16 w - Translate

door stopper
🚪တံခါးခုရာဆီလီကွန်အကြည်တုံး🪟🪜 Furniture Leveling Wedges & Toilet Shims 🛠️
စျေးနုန်း ၁၀၀၀၀ကျပ်။
လှပပြီး တည်ငြိမ်မှုအပြည့် Furniture & Toilet Leveling Shims!
✅ Anti-Slip Design – နှစ်ဖက်လုံးမှာ ribbed design ပါဝင်ပြီး မတည့်တဲ့ကြမ်းပြင်ပေါ်မှာတောင် furniture ကိုတည်ငြိမ်စေပါတယ်။
✅ Quality Resin Material – တာရှည်ခံပြီး မကွဲလွယ်၊ မပျက်လွယ်တဲ့ PVC resin ဖြင့်ပြုလုပ်ထားပါတယ်။
✅ Multi-Purpose Use – တစ်ခုထဲနဲ့ table, sofa, toilet, door, window စသည်တို့ကို level ပြုလုပ်နိုင်ပါတယ်။
✅ Easy Installation – furniture ကိုအနည်းငယ်မြှောက်ပြီး wedge ကိုထည့်လိုက်ရုံပါပဲ။
📦 Package Includes – 4 pcs Table Shims
📐 Size – 4.8x2.8x1cm
📌 Material – PVC (Transparent, bendable, strong)
📣 အသုံးဝင်တဲ့နေရာများ
📚 Bookcase, 🪑 Table, 🚪 Door, 🪟 Window, 🚽 Toilet, 🏠 Shed, 📬 Mailbox Post
📞 After-Sale Support – မေးခွန်းများရှိပါက တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔍
#furnitureleveling #toiletshims #antislipwedges #pvcshims #homeimprovement #tableleveler #doorfix #windowleveler #myanmarsale #အိမ်သုံးပစ္စည်း #levelingtools

လောင်းကစားလှုံ့ဆော်သည့် ဘောလုံး Streamers ၁၈ ဦး ထိုင်းရဲဖမ်းဆီး၊ လောင်းသူများ တစ်လ ဘတ် သန်း ၂၀၀ ဆုံးရှုံးရဟု ထုတ်ပြန်

အောက်တိုဘာ ၉

ထိုင်းနည်းပညာ မှုခင်းနှိမ်နင်းရေး ဌာနခွဲ (TCSD) တာဝန်ရှိသူများသည် နိုင်ငံအတွင်း ဘောလုံးပွဲ လောင်းကစားနှင့်ပတ်သက်ပြီး တရားမဝင်စည်းရုံးနေသော ဘောလုံး Streamers ၁၈ ဦးအား ဖမ်းဆီးလိုက်ကြောင်း အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရွိုင်အတ်၊ နွန်သာဘူရီ၊ ပသမ်ဌာနီ၊ ဆမွတ်ပရာကန်နှင့် ဘန်ကောက်ရှိ ၆ နေရာကို စီးနင်းဖမ်းဆီးရာ ကွန်ပျူတာ ၉ လုံး၊ ဖုန်းနှင့်တက်ဘလက် ၁၂ လုံး၊ မိုက်ကရိုဖုန်း၊ ထုတ်လွှင့်ရေးကိရိယာများနှင့် ဘတ် ၁၀ သိန်းတန် အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ယင်း Streamers များသည် ဘောလုံးပွဲများကို တရားမဝင် တိုက်ရိုက်ထုတ်လွှင့်ပြသသလို အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက်များတွင် လောင်းကစားမှုပြုရန် လမ်းညွှန်မှုများပါ လုပ်ဆောင်ကာ အခကြေးငွေ ယူခဲ့ကြောင်း၊ တစ်ပွဲထုတ်လွှင့်စည်းရုံးခ ဘတ် ၁၀၀၀ မှ ၂၀၀၀ အထိရသည့်အပြင် လောင်းကစားဝက်ဘ်ဆိုက်များထံ လောင်းကစားပြုရန် ညွှန်ကြားမှုများထဲမှ တစ်ယောက်ကို စည်းရုံးနိုင်လျှင် အပိုဘောနပ်စ် ဘတ် ၁၀၀ ပါ ထပ်ရရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

