ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
vivo ဖုန်း Review ရင် ဘလိမ်းစရာပျောက်ပြီ 😂
.
vivo ကနေ OriginOS 6 ကို Global အတွက် မိတ်ဆက်လိုက်ပြီး လာမယ့် နိုဝင်ဘာလအတွင်းမှာ စတင်ပြီး vivo V60 | X200 Series | X Fold 5 လိုဖုန်းတွေမှာ အစောဆုံး Stable Update အနေနဲ့ ထုတ်ပေးတော့မှာဖြစ်ပါတယ်။
ဒီမှာ ကျွန်တော်တို့အတွက် အဓိကမျှော်လင့်နေတာက မြန်မာ Font သေးနေတဲ့ ပြဿနာကို အခု OriginOS 6 မှာ ဖြေရှင်းလိုက်ပြီလားဆိုတာပါ။
အဖြေက - vivo ကနေ OriginOS 6 Update မှာ မြန်မာ Font ပြဿနာကို လုံးဝ ဖြေရှင်းပေးလိုက်ပါပြီ
ဘယ်လိုမျိုးဖြေရှင်းလိုက်သလဲဆိုရင် OriginOS 6 မှာ vivo Sans Font အသစ်ကို ထည့်သွင်းအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။
vivo Sans Font ဆိုတာက ဘာသာစကားပေါင်း ၃၇၈ ခုအထိ ထောက်ပံ့ပေးနိုင်တယ်။ အဲ့အပြင် System Language အနေနဲ့ အမျိုး ၄၀ ကျော်သတ်မှတ်ထားနိုင်မယ်။ Font တွေက Dynamic ဖြစ်သွားလို့ Font Size တွေ၊ Stroke တွေကို လုံးဝအသေးစိတ်ပြောင်းလဲလို့ရမယ်။ စာဖတ်လို့ ပိုပြီးအဆင်ပြေသွားပြီ။
ပြီးတော့ vivo ဘက်ကနေ Burmese | Thai | Khamar နိုင်ငံတွေအတွက်ပါ သီးသန့် vivo Sans Font တွေကိုပါ ထပ်ပြီး ထုတ်ပေးထားတယ်။ အခုအောက်က ပုံမှာ သုံးထားတဲ့ Font တွေအကုန်လုံးက vivo Sans MYA VF (Myanmar Font) ကို သုံးပြီး ရေးထားတာပါ။
အဓိပ္ပါယ်က vivo Sans Font ရှိသွားတဲ့အတွက် အရင်ကလိုမျိုး English စာလုံးနဲ့ ယှဥ်ရင် မြန်မာစာလုံးတွေသေးနေတာမျိုးက OriginOS 6 မှာ ရှိတော့မှာမဟုတ်ပါဘူး။ လုံးဝ vivo ကနေ ဖြေရှင်းပေးလိုက်ပါပြီ။
vivo ကနေ OriginOS 6 Update ကို ၂၀၂၆ အတွင်းမှာ vivo V30 Series ဖုန်းတွေအထိ Software Update ထုတ်ပေးသွားမယ်လို့လည်း ဆိုထားတယ်။ ဆိုတော့ vivo ဖုန်းတွေရဲ့ အဓိကအားနည်းချက်က လုံးဝ ပျောက်သွားပြီလို့ ပြောလို့ရပါပြီ။
*တကယ်က တခြားဖုန်းတွေမှာ မဖြစ်တဲ့ပြဿနာတစ်ခုကို အခုမှ ဖြေရှင်းပေးတာပဲဆိုပေမယ့် နောက်ဆုံးတော့ vivo ဖုန်းတွေမှာ Software နဲ့ မြန်မာ Font ကြောင့် မဝယ်ချင်ဘူးဆိုတာမျိုး ပျောက်သွားတာကတော့ User တွေအတွက် ပိုကောင်းသွားတာပေါ့...။