုတာကို သတိပေးနှိုးဆော်နေပါတယ်။

image
5 w - Translate

စားတော်ကဲကို တလုတ်ကြီးက မ, သွားတော့မယ် မိဖုရားလင်မယား ယုတ်မာတာနေမှာ

image

မနက်နိုးရင် ခနွာကိုယ်တွေတအားညောင်းကိုက်နေတာပဲ
ဘယ်လိုဖြစ်မှန်းကိုမသိဘူး

image

🐪ဒူဘိုင်းမှာအလှ‌ေမွးထားခံရသောအခါ😍🐟

image

ပီးရင် သူအယွဆုံး**🙄

image

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀-၉-၂၀၂၅ ရက်နေ့ ၀၉:၀၀နာရီအချိန်တွင် ရေကြီးခြင်း သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်

image

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀-၉-၂၀၂၅ ရက်နေ့ ၀၉:၀၀နာရီအချိန်တွင် ရေကြီးခြင်း သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်

image

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀-၉-၂၀၂၅ ရက်နေ့ ၀၉:၀၀နာရီအချိန်တွင် ရေကြီးခြင်း သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်

imageimage

#နတ်ပြည်ကို_အထင်မကြီးနဲ့
~~~~~~~~~~~~~~~~~~~~
ဆားတောင်ဆရာတော်ကြီး အနာဂါမ် ဖြစ်ပြီးတဲ့နောက် တစ်ညမှာ နတ်သားတစ်ပါးက ဆရာတော်ကြီးကို လာရောက် ဖူးမျှော်ပါတယ်။
#ဆရာတော်
- ဘာကိစ္စကြောင့် လာသနည်း ?
#နတ်သား
- မှန်လှပါ၊ လူ့ဘဝက တော်စပ်ခဲ့ဘူးသော ဆရာတော်၏ မယ်တော် ဖြစ်ကြောင်းပါ ဘုရား။
#ဆရာတော်
- ဘယ်ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်သနည်း ?
#နတ်သား
- မှန်လှပါ၊ လူ့ဘ၀မှ စုတေရာ ပြိတ္တာဘုံသို့ ရောက်ရှိကြောင်း၊ သားတော် ဆရာတော်၏ နေ့စဉ် ပို့သသော မေတ္တာ၊ ပေးဝေသော အမျှကို ရသဖြင့် ဝဋ်ကြွေးများ ကြေကုန်ရာ ယာမာနတ်ပြည်သို့ ရောက်ရှိပြီး နတ်သား ဖြစ်နေကြောင်း လျှောက်ထားလေသည်။
ယခုဘ၀ မယ်တော်က လျှောက်ထား၍ သူ၏ မေတ္တာအားကြောင့် နတ်သားဖြစ်ကြောင်း သိရသဖြင့် ဆရာတော်ကြီးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတော့သည်။
#ဆရာတော်
- ဒါယကာကြီး၊ တရား အားထုတ်ပါလား။ တရား အားထုတ်ရင် သံသရာကနေ လွတ်မြောက်နိုင်ပါတယ်။
#နတ်သား
- မှန်လှပါ ဘုရား။ တရားကို ကြိုးစားပြီး အားထုတ်လျှင် တရားထူးရနိုင်မှန်း သိသော်လည်း အရှင်ဘုရားထံ ရောက်ရှိစဉ်သာ တရားကို သတိရပြီး နတ်ပြည်သို့ ပြန်ရောက်လျှင် ကိလေသာအာရုံ အလွန်များသဖြင့် တရားကို သတိမရ၊ အားမထုတ်နိုင်ကြောင်း လျှောက်ထားပါသည်။
နတ်ပြည်ရောက်မှ တရား အားထုတ်ဖို့ စိတ်ကူးထားသူများ သတိပြုဖွယ် ကောင်းလှပါ၏။
🙏ဆားတောင်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိနှင့် ကိုယ်တွေ့ ဖြစ်ရပ်ဆန်းများ🙏

image
5 w - Translate

ရေဝက်’ မျိုးမပျောက်ရေး ပူးပေါင်းပါဝင် ကူညီပေး
*****************************************
ပင်လယ်ရေနေ နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြသော မြန်မာနိုင်ငံရှိ လောင်းမန်းနုတ်သီးပါ ဝေလငါး၊ ကျောဘို့ပါလင်းပိုင်၊ ကြောင်လိမ်ဂျွန်းထိုးလင်းပိုင်၊ အပူပိုင်းဒေသ လင်းပိုင်ပြောက်၊ ပုလင်းနှုတ်သီးလင်းပိုင်၊ ဧရာဝတီလင်းပိုင်၊ ကျောရေယက်မဲ့လင်းရှူး နှင့် ရေဝက်မျိုးစိတ်များမှာ မျိုးသုဥ်းရှားပါးရေနေ နို့တိုက်သတ္တဝါ စာရင်းတွင် ပါဝင်နေပါသည်။
ယင်းတို့အထဲမှ ပင်လယ်နို့တိုက်သတ္တဝါမျိုးနွယ်စိတ်များထဲတွင် မျိုးသုဥ်းရှားပါးစာရင်းဝင်ဖြစ်နေသည့် ရေဝက် ( Sea cow or Manatee) မှာ ယခုအခါ အကြောင်း အမျိုးမျိုးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ပိုမိုခံနေရပါသည်။
ရေဝက်မျိုးစိတ်တို့သည် အင်ဒိုပစိဖိတ်ဒေသ၊ အပူပိုင်းနှင့် သမအပူပိုင်းဒေသများရှိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းတွင်နေထိုင်ကျက်စားကြသည်။