တချို့သော တရားမဝင် တိုက်ရိုက်ပြသသည့်ပွဲများတွင် ကြည့်ရှုသူ ၁ သန်းကျော်အထိ ရှိကာ ဘရာဇီးကလပ် ဆော်ပေါ်လိုပွဲကိုပင် တင်ဆက်သုံးသပ်မှုများလုပ်ကြောင်း၊ တစ်လ တစ်လ ၎င်းတို့ စည်းရုံးမှုကြောင့် ဘောလုံးပွဲလောင်းကစားလုပ်သူများ စုစုပေါင်း အရှုံးပေါ်မှုသည် ဘတ်သန်း ၂၀၀ ဝန်းကျင်ရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သွားခဲ့သည်။

Ref:Thesun

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

ဘရန့်ဖို့ဒ် COO အား ခန့်အပ်ရန် ယူနိုက်တက် သဘောတူညီမှု ရရှိလာ

အောက်တိုဘာ ၉

ဘရန့်ဖို့ဒ် COO (Chief Operating Officer) အေမီးရှ်မာနစ်ခ်ဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

အာဆင်နယ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မာနစ်ခ်ဟာ ယူနိုက်တက်သို့ ယခုအပတ်တွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လာမှာလည်း ဖြစ်ပါတယ်။

သူဟာ ဒေးဗစ်ဟာရစ်ဆင် ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ ယူနိုက်တက် ဘောလုံးဒါရိုက်တာရာထူးသစ်အား ရယူလာပါမယ်။

မာနစ်ခ်ဟာ ယူနိုက်တက်ရဲ့ ခရီးသွားလာရေး၊ ကစားသမားများအား ထောက်ပံ့ရေး၊ အသင်းရဲ့ ကိစ္စရေးရာများကို ဦးဆောင်လုပ်ဆောင်ရပါမယ်။

သူဟာ ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ရဲ့ လက်အောက်တွင် တာဝန်ထမ်းဆောင်လာရမှာလည်း ဖြစ်ပါတယ်။

မာနစ်ခ်ဟာ ဘရန့်ဖို့ဒ်တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာဒါရိုက်တာအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဇူလိုင်လတုန်းက COO အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သူဟာ ဘရန့်ဖို့ဒ်တွင် တာဝန်ထမ်းဆောင်စဉ်တုန်းက စီမံအုပ်ချုပ်ရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့ရပေမယ့်လည်း ယူနိုက်တက်မှာတော့ အမျိုးသမီးအသင်း၊ အမျိုးသားအသင်းတို့အတွက် ဘောလုံးရေးရာကိစ္စရပ်များကို လုပ်ဆောင်လာရပါမယ်။

သူဟာ ဘရန့်ဖို့ဒ်သို့ မပြောင်းမီ အာဆင်နယ်တွင် ပထမအသင်း Football Operations အကြီးအကဲအဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်တုန်းက ပဲလေ့စ်နှင့် အာဆင်နယ်ပွဲ ပထမပိုင်းအပြီးတွင် ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်၊ ဂျွန်မော့စ်တို့နှင့် ပြဿနာတက်ခဲ့မှုကြောင့် ပေါင် ၈၀၀၀ ဒဏ်ရိုက်ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်း နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

imageimage

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်အဖြစ် MFF ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခံရ

