မြို့ခံပြိင်ဘက် တန်းတက်ပဲရစ်အက်ဖ်စီအား ရှုံးနိမ့်ကာ Coupe de France ပြိုင်ပွဲမှ ထွက်ခွာလိုက်ရတဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီ
===================
လက်ရှိချန်ပီယံ ပီအက်စ်ဂျီဟာ အိမ်ကွင်းတွင် ပဲရစ်အက်ဖ်စီအား ၁-၀ ဂိုးဖြင့် အံ့ဩသင့်ဖွယ် ရှုံးနိမ့်ကာ Coupe de France ပြိုင်ပွဲမှ ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ရာသီတုန်းက Coupe de France ဖလားအား ၁၆ ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ပွဲချိန်ပြည့် လွှမ်းမိုးကစားထားနိုင်ခဲ့ပေမယ့်လည်း တန်းတက် မြို့ခံပြိုင်ဘက်အား ရှုံးနိမ့်လာခဲ့တာပါ။
ပဲရစ်အက်ဖ်စီအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပီအက်စ်ဂျီတွင် ကစားသမားဘဝ စတင်ခဲ့တဲ့ ဂျိုနသန်အိုင်ကွန်က သွင်းယူခဲ့ပါတယ်။
လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီဟာ အချိန်ပိုမှာ ဗီတင်ဟာရဲ့ အဝေးကန်ချက်အပါအဝင် ခြိမ်းခြောက်မှုများစွာ ပြုလုပ်နိုင်ခဲ့ပေမယ့် ပဲရစ်အက်ဖ်စီဂိုးသမားအိုဘက်အန်ကမ်ဘာဒီယိုက လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Coupe de France ပြိုင်ပွဲ ၃၂ သင်းရှုံးထွက်အဆင့်မှာ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ ယခုလအစောပိုင်းတုန်းက ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လီဂူး ၁ တွင် ထိပ်တိုက်တွေ့ခဲ့ကြပြီး ပီအက်စ်ဂျီက ဒူယူ၊ ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။