သမအပူပိုင်း ကမ်းရိုးတန်းဒေသတစ်လျှောက် အာဖရိကတိုက်တောင်ပိုင်း၊ ပင်လယ်နီဒေသ၊ ပါရှန်းပင်လယ်အော်အတွင်း သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ ပစိဖိတ်ပင်လယ်အတွင်းမှ ကျွန်းများ၊ ဂျပန်နိုင်ငံ၊ ကျူရှူးကျွန်း၊ သြစတြေးလျတိုက်တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသများတွင် နေထိုင်ကျက်စားကြပါသည်။
ရေဝက်များကို လူသားတို့က သတ်ဖြတ်ကာ အဆီ၊ အသား၊ အရိုးနှင့် အရေခွံရယူမှုတို့ကြောင့် ယနေ့အချိန်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်လာခဲ့ရခြင်းဖြစ်သည်ကို တွေ့ရှိလာရသည်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ထို့ပြင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် အပူချိန် မြင့်မားမှု၊ ပင်လယ်ရေထုညစ်ညမ်းမှုတို့ကလည်း ၎င်းတို့ အသက်ရှင်ရပ်တည်မှုအတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိနေသည်။
တစ်ဆက်တည်းမှာပင် ကမ်းရိုးတန်းသွား သင်္ဘောကြီးများ၏ အန္တရာယ်နှင့် ငါးဖမ်းသင်္ဘောများ၏ အန္တရာယ်များကလည်း ၎င်းတို့၏ မျိုးဆက်ပျက်သုဉ်းမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ကြောင့်လည်း ရေဝက်များကို ကာကွယ်စောင့်ရှောက်ပေးရန် သက်ဆိုင်ရာနိုင်ငံများက ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လာကြသည်။
ရေဝက်မျိုးစိတ်ဝင်အားလုံးလိုလိုမှာ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် (CITES) တွင် ပါဝင်ပြီး အန္တရာယ်ကျရောက်နေသော မျိုးစိတ်စာရင်းတွင် ပါဝင်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေနို့တိုက်သတ္တဝါများအား ထိန်းသိမ်း ကာကွယ်နိုင်ရန်ကိစ္စ နှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၁၈) နှင့် ညွှန်ကြားချက်အမှတ် (၅/၂၀၂၂)တို့ကို ထုတ်ပြန်၍ မျိုးသုဥ်းရှားပါး ရေနေနို့တိုက်သတ္တဝါများအား တစ်ကောင်လုံးသော်လည်းကောင်း၊ ယင်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသော်လည်းကောင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရ ဖြစ်စေခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ထောက်ခံချက်မပါဘဲ ပြည်ပသို့ တင်ပို့ခြင်းများ မပြုလုပ်ကြရန်၊ မတော်တဆအသက်ရှိလျက် ဖမ်းဆီးရမိပါက အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ညွှန်ကြားချက်အားလိုက်နာရန် ပျက်ကွက်ပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားထားရှိပြီး ဖြစ်ပါသည်။
ရေဝက်များကို ကမ်းခြေတွင် ပိုက်ဝမ်းပူများ (ကမ်းဆွဲပိုက်များ)၊ လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊ မျှောပိုက်များဖြင့်တော့ တစ်ခါတစ်ရံသာ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။
ပင်လယ်မြက်ခင်းပြင်များအတွင်းရှိ ထောင်ထားသော လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊ မျှောပိုက်များနှင့်တော့ အများဆုံးငြိတွယ်မိပြီး သေဆုံးတတ်ကြသည်။
ပင်လယ်ပြင်အတွင်းသို့ အမှိုက်များ စွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး ၎င်းတို့ဂေဟစနစ်နှင့် မူရင်းဒေသများ ပျက်စီးခြင်း၊ ပင်လယ်မြက်ခင်းများအပေါ် နုန်းနှင့် အနည်အနှစ်များ ဖုံးလွှမ်းခြင်းကြောင့် ပင်လယ်မြက်ခင်းများ ပျက်စီးသွားခြင်းတို့ကလည်း ရေဝက်များရှင်သန်မှုအပေါ် ထိခိုက်နေပါသည်။
ရှားပါးမျိုးစိတ်ဝင် ရေဝက်များကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်ပါသောကြောင့် မျိုးမသုဥ်းစေရေးအတွက် အဖက်ဖက်မှ ပူးပေါင်းပါဝင်ကူညီပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

image