အောက်တိုဘာ ၉

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီ (FIFA Youth Boy's Competitions Committee ) အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင် မြင့်ဝေ ရွေးချယ်ခံရကြောင်း MFF ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေးတွင် ရွေးချယ်ခံခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီတွင် ဖီဖာကောင်စီဝင် အဖြစ် ဆိုက်ပရပ်စ်နိုင်ငံ မှ ဂျော်ဂျီယိုစ့် ခူးမက်စ် ၊ ကော်မတီ ဥက္ကဌအဖြစ် ဘီနင်နိုင်ငံ မှ မက်သရူး ဒီချားစ်ကပ်နှင့် နိုင်ငံတကာ အဖွဲ့ဝင် (၂၃) ဦးပါဝင်ကာ ဦးထိပ်ခွန်နောင်မြင့်မှာ အဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ် မှ ၂၀၂၉ ခုနှစ်အထိတာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီ အဖွဲ့ဝင် ၊ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ကလျာဇော်ကိုလည်း ဖီဖာ အမျိုးသမီး ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (FIFA Women's Football Development Committee) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ဖီဖာ၏ အမျိုးသမီး ဘောလုံးတိုးတက်ရေး ကော်မတီတွင် နိုင်ငံတကာ အဖွဲ့ဝင် (၂၅) ဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပြင်သစ်နိုင်ငံမှ Laura Georges ၊ ဒုဥက္ကဌအဖြစ် ဗဟိုအာဖရိကနိုင်ငံမှ Olive Dol-Somse တို့ပါဝင်ကြကြောင်းနှင့် ဒေါ်ကလျာဇော်အနေဖြင့် ၂၀၂၅ မှ ၂၀၂၉ခုနှစ်အထိ အဖွဲ့အဝင်အဖြစ် တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnayptitaw

imageimage

ဆာလက်ရဲ့ ၂ ဂိုးနဲ့ အီဂျစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်

အောက်တိုဘာ ၉

အီဂျစ်အသင်းဟာ အသင်းခေါင်းဆောင် ဆာလက်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဂျီဘူတီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အီဂျစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)မှာ အုပ်စုပွဲစဉ် တစ်ပွဲကစားဖို့ ကျန်ရှိသေးပေမယ့် ဒီနိုင်ပွဲကြောင့် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဘာကီနာဖာဆိုအသင်းကို ၅ မှတ်အထိဖြတ်ကာ ဦးဆောင်နိုင်ခဲ့ တာပါ။

အဲဒါကြောင့် အီဂျစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာဖြစ်ပါတယ်။

အီဂျစ်အသင်းဟာ မော်ရိုကို၊ တူနီးရှားအသင်းတို့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်တဲ့ တတိယမြောက် အာဖရိကအသင်း ဖြစ်လာခဲ့ပါတယ်။

အီဂျစ်အသင်းဟာ အာဖရိကဖလားကို စံချိန်တင် ၇ ကြိမ်အထိ ရရှိထားပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်သာ ယှဉ်ပြိုင်ထားဖူးပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်းပွဲစဉ် ၃ ပွဲစလုံး အရေးနိမ့်ခဲ့ တာပါ။

အီဂျစ်အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုတွင်း ကျော်ဖြတ်ပြီး အကောင်းဆုံးရလဒ် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အာဖရိကအသင်း တစ်သင်းဖြစ်တဲ့ ကိတ်ဗာဒီအသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ကိတ်ဗာဒီအသင်းဟာ လစ်ဗျားအသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး အနိုင်ရမယ့်အခွင့်အရေး ငြင်းပယ်ခြင်း ခံခဲ့ရတာ ကြောင့် အုပ်စုနောက်ဆုံး ပွဲစဉ်အထိ စောင့်ဆိုင်းရတော့မှာပါ။

ကိတ်ဗာဒီအသင်းဟာ အုပ်စုတွင်းမှာ ကင်မရွန်းအသင်းကို ရမှတ် ၂ မှတ်အသာရပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန်ခြေစစ်ပွဲမှာ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်း ၉ သင်းဟာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး ဒုတိယရတဲ့ အသင်းတွေထဲမှာ အကောင်းဆုံး ၄ သင်းက နောက်ထပ်အဆင့်ယှဉ်ပြိုင်ရမှာပါ။

အနိုင်ရတဲ့ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်နေရာအတွက် ပလေးအော့ဖ်အဆင့် ထပ်ပြီး ယှဉ်ပြိုင် ရဦးမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဆာလက်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

သိန္နီက တရုတ်၏ အာမခံပေးမှုဖြင့် အပေးအယူ တည့်သွားနိုင်

အောက်တိုဘာ ၉

ကိုးကန့်တပ်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သည် တရုတ်၏ အာမခံ ပေးမှုဖြင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်တို့ကြား အပေးအယူ တည့်သွားနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

မြန်မာ့တပ်မတော်နှင့် တရုတ်တို့သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အဓိကထား ဦးတည်ကာ နယ်မြေ ပြန်လည် စိုးမိုးနိုင်ရေး ဆောင်ရွက်နေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် သိန္နီမြို့ကို သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

သိန္နီမြို့ကို ပြန်လည် ရရှိရေးအတွက် တိုက်ပွဲဖြင့် ဖြေရှင်းကြမည့် သဘောမရှိကြောင်း၊ တရုတ်ဘက်မှ MNDAA အပေါ် “ဝ” ကဲ့သို့ အနေအထားမျိုး ထိန်းချုပ်လုပ်ပိုင်ခွင့် အာမခံပေးမည်ဆိုပါက အပေးအယူတည့်သွားနိုင် ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်ဆယ်တော့ တိုက်ပွဲနဲ့ ရှင်းမယ့် သဘောတော့ မရှိပါဘူး။ တပ်မတော်ဘက်ကလည်း တိုက်ပြီးတော့ ညှိလို့ယူလို့ ရမယ့်ဟာကို တိုက်ယူမယ်ဆိုရင် အလကား လူနာတာပေါ့လေ။ ပစ္စည်းပစ္စယ၊ ရုပ်ဝတ္တု ပစ္စည်း ရှုံးတာပေါ့။ ဒါကြောင့် လားရှိုးလိုပဲ ညှိပြီးတော့ ဖြစ်သွားမယ်ထင်ပါတယ်။ တရုတ်ကတော့ တစ်ခုတော့ အာမခံရမှာပေါ့။ “ဝ” လို အနေအထားမျိုး သူ့ရဲ့ ကုန်းကြမ်းနဲ့ လောက်ကိုင်ဘက်က “ဝ” လို အနေအထားမျိုး လောက် ထိန်းချုပ်မှု ပေးထားမယ်ဆိုရင်တော့ လုပ်ပိုင်ခွင့် ရမယ်ဆိုရင်တော့ အပေးအယူ တည့်သွားရင်တော့ ပြန်ပေးနိုင်ပါတယ်။ ဒါပေမယ့် တပ်ဘက်ကတော့ အာမခံ ပေးရမှာပေါ့။ သူတို့နယ်မြေကို သူတို့ကောင်းကောင်း ထိန်းချုပ်နိုင်အောင် ခွင့်ပြုထားရမယ့် သဘောတော့ ရှိတယ်။ “ဝ” တောင်မှ ပေးထားတာပဲ။ တခြားလူလည်း “ဝ” လောက် နီးနီး သူပေးလည်း ဘာမှမရှုံးပါဘူး။ ဒါပေမယ့် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မြို့တွေကတော့ တရုတ်ကလည်း ပြန်လိုချင်တယ်၊ တပ်ကလည်း ပြန်လိုချင်တာကို။ ဘာကြောင့်ဆို ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေတာကို” ဟု ပြောသည်။

ပြီးခဲ့သည့် ၂ လအတွင်း သိန္နီမြို့ အုပ်ချုပ်ခွင့်ရရှိရေးနှင့်ပတ်သက်ပြီး MNDAA နှင့် မြန်မာ့တပ်မတော်ကြား တွေ့ဆုံ ညှိနှိုင်းမှု ၅ ကြိမ်အထိ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သိန္နီမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများအတွက် အခရာကျသည့် မြို့တစ်မြို့ဖြစ်သည်။

သိန္နီခရိုင်အတွင်း မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် MNDAA ၏ အခွန်ဌာနက စစ်ဆေးရေးဂိတ် ၆ ခုဖွင့်ထားပြီး ကုန်စည်များ ၂၄ နာရီ ဖြတ်သန်း ကုန်သွယ်နိုင်အောင် ဆောင်ရွက်ထားကြောင်း MNDAA က ဩဂုတ်လ၌ ထုတ်ပြန်ထားသည်။

သိန္နီမြို့သည် MNDAA အတွက် ခံတပ် တစ်ခုကဲ့သို့ အနေအထားသာရှိပြီး နိုင်ငံရေး အာမခံချက် ရရှိပါက သိန္နီမြို့ ကို ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ရခြင်းသည် ၎င်းအတွက် မနစ်နာကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သိန္နီကတော့ ကိုးကန့်အတွက် သိပ် သူ့ဒေသနဲ့ ကြည့်ရင်တော့လေ ရှေ့ထုတ်ထားတဲ့ ခံတပ်လို ဖြစ်နေတာ ပေါ့။ နောက်ပိုင်းတွေ အေးအောင် ရှေ့ကို ကင်းထုတ်ထားတဲ့ သဘောပါပဲ။ ကိုးကန့်အနေနဲ့ သိန္နီက ပြန်ထွက်ပေး လည်း သူ့နိုင်ငံရေး အာမခံချက် ရှိရင်တော့ သူ့အတွက် ဘာမှ မနာပါဘူး။ နိုင်ငံရေး အာမခံချက်၊ နိုင်ငံရေး အခွင့် အရေး ကောင်းကောင်း ပြည့်ပြည့်ဝဝ ရဖို့ပဲ လိုတာပေါ့။ MNDAA ဘက်က နိုင်ငံရေး အခွင့်အရေးပေါ့လေ။ ဘယ်လောက် ထပ်ရမလဲ၊ သူတို့ရဲ့ ထိန်းချုပ်နယ်မြေ ဘယ်လောက် ခိုင်မာမလဲပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီး‌ တော့ သိန္နီနဲ့ အပေးအယူ လုပ်မယ်ထင်တယ် ကြည့်ရတာတော့။ တိုက်တော့ တိုက်မယ့်ပုံ မပေါ်ဘူး။ ဘာကြောင့် လဲဆိုတော့ အပစ်ရပ်ထားပြီ သူတို့နှစ်ဖွဲ့ကတော့ နဂိုကတည်းက အပစ်ရပ်ဖို့ သဘောတူ ပြီးသားဆိုတော့ ညှိပြီး တော့ပဲ သွားမယ့်သဘောရှိတယ် သိန္နီကိစ္စကတော့” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက သိန္နီမြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့သည်။

မြန်မာ့တပ်မတော်၏ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကိုမူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဩဂုတ်လ၌ MNDAA မှ သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် လားရှိုးမြို့ကို တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် MNDAA သည် မြန်မာ့တပ်မတော်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းက အကြီးဆုံး ကုန်သွယ်ဂိတ်ဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်က ဒုတိယအကြီးဆုံးဂိတ်ဖြစ်ကြောင်း၊ ထိုကုန်သွယ်ရေး စခန်းနှစ်ခုလုံးကို သွားရန် အတွက် သိန္နီမြို့ကို မဖြစ်မနေ ဖြတ်သန်းရကြောင်း သိရသည်။

မြန်မာ့တပ်မတော်သည် လားရှိုးမြို့ကို ပြန်ရခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်အထိ ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်ပွင့်ရန်အတွက် သိန္နီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ TNLA ထိန်းချုပ်ထားသော ကျောက်မဲနှင့်နောင်ချိုမြို့များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် အောက်တိုဘာလများက ပြန်လည်သိမ်းပိုက်ထားပြီး ဖြစ်သည်။

ထို့နောက် သီပေါမြို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

Credit - Central News Independence News Agency

#သတင်းဟင်းလေးအိုးကြီး

image

အသားကင်၊ အကြော်အမျိုးမျိုး နဲ့ ဘာနဲ့တွဲစားစား စားလို့ကောင်းတဲ့ အချဥ်ရည်လုပ်နည်း
ပါဝင်ပစ္စည်းတွေကတော့.....
- ကြက်သွန်ဖြူ ၁ ဇွန်း (ထောင်း)
- ဂျင်း ၁ ဇွန်း (ထောင်း)
- မန်ကျီးရေ ပျစ်ပျစ်လေး ၁ ဇွန်း
- လျှာလကာရည် ၁ ဇွန်း
- ပါးပါးလှီး ထားတဲ့ငရုပ်သီးစိမ်း ၁ ဇွန်း
- သကြား ၁ ဇွန်းနဲ့ တဝက်
- ငါးငံပြာရည် ၁ ဇွန်း
- ရေနွေး ၂ ဇွန်း
ထိုင်းအသားကင်ရောင်းတဲ့ဆိုင်တွေ အချဥ်ရည် လုပ်တဲ့နည်းပါ။
အိမ်မှာ လုပ်စားကြည့်နော်.......